မဲဆောက်က လာတဲ့အလုပ်သမား ၁၃ ယောက် ဘန်ကောက်နဲ့ မဟာချိုင်ကို လာကြတယ်။ လမ်းစရိတ် ကို တစ်ချို့က အကျေပေး/ တစ်ချို့က တ၀က်စီ ပေးချေထားပြီးဖြစ်တယ်လို့ မိသားစုတွေက ပြောကြတယ်။
ပင်လယ်ငါးဖမ်းလုပ်ငန်း တည်ရှိရာ နေရာတစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်မှာပါတဲ့။ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့ က၊ ငါးဖမ်းလှေမှာ ရောင်းစားခံရရင်လည်း အဲဒီငါးဖမ်းလှေရဲ့နံပါတ် လှေနာမည် ထိုင်းလိုရေးထားတာ ကို အတိအကျပြနိုင်ရမယ်။ ပွဲစားဓါတ်ပုံကို ပြနိုင်ရမယ်။ နေရာကိုတိတိကျကျ မြေပုံ ရေးဆွဲပြနိုင်ရမယ် လို့ဆိုပါတယ်။
သူတို့ကလည်း သူတို့ ဥပဒေပါ အတိုင်း လိုအပ်ချက် တွေကိုပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ထိုင်း မြန်မာ နယ်စပ် မဲဆောက်က ဘန်ကောက် နဲ့ မဟာချိုင်ကို လာတဲ့ အလုပ်သမားတွေ ခြုံဘူလီ လှေဆိပ်ကို ရောင်းစားခံရတယ်။ သူတို့မှာဘယ်ပိုက်ဆံနဲ့ ဖုန်းဝယ်မလဲ။ ဖုန်းကိုင်ခွင့်လည်းမရဘူး၊ လှေနာမည်ကို ဘယ်ကယ်မရာနဲ့ ရိုက်မလဲ။ ဖတ်ပြရအောင်ကလည်း ထိုင်းစာ နဲ့ ရေးထားတာ။ ရောင်းစားခံရသူ ဆိုတာ ထိုင်းကို မရောက်ဖူးတဲ့ လူတွေပါ။ သူတို့ကို ခေါ်ယူလာတဲ့ ပွဲစား ဓါတ်ပုံကို ဘယ်လို ရနိုင်မလဲ။ ဖုန်းကိုင်ခွင့်ရတဲ့အလုပ်သမားတွေဆိုတာ ဒီလှေဆိပ်
မှာ အနည်းဆုံး ၈လလောက် လုပ်ပြီးမှ ပွဲစားစရိုက်ကျေတဲ့ သူတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က ခြုံဘူရီ လှေဆိပ်မှာ ရောင်းစားခံထားရတဲ့ အလုပ်သမား တစ်ယောက် သူတို့ကို အုပ်ချုပ်နေတဲ့ ဘ၀တူ လုပ်သက်ရင့် လှေသမားဖုန်းနဲ့  ဖုန်းဆက်ပြီး ကျနော့်ကို အကူအညီတောင်း လာပါတယ်။
အဲဒီလှေသမားခေါင်းဆောင်က ကျနော်က လှေနာမည်ကို သူ့ရဲ့ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့ ပေးဖို့ အကူအညီ တောင်းပါတယ်။
သူက ဘာပြောလဲဆိုတော့၊ ဒီလှေဆိပ်မှာ မြန်မာ အလုပ်သမားတွေ သောင်းချီပြီးရှိတယ်။ လှေလုပ်သား ဟူသမျှ ကိုယ့် သဘောနဲ့ ကိုယ် လာလုပ်သူ တစ်ယောက်မှ မရှိဘူး။
ကျနော်က ကူညီပြီး လှေနာမည်ကို ဖုန်းကယ်မရာနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်လို့  အကိုတို့ က ထိုင်းပုလိပ်
တွေနဲ့ လာဖမ်းရင် အကုန်လုံး နယ်စပ်ကို အပို့ ခံရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ လုပ်နေသမျှ လှေ
လုပ်သားတွေ တစ်ယောက်မှ နေထိုင်ခွင့် လုပ်ထားတာ မရှိဘူး။
ကျနော်က ရောင်းစားခံခဲ့ရတဲ့ စရိတ်ကျေသွားပြီ။ ခု ဒုက္ခ မရောက်တော့ဘူး။ တစ်လကို ဘတ် ၇၀၀၀ .. ၈၀၀၀ ရနေပြီ။ စရိတ်ငြိမ်း ဗမာငွေ ၂သိန်းလောက် မိသားစုဆီပို့ နိုင်ပြီ။ ကျနော်က ရောင်းစားခံထားရသူကို သနားလို့ လှေနံမည်ကို ဓါတ်ပုံရိုက်ပို့ လိုက်ရင် အကိုတို့ ကျနော်ကို ချန်ထားခဲ့မှာမဟုတ်ဘူး။ အကုန်ဖမ်းမှာပဲ။ ဒါကြောင့် အကိုတို့ ကူညီတယ်ဆိုတာ ဒုက္ခရောက်သူကို ကူညီတာပဲဖြစ်သင့်တယ်။ ဒီလိုမှမဟုတ်ရင်
တော့ အချောင်မှာ ရောင်းစားခံနေရတဲ့ လှေလုပ်သားတွေကို ကယ်တင်ဖို့ မစဉ်းစားပါနဲ့တဲ့။
လှေဆိပ်တစ်ခုလုံး မွန်ပွဲစားတွေနဲ့ ထိုင်းပုလိပ်တွေ က ထိုင်းလုပ်ငန်းရှင်တွေအတွက် မြန်မာအလုပ်သမား
တွေကို လူအရောင်းအ၀ယ် ကျွန်အရောင်းအ၀ယ် လုပ်နေတဲ့နေရာပါတဲ့။ အကျိုးစီးပွားဖြစ်ထွန်းနေတာက
ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေပါ။ ရောင်းစားခံရပြီး ကျေးကျွန်ဖြစ်နေတာက မြန်မာ အလုပ်သမားတွေ
ပါ။ အဲဒါကို မြန်မာအစိုးရကို ပြောပေးပါတဲ့။
သဗ္ဗေ သတ္တာ ကမ္မသကာ
** ကျော်သောင်း**
No comments:
Post a Comment