Sunday, 19 May 2013

“VITA သစ်သီးစုံ အစားအစာအလုပ်ရုံမှ လူကုန်ကူးခံရသူ ၇ဦးအားကယ်တင်”



၂၀၁၃  မေလ ၁၉   ကိုတီး

            ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက် မြောက်ပိုင်း ကီလိုမီတာ ၁၀၀ခန့်တွင် ရှိသော ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော V&K PINE APPLE CANNING Co,Ltd   တွင်လူကုန်ကူးခံနေ ရသည့် အလုပ်သမား ၇ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
     ထိုင်းအစိုးရလူကုန်ကူးမှုအဖွဲ့DSI,မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီ ညွန်ကြားရေးမှူး၊မဟာချိုင်အခြေစိုက် LPN အင်ဂျီအို၊ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးေ ဖါင် ဒေးရှင်း FED နှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
      မေလ  ၁၇ ရက်နေ့က ပူးပေါင်းအဖွဲ့များ က ဆက်သွယ်အကူညီတောင်းခံထားသည့် ကိုမင်းဇေါ် အား
ဆက်သွယ်၍ လုံးဝမရရှိခဲ့သဖြင့် ညနေ နေ၀င်သည့်အချိန်တွင် ပြန်လာခဲ့ကြရသည်။ ညဥ့် ၈နာရီခန့်တွင်
အလုပ်သမားများ ထွက်ပြေးလာသည့်နေရာမှ ပြန်လည်ဆက်သွယ်ရသဖြင့် နောက်တစ်ကြိမ် ထပ်မံသွား
ရောက် ခေါ်ယူခဲ့ရခြင်းဖြစ်သည်။
             ရောင်းစားခံရသူများမှာ တောသား အသက် ၂၀နှစ်၊ ဇေါ်ဦးမောင် ၂၄နှစ်၊ ဘိုလိုလတ် အသက် ၂၄ နှစ်၊ မောင်သက်အောင် ၂၅ နှစ်၊ ကျော်ရွှေ ၂၇ နှစ်၊ သက်နိုင် ၃၆ နှစ်နှင့် မင်းဇေါ် ၃၆ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့အားလုံး ရန်ကုန်မြို့ မြောက်ဥက္ကလာပရပ်ကွက်မှ ဖြစ်ကြသည်။  ထိုသူများကို တရပ်ကွက်တည်း
နေ မ၀င်းသန္တာအောင် မှ မြ၀တီတွင် ကြိုက်သည့်အလုပ်လုပ် တစ်လကို ကျပ်ငွေသုံးသိန်း ရသည်ဟု ပြော
ဆိုစည်းရုံးသဖြင့် မိမိတို့စရိတ်ဖြင့် လာခဲ့ကြကြောင်း ကိုမင်းဇေါ်ကပြောသည်။
          “ပုလိပ်တွေလာမယ်ဆိုပြီး ကျနော်တို့ဆီမှာ သတင်းပေါက်နေတယ်၊ ဒါကြောင့် ကျနော်တို့ဆီက လက်ကိုင်ဖုန်းကို ပွဲစား ဒေါ်သက်သက်ဝင်း ကအကုန်သိမ်းထားပါတယ်။ကျနော်တို့ကို ထပ်ခိုးပေါ်မှာဝှက်
ထားပါတယ်။ ညနေလစ်တာနဲ့ ကျနော်တို့ ထွက်ပြေးကြတာပါ။ ကျနော်တို့ကို တိရိစ္ဆာန် တစ်ကောင်လိုခိုင်း
ပါတယ်။ ထမင်းဟင်း မကောင်းဘူးလို့ပြောတော့ ပွဲစား ဒေါ်စုမာ ကအပျော်ထမင်းချက်စားထွက်တာမဟုတ်
ဘူး၊ စီးပွားလာရှာတာတဲ့။ ကျွေးသလိုစားတဲ့၊ ကျနော်တို့ ၀က်စာလိုထမင်းကို စားရပါတယ်။ ဘယ်မှ မသွား
ရပဲ အခန်းထဲမှာအစောင့်နဲ့ ထားပါတယ်” ဟုပြောသည်။
အထက်ဖေါ်ပြပါ ၇ဦးနှင့်အတူ အခြား ၂ဦးတို့အား မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့က
ထိုင်းအစိုးရ လူကုန်ကူးမှုအထူးတပ်ဖွဲ့DSI သို့အကူညီတောင်းခံလာခဲ့သဖြင့် DSI က ပူးပေါင်းအဖွဲ့များဖြင့်
စုပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment