Friday 28 September 2012

“မဟာချိုင်ပုလိပ်များမြန်မာအလုပ်သမားများကို မတရားအနိုင်ကျင့်မှုများပြား”

စက်တင်ဘာ ၂၈
မြတ်ညို(အလွတ်သတင်းထောက်)


ဘန်ကောက်မြို့အနီး မဟာချိုင်မြို့မှ ထိုင်းရဲများ  မြန်မာ အလုပ်သမားများအားအနိုင်ကျင့်ဗိုလ်ကျနေမှု များ နေစဉ်ကြုံတွေ့ နေသဖြင့် မြန်မာသံရုံးအနေဖြင့် ထိထိရောက်ရောက်အရေး ယူပေးစေလိုကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများ ကပြောသည်။


                မဟာချိုင်မြို့မှ ထိုင်းရဲများသည်လမ်းတွင်တွေ့သမျှ   မြန်မာအလုပ်သမားများအား တရားဝင်နေထိုင်အလုပ်လုပ်
ခွင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖမ်းဆီးပြီးငွေတောင်းခံလေ့ ရှိကြောင်း ကိုခိုင်ကြီးက ပြောသည်။


 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက“တနယ်လုံးက ဖမ်းဆီး လာတဲ့ မြန်မာ အလုပ်သမားတွေကို မဟာချိုင်လေးထပ် ပုလိပ်ရုံးမှာ ၂နေရာခွဲထားတယ်။ နေထိုင်ခွင့်ဘာမှ မရှိတဲ့သူေ တွ ကို အပေါ်ထပ်ကိုခေါ်တယ်။ ပတ်စပို့ရှိလျှက်နဲ့ ဖမ်းလာတဲ့ အလုပ် သမားတွေ ကိုတော့ အောက် ထပ်မှာ အချုပ်ခန်းတစ်ခုလုပ်ထားတယ်၊ အဲဒီမှာ ဘာသာပြန် ကုလား တစ်ယောက်ရှိတယ်။အလုပ်သမားတွေကိုလက်ထိပ်ခပ်တယ်၊ အမျိုးမျိုးခြိမ်းခြောက်ပြီး တောင်းတယ်။ မြန်မာသံရုံးက တာဝန်ရှိတဲ့သတွေကို မြင်စေချင်တယ်” ဟုပြောသည်။

          နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရှိသည့် မြန်မာအလုပ်သမားများအား ပုလိပ်ကဒ်ဟူ၍ ရောင်းချပြီး လစဉ်ဘတ်ငွေ ၆၀၀ စီပေးသွင်းရသည်။ အဆိုပါ ပုလိပ်ကဒ်များအား ယူနီခေါ အလုပ်ရုံ၊ ထိုင်းယူနီယံ အလုပ်ရုံနှင့် ၀ပ်ဟုန် အနီးပတ်ဝန်းကျင်ဈေးဆိုင် တို့တွင် ၀ယ်ယူရရှိသည်။၎င်းကဒ်ကိုင်ဆောင်ထားသူအား မဟာချိုင် ရဲများဖမ်းမိသော်လည်းထပ်မံ၍ ငွေကြေး ပေးရန်မလိုသည့်အတွက် မြန်မာအလုပ်သမား များလိုလိုလားလား လုပ်ကိုင်ကြသည်။

       ကဒ်လုပ်ခမှာ ဓါတ်ပုံပါပါက ဘတ်ငွေ ၆၀၀   ပေးရပြီး ဓါတ်ပုံမပါပါက ဘတ်ငွေ၆၄၀ ပေးရ   ကြောင်း အလုပ်သမားတစ်ဦးကပြောသည်။ ကွန်ခုရပ်ကွက် ၀ပ်စီမွန်ဘုန်းတော်ကြီးကျောင်းအနီး လီအိုဘီယာ စက်ရုံရှေ့တွင်ရှိသော အစာသွတ် အလုပ်ရုံတစ်ခုတွင် MOU ဖြင့် လာရောက် အလုပ် လုပ်ကိုင်နေကြသည့်  မြန်မာအလုပ်သမား ၃၅၀ ခန့် တို့မှာ ပုလိပ်ကဒ်လုပ်ထားရကြောင်း အလုပ် သမားတစ်ဦးကပြောသည်။

          မဟာချိုင်အခြေစိုက် မြန်မာအရေးဆောင်ရွက်သည့် ထိုင်းနှင့်မြန်မာအင်ဂျီအိုများရှိသော်လည်း ဒေသခံအာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုကိုရှောင်ရှားကြသဖြင့် မဟာချိုင်ရဲများမှာ မြန်မာအလုပ် သမား အားပြုမူချင်တိုင်းပြုမူနေကြခြင်းဖြစ်သည်ဟု ကိုခိုင်ကြီး က ဆိုသည်။

       မဟာချိုင် ပုလိပ်များသည် အလုပ်သမားနေထိုင်ရာ တန်းလျှားတစ်ခုခုသို့လာရောက် စစ်ဆေးပါက အလုပ်သမားများတွင် ပတ်စပို့နှင့် work permit များ အပြည့်အစုံရှိပါက စာရွက်တွင် ကဏန်း ၃လုံးကို ရေးပြီး ဖမ်းဆီးငွေတောင်းခံပါသည်။

နည်းအမျိုးမျိုးဖြင့် ငွေညှစ်တတ်သည်။ ချောမောလှပသည့် မြန်မာအလုပ်သမအချို့ကိုလေးထပ်ရဲ စခန်း ကိုယ်ပိုင်အခန်းများတွင် အနှိပ်ခိုင်းလေ့ရှိကြောင်း ကိုယ်တွေ့ကြုံဖူးသည့် မြန်မာပတ်စပို့ကုမ္ပဏီ ပိုင်ရှင် တစ်ဦးကပြောသည်။
       ဘန်ကောက်မြို့အနီးမဟာချိုင်တွင် မြန်မာအလုပ်သမားသိန်းချီရှိနိုင်ကြောင်း အလုပ်သမား အရေးေ ဆာင် ရွက် သူများက ခန့် မှန်ပြောဆိုကြသည်။  

Thursday 27 September 2012

"မဟာချိုင်ကပုလိပ် ပတ်စပို့ရှိလဲ ဖမ်းတောင်းတာပဲ"



"မြန်မာအလုပ်သမ တစ်ဦး ကားတိုက်သေဆုံး"


စက်တင်ဘာ ၂၇
မြတ်ညို(အလွတ်သတင်းထောက်)

           ထိုင်းနိုင်ငံ ချုံဘူရီ ခရိုင် ဘန့်ဘူမြို့နယ် ကါးစက်ရုံအလုပ်သမား လင်မယားနှစ်ဦး ညနေ အလုပ်မှ စက်ဘီးစီ၍ပြန်လာကြစဉ် ၂စီးတွဲကား တိုက်မိသဖြင့် သေဆုံးသွားခဲ့သည့် မအေးနှင်းဖြူ အား ယမန်နေ့က သဂြိုဟ်လိုက်ပြီးဖြစ်သည်။
စက်တင်ဘာလ ၂၄ ရက် ညနေ ၅နာရီ အလုပ်လုပ်ပြီး  ခင်ပွန်းသည် နှင့်အတူစက်ဘီး စီး၍ စက်ရုံလမ်း အတိုင်းပြန်လာကြစဉ် နောက်မှ လမ်းကျောအတိုင်း မောင်နှင်လာသည့် ၂စီတွဲကားကြီးက မျက်နှာချင်းဆိုင် မှလာသော ဟိုင်းလပ်ကါး သွားစေရန် ဘယ်ဘက်ကို ချမောင်း စဉ် အလုပ်သမား လင်မယားစီးလာသည့် စက်ဘီးကိုတိုက်မိခြင်းဖြစ် သည်။

စက်ဘီး မှာ လမ်းဘေးတွင် လဲသွားပြီး နောက်မှ ထိုင်လိုက်လာသော မအေးနှင်းဖြူ ကို နောက်ဘီး နှင့် ဗိုက်ဘေး တချမ်း အကြိတ်ခံရကါ ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်။ ခင်ပွန်းသည် မှာဒူးဂေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

           သဂြိုဟ်ရေးအတွက် ဘန်ကောက်မြို့ ၀ပ်တလုံးဘုန်းတော်ကြီး ကျောင်းမှ ကူညီရေး ဆရာတော် ဦးဇောတိက ကဘတ်ငွေ ၂၀၀၀ ထောက်ပံ့ကူညီပြီး အစအဆုံး ကူညီပေး ခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသူ အသက်၂၀ အရွယ်မအေးနှင်းဖြူ သည် ကရင်ပြည်နယ်လှိုင်းဘွဲ့ မြို့နယ် ပေါင်ရေပူ ကျေးရွာ မှအဖ ဦးဖိုးတင် မိခင် ဒေါ်စောတင် တို့၏ သားသမီး ၅ ဦး ရှိသည့်အနက် အငယ်ဆုံး သမီးဖြစ်သည်။
         အလောင်းသဂြိုဟ်သည့်နေ့က တိုက်မိသည့် ကားသမားက  မိသားစုတစ်ဦးကိုစေလွှတ်၍ ဘတ်ငွေ  ၄၀၀၀၀  ပေးခဲ့သည်။ သေဆုံးသူတို့၏ လုပ်ငန်းရှင်က လူ့အသက်တစ်ချောင်းကို ဘတ်လေးသောင်းဖြင့်
တန်ဘိုးဖြတ်သလော့ဟု ပြောသဖြင့် နောက်ထပ် ပေးလျှော်ဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

Wednesday 26 September 2012

“လူကုန်ကူးခံခဲ့ရသူအချို့ နေရပ်ပြန်ပြီ”



                                   
စက်တင်ဘာ ၂၆
အောင်ခန့်

          ထိုင်းနိုင်ငံ ခြုံဘူရီ ငါးဖမ်းလှေဆိပ်တွင်ရောင်းစား ခံနေခဲ့ရ သည့် မြန် မာ အလုပ်သမား ၁၂ ဦးနှင့် မဟာချိုင် နေ၀စ်အရပ် မှ ဆန်းဒစ်ပုဇွန်အလုပ်ရုံတွင် လူကုန်ကူးခံခဲ့ရ သည့်  မြန်မာအလုပ်သမား ၅ဦးတို့ နေရပ်ရင်း သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။

ယနေ့တွင် ခြုံဘူရီလှေဆိပ်မှ အလုပ်သမား ၁၂ ဦး တို့မှာ မဟာချိုင်အခြေစိုက်ထိုင်းအင်းဂျီအို အဖွဲ့ တစ်ခုမှ
ပြီးခဲ့သည့် ၂လခန့်က ကယ်တင်ထားခဲ့ကြသူများဖြစ်ကြသည်။ ၎င်းတို့ ယနေ့နက်တွင် DKBA ကိုသုံးလုံးဂိတ်
ဟောင်ထဲအရောက်တွင် မြန်မာပွဲစားများက တစ်ဦးလျှင် ဘတ် ၁၅၀၀ စီဖြင့်ရွေးခိုင်းသည်။ မရွေးနိုင်ပါက
လှေပေါ်သို့ ထပ်မံရောင်းချမည်ဖြစ်ကြောင်းပြောသည်။


         ပဲခူးမှ အသက်၃၃ နှစ်အရွယ် ကိုစစ်နိုင်က“ ကျနော် လုပ်အားခ တစ်ပြားမှ မရပဲ ၆လကျော်ကျော် ငါးဖမ်းလှေမှာ အလုပ်လုပ်နေခဲ့ရတယ်။ ကျနော်တို့ကို မဟာချိုင်က ထိုင်းအင်ဂျီအိုအဖွဲ့တစ်ဖွဲ့လာခေါ်လို့ လွတ်လာတာ။ကျနော်တို့ တရားမ၀င် ခိုးဝင်မှုနဲ့ ၄၈ ရက်ထောင်ကျနေခဲ့ရတယ်။ ဒီနေ့ မနက် ကိုယ့် တိုင်ြး ပည်လဲရောက်ရောဘတ် ၁၅၀၀ နဲ့ ရွေးရအုံးမယ်တဲ့၊ ကျနော် တို့ ထိုင်းနိုင်းငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ကိုလှမ်းပြီးတော့ အကူညီတောင်းခဲ့တယ်။ မကြာခင်ပဲ မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးတပ်ဖွဲ့က လာခေါ်သွားပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

ယမန်နေ့က ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသော ဆန်ဒစ်  ပုဇွန်အလုပ်ရုံက အလုပ်သမ မပပက“ ကျမတို့ကို
ကျွန်ဘ၀ကလွတ်အောင်ကယ်ခဲ့တာ MAT အဖွဲ့က ဦးကျော်သောင်း ဖြစ်တယ်။ ကျမတို့ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းထဲမှာ အစိုးရသက်သေအဖြစ် ၃လကျော်ကြာနေခဲ့တယ်။ ပုဇွန်ရုံမှာ လုပ်ခဲ့တဲ့ လုပ်အား
ခ ကျမတို့ လင်မယား ၂ယောက် ဘတ် ငါးသောင်းရလာခဲ့ပါတယ်။ အမှုကတော့ ပိတ်လိုက်ရတယ်။ သမီးတို့သာထောင်ကျသလိုနေရပြီး လူကုန်ကူးသူတွေက အပြင်မှာလွတ်လွတ်လပ်လပ်နေရတယ်၊ ကျမ တို့ နောက်နှစ်လောက်နေလဲ အမှုကပြတ်မှာမဟုတ်သလို ထိုင်းလုပ်ငန်းရှင်လည်း ဘာမှဖြစ်မှာ မဟုတ် ဘူးလေ”ဟုပြောသည်။ 

              ထိုင်းနိုင်ငံအနှံ့အပြားမှ ဖမ်းဆီးပြန်ပို့ခံရသည့် မြန်မာအလုပ်သမားသည် နယ်စပ်ပြန်ရောက် သည့် မြန်မာအလုပ်သမားများသည်  မြ၀တီမြို့ဘက်ရှိ DKBA ဂိတ်ဟောင်း (ယခုနယ်ခြားစောင့် တပ်စခန်း ထဲတွင် တစ်ဦးလျှင် ဘတ် ၁၅၀၀ ပေး၍ ရွေးထုတ်ရသည်။ မရွေးနိုင်သည့်အလုပ်သမားများကို ၎င်းပွဲစား များကငါးဖမ်းလှေများသို့ ထပ်မံရောင်းချလေ့ရှိသည်။

"ထိုင်းရဲအယောင်ဆာင်ပြီးပတ်စပို့ကိုမီးရှို့ကာငွေတောင်း"



Sunday 23 September 2012

“ဖူးခက်ရွှေဆိုင်လုယက်သူ အဖမ်းခံပြီ”

                                    
စက်တင်ဘာ ၂၃
ကိုတီး (ထိုင်းဘာသာပြန်)
     နှလုံးရောဂါသည် ဇနီးဖြစ်သူ နန်းမူးစာ အားထိုင်းအာဏာပိုင် များ ဖူးခက်ကားဂိတ်တွင် ဖမ်းဆီးခံရကြောင်း သိရှိခဲ့ပြီးနောက် ရွှေဆိုင် လုယက်သူ ဟုယူဆရသူ ကိုစော က ရဲစခန်းသို့ လာရောက်ပြီး အဖမ်းခံခဲ့သည်။

          ယမန်နေ့ မွန်းတည့်ချိန်က ဖူးကက်မြို့နယ် မှူးရုံးဖုန်း ၁၉၁ သို့ ဖုန်းဆက်၍ လာရောက် ခေါ်ယူပါရန် အကြောင်းကြားခဲ့ကြောင်း ထိုင်းရတ်သတင်းစာတွင် ရေးသားထားသည်။ရွှေဆိုင်ကို လုယက် ခဲ့ပြီးနောက် ကထိုးမြို့အနီးရာဘာတော အနီး တ၀ိုက် ရေတံခွ န်တွင် တိမ်းရှောင်နေခဲ့သည်။


      အတူတူ လုယက်ခဲ့သည့် ကိုမေ့ မှာ ရွှေတ၀က်နီးပါးယူသွားပြီး ဖူးခက်မှ ဘတ်ကောက်သို့ အတက် လမ်းခရီး တွင် ခြုံဖေါ် ကားဂိတ်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လိုင်းကားဖြင့် မဟာချိုင်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိခဲ့ရပြီးနောက် ဆက်သွယ်မရရှိတော့ကြောင်း ကိုစော ကထွက်ဆိုခဲ့သည်။

ဇနီးဖြစ်သူ နှလုံးရောဂါအား ရွာပြန်ပြီး ကုသရန် ငွေမရှိသဖြင့် လုပ်မိလုပ်ရာ လုပ်မိခြင်းဖြစ်ကြောင်း ရဲစခန်းတွင်ထွက်ဆိုကြောင်း ထိုင်းရပ်သတင်းစာတွင် ရေးသားထားသည်။

Saturday 22 September 2012

“ကျမတို့ ကယ်ဆယ်ရေးစခန်းထဲမှာပါရှင့်”



ကျမနာမည် မ၀င်းပါ။ မြ၀တီမြို့ကပါ။ ကျမတို့မှာ ကလေး ၂ယောက် ရှိလာတော့ စီးပွားရေးကျပ်တည်း လာ တယ်။ ဒါကြောင့် ကျမတို့ဟာ ပွဲစား ကျော်စိုး နဲ့ ဆက်သွယ်ရပြီးတော့ တစ်ယောက် လုပ်တာကို လမ်းစရိတ် ဆပ်။ တစ်ယောက်လုပ်အားခကို မိသား စုေ တွ ပြန်ပို့ ဆိုပြီး ပွဲစားကျော်စိုး နဲ့ကတိစကားပြောပြီးပြီးခဲ့ တဲ့တစ်နှစ်  တစ်နှစ် ကျော်က မဟာချိုင်ကိုလာခဲ့ကြပါတယ်။

       ကျမတို့ မဟာချိုင် နေ၀စ်အရပ်က ဆန်းဒစ် ဆိုတဲ့ ပုဇွန် အလုပ် ရုံ တစ်ရုံကိုရောက်တော့မှ အဓမ္မခိုင်းစေခံ ရပြီ ဆိုတာသိ လိုက် ရတော့တယ်။ လူကုန်ကူးခံရပြီဆိုတာ သိလိုက်ရတော့တဲ့ အချိန်မှာ ကျမတို့ ထွက်ပြေးလို့ မလွတ်တော့ဘူး။


 နေ့စဉ် နံနက်၃နာရီမှာ အိပ်ရာကထပြီးတော့၎နာရီမှာအလုပ် ၀င်ရပါတယ်။ နေ့လည်၁၂ နာရီမှာ အလုပ် နား ထမင်းစားရတယ်။ ညနေ ၉နာရီလောက်အထိ အလုပ်လုပ်ရတယ်။ ဒီလောက် အလုပ် လုပ်ရတာ လုပ်အားခ ၁၀ ဘတ်စီပဲရတယ်။ပွဲစားတွေ ချက်ကျွေးတာတွေကိုပဲ ကျမတို့စားရတယ်။

ဝက်ရိုး၊ကြက်ရိုးတွေကို ဗူးသီး ခရမ်းသီးတွေနဲ့ ရောပြုတ်တာတွေကိုပဲ စားရတယ်။ ထမင်းစားလို့  မကောင်း လို့ လဘက်သုတ်လေးဘာလေး စားချင်လို့လည်း မစားရဘူး။ ကြက်သွန်ကလေးဘာလေး စားချင်လို့လည်း မစားရဘူး။ အဆာပြေ သွားရည်စာ မန်ကျည်းစေ့ ကိုစားရ တယ်။ နေမကောင်းလို့လည်း ဆေးမ ကုရဘူး ။ ရောဂါများရင်တောင် အစောင့်တွေ အများကြီး နဲ့ သွားရတယ်။ ကျမပင်ပန်းလွန်းလို့ အလုပ်မဆင်းပဲနေ လို့ပွဲစား ကျော်စိုး ကသံတုတ်နဲ့ ရိုက်တာ ခံခဲ့ရတယ်။  မလုပ်နိုင်တဲ့သူ ဂျစ်ကန်ကန် ပြန်ပြောသူနဲ့ ထွက်ပြေး ဖို့ ကြံစည်တဲ့လူတွေကို မြေအောက်ခန်းမှာ ထမင်း မကျွေး ရေမတိုက်ပဲ တစ်ရက်   နှစ်ရက်ထားပစ်လိုက် တယ်။ တကယ့်ငရဲခန်းပါပဲ။

      ကျမတို့ လုပ်သမျှ ပိုက်ဆံတွေကို ပွဲစားတွေက သိမ်းတယ်။ အလုပ်လုပ်တာ ငွေအရနည်းရင် ပွဲစားတွေက ခုံပေါ်ကထိုင်တယ်။ ကျမတို့က ပွဲစားတွေ ပါးရိုက်ဖို့မျက်နှာကိုလှည့်ပေးရတယ်။  သားသမီးနဲ့ မိဘတွေဆီကို တပြားမှ မပို့နိုင်ပဲ အဲဒီပုဇွန် အလုပ်ရုံမှာ ကျမတို့  လင်မယား ၁၃ လ ကြာလုပ်ခဲ့ရပါတယ်။

  ကျမတို့ဆီမှာ ၇လလောက် အလုပ်လုပ်နေခဲ့ ကိုမြင့်ဦး ဆိုသူကို ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်သားများ အဖွဲ့ MAT အဖွဲ့က လာရွေးထုတ်သွားတယ်။ အယင် ကတည်းက ကိုမြင့်ဦး ကဖုန်းနဲ့ဆက် ပြီးတော့ သတင်းပေးထားတာ။ ကိုမြင့်ဦး မိသားစုတွေ ပေးပို့တဲ့ငွေနဲ့ ဒီအဖွဲ့က လာရွေးတော့ ကျမတို့ အလုပ် ရုံ တွင်းက အခြေအနေတွေကို MAT အဖွဲ့က ကုန်သိသွားခဲ့တယ်။


                        “ကယ်ထုတ်ကြခြင်း”
             မေလ ၁၅ ရက်နေ့မှာ သမီးတို့ အလုပ်ရုံကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD နဲ့
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ စီးနင်းဝင်ရောက် ကယ်တင်ခဲ့တာ ကျမတို့ အလုပ်ရုံ ထဲကအလုပ်သမား ၁၄၆  ယောက် ဖြစ်တယ်။

             အခြားအလုပ်သမားတွေ ရက်ပိုင်း လပိုင်းအတွင်း မြန်မာပြည်ကို ပြန်သွားကြတယ်။ တချို့ဆို ထိုင်းနိုင်ငံကို ပြန်လာလို့ အလုပ်တောင်လုပ်နေပြီလို့သိရတယ်။ ကျမက ပုဇွန် အလုပ်ရုံထဲက ဆိုးဝါးတဲ့ အခြေအနေကို တိတိကျကျ ပြောပြနိုင်တာကြောင့် အစိုးရ သက်သေအဖြစ် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲကိုပို့လိုက်တယ်။


 “သကြားရည်လူးထားတဲ့တိုင်းပြည်မှာ စံမြန်းရခြင်း”
              နုတ်သီးကောင်း လျှာပါးတဲ့ ကျမ ခုတော့ သကြားရည် လူး တဲ့နေရာကိုရောက်နေရပြီ။ ဦးကျော်သောင်း ဆိုတဲ့ လူကြီး လည်း ကျမတို့ကို ပုဇွန်ရုံ ငရဲအိုးထဲက လာပြီးတော့ ခေါ်ထုတ်ပါရဲ့။ ကျမတို့ကို ကယ်ဆယ်ရေးစခန်းထဲ တခါမှ လာမတွေ့ဘူး။  ငါးပိစား တဲ့ ကျမတို့ ဗမာတွေရဲ့ပါးစပ်မှာ အဲဒီ ကယ်ဆယ်ရေးစခန်း ထဲက သကြားရည် နဲ့ ချက်ပြုတ် ကြော်လှော်တာတွေနဲ့ စားရ ရတာ အချိန်ကြာလာတော့ စိတ်တွေ ထိခိုက်လာရတယ်။ တစ်နေ့ပြန် ရနိုး နဲ့ မျှော်လင့်နေတာလည်း သုံးလကျော်ခဲ့ပြီဖြစ်တယ်။
     လူကုန်ကူးခံရသူတွေကို စောင့်ရှောက်တဲ့ဂေဟာလို့ သာပြောတာ။ အမှန်က အကျယ်ထောင် တစ်မျိုးပဲ။ ကျမတို့က ဆင်းရဲလို့  ဒီတိုင်းပြည်လာအလုပ် လုပ်တာ  အလုပ် လည်း မလုပ်ရ၊၀င်ငွေလည်း မရှိတော့  ကျမတို့စိတ်ဓါတ်ကျလာကြတယ်။ ကျမတို့ သက်သေ အဖြစ်နေ ကြတဲ့ လင်မယား ၄တွဲမှာ  ၄ယောက်က ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့်ထောရောစာရွက်ပါတယ်။ ပတ်စပို့လျှောက်ပါရစေလို့   ပြောတာကို စခန်းလူကြီးတွေက လက်မခံဘူး။ လုပ်မပေးဘူး။ မြန်မာပြည်က လူမှုဝန်ထမ်းအဖွဲ့တွေ လာတယ်။ အမြန်ဆုံးပြန်ခေါ်မယ်လို့ ပြောပြီး ပြန်သွားကြတာပဲ။   လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့တွေနဲ့ အဲဒီနိုင်ငံတကာအင်ဂျီအိုကြီးတွေမှာ လုပ်နေတဲ့ ဘယ်လိုလူစားမျိုး လို့ ပြောရခက်တဲ့ မြန်မာအရာရှိဆိုသူတွေ (သကြားရည်လူထားတဲ့မျက်နှာနဲ့လူတွေ)လည်း ဟိုမေးဒီမေး ပြီး ပြန်သွားကြတာပဲ။


          ကျမစိတ်အထိခိုက်ဆုံးအရာတစ်ခုကို ပြောပါရစေ။ ကျမတို့ ကို နှိပ်ကွပ်တဲ့ ပွဲစား ကျော်စိုးကို ကျမတို့ ရှေ့မှာပဲ ခြောက်လုံးပြူး တစ်လက်၊မြင်းဆေးတွေနဲ့ မိတယ်။ သူ့ကို သူဌေးက အာမခံနဲ့ ယူသွားတာ အချုပ်ခန်းထဲ တစ်နာရီတောင် မနေခဲ့ရဘူး။ ကျမတို့ လင်မယား ၂ယောက် ၁၃လ လုပ်တာ မဟာချိုင်တရားဝင် နေ့ တွက် ခနဲ့ တွက်တော့ ဘတ်တစ်သိန်းကျော်ရမယ်။ အဲဒါကို လင်မယား  ၂ယောက်လုံးမှ ခြောက်သောင်းပဲပေးတယ်။  သူဌေးကိုယ်တိုင်လာပြီးတော့ ကယ်ဆယ်ရေး စခန်းမှူး နဲ့ ဖိအား လာပေးတယ်။ ကျမတို့ အမှုပိတ် လက်မှတ် ထိုးပေးလိုက်ရတယ်။ ကျမတို့ ဆီကို ရှေ့နေရှေ့ရပ်နဲ့ တိုင်ပင်ပြီး လာချင်တဲ့ ဦးကျော်သောင်း တို့ လာခွင့် တောင်းတာ ဒီနေ့ အထိ ဒီစခန်းက လာခွင့်မပြုဘူး။

နိဂုံးချုပ်လိုက်ရင် လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ကျမတို့ တတပ်တအား ပါဝင်ကြသူတွေဟာ (၁) အချိန်ကုန်တယ်။ (၂) အလုပ်မလုပ်ရတဲ့အတွက် ၀င်ငွေမရှိဘူး။ ဒါကြောင့် နောက်မှာကျန်နေခဲ့တဲ့ မိသားစုတွေ အခက်အခဲကြုံရတယ်။ (၃) ကျမတို့ကို အချိန်ဆွဲထားတယ်။ စိတ်ဓါတ်ကျလာပြီးတော့ အမှုပိတ်ခိုင်းတယ်။ (၄) ကျမတို့ ဘာနစ်နာကြေးမှ မရပဲ နယ်စပ်ကို ပြန်ရောက်။  

 . . . . ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး၊ ထိုင်းနဲ့မြန်မာအစိုးရတို့လူကုန်ကူးမှုတိုက်ဖျက်ရေးက …ဒါပါပဲ။
                                                                                        ကျော်သောင်း
                                                                               ၂၀၁၂ ခု စက်တင်ဘာ ၂၂

Friday 21 September 2012

“ဖူးခက်ရွှေဆိုင် လုယက်မှုနှင့် ပတ်သက်သူဟု ယူဆရသူအားဖမ်းမိ”

စက်တင်ဘာ ၂၁
ကိုတီး
      ဖူးခက်ရွှေဆိုင် လုယက်မှု နှင့်ပါတ်သက်သည့် တရားခံတစ်ဦးအား ယမန်နေ့ညနေက မဲဆောက် ကို သွားမည့် ဖူးခက် ကားဂိတ်တွင် ယမန်နေ့က ဖမ်းဆီးမိကြောင်းယနေ့ထုတ် ထိုင်းရပ် သတင်းစာ တွင် ရေးသား ထားသည်။

လုယက်သူများမှာ ကရင်လူမျိုး ကိုမေ့ နှင့် ကိုစော (ခ) ဝေါ အသက် ၃၅ နှစ် ဖြစ်သည်။ ကိုစော ၏ ဇနီးဖြစ်သူ အသက် ၃၁နှစ် အရွယ် မွန်လူမျိုး နန်းမူးစာ သည်  ရွှေဆိုင်မှ ခင်ပွန်းဖြစ် သူ  လုယက်လာ သော ရွှေထည်များကို ခေါင်းလျှော်ရည်ဗူးတွင် ထည့်ကာ နေရပ်ရင်းမြန်မာပြည်သို့ပြန်ရန် ပြင်ဆင်ခဲ့သည်။



              ကိုစော၏ ဇနီးဖြစ်သူ  နန်းမူးစာ အား မယ်ဆောက်သို့ ပြန်မည့် ဖူးခက်ကားဂိတ်တွင် ရဲများဖမ်း ဆီးပြီး ခေါင်းလျော်ရည် ဗူးများကို ထုတ်၍ စစ်ဆေး သည့်အခါ ရွှေ  ၈၇ ကျပ်သား တွေ့ရှိရခြင်းဖြစ်သည်။
             ယမန်နေ့  ညနေက ဖူကက် မြို့နယ် တရားရုံးမှ ဖမ်းဝရမ်း အမှတ် ၄၉၀/၂၀၁၂  ထုတ်ပြီးနောက် အမှတ်(၈)ရဲဌာနချုပ်က စုံစမ်းထောက်လှမ်းမှုများကြောင့် ရွှေဆိုင်လုယက်မှုကို ညနေ  ၃း၁၅  တွင် အမှုမှန် ကို ဖေါ်ထုတ်နိုင်ခဲ့သည်။       လုယက်မှုကို ကျူလွန်သူဟု ယူဆရသူ အမျိုးသား ၂ဦးကို ဖမ်းဆီးနိုင်ရေး အတွက် ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေလျှက်ရှိသည်။

စက်တင်ဘာ ၁၇ ရက်နေ့က ဖူးခက်မြို့ လတ်စဒါရပ်ကွက် နယ်မြေ(၇) လမ်းသွယ်(၁၀)အနီး တွင်ရှိ
သော ရွှေဆိုင်မှ ရွှေအလေးချိန် ၁၅၀ ကျပ်သားအား မြန်မာအလုပ်သမား ဟုယူဆသူ ၂ဦးက လုယက်
ယူငင်သွားခဲ့သည်။

              ကိုစော သည် ရွှေမလုယက်မီအရင်တလ အတွင်း  ချော့( ခ်) ဖြစ်နိုင်သော ဘက်ထရီ လက်ကိုင်တစ်ခုနှင့် ရွှေလု ယက်မှုတစ်ခု ကိုကျုးလွန်ခဲ့ရာ မအောင်မြင်ခဲ့ကြောင်းသူမက ထွက်ဆိုသည်။

       ရွှေဆိုင် လုယက်မှုနှင့်ပတ်သက်၍ နန်းမူစာမသိခဲကြောင်း   ခေါင်း လျော်ရည် ဗူးထဲတွင် ရွှေထည့် ထားမှန်း မသိကြောင်း၊ သူမ၏ ခင်ပွန်းသည်မှ အိမ်ကိုပြန်သွားခိုင်းကြောင်း ရဲများကို ထွက်ဆိုသည်။

တာဝန်ရှိသူများက လုယက်လာသော ရွှေများကို လက်ခံမှုဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်းပြောသည်။
       

“လူကုန်ကူးခံရသူ ၂၀ ဦးအားပြန်ပို့ပြီ”



စက်တင်ဘာ ၂၁
အောင်ခန့်

      လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များ ကယ်တင်ခဲ့ သည့် ငါးဖမ်းအလုပ်သမား၂၀ဦး တို့ယနေ့တွင် မြ၀တီလူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ သို့ရောက်ရှိပြီး နေ ရပ်ရင်းသို့ ပြန်ကြပြီးဖြစ်ကြောင်း သိရှိရသည်။

          ၎င်းတို့သည်စက်တင်ဘာ ၁၁.၁၂.၁၃ ရက်နေ့ တို့တွင် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD ,ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် FED နှင့် ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ေ ရှာက်ရေးအသင်း အတွင်းရေးမှူး ဦးနိုင်ထွန်း တို့ ပူးပေါင်း ကယ်တင် ခဲ့သည့် အလုပ်သမားများ ဖြစ်သည်။ပဲခူးမြို့က အသက် ၁၆ နှစ်အရွယ် ဘေဇင် ၏ မိခင် ဒေါ်ဝင်း က“ ကျမ ပဲခူးက လာပြီး သားကိုစောင့်နေတာ၊ ကျမသားလေးကို  လှေပေါ်မှာရောင်းစား ခံထားရာက သွားခေါ်ပေးကြတဲ့ ဦးကျော်သောင်း တို့ကို ဘယ်လိုေ ကျးဇူးဆပ်ရမလဲရှင်၊ ကျမ သားလေးကို ပြန်တွေ့ရတာကိုပဲ ၀မ်းသာလှပါပြီ။ ကလေးက ကျောင်းမတက် ချင်တော့ဘူး ဆိုပြီး အိမ်က ထွက်သွားတာ၊ ငါးဖမ်းစက်လှေကိုရောင်းစားခံရတယ်။  ကံကြီးပေလို့ပေါ့ရှင်” ဟု ၀မ်းနည်းဝမ်းသာ ငိုရှိုက်ရင်း ပြောသည်။



               လူကုန်ကူးခံခဲ့ရသည့် အလုပ်သမားများ နယ်စပ်ပြန်ပို့ရန်  ဘန်ကောက်မြို့ IDC အချုပ်ခန်းသို့   ရောက်ရှိနေစဉ် အစားအစာများ အခက်အခဲကြုံနေရကြောင်း MAT သို့ အကြောင်းကြားလာခဲ့သည်။
MAT အဖွဲ့က  သံမှူး ဦးနိုင်ထွန်း ထံသို့ အကူညီတောင်းခံခဲ့သည်။ ထို့ကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၃၀၀စီ ထောက်ပံ့ကူညီပေးခဲ့ကြောင်း အလုပ်သမား များ ပြောပြ ချက်အရသိရှိရသည်။

  မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့် အလမ်းများ နည်းပါးနေဆဲဖြစ်သဖြင့်   မြန်မာလူငယ်များ ထိုင်းနိုင်ငံ အတွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက် လာနေကြ ဆဲဖြစ်သည်။

 အရှေ့တောင်အာရှတွင် ထိုင်း မြန်မာနယ်စပ်သည် လူကုန်ကူးမှုအကြီးမားဆုံးနေရာ တစ်ခုဖြစ်သော် လည်း ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP, ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များနှင့် မြန်မာ အစိုးရ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေး အဖွဲ့တို့မှာလည်း ထိထိရောက်ရောက် ကာကွယ်တားဆီးမှု မပြုလုပ်နိုင်ကြသေးပေ။

အဘယ်ကြောင့်ဆိုသော် နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်နေခြင်းနှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့်လူကုန်ကူးမှု ဥပဒေ၏ အားနည်းချက်များအပြင် လူကုန်ကူးမှုတွင် နယ်စပ်အခြေစိုက်   မြန်မာအာဏာပိုင်များ၊ နယ်ခြားစောင့်တပ်များ၊ ထိုင်းလုပ်ငန်းရှင်နှင့်ထိုင်းအာဏာပိုင်များပါဝင်ပတ်သက်
  နေခြင်းကြောင့် ဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

                 ထို့အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းလုပ်ကိုင်သူများ အဖြစ်အမည်သာခံထားပြီး အစည်းဝေးလုပ်ခြင်း၊ စိတ်ပျက်ဖွယ်ရာ လက်တွေ့မကျသည့် သဘောတရားသင်တန်းများတက်ရောက်ခြင်း၊ အွန်လိုင်း သတင်းအချက်အလက်များကို ဆွေးနွေး ဟောပြောနေခြင်းများအပြင် အစီရင်ခံစာရေးသည့် လုပ်ငန်းသည်သာ အဓိကအဖြစ် ခံယူထားကြခြင်းလည်းဖြစ်နိုင်သည်။ အသက်အန္တရာယ်များခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကသုံးသပ်ပြောဆိုသည်။

Thursday 20 September 2012

မြန်မာအလုပ်သမားတစ်ဦးသတ်ဖြတ်ခံရ

စက်တင်ဘာ ၂၁
မြတ်ညို(အလွတ်သတင်းထောက်)

     ထိုင်းနိုင်ငံ အရှေ့ မြောက်ပိုင်း ခေါင်ကဲင်ခရိုင် နန့် ဖောင်မြို့နယ် အပိုင် တောစပ် တနေရာတွင် လူသေ အလောင်း တလောင်းတွေ့ ရှိရာ ထိုင်းရဲများ လာရောက် စစ်ဆေးရာ လူပျောက်တိုင်ကြားထားေ သာ မြန်မာအလုပ်သမားဖြစ်နေကြောင်း သိရှိခဲ့ရ သည်။

       ထိုင်းအာဏာပိုင်များက လူပျောက်အမှုဖွင့် တိုင်ကြား ထားသည့် ခေါင်ကဲင်မြို့ရှိ ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံသို့၂၀၁၂ ခု သြဂုတ်လ ၂၁ ရက်နေ့ ကအကြောင်းကြား လာခဲ့သည်။ သားငယ် ကိုကျော်မင်းနောင် ပျောက်ဆုံးသဖြင့် တိုင်တန်း ထားသော ဖခင် ဦးကျော်သန်း မိခင် ဒေါ်ဝင်း သားကြီး ကိုစိုးမင်းနောင် နှင့် စက်ရုံ မှ တာဝန်ရှိသူများ နှင့်   မြန်မာစကါးပြန်များပါ သွားရောက် ကြည့်ရှုခဲ့ ကြသည်။ 

မိခင်ဒေါ်ဝင်းက“ဖိနပ် ဂျင်းဘောင်းဘီ ခါးပါတ် ဒီပစ္စည်းတွေက အကြီးကောင်ရော အငယ်ကောင်ရော အတူတူ ဝယ်ပြီး ဆင်ထားပေးတာပါ ဒါကြောင့် ဒီပစ္စည်းတွေ မြင်တာ နဲ့ကျမှ သားဆိုတာပြောနိုင်ပါ တယ်”ဟုပြောသည်။ အလောင်းကို ဆေးရုံသို့ ယူဆောင်သွားပြီးနောက် တာဝန်ရှိသူများက ဖခင် နှင့်မိခင်တို့၏သွေးမှားကို ယူပြီး DNA(မျိုးရိုးဗီဇ) စစ်ဆေးမှုအား ၃လခန့်အကြာတွင် အဖြေသိရမည်ဖြစ်ကြောင်း ပြောသည်။


 

               သေဆုံးသူ အသက် ၁၈ နှစ်အရွယ် ကိုကျော်မင်းနောင် သည် လွန်ခဲ့သော ဇူလိုင်လ ၁ ရက် တနင်္ဂနွေနေ့က စက်ရုံတွင် အတူ တူ အလုပ် လုပ်နေသော ထိုင်းနိုင်ငံသား တစ်ဦးနှင့် အလုပ်ပိတ်ရက် ကုန်တိုက်တွင် ဆောင်းဘောက် ကြည့်ရန်အတူတူသွားခဲ့ကြသည်။ သူ့တွင် တစ်ကျပ်သား ကြုံတစ်ကုံး နှင့်၅မူးသား လက်စွတ် တစ်ကွင်းနှင့် ပိုက်ဆံ ဘတ် ၂၀၀ ပါသွားခဲ့သည်။


ကုန်တိုက်မှ ပြန်လာပြီး ထိုင်းမိတ်ဆွေက သူ့ ရွာ အလည်ခေါ်သဖြင့်လိုက်သွားကြောင်း၊ အလုပ် ရုံမှ မြန်မာမိတ်ဆွေများနှင့် ကန်စွန်းရွက် ခူးသွားရန် မမှီတော့ကြောင်း သူငယ်ချင်းများထံ ဖုန်းဖြင့်နောက်ဆုံး အသိပေး အကြောင်းပြန်ခဲ့သည်။ နောက်တနေ့တွင် ခေါ်ဆောင်သွားခဲ့သည့် ထိုင်းပြန်လာသည့်အခါ ကိုကျော်မင်းနောင် ပါလာ သဖြင့် သွားရောက်မေးမြန်းရာ သူမသိ သူမခေါ်သွားကြောင်း ထိုင်းလူငယ်က   ငြင်းဆန်ပါသည်။ နယ်မြေရဲစခန်းအား အကြောင်းကြားခဲ့ရာ ထိုင်းလူငယ်ကိုခေါ်ယူသွားခဲ့ပြီး ညနေတွင်   ပြန်လည်လွတ်ပေးလိုက်သည်။ ထို့နောက်ပိုင်း မှ ထိုင်းလူငယ်မှာ အလုပ်ရုံမှ ထွက်ခွာသွားခဲ့သည်။

 ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်းမှ ကူညီရေး ဆရာတော် ဦးဇောတိက က မြန်မာသံမှူး ဦးနိုင်ထွန်း ထံသို့ အကြောင်းကြားထားပြီး ယခုအမှုအား ပေါ်ပေါက်နိုင်ရေးအတွက် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။ ဦးကျော်သန်း မိခင် ဒေါ်ဝင်း တို့သည် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် တမံကြီးကျေးရွာမှဖြစ်ကြသည်။

Tuesday 18 September 2012

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၂

 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ

Shweloathar for September

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁

 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၁ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ

Shweloathar for August

Monday 17 September 2012

“ဖူးကက်မြို့ရွှေဆိုင်လုယက်မှု မြန်မာလှေလုပ်သားများဟုယူဆ”

                              
စက်တင်ဘာ ၁၈
ကိုတီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ  ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထုတ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။
        စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ရှိ ရွှေ အလေးချိန်၁၅၀ ကျပ်သား၊ ထိုင်းဘတ်ငွေ ၄ သန်း နီးပါးရှိကြောင်း သတင်းတွင်ရေးသားထားသည်။     ရွှေဆိုင်တွင် ဝင်ရောက်လုယက်စဉ် အသုံးချသော ဆိုင်ကယ်အား   လှေလုပ်သားများ၏ အခန်းနံဘေးတွင် တွေ့ ရပြီး အင်္ကျှီအိတ်ကတ် ထဲတွင် ရွှေဆွဲကြိုး၁ ကျပ်သား တစ်ကုံး ၅ကျပ်သား တစ်ကုံး လေသေနတ် တလက် တွေ့ရှိခဲ့သည်။



                ၁၆ ရက်နေ့က ဖူးခက်မြို့လတ်စဒါ ရပ်ကွက်   နယ်မြေ (၇) လမ်းသွယ် (၁၀ ) အနီး တဝိုက် တွင် လိုင်စဉ်အမှတ် ၈၁၀ Honda ဆိုင်ကယ်အနီရောင်တစ်စီးက လမ်းကြောင်းလာကြည့် သွားခဲ့ကြောင်း လုံခြုံရေးကယ်မရာများတွင် စစ်ဆေးတွေ့ ရှိရသည်။

                  အမှုမှန်ပေါ်ပေါက်ရန်အတွက် နယ်မြေပုလိပ် အယောက်တစ်ရာ နီးပါး လိုက်ရှာသော်လည်း လုယက်သူများကိုမဖမ်းဆီးနိုင်ခဲ့ချေ။ လုယက်သူများမှာ လှေဆိပ်ဘက်သို့ထွက်ပြေး လွတ်မြောက် သွား ခဲ့သဖြင့် ငါးဖမ်းလှေပေါ်တွင် အလုပ် လုပ်နေသောမြန်မာ လှေလုပ်သား များဖြစ်နိုင်ကြောင်း တင်မြင်ချက် အမျိုးမျိုးပေးနေကြသည်။ ထိုင်းလူမျိုးလဲ ဖြစ်နိုင်သည်ပာု သက်ဆိုင်ရာ နယ်မြေရဲ စခန်းက ခေါင်စွတ်၊ ထိုင်းရပ်နှင့်ဒေးလီးနယူးသတင်းစာများ သို့ပြောပြခဲ့သည်။

Thursday 13 September 2012

“ရောင်းစားခံထားရသည့် မြန်မာ၂၂ ဦးအား ကယ်တင်”





