Thursday, 12 July 2012
“မြန်မာအလုပ်သမား၁၈ဦးခြုံဖေါ်သို့အလာလမ်းတွင်ဖမ်းမိ”
ဇူလိုင် ၁၂ ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)
ယမန်နေ့ ညသန်းခေါင်ကျော် ဘန်ကောက်မြို.နှင့် ၄၈၃ ကီလိုမီတာ အကွာဝေးရှိ ထိုင်းနိုင်ငံ အောက် ပိုင်း ခြုံဖေါ်မြို့ ထုန့်မြေရလမ်း နယ်မြေ ၈ ကထီ(န်) ရပ်ကွက်ရှိ ရဲဂိတ်တွင်ရနောင်းဘက်မှမောင်းနှင် လာသည့် မိုးကာ များနှင့်အုပ်ထားသော ပာိုင်းလတ် ကား နံပါတ် ၂၄၅၉ ပေါ်မှ မြန်မာ ၁၈ ဦးတို့အား တာဝန်ရှိ ရဲများက ဖမ်ဆီလိုက်သည်။
စစ်ဆေးရန် အတွက် ရဲများက ရပ်ခိုင်းခဲ့သော်လည်း ကားမောင်းဒရိုင်ဘာ ရပ်မပေးဘဲ မောင်းပြေးခဲ့ရာ ၁ ကီလိုအရောက်တွင် ဖမ်းဆီးရလိုက်သည်။ ကားနောက်တွင်ပါလာသော တရားမဝင်မြန်မာအလုပ်သမား၁၈ ယောက် ကျား။ ၁၅ မ။ ၃ ယောက် ကိုနိုင်ငံ ခိုးဝင်မှုနှင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ဝင်ရောက်လာသည့် နယ်စပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း သတင်းတွင် ရေးသားထားသည်။
ကားမောင်းဒရိုင်ဘာ ထိုင်းလူမျိုး နိုင်စုန်စစ် အသက် ၄၀ က ကားပေါ်တွင်ပါလာသော အလုပ်သမား
အားလုံးသည် ရနောင်းဘက်မှ တစ်ယောက်လျင် ဘတ်ငွေ ၈၀၀၀ နှုန်း တစ်ခေါက်လျင် ဘတ်ငွေ တစ်သိန်းကျော် နှစ်သိန်းရကြောင်း ၊ထိုင်းနိုင် ငံအောက်ပိုင်းရှိ စုန်ခလာ ခရိုင် ပာယိုင်မြို.ရှိသူဌေး တစ်ဦးထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထွက်ဆို သွားသည်။ ယ္ခုဖမ်းမိသော နိုင်စုန်စပ်ကို လူကုန်ကူး မှုနှင့်တရားစွဲဆိုမည်ဖြစ်ကြောင်း။ ရဲစခန်းမှ တာဝန်ရှိရဲများက လူကုန်ကူးမှု့အကြီးစား ဂိုဏ်းဖြစ်နိုင်ကြောင်း Manger online သို့ပြောဆို သွားသည်ပာု ရေးသားထားသည်။
Labels:
သတင်းတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment