ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၉ အား ဖတ်ရှုနိုင်ပါပြီ။
Saturday 25 May 2013
Sunday 19 May 2013
“ဦးအောင်ဇေယျ ငိုချင်းချ"
ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းအလုပ်သမားနည်းတူ အခွင့်အရေးတွေရမယ်၊ ထိုင်းနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရမယ် ဆိုတဲ့ မက်လုံးတွေကို ထိုင်းနဲ့ မြန်မာ အစိုးရတွေက ကတိတွေ
ပေးခဲ့ကြတာကြောင့် အေးအေးချမ်းချမ်း အလုပ်လုပ်ချင်ကြတဲ့ မြန်မာအလုပ်သမားပေါင်း သန်းချီပြီးတော့
အလုပ်သမားပတ်စပို့ကိုလုပ်ခဲ့ကြတယ်။
မြန်မာပတ်စပို့ (အနီနဲ့ခရမ်းရောင်စာအုပ်တစ်အုပ်ကို ဘတ်ငွေ ၇၅၀/၈၅၀)နဲ့ ယူတဲ့ မြန်မာအစိုးရ လည်း ဘတ်ငွေဘီလီယံနဲ့ချီပြီး နိုင်ငံဘဏ္ဍာရရှိခဲ့တယ်။
သွေးစစ်ခ၊ အလုပ်လုပ်ခွင့် work permit ခ နဲ့ ပြည်ဝင်ခွင့်ဗီဇာခတွေကိုလည်းထိုင်းအစိုးရ တနင့်တပိုးရရှိကြတယ်။ဒါ့အပြင်ရက်၉၀ ပြည့်တိုင်းဧည့်စါရင်းတိုင်လ၀ကတံဆိပ်တုံးထုခြင်းနဲ့ ၂ နှစ်တစ် ကြိမ်နေ ထိုင် ခွင့်ပြန်လုပ်ရတဲ့ကိစ္စရပ်ကြီးကလည်းစားလို့မကုန်ယူလို့မခန်းထားလို့မကုန်အောင် မြန်မာတွေ ဆီက ရရှိ တယ်။ တရားဝင်ပေါက်ဈေးဆိုတာ သတင်းမီဒီယာတွေမှာသာရှိကောင်းရှိပေမယ့် တကယ့်အပြင် မှာပေါက် ဈေးက ပတ်စပို့စာအုပ်နဲ့ wp လုပ်ခ ကုန်ကျငွေက ဘတ်ငွေ တစ်သောင်းခွဲ ထက်မလျှော့ဘူး။
ကျေးကျွန်သဖွယ်ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမှရရှိကြတဲ့ မြန်မာအလုပ်သမားတွေရဲ့လုပ်အားခ ချွေးနှဲစာ
တွေ ထိုင်းမှာ ဖိတ်စင်ကုန်တယ်။ အစိုးရ ၂ရပ်နဲ့ နီးစပ်တဲ့လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေအတွက်တော့ တစ် သက် စာဖူလုံလောက်အောင်ကို အမြတ်ငွေတွေပိုက်မိခဲ့ကြတယ်။
ပုလိပ် အော့ကြောလန် ပတ်စပို့
လက်ရှိမှာ မြန်မာအလုပ်သမားတွေ လွတ်လပ်ခွင့်အထူးနည်းပါးပါတယ်။ အထူးသဖြင့် လမ်း သွားနေတဲ့ မြန်မာအလုပ်သမားကိုပတ်စပို့ပါရုံနဲ့မရတော့ဘူး။wpပါမှ ထောရောပါမှ၊ သွေးစစ်လက်မှတ်ပါမှ၊ဆို
ပြီးအမျိုးမျိုးအကြောင်းပြပြီး ဖမ်းဆီးငွေတောင်းပါတယ်။ အားလုံးစုံရင်တောင်မှ မုန့်ဖိုးဆိုပြီး တောင်းပါသေး
တယ်။ ခရီးသွားလာခြင်း ကိစ္စဆိုတာ ပတ်စပို့စာအုပ် တစ်ခုတည်းနဲ့ပြီးစီးသင့်ပါတယ်။ ဒီအဖြစ်အပျက်တွေ
ကို မြန်မာနဲ့ ထိုင်းအစိုးရတို့ သိရှိကြပါတယ်။
နိုင်ငံတကာစံချိန်စံညွန်းအရ ပုလိပ်ဆိုတာကလည်း(ပြောရင်မကောင်းဘူး) ညစ်ပတ်မှုမျိုးစုံနဲ့ ရှာ
ဖွေခြိမ်းခြောက် တောင်းရမ်းမှ ဗိုက်ပြည့်တဲ့အမျိုးမို့ အပေါ်ယံအလွှာက အိပ်ဖေါင်းတဲ့အစီအစဉ်ချမှတ် လိုက်တော့ လမ်းမှာမြင်သမျှ ဗမာအလုပ်သမားတွေမှာ ပတ်စပို့ကိုယ်စီနဲ့ ဖြစ်နေတော့ခါ ရတဲ့နည်းနဲ့
ညစ်ပတ်တောင်းစားကြရတော့တာပေါ့။
မဟာချိုင်၊ မဲဆောက်နဲ့ ဘန်ကောက် တို့မှာ ပတ်စပို့ရှိလျှက်နဲ့ ထိုင်းပုလိပ်ကိုငွေပေးနေရသူ
တွေ၊ အချုပ်ခန်းထဲကို ၀င်နေရတဲ့သူတွေနဲ့ လက်ထိပ်အခပ်ခံရတဲ့မြန်မာတွေ နေ့စဉ်နဲ့အမျှ ရှိပါတယ်။
လွတ်လွတ်လပ်လပ်မှ ခရီးသွားလာဖို့ အာမခံချက်မရှိ ဖြစ်နေတဲ့ ဒီပတ်စပို့ဟာ ဘတ်ငွေ တစ်သောင်းကျော်
အကုန်ခံပြီးလုပ်ထားပေမယ့် ပုလိပ်အော့ကြောလန် ပတ်စပို့ဖြစ်နေတာတော့ အသေအချာပဲဖြစ်တယ်။
မဲဆောက်တောင်ပေါ် ကတွတ်ပေါက်
ထိုင်းပုလိပ်တွေ ဘယ်လောက်ပဲညစ်ပတ်ညစ်ပတ် ဘယ်လောက်ပဲ တောင်းစားတောင်း စားပတ်စပိုလက်ဝယ်ရှိကြတဲ့ မြန်မာအလုပ်သမားရာပေါင်းများစွာတို့ဟာ နေရပ်ရင်းကိုနေ့တိုင်း ပြန်နေကြပါ တယ်။ အလုပ်သမားတွေဟာ ထိုင်းကိုပြန်လာဖို့အတွက် re-entery လို့ခေါ်တဲ့ ပြန်လည် ပြည်ဝင်ခွင့် ဗီဇာ ကို ဘတ်ငွေ ၁၂၀၀ အကုန်ခံပြီး လုပ်သွားကြရပါတယ်။ အသွားရောအပြန်ပါ မဲဆောက်အထွက် ကနေ တောင်ပေါ်အထိ ဂိတ်ပေါင်း ၇ဂိတ်မှာ အလုပ်သမားတိုင်း ငွေပေးကြရပါတယ်။ အယင်တုန်းက ၃ဂိတ်သာရှိ ပါတယ်။ ယခု ကောက်စားလို့ရမှန်းသိတော့ ၇ဂိတ်အထိ တိုးချဲ့လိုက်ဟန်တူပါတယ်။
အလုပ်သမားတွေမှာ စာရွက်စာတမ်းတွေ ပြည့်စုံသည်ဖြစ်စေ မစုံသည်ဖြစ်စေ တစ်ဂိတ်ကို ဘတ်ငွေ တစ်ရာစီပေးကြရပါတယ်။ မပေးလို့ ပြောတဲ့အလုပ်သမားကတော့ ကားပေါ်က ဆွဲချခြင်းခံရပါတယ်။
ထိုင်းလူမျိုးတွေဟာ ထိုင်းပုလိပ်တွေ လဘ်စားတာ မတရားငွေယူတာကို သိတယ်။ ထိုင်းမီဒီ
တွေမှာဖေါ်ထုတ်တာကို တွေ့ကြရမှာဖြစ်တယ်။ အားရဖို့ အလွန်ကောင်းတဲ့ဖေါ်ထုတ်မှုတွေပေါ့။ ခု ကောက် စားခံနေရာက မြန်မာအလုပ်သမားတွေ ဆိုတော့ ထိုင်းဘက်က တော်ရုံနဲ့ မဖေါ်ထုတ်တာတော့ သေချာပါ တယ်။ ကျနော်တို့ မြန်မာအစိုးရနဲ့ ဘန်ကောက် မြန်မာသံရုံးကကော မြန်မာအလုပ်သမားအရာရှိတွေပါ ဒီဖြစ်ရပ်တွေကို မကြားဘယ် ရှိမလဲနော့။ ပတ်စပို့နဲ့ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေ ကတော့ ဒို့မြန်မာ အစိုးရ ဒီဖြစ်ရပ်တွေအပေါ် ဘယ်လောက်အထိ လက်ဝါးစောင်းထက်မလဲလို့ မျှော်လင့်နေကြတယ်။
၁၉၀၀ ပြည်လွန်နှစ်ဝန်းကျင်တုန်းက မြန်မာသမိုင်းဆရာမ ဒေါက်တာမတင်ဝင်း ရေးတဲ့စာအုပ်တစ်အုပ်မှာ ဆိုရင်“ထိုင်းဆိုတာငယ်နိုင်ဖြစ်တယ်။ဝါးရင်းတုတ်နဲ့အချိန်မရွေးတက်သိမ်းလို့ရတယ်လို့”ဖေါ်ပြခဲ့တာမှတ်မိ
ပါသေးတယ်။ လက်ရှိအခြေအနေမှာ ဒီအရေးအသားကို ဖတ်မိသူတိုင်း ဟားတိုက်ရည်ကြမလားပဲ။
ဦးအောင်ဇေယျ တို့ ရှေ့မြန်မာဘုရင်တွေ ခေတ်တုန်းကရော ကိုလိုနီနယ်ချဲ့ခေတ်တလျှောက်လုံးမှာပါ အကျိုးစီးပွားအတွက် တိုင်းပြည်တွေကို သိမ်းပိုက်ပြီးတော့ ကျွန်ပြုခဲ့ကြတယ်။
၁၉ရာစု၂၀ ရာစုမှာတော့ ကြီးပွားလိုကြတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံတစ်နိုင်ငံကို ကျွန်ပြုဖို့အတွက် အတွက် ကျည်တစ်တောင့် ဖေါက်စရာမလို။ ခေတ်နဲ့လျော်ညီတဲ့စနစ်ကိုပါးနပ်လိမ္မာစွာနဲ့ ကျင့်သုံးကြတယ်။ မူဝါဒတွေကိုချမှတ်ကြတယ်။ ကမ္ဘာကြီးကိုလှမ်းမျှော်ကြည့်ကြတယ်။ အမှောင်ထဲမှာမနေ၊ အလင်းရောင်ကို ရှာကြတယ်။ ဒါကြောင့်ထင်ပ။ မြန်မာတစ်နိုင်ငံလုံးဟာ ထိုင်းလူမျိုးတွေဆီမှာ အိမ်ဖေါ်လုပ်ပါရစေ၊ အိမ်သာ ဆေးပါရစေ၊ မာလီ ကုန်ထမ်း သားသတ်သမားတွေလုပ်ပါရစေ၊ အနိမ့်ကျဆုံးအလုပ်တွေကို တရားဝင် ကျွန်လုပ် ပါရစေ ဆိုပြီး ထိုင်းကိုလာလိုက်ကြတာ ခုတော့ သုံးလေးသန်းကျွန်ဖြစ်နေပြီ။ ထိုင်းမှာ အလုပ်လုပ် မှ မိသားစု ထမင်းနပ်မှန်တဲ့အနေအထားကို မြန်မာနိုင်ငံသားတွေရောက်ရှိခဲ့ပြီ။
ယခုလက်ရှိ အုပ်ချုပ်နေတဲ့ နေပြည်တော် အစိုးရဆိုတာ သတ္တိပြောင်ကြသူတွေဖြစ်ကြတယ်။ ဗန္ဓုလသွေး,ဘုရင့်နောင်သွေး,မင်းရဲကျော်စွာသွေးနဲ့တပင်ရွှေထီးသွေးတွေကျန်နေသေးတဲ့သူတွေ ဖြစ်ကြပါ
တယ်။ ဒီမိုကရေစီအစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တရားဝင်ကျွန်လုပ်ခွင့် ပတ်စပို့စာအုပ်လုပ်ထား လျှက်နဲ့ထိုင်းလူမျိုးတွေအနိုင်ကျင့်ချင်တိုင်းကျင့်တာလက်ပိုက်ကြည့်နေမယ်၊ဆက်ပြီးတော့ မြန်မာ အလုပ်သမားတွေ ခံနေရမယ်ဆိုရင်တော့ အလောင်းဘုရား ဦးအောင်ဇေယျ တမလွန်က သိသွားခဲ့ရင် မင်းတို့ကြောင့် ငါသိက္ခာကျတယ်လို့ ပြောပြီး ငိုချင်းချနေမလားပဲ။ ။
ကျော်သောင်း
“VITA သစ်သီးစုံ အစားအစာအလုပ်ရုံမှ လူကုန်ကူးခံရသူ ၇ဦးအားကယ်တင်”
၂၀၁၃ မေလ ၁၉ ကိုတီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက် မြောက်ပိုင်း ကီလိုမီတာ ၁၀၀ခန့်တွင် ရှိသော ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော V&K PINE APPLE CANNING Co,Ltd တွင်လူကုန်ကူးခံနေ ရသည့် အလုပ်သမား ၇ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ထိုင်းအစိုးရလူကုန်ကူးမှုအဖွဲ့DSI,မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီ ညွန်ကြားရေးမှူး၊မဟာချိုင်အခြေစိုက် LPN အင်ဂျီအို၊ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးေ ဖါင် ဒေးရှင်း FED နှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
မေလ ၁၇ ရက်နေ့က ပူးပေါင်းအဖွဲ့များ က ဆက်သွယ်အကူညီတောင်းခံထားသည့် ကိုမင်းဇေါ် အား
ဆက်သွယ်၍ လုံးဝမရရှိခဲ့သဖြင့် ညနေ နေ၀င်သည့်အချိန်တွင် ပြန်လာခဲ့ကြရသည်။ ညဥ့် ၈နာရီခန့်တွင်
အလုပ်သမားများ ထွက်ပြေးလာသည့်နေရာမှ ပြန်လည်ဆက်သွယ်ရသဖြင့် နောက်တစ်ကြိမ် ထပ်မံသွား
ရောက် ခေါ်ယူခဲ့ရခြင်းဖြစ်သည်။
ရောင်းစားခံရသူများမှာ တောသား အသက် ၂၀နှစ်၊ ဇေါ်ဦးမောင် ၂၄နှစ်၊ ဘိုလိုလတ် အသက် ၂၄ နှစ်၊ မောင်သက်အောင် ၂၅ နှစ်၊ ကျော်ရွှေ ၂၇ နှစ်၊ သက်နိုင် ၃၆ နှစ်နှင့် မင်းဇေါ် ၃၆ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့အားလုံး ရန်ကုန်မြို့ မြောက်ဥက္ကလာပရပ်ကွက်မှ ဖြစ်ကြသည်။ ထိုသူများကို တရပ်ကွက်တည်း
နေ မ၀င်းသန္တာအောင် မှ မြ၀တီတွင် ကြိုက်သည့်အလုပ်လုပ် တစ်လကို ကျပ်ငွေသုံးသိန်း ရသည်ဟု ပြော
ဆိုစည်းရုံးသဖြင့် မိမိတို့စရိတ်ဖြင့် လာခဲ့ကြကြောင်း ကိုမင်းဇေါ်ကပြောသည်။
“ပုလိပ်တွေလာမယ်ဆိုပြီး ကျနော်တို့ဆီမှာ သတင်းပေါက်နေတယ်၊ ဒါကြောင့် ကျနော်တို့ဆီက လက်ကိုင်ဖုန်းကို ပွဲစား ဒေါ်သက်သက်ဝင်း ကအကုန်သိမ်းထားပါတယ်။ကျနော်တို့ကို ထပ်ခိုးပေါ်မှာဝှက်
ထားပါတယ်။ ညနေလစ်တာနဲ့ ကျနော်တို့ ထွက်ပြေးကြတာပါ။ ကျနော်တို့ကို တိရိစ္ဆာန် တစ်ကောင်လိုခိုင်း
ပါတယ်။ ထမင်းဟင်း မကောင်းဘူးလို့ပြောတော့ ပွဲစား ဒေါ်စုမာ ကအပျော်ထမင်းချက်စားထွက်တာမဟုတ်
ဘူး၊ စီးပွားလာရှာတာတဲ့။ ကျွေးသလိုစားတဲ့၊ ကျနော်တို့ ၀က်စာလိုထမင်းကို စားရပါတယ်။ ဘယ်မှ မသွား
ရပဲ အခန်းထဲမှာအစောင့်နဲ့ ထားပါတယ်” ဟုပြောသည်။
အထက်ဖေါ်ပြပါ ၇ဦးနှင့်အတူ အခြား ၂ဦးတို့အား မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့က
ထိုင်းအစိုးရ လူကုန်ကူးမှုအထူးတပ်ဖွဲ့DSI သို့အကူညီတောင်းခံလာခဲ့သဖြင့် DSI က ပူးပေါင်းအဖွဲ့များဖြင့်
စုပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
Saturday 18 May 2013
“အသက် ၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် တစ်ဦးအားကယ်တင်”
၂၀၁၃ မေလ ၁၈ မင်းဘခက်
ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော နကဆ၀န်မြို့ရှိ အိမ်တစ်အိမ်တွင်၁၀ကြာ အိမ်ဖေါ်အလုပ်ကို လုပ်ကိုင်နေခဲ့ ရသည့် အသက် ၁၅ နှစ် အရွယ် မြန်မာကလေးအလုပ်သမငယ်တစ်ဦးကို ပူးပေါင်းအဖွဲ့ တို့က ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
သူမသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ အင်ကုန်းကျေးရွာမှ အဖ ဦးကုလား(ကွယ်လွန် နှင့် ဒေါ်သောင်းသောင်း တို့၏ သမီးဖြစ်သည်။
မအေးချမ်းမေသည် သူမ၏ ကြီးတော် အသက် ၅၅နှစ်အရွယ်ဒေါ်မြ၀င်း တို့နှင့် အတူ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပရွာအနီးရှိ တောင်ယာစိုက်ခင်းတွင် နေ့စားအလုပ်သမအဖြစ် လုပ်ကိုင်စားသောက် နေခဲ့ကြသည်။
တနေ့တခြားကျပ်တည်းလာသဖြင့် ထိုင်းနိုင်ငံ နကဆ၀န်မြို့ ထမင်းဆိုင် တစ်ခုတွင် အလုပ် လုပ်နေ သော အစ်မဖြစ်သူ၏ သမီး မချိုမာစမ်း အား ဆက်သွယ်လျှက် မအေးချမ်းမေ ကိုတင်ပို့ လိုက်ပါ သည်။
မချိုမာစမ်း အလုပ်လုပ်နေသည့် လုပ်ငန်းရှင်အမျိုးသမီး၏ အဒေါ်တော်စပ်သူက မအေးချမ်းမေ ကို အိမ်အကူ အလုပ်ကို ခိုင်းစေမည်ဖြစ်ပြီး တစ်လလျှင် လုပ်အားခ ဘတ်ငွေ ၂၀၀၀ ပေးမည်ဟု ဆိုကာ ခေါ်ယူသွားခဲ့ပါသည်။
မအေးချမ်းမေ အား ခေါ်ဆောင်လာသည့်ပွဲစားခ အဖြစ် ဘတ်ငွေ ၅၀၀၀ အား၂၀၁၂ ခုဇူလိုင်လ တွင် တစ်ကြိမ် ထုတ်ပေးပါသည်။ ထို့နောက်၂၀၁၂ ခု စက်တင် ဘာလ တွင်တစ်ကြိမ် ဘတ်ငွေ ၅၀၀၀ အား အစ်မဖြစ်သူ မချိုမာစမ်း က ထုတ်ယူ၍ ဒေါ်သောင်းသောင်း ထံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ မအေးချမ်းမေ အလုပ်လုပ်ခဲ့ရသည့် ကာလမှာ ၁၀ လတိတိကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။
၂၀၁၃ ခုနှစ် ဆန်းတွင် ဒေါ်သောင်းသောင်း မှာ ခန္ဓာကိုယ် အောက်ပိုင်း သေသွားသဖြင့် အနီးကပ် ပြုစုရန်အတွက် သမီးဖြစ်သူ မအေးချမ်းမေ အား ပြန်လည်ပို့ဆောင်ပေးရန်မှာကြားပါသည်။ ထိုအခါ အလုပ်ရှင်နှင့် အနီးကပ်နေသူ ဖြစ်သော မြန်မာအလုပ်သမ တစ်ဦးဖြစ်သူ မချိုမူး က တိုင်ချင် သည့်နေရာတွင် တိုင်ကြားနိုင်ကြောင်း မခင်မာစမ်း အား ပြန်ပြောပါသည်။
မအေးချမ်းမေ အား ကယ်ထုတ်ရန်အတွက် MAT အဖွဲ့သည် မေလ ၁၆ ရက်နေ့ညနေတွင် ဘန်ကောက်မြို့ မောက်ဘက် ကီလိုမီတာ ၂၂၀ ကျော်တွင်ရှိသော နကဆ၀န် သို့ သွားရောက်ခဲ့ ကြသည်။ နကဆ၀န်တွင် နေရာများအား စုံစမ်းပြီး တစ်ည အိပ်ကာ မေလ ၁၇ ရက်မွန်းလွဲ ၂နာရီခန့်၌ မအေးချမ်းအား အလုပ်လုပ်နေသည့်အိမ်မှသေသခံ လူကုန်ကူးမှုရဲတပ်ဖွဲ့နှင့် ခေါ်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။ မအေးချမ်းမေ အစ်မ တို့က အမှုမဖွင့်လိုကြောင်း ပြောဆိုသဖြင့် ကလေးလုပ်အား ဘတ်ငွေ တစ်သောင်းကို ပေးချေပါသည်။
မအေးချမ်းမေ အား နကဆ၀န် ရှိ Chum Saeng တွင်ရှိသော ကလေးနှင့် မိသားစုပြုစု ပျိုးထောင် ရေး စခန်း တွင် အပ်နှံခဲ့ရပါသည်။ မအေးချမ်းမေ အား မိခင်ထံသို့ အလျှင်အမြန်ပို့နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း က ဆိုပါသည်။
MATအဖွဲ့သည်၂၀၁၂ခုနှစ်တွင်လူကုန်ကူးမှု၁၉ကြိမ် ဆောင်ရွက်စဉ်အတွင်း ရောင်းစားခံထားရ
သည့်မြန်မာအလုပ်သမား ၂၉၂ ဦးအားကယ်တင်နိုင်ခဲ့သည်။ ယခု၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှယခု ကူညီမှု အထိ စုစုပေါင်း လူကုန်ကူးမှု ၁၉ကြိမ်ဆောင်ရွက်စဉ်အတွင်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားေ ပါင်း ၉၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း MAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။