 စက်တင်ဘာ ၁၃
ကိုတီး
            ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ကျော်တွင်ရှိသော ချောင်းစမေစံ(ခ) အချောင်   လှေဆိပ်တွင်ရောင်းစားခံထားရ သည့် မြန်မာ အလုပ်သမား ၂၁ ဦးတို့အား လူကုန်ကူးမှုတိုက် ဖျက်ရေးပူးပေါင်းဆောင်ရွက်သူများက ကယ်တင် နိုင်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ငါးဖမ်းလှေအလုပ် သမား ၁၈ဦးနှင့် စက်တင်ဘာ ၁၁ ရက်နေ့က ၃ ဦးနှင့် ယနေ့ တွင် ၁ ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့AHTD ၊ ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် FED နှင့် မြန် မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း  အတွင်းရေးမှူး  မြန်မာသံမှူး  ဦးနိုင်ထွန်း တို့ ပူးပေါင်း ကူညီခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ မိဘဆွေမျိုးများက ၎င်းတို့  သားသမီးများရောင်းစားခံထားရကြောင်း  MAT အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံခဲ့ကြသည်။ ရောင်းစားခံထားရသူတို့၏ ဓါတ်ပုံများအား စာတိုက်နှင့် အီးမေး စနစ်တို့ဖြင့် ပေးပို့ ခဲ့ကြပြီး သတင်းအချက်အလက်များအား လချီ၍ စုဆောင်း မှတ်တမ်းတင်ခဲ့ရသည်။
       လိုအပ်သည့် သတင်းအချက်အလက်များ ပြည့်စုံသည့်အခါ မြန်မာသံရုံးနှင့် FED တို့ အား ညှိနှိုင်းပြီး ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD နှင့် ပူးပေါင်းကာ  ၂ ရက်နှင့် ၂ည ကြိုးပမ်းေ ဆာင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က  “ လူကုန် ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းက အချိန်တွေ ငွေတွေ အကုန် အကျခံပြီး သတင်းအချက်အလက် စုဆောင်းရတယ်။ လူကုန်ကူးခံထားရတဲ့ မြန်မာတွေ ဟာ ထိုင်း အာဏာပိုင် တွေနဲ့ ထိုင်းလုပ်ငန်းရှင်တွေ တွလက်ထဲက ဆွဲထုတ်ရတဲ့အလုပ်ဖြစ်တာကြောင့် အန္တရာယ်များပါ တယ်။ ရောင်းစားခံထားရတဲ့သူတွေ ကျနော်တို့ကို တိတိကျကျ ဆက် သွယ်နိုင်မှ ဖြစ်တာ   ကြောင့် အတော် ခက်ခဲ့ပါတယ်။ ကျနော်တို့ သွားရောက် ကယ်ထုတ်တဲ့အခါ  AHTD အဖွဲ့က ကျနော်တို့ အကူညီတောင်းလို့ လာခဲ့ရတာပါဆိုပြီး လက်ညှိးထိုးခံတာကတော့ အမြဲတမ်းပါပဲ။ ကျနော်တို့မှာ ဘာလက်နက် ဘာအကာ အကွယ်မှမရှိပဲ လုပ်ရတာမို့ ကျနော်တို့အတွက် အချိန်မရွေး အသတ်ခံရနိုင်တဲ့ အလုပ်ဖြစ်တယ်။”အလုပ်သမား ၂၂ဦးအနက် အသက် ၁၆နှစ်အရွယ် ပုသိမ်းမှ လူငယ်တစ်ဦးနှင့် မြ၀တီမှ အသက် ၁၇  နှစ်အရွယ် လူငယ်နှစ်ဦး တို့ ပါဝင်ကြသည်။ ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်သော် မွန်ပြည်နယ် ကျိက္ကထို မှ ကိုဟန်လင်း က
“ကျနော် ၄လပိုင်းက မဟာချိုင်မှာ ပုလိပ်အဖမ်းခံရတယ်၊ မြ၀တီက နယ်ခြားစောင့်တပ် ၀င်းထဲမှာ ပြန်ရွေးခ
 ဘတ် ၁၅၀၀ မတတ်နိုင်လို့ ပွဲစားနဲ့ ပြန်တက်လာရတယ်။ ခေါက်ဆွဲခြောက် အလုပ်ရုံမှာ လုပ်ရမယ်လို့  ပွဲစားကပြောပေမယ့် အချောင်လှေဆိပ်ကိုရောက်သွားတယ်။ ကျနော်တို့ကို  DKBA ၁၄ ဂိတ်ထဲမှာလူ စုဆောင်းတယ်၊ ရွှေက္ကုကို ကိုပြောင်းတယ်၊ အဲဒီကမှတစ်ဆင့်  လူ ၅၀/ ၁၀၀ ပြည့်မှ ရေလယ်ကျွန်း မှာနေတဲ့လမ်းပြတွေက တစ်ဆင့်ပြီး တစ်ဆင့် ပို့တယ်” ဟုပြောသည်။
           ယခု တစ်ကြိမ် ကယ်တင်မှု၏ ထူးခြားမှုမှာ MAT နှင့် FED အဖွဲ့တို့ထံတွင် အကူညီတောင်းခံ ထားသည့် ရောင်းစား ခံထားရသူတို့၏ ဓါတ်ပုံနှင့် အမည်များအား အချောင်ရွာလှေဆိပ် သူကြီးအား တင်ပြကာ ၎င်းက လှေပိုင်ရှင်များအား ဖုန်းဖြင့် ဆက်သွယ်လာပို့ခိုင်းခြင်းဖြစ်သည်။
           ရွာသူကြီးနှင့် AHTD, MAT တို့က  လှေပိုင် ရှင်နှင့် လှေသူကြီး(ပိုက်ဆရာ) တို့ကို အမှုဖွင့်အရေး ယူခြင်းမပြုရန်သဘောတူ လုပ်ဆောင်ကြရခြင်းဖြစ် သည်။ MATအဖွဲ့ကလည်း ရောင်းစားခံနေ ရသူများ ပြန် လည် လွတ်မြောက်ပါက  ကျေနပ်ကြောင်း ကတိပြုကြရသည်။ပြန်လည်လွတ်မြောက်လာသူတို့ကလည်း  ကယ်ဆယ်ရေးစခန်းထဲတွင် အကျိုး တစ်စုံတရာမရှိပဲ အချိန်ကြာမြင့်စွာ အမှုရင်ဆိုင်ရမှုတို့ကို  သိထားကြ သည်နှင့်အညီ  လူကုန်ကူးမှု ကျူးလွန်သူတို့အား အမှုဖွင့်ခြင်းမပြုကြသဖြင့်လိုအပ်သည့် မှတ်တမ်းများပြုစုပြီး ပါက ရက်ပိုင်းအတွင်း နယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်သူများ ပြောပြချက် အရ သိရှိရသည်။