ထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့မှရေဘေး သင့် မြန်မာများအား စုပေါင်းစေတနာရှင်တို့က ကျပ်ငွေ သိန်း၄၀ ကျော်ဖိုးသွားရောက