Wednesday 15 May 2013
“တရွာတည်သားတွေကိုရခိုင်ပွဲစားတစ်ဦးရောင်းစားဟု လွတ်မြောက်လာသူ၎ဦးကပြောဆို”
၂၀၁၃ မေလ ၁၅
ကိုတီး
ငါးဖမ်းလှေပေါ်တွင် ၃ရက်သာအလုပ်လုပ်နိုင်ပြီး မခံနိုင်တော့သဖြင့်ပင်လယ်ပြင်မှ ၃နာ ရီကြာရေကူး ၍ထွက်ပြေးလွတ်မြောက်လာသည့် ရခိုင်အလုပ် သမား ၄ဦးအား ပူးပေါင်းအဖွဲ့များက ခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်တွင်သွားရောက် ခေါ်ယူ ခဲ့ကြကြောင်း သိရှိရသည်။
လွတ်မြောက်လာခဲ့ကြသူများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အလှမဒီရွာမှ အသက်၁၇ နှစ်အရွယ် မောင်ထွန်းအေး၊ အသက်၂၀ အရွယ် ဘိုသန်း၊ အသက် ၂၈ နှစ်အရွယ် အောင်ဆန်းဝင်းနှင့် အသက်၃၅ နှစ်အရွယ် မောင်လှတင် တို့ဖြစ်ကြသည်။
ထိုသူတို့နှင့်အတူ တရွာတည်းသား လူငယ် ၂၄ ဦးတို့ ဧပြီလ ၃၁ ရက်နေ့တွင် ရွာမှထွက်ခွာလာခဲ့ကြသည်
ဟု ၎င်းတို့ကပြောသည်။
မောင်ထွန်းအေး က“ ကျနော်တို့ကို ခေါ်လာတဲ့ပွဲစား က မြတ်ကျော် လို့ခေါ်ပါတယ်။ ရွာမှာ တစ်ယောက်ကို
ကျပ်ငွေ တစ်သိန်းခွဲစီပေးခဲ့ကြရတယ်။ တစ်ယောက်ကို ကျပ်ငွေ ၆သိန်းဖိုးစီလုပ်ဆပ်ရမယ်လို့ပြောပါတယ်။
ငါးဖမ်းလှေမှာ တစ်ယောက်ကို ဘတ်ငွေ တစ်သောင်းငါးထောင်ငါးရာနဲ့ ရောင်းခဲ့ပါတယ်။ ပိုက်သူကြီးက
၆လလုပ်ဆပ်ရမယ်လို့ပြောပါတယ်။ ကျနော်တို့မလုပ်နိုင်ဘူး၊ လှိုင်းတွေမူးနေကြတယ်။ ပိုက်ဆရာက
ခြေထောက်နဲ့ကန်တယ်။ ကျနော်တို့လေးယောက် သေချင်လည်းသေဆိုပြီး သူတို့တွေ အိပ်နေတုန်း ကမ်း
ကိုရေးကူးလာတာပါ” ဟုပြောသည်။
အလုပ်သမား ၄ဦးတို့သည် နံနက် ၄နာရီခန့်အချိန်တွင် ကမ်းသို့ကူးခတ်ရောက်ရှိလာပြီး ခြုံဘူရီ
ဆိပ်ကမ်းအနီးရှိ ကျောက်တောင် တစ်ခုပေါ်သို့ တက်လာခဲ့ကြသည်။ မိုးလင်းသည့်အခါ ဆာလောင်မွတ် သိပ်သဖြင့် တောင်အောက်သို့ဆင်လာပြီးအဆောက်အဦးတစ်ခုတွင်ရှိသောသင်္ဘောသီးကိုခူးစားပြီး ရေပိုက်
တွင်ရေများအား စုတ်သောက်နေကြစဉ် ထိုင်းအမျိုးသမီးကြီး တစ်ဦးရောက်ရှိလာပြီး စစ်တပ်ကို အကြောင်း ကြားခဲ့ပါသည်။ ထိုင်းစစ်တပ်မှ တစ်ဆင့် ချောင်းစမေးစံလှေဆိပ် ရွာသူကြီး ထံသို့ပို့ဆောင် ပေးခဲ့သည်။
ရွာသူကြီးက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေးအဖွဲ့ DSI သို့ သတင်းပို့ခဲ့သည်။ DSI မှ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ သတင်းပို့ခဲ့သည်။ MAT အဖွဲ့မှလည်း မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့ထံသို့ ဆက်လက် သတင်းပေးပို့ခဲ့သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အလုပ်သမားတွေ အမြဲတမ်း လိုအပ်နေတယ်၊ လူကုန်ကူးမှုတွေ နေ့တိုင်း ဖြစ်နေတယ်။ ကျနော်တို့ ဘယ်လောက်ကယ်နိုင်မလဲ၊ခြုံဘူရီ ငါးဖမ်းလှေဆိပ်ကို ကျနော်တို့ ကားငှါးသွားရတဲ့စရိတ်က မနည်းဘူး၊ ပေးရတဲ့အချိန် တစ်နေကုန်ပဲ၊ အန္တရာယ်က လည်းရှိသေးတယ်။ ထိုင်းငါးဖမ်းလှေဆိပ်က လူကုန်ကူးမှုတွေကို လုံးဝရပ်တန့်အောင် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP,မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တို့ က ထိုင်းအစိုးရနဲ့ပူးပေါင်းပြီးတော့ ထိထိရောက်ရောက် လျှင်မြန်မြန် လုပ်မှ ဖြစ်ပါမယ်။ မဟုတ်ရင် တော့ မြန်မာတွေဒီထက်ဆိုးဆိုးဝါးဝါး လူကုန်ကူးခံနေရအုံးမှာသေချာတယ်” ဟုပြောသည်။
လူကုန်ကူးခံသူများ၏ အခြေအနေဆိုးများကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများနှင့် လူကုန်ကူးမှုတိုက်
ဖျက်ရေးလုပ်ကိုင်ဆောင်ရွက်သူများ သိရှိကြသည်။ ထိုင်းငါးဖမ်းလုပ်ငန်းနှင့် ရေထွက်စားသောက်ကုန်
လုပ်ငန်းအတွင်း လူကုန်ကူးခံနေရသူများလွတ်မြောက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း နှင့် အစိုးရ တစ်ခုခုတို့ကစီမံကိန်းချမှတ်အကောင်အထည်ဖေါ်ရန်လိုအပ်ကြောင်းMATအဖွဲ့က ထောက်ပြ ပြောဆိုသည်။
ကိုတီး
ငါးဖမ်းလှေပေါ်တွင် ၃ရက်သာအလုပ်လုပ်နိုင်ပြီး မခံနိုင်တော့သဖြင့်ပင်လယ်ပြင်မှ ၃နာ ရီကြာရေကူး ၍ထွက်ပြေးလွတ်မြောက်လာသည့် ရခိုင်အလုပ် သမား ၄ဦးအား ပူးပေါင်းအဖွဲ့များက ခြုံဘူရီခရိုင် ချောင်းစမေးစံလှေဆိပ်တွင်သွားရောက် ခေါ်ယူ ခဲ့ကြကြောင်း သိရှိရသည်။
လွတ်မြောက်လာခဲ့ကြသူများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အလှမဒီရွာမှ အသက်၁၇ နှစ်အရွယ် မောင်ထွန်းအေး၊ အသက်၂၀ အရွယ် ဘိုသန်း၊ အသက် ၂၈ နှစ်အရွယ် အောင်ဆန်းဝင်းနှင့် အသက်၃၅ နှစ်အရွယ် မောင်လှတင် တို့ဖြစ်ကြသည်။
ထိုသူတို့နှင့်အတူ တရွာတည်းသား လူငယ် ၂၄ ဦးတို့ ဧပြီလ ၃၁ ရက်နေ့တွင် ရွာမှထွက်ခွာလာခဲ့ကြသည်
ဟု ၎င်းတို့ကပြောသည်။
မောင်ထွန်းအေး က“ ကျနော်တို့ကို ခေါ်လာတဲ့ပွဲစား က မြတ်ကျော် လို့ခေါ်ပါတယ်။ ရွာမှာ တစ်ယောက်ကို
ကျပ်ငွေ တစ်သိန်းခွဲစီပေးခဲ့ကြရတယ်။ တစ်ယောက်ကို ကျပ်ငွေ ၆သိန်းဖိုးစီလုပ်ဆပ်ရမယ်လို့ပြောပါတယ်။
ငါးဖမ်းလှေမှာ တစ်ယောက်ကို ဘတ်ငွေ တစ်သောင်းငါးထောင်ငါးရာနဲ့ ရောင်းခဲ့ပါတယ်။ ပိုက်သူကြီးက
၆လလုပ်ဆပ်ရမယ်လို့ပြောပါတယ်။ ကျနော်တို့မလုပ်နိုင်ဘူး၊ လှိုင်းတွေမူးနေကြတယ်။ ပိုက်ဆရာက
ခြေထောက်နဲ့ကန်တယ်။ ကျနော်တို့လေးယောက် သေချင်လည်းသေဆိုပြီး သူတို့တွေ အိပ်နေတုန်း ကမ်း
ကိုရေးကူးလာတာပါ” ဟုပြောသည်။
အလုပ်သမား ၄ဦးတို့သည် နံနက် ၄နာရီခန့်အချိန်တွင် ကမ်းသို့ကူးခတ်ရောက်ရှိလာပြီး ခြုံဘူရီ
ဆိပ်ကမ်းအနီးရှိ ကျောက်တောင် တစ်ခုပေါ်သို့ တက်လာခဲ့ကြသည်။ မိုးလင်းသည့်အခါ ဆာလောင်မွတ် သိပ်သဖြင့် တောင်အောက်သို့ဆင်လာပြီးအဆောက်အဦးတစ်ခုတွင်ရှိသောသင်္ဘောသီးကိုခူးစားပြီး ရေပိုက်
တွင်ရေများအား စုတ်သောက်နေကြစဉ် ထိုင်းအမျိုးသမီးကြီး တစ်ဦးရောက်ရှိလာပြီး စစ်တပ်ကို အကြောင်း ကြားခဲ့ပါသည်။ ထိုင်းစစ်တပ်မှ တစ်ဆင့် ချောင်းစမေးစံလှေဆိပ် ရွာသူကြီး ထံသို့ပို့ဆောင် ပေးခဲ့သည်။
ရွာသူကြီးက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေးအဖွဲ့ DSI သို့ သတင်းပို့ခဲ့သည်။ DSI မှ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ သတင်းပို့ခဲ့သည်။ MAT အဖွဲ့မှလည်း မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့ထံသို့ ဆက်လက် သတင်းပေးပို့ခဲ့သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အလုပ်သမားတွေ အမြဲတမ်း လိုအပ်နေတယ်၊ လူကုန်ကူးမှုတွေ နေ့တိုင်း ဖြစ်နေတယ်။ ကျနော်တို့ ဘယ်လောက်ကယ်နိုင်မလဲ၊ခြုံဘူရီ ငါးဖမ်းလှေဆိပ်ကို ကျနော်တို့ ကားငှါးသွားရတဲ့စရိတ်က မနည်းဘူး၊ ပေးရတဲ့အချိန် တစ်နေကုန်ပဲ၊ အန္တရာယ်က လည်းရှိသေးတယ်။ ထိုင်းငါးဖမ်းလှေဆိပ်က လူကုန်ကူးမှုတွေကို လုံးဝရပ်တန့်အောင် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP,မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တို့ က ထိုင်းအစိုးရနဲ့ပူးပေါင်းပြီးတော့ ထိထိရောက်ရောက် လျှင်မြန်မြန် လုပ်မှ ဖြစ်ပါမယ်။ မဟုတ်ရင် တော့ မြန်မာတွေဒီထက်ဆိုးဆိုးဝါးဝါး လူကုန်ကူးခံနေရအုံးမှာသေချာတယ်” ဟုပြောသည်။
လူကုန်ကူးခံသူများ၏ အခြေအနေဆိုးများကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများနှင့် လူကုန်ကူးမှုတိုက်
ဖျက်ရေးလုပ်ကိုင်ဆောင်ရွက်သူများ သိရှိကြသည်။ ထိုင်းငါးဖမ်းလုပ်ငန်းနှင့် ရေထွက်စားသောက်ကုန်
လုပ်ငန်းအတွင်း လူကုန်ကူးခံနေရသူများလွတ်မြောက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း နှင့် အစိုးရ တစ်ခုခုတို့ကစီမံကိန်းချမှတ်အကောင်အထည်ဖေါ်ရန်လိုအပ်ကြောင်းMATအဖွဲ့က ထောက်ပြ ပြောဆိုသည်။
Monday 13 May 2013
“မျက်ရည်ကို သကြားခတ်သောက်ခြင်း”
မြ၀တီမှာ ညီဖြစ်သူတစ်ယောက် အိမ်ထောင် ကျနေ လို့ ၁၉၉၂ ခုနှစ်မှာ မြ၀တီကို စတင်ရောက်ရှိခဲ့ဖူးတယ်၊ ကျောင်းစာတွေမှာသင်ခဲ့ဖူးတဲ့ ဒေါနတောင် တန်းကို ဖြတ်ေ ကျာ်စဉ်လက်နက်တွေကိုင်ထားတဲ့စစ်သားတွေ ကိုမြင်တွေ့ ခဲ့ရသလို အလွန်ကျဉ်းမြောင်းပြီး ကြမ်းတမ်းတဲ့လမ်းခရီးရဲ့ အရသာကိုလည်း ကိုယ်တိုင်ထိတွေ့ခွင့်ရရှိခဲ့တယ်။
မြ၀တီဆိုတာ နယ်စပ်မြို့ကလေးဖြစ်တာကြောင့် အတော်စည်ကားတဲ့မြို့ငယ်ကလေးတစ်မြို့ဖြစ်တယ်ဆို
တာကို စာတွေ့ထက် လက်တွေ့မြင်သိခွင့်ရရှိခဲ့တော့တယ်။
ရုပ်ရှင်ဆန်တဲ့မြို့
မြ၀တီမှာ အဲဒီကာလတုန်းကDKBAတပ်ဖွဲ့ဝင်တွေဟာဆံပင် အမျိုးမျိုးပုံတွေ နဲ့ (အရှည်၊ ဆေးရောင် ဆိုး) မောင်းပြန်သေနတ်တွေ ကိုပေါ်ပေါ်တင်တင်ကိုင်၊ လက်ပစ်ပုံတွေကို ရင်ဘတ်မှာ တစ်ဖက်တစ်လုံး ချိပ် ဆွဲထားတယ်။ ကားလမ်းကိုပြောင်းပြန်လည်းမောင်း၊ ကာရာအိုကေဆိုင်ဆိုတာ ထိုသူတို့ လုပ်ချင်တိုင်း လုပ် ခွင့်ရတဲ့နေရာ။ အစိုးရစစ်သားတို့ ထောက်လှမ်းရေးတို့ ရဲတပ်ဖွဲ့တို့ဆိုတာထိုသူတို့ကို ကြောက်လန့် နေရ
သလို မြင်တွေ့ရတယ်။
ပြည်မကလာခဲ့သူတစ်ယောက်အနေနဲ့ သီးခြားတိုင်းပြည်တစ်ခုပမာခံစားလိုက်ရတယ်။ညနေပိုင်း
တွေမှာများဆိုရင် အစိုးရလက်နက်ကိုင်တွေ မကြီးစိုးတော့ပဲ DKBA လက်နက်ကိုင် တပ်တွေဟာ မြ၀တီမြို့
ကို အပိုင်စားရထားသလို ထင်သလို သွားလာလှုပ်ရှားကြတော့တယ်။ ဒီအဖွဲ့တွေ စီးတဲ့ကားတွေ၊ သုံးတဲ့
အသုံးအဆောင်တွေကတော့ မြ၀တီမြို့က သူဌေးတွေ သုံးတာထက် ကောင်းကောင်းသုံးနိုင်တယ်။
ရပ်ကွက်တိုင်းမှာ ပြည့်တန်ဆာအိမ်တွေနဲ့ တရုန်းရုန်း တအုံးအုံး တကယ့် ညမှာစည်တဲ့မြို့ပါ။
မူးယစ်ဆေးဝါး၊ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှု၊ ရှေ့ဟောင်းဘုရားရောင်းဝယ်မှုနဲ့ လူသုံးကုန်ပစ္စည်း မျိုးစုံ တို့ကလည်း ဂိတ်ပေါင်း၂၀ က မိနစ်နဲ့အမျှ ကူးချီ သန်းချီ စည်ကားတဲ့မြို့၊ လူသတ်၊ ၀ရမ်းပြေး၊ ခိုးဆိုး နှိုက်လို့ သောင်းရင်းမြစ်ကို ကူးလိုက်ရင်ပဲ လွတ်သွားပြီး တကယ့် ရုပ်ရှင်ဆန်တဲ့မြို့ကလေးတစ်မြို့။
ငွေယားတွင်း၊ ရွှေယားတွင်း
၁၉၀၀ ပြည့်လွန် နှစ်တွေကာလက မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ ၀န်ထမ်းတွေ အားလုံးကို
ကိုယ်ကျင့်သီလ ပျက်စီးစေဖို့အတွက် ထမင်းဝအောင်မကျွေးပဲ တောင်းစား၊ ခိုးစား၊ လိမ်စားဖို့၊ ခြောက်စား
ဖို့ သင်ထားပေးခဲ့တယ်။ ဒီလိုအနေအထားမျိုးမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ မြ၀တီမြို့လိုနေရာမျိုးမှာ နိုင်သူ
စားစတမ်း၊ အ,သူခံစတမ်း၊ အုပ်စုဖွဲ့၊ လက်နက်အားကိုး ရမ်းကား ရှာစားလို့ရတဲ့ခေတ်ဖြစ်နေတယ်။
သောင်းရင်မြစ်တစ်လျှောက်နဲ့ ကရင်နယ်စပ်တစ်လျှောက်က လူကြီး ၂ ယောက်ဖက်မမီတဲ့ ကျွန်ပင်ကြီး
တွေ၊ ပျဉ်းကတိုးပင်ကြီးတွေ၊ သစ်တောတွေထဲက အဖိုးတန် ဆင်ရိုင်းတွေ၊ ခဲကဲ့သို့သော သတ္တုရိုင်းတွေကို
အထိန်းအကွပ်အတားအဆီးမရှိ ထိုင်းနိုင်ငံဘက်ကို ထုတ်လုပ်ရောင်းချခဲ့ကြတယ်။
ဒါ့အပြင် ၂၀ ထက်မနည်းတဲ့ ဂိတ်ပေါက်တွေကလည်း နေတဓူဝ ကောက်ခံစားသောက်ကြတယ်။
ဒီအခန်းကဏ္ဍအထိ အများပိုင်၊ နိုင်ငံပိုင်၊ ကုန်သည်ပိုင်မို့ ပြောလည်း မပြောနိုင်သလို တားလည်းမတားနိုင်။
အပင်းဆို့ခြင်း(သို့မဟုတ်) မျက်ရည်ကို သကြားခတ်သောက်ခြင်း
ရုပ်ရှင်ဆန်တဲ့ မြ၀တီလို အခင်းအကျင်းနဲ့ကြွရွနေရတဲ့မြို့မှာ ရေ/မီးကအစ အသုံးအဆောင် အစား အစာအားလုံးနီးပါးတို့က မဲဆောက်မြို့က ၀ယ်ယူ စားသုံးကြရတာဖြစ်တယ်။ မြ၀တီမြို့မှာ လူတစ်ဦး ရဲ့ ၀င်ငွေဟာ ထိုင်းဘက်အခြမ်း မဲဆောက်မြို့မှာ လောက်မ၀င်ရင် ထမင်းနပ်မှန်ဖို့မလွယ်။ အဲဒါကြောင့်
အလုပ်စုံ အစုံလုပ်ကြရတဲ့မြို့လည်း ဖြစ်တယ်။
ငွေတွေဒီလောက် ဆာလောင်မွတ်သိပ်နေတဲ့ မြို့မှာ ထိုင်းနိုင်ငံအနှံ့ အပြားက ရာပေါင်းများ ဖမ်းဆီး ပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းဘက်က ပြန်ပို့တဲ့အခါ DKBA ကိုးသုံးလုံးဂိတ်ကို ပို့ လေ့ရှိပါတယ်။ မျက်ရည်စက်လက်နဲ့ ဖြစ်နေကြတဲ့ ဖမ်းဆီးပြန်ပို့ခံ မြန်မာအလုပ်သမားတွေကို အနည်းဆုံး ဘတ်ငွေ ၁၅၀၀ ကနေ ၃၀၀၀ အထိ အဲဒီဂိတ်ထဲမှာ ပေးမှ အပြင်ကို ထွက်ခွာခွင့်ရပါတယ်။ ဒီလူအရောင်း
အ၀ယ်ကိစ္စဟာ နေ့စဉ်ဝင်ငွေသန်းချီပါတယ်။ ငွေမပေးနိုင်တဲ့အမျိုးသမီးငယ် တွေကိုမဲဆောက်နဲ့မြ၀တီက
ပြည့် တန်ဆာရုံတွေကို ပို့ပေးကြသလိုအမျိုးသားတွေကိုတော့ထိုင်းငါးဖမ်းစက်လှေတွေကို ရောင်းစားကြ ပါတယ်။
ဒီလို အနိုင်ကျင့် ဗိုလ်ကျပြီး ကောက်ခံစားသောက်လာခဲ့ကြတာ မြ၀တီမှာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပြီ
ဖြစ်တယ်။ ထိုင်းမှာ ဒုက္ခတွေရောက်ပြီး ဖမ်းဆီးပြန်ပို့ခံရသူတွေကို အမိမြန်မာပြည်ကို ခြေချခ/မြေနင်းခ ဒီလိုမတရားကောက်ခံတောင်းစားနေတာကို အရပ်သားအသွင်ပြောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ
လုံးဝရပ်တန့်အောင်နှိမ်နင်းသင့်ပါပြီ။ DKBA ကိုးသုံးလုံးဂိတ်ထဲမှာ မိုးလင်းတာနဲ့ ထိုင်းကပြန်ပို့ခံရသူတွေကို အရောင်း အ၀ယ်လုပ်နေကြတဲ့အသံဟာ ကုန်ပစ္စည်းတစ်ခုကို လမ်းဘေးမှာချပြီး အော်ဟစ်ရောင်းချ နေတဲ့
အသံတွေနဲ့ ပွက်ပွက်ညံနေပါတယ်။
နှစ်နိုင်ငံအစည်းဝေးတွေမှာ ဖမ်းဆီးပြန်ပို့ခံရတဲ့ကိစ္စတွေကို အယင်တုန်းက ပြောကြဆိုကြပေမယ့် သကြားဖုံးပြေလည်ရေးသာဖြစ်တယ်။ ဖမ်းဆီးပြန်ပို့ခံရသူတွေ နေ့တိုင်း နေ့တိုင်း မြ၀တီ ကိုးသုံးလုံးဂိတ်မှာ ယနေ့တိုင် ပေးနေရဆဲဖြစ်ကြောင်း နေပြည်တော်မှသိပါစေ။ တားမြစ်ပါစေ။ ဒီမတရားမှုကြီး လုံးဝပပျောက် ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ကျော်သောင်း
Subscribe to:
Posts (Atom)