Monday 8 October 2012
“မဟာချိုင်လေးထပ်ပုလိပ် ပတ်စပို့ကိုင်ဆောင်ထားထားသည့်အလုပ်သမား ၂ဦးအားဖမ်းဆီးငွေတောင်း”
အောက်တိုဘာ ၈
မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ် အုန်းနွဲ့တွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား၂ဦးအား မဟာချိုင်၎ထပ် ပုလိပ်ရုံးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘတ်ငွေ တစ်သောင်းပေးခဲ့ ရကြောင်း အလုပ်သမားများကပြောသည်။
ယမန်နေ့ညနေ၈နာရီခန့်က ညီမဖြစ်သူအခန်းသို့ အလည် သွားခဲ့ကြသည့် ကိုမောင်မြင့်နှင့် ကိုဇေါ်လင်းတို့ အား မဟာချိုင် လေးထပ် ပုလိပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘတ်ငွေ လေးသောင်း ပေးရမည်ဖြစ်ကြောင်းတောင်းခံခဲ့သည်။ ကိုဇေါ်လင်း၏ လုပ်ငန်းရှင်က လာရောက်ညှနှိုင်းသဖြင့် ဘတ်ငွေ တစ်သောင်းဖြင့် လွတ်လာခြင်းဖြစ်ကြောင်း ကိုမောင်မြင့် ကပြော သည်။
“ ကျနော်တို့မှာ work permit ရော ပါစပို့ပါ အကုန်ပါပါတယ်။ ကိုဇေါ်လင်း ဘဏ်ကဒ်ကိုတွေ့တော့ ဘဏ်
နံပါတ်ကိုပေးရင် လွှတ်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့ ငွေတွေအများကြီးအကုန်ခံပြီးလုပ်ထားတဲ့ ပတ်စပို့ပုလိပ်ဖမ်းစားတာကိုလည်းခံနေရတယ်။ ဒီ့အတွက် ကျနော်လုံးဝမကျေနပ်ဘူး” ဟုပြောသည်။
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၀ ကျော် ခန့် အကွာတွင် ရှိသော ပင်လယ်အစားအစာ အဓိက
ထုတ်လုပ်သည့် မဟာချိုင်မြို့မှ ပုလိပ်များသည် ကွန်ပျူ တာ ကိုင်သည့်မြန်မာများအား ဖမ်းဆီးငွေညှစ်ခြင်း။
ရှဲစာရွက်အဖြစ် ဖန်တီးငွေတောင်းခြင်း၊ ပတ်စပို့ပါရှိက work permitမပါဟုဆိုကာငွေတောင်းခံခြင်း၊ ထောရော
မပါဟုအကြောင်းပြ၍ ငွေတောင်းခြင်းများအပြင် နည်း လမ်းပေါင်းစုံဖြင့် အဓမ္မငွေတောင်းခံလေ့ရှိကြောင်း ကိုယ်
တွေ့ကြုံရသည့်အလုပ်သမား များပြောပြချက်အရ သိရ သည်။
မဟာချိုင်အခြေစိုက် အင်ဂျီအိုအဖွဲ့အစည်း အချို့တို့မှာလည်း အလုပ်သမားအရေးကိစ္စများကို ထိထိရောက်ရောက် လုပ်ကိုင်သည့်အဖွဲ့အစည်းဟူ၍မရှိပဲ တရားပွဲများကျင်းပခြင်း၊ အလှူအတန်းများပြု လုပ်ခြင်း၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် အဖွဲ့အစည်းငယ်များဖွဲ့ကြခြင်း များသာရှိကြောင်း မဟာချိုင်မှ လူကုန် ကူးမှုတိုက်ဖျက်ရေးလုပ်သည့် ကိုလှနိုင် ကပြောသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment