Saturday, 31 August 2013
“ချောင်းစမေးစံ ဝေတာဇင် တံတားမှ ရောင်းစားခံမြန်မာ၎ ဦးအားကယ်တင်”
သြဂုတ်လ ၃၁ မြတ်ညို (အလွတ်သတင်းထောက်)
ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ၈၀ ကျော် အကွာတွင်ရှိသောခြုဘူရီခရိုင် ချောင်း စမေးစံ ငါဖမ်းလှေဆိပ်၊ ဝေတာဇင်တံတား၊ ငါးဖမ်းလှေ အမှတ်(၅) ပေါ်တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၄ဦးတို့အား ယမန်နေ့က ထိုင်းနိုင်ငံေ ရာက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း အဖွဲ့တို့က ကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့ က အချောင်စမေးစံ ရွာသူကြီးနဲ့ 
သဘောတူထားတာတစ်ခုရှိတယ်။ လူနာမည်၊ လှေနာမည် နဲ့ အချက်အလက်အပြည့်အစုံကိုပြောနိုင်ရင်
လွှတ်ပေးဖို့ပါ။ ခုလည်း ကျနော် ဖုန်းဆက်လိုက်လို့ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။
သိန်းထိုက်အောင်၊ ဇေါ်ဝင်းထွန်းနှင့် ဇေါ်ဝမ်းမောင် တို့သုံးဦးမှာ အသက် ၁၆ နှစ်ကျော်အရွယ်များဖြစ်ကြ
ပြီး ကိုရွှေတိုး မှာ အသက် ၃၄နှစ်အရွယ် ဖြစ်ကြသည်။ ထိုသူတို့သည် ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ်
စနစ်ကုန်မြို့ ကြိုးထားကုန်းရွာသားများဖြစ်ကြသည်။ ၎င်းတို့အား မြ၀တီမှ ကုလားပွဲစား တစ်ဦးက ဘတ်ငွေ ၁၅,၀၀၀ ဖြင့် ငါးဖမ်းလှေပေါ်သို့ ရောင်းလိုက်ကြောင်း အစ်ကိုဖြစ်သူ ကိုနိုင်ဝင်းကပြောသည်။

No comments:
Post a Comment