
လူမုန်း(ပဲခူး)
၄၅ နှစ်ခန့် လုပ်ကိုင်စားသောက်လာခဲ့သည့် ဥယျာဉ်ခြံမြေတစ်ခုအား ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးက အထူးစိုက်ပျိုးရေးဇုန် ဟုသတ်မှတ်ကာ သိမ်းဆည်းခဲ့ သည့် လယ်မြေ ကိစ္စအား အထောက်အထားအပြည့် အစုံဖြင့် နစ်နာသူမှ ပဲခူးမြို့နယ် တရားရုံး၌ အမှုဖွင့် ရာ တရားသူကြီးက လက်မခံပဲ ပြန်လာခဲ့ရကြောင်း လယ်ပိုင်ရှင် ပြောပြချက်အရ သိရှိရသည်။
ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ စာကလေး ကွင်းကျေးရွာအနီး ညောင်အင်းနောက်မြောက် ကွင်းအမှတ်(၁၃၁၃) ဦးပိုင်အမှတ်(၆၂၄)တွင်လယ် ယာမြေ နှင့်တဆက်တည်း ရှိသည့် ဧရိယာယ ၅ဧက ကျော်ခန့် ရှိသည့် ဦးရွှေလုံး ပိုင် မြေကွက်အား ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း (ပါ) ၄ဦးတို့က ရာထူးအရှိန် အ၀ါ ကို အသုံးပြု၍ ဥပဒေမဲ့ ကျူးကျော် ၀င်ရောက်ဖျက်ဆီးခြင်းကို အရေးယူပေးပါရန် ယနေ့ နေ့လည်ပိုင်းက မြို့နယ်တရားရုံးတွင်ဦး တိုက်လျှောက် ထားခဲ့ခြင်းဖြစ်သည်။
ဥယျာဉ်ခြံမြေပိုင်ရှင် ဦးရွှေလုံး က “မြို့နယ် တရားသူကြီးက ကျနော့်ကို ပြည်သူ့ဝန်ထမ်းတွေ ၀တ္တရား ဆောင်ရွက်နေချိန် ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းကို တရားစွဲဆိုဖို့ အထက်က ညွန်ကြား ချက်မရှိသဖြင့် တရားစွဲဆို၍ မရဘူးလို့ပြောတယ်။ နောက်ဆုံးအချက်က တော့ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၉၇(၁) အရ ဆိုပြီးတော့ ကျနော့်အမှုတွဲ ကို တရားဝင်ရုံးတံဆိပ် တစ်စုံတစ်ခု မရိုက်နှိပ်ပဲ ဒီအတိုင်း ပြန်ပေးလိုက်တာဖြစ်ပါတယ်” ဟုပြောသည်။

မိမိပိုင်ဥယျာဉ်ခြံမြေထဲမှ ယနေ့ ထွက်ခွာသွားရမည်ဖြစ်ကြောင်း ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စာရောက်လာကြောင်း၊ ပြည်သူ့ဝန်ထမ်းများ ဥပဒေမဲ့လုပ်ချင်းလုပ်နေသည်များကို ပြည်သူများ တရားစွဲဆို ခွင့် မရတော့ဘူးလား၊ တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ ဒီဥယျာဉ်ခြံမြေကို သိမ်းသွားရင် ကျနော်တို့ မိသားစု ဘယ်လိုရပ်တည်ရမလဲ၊ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊အမတ်ကြီး များ ကျနော့်တို့ ဘ၀ကို ဒီအတိုင်း ကြည့်နေကြတော့မှာလားဟု ဦးရွှေလုံး က ငိုသံနှောကာပြောဆိုရှာသည်။
ပဲခူးတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်တည်ဆောက်မည့်စီးမံကိန်းနှင့် စီးပွားရေးဇုန်းများ တည်ဆောက်မည်ဟု နိုင်ငံတော် အစိုးရက ကြေညာပြီးနောက်ပိုင်း ပဲခူးမြေဈေးမှာ ထိုးတက်လျှက်ရှိသည်။
ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးအား ဥယျာဉ်ခြံမြေပိုင်ရှင် ဦးရွှေလုံးမှ ပဲခူးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားရာ မြို့နယ်တရားသူကြီးမှ နုတ်ဖြင့်ပယ်ချ
ReplyDeleteဒီအမှုက မှားတာမဟုတ်ဘူး တရားသူကြီးအကြောက်လွန်တာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၄၇)မှာ ပြဌာန်းထားတာ နိုင်ငံတော်သည် မည်သူကိုမဆို ဥပေဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထိုပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည် ဟု ဖော်ပြထားတာရှိတယ်။ တမှန်တကယ်တရားသူကြီးလုပ်ရမှာက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ ခ။ အရ ပမဏာမ စုံးစမ်းထောက်လှန်းရန် ဒုရဲအုပ်အဆင့်ထက်မနိမ့်စေသော ရဲအရာရှိတစ်ဦးကို ပဏာမစုံစမ်းထောက်လှန်းခြင်းပြုလုပ်ရန် အမိန်ထုတ်ရမည်။ အပြစ်ရှိမရှိ ပဏာမ စုံစမ်းထောက်လှန်းပေါ်တွင်မူတည်ပြီး အပြစ်ရှိသည်ဟု ယူစရပါက တရားရုံးက နိုင်ငံတော်သမ္မထံတွင် ပြည်သူ့ဝန်ထမ်းအား အရေးယူခွင့်ပြုရန် မိန့်တောင်းခံရမည်ဖြစ်သည်။ ပဲခူးမြို့နယ်တရားသူကြီးမှ တရားလိုဦးရွှေလုံး၏ ဦးတိုက်လျှောက်လွှာအား လက်မခံပဲ နုတ်ဖြင့်ပြောပြီးပြန်ပေးလိုက်ခြင်းသည်မသိနားမလည်းသော ပြည်သူကို နားလှည့်ပြီးပါးရိုက်လိုက်ခြင်း ပင်ဖြစ်သည်။
အမှန်တရားဖော်ထုတ်ရေးအဖွဲ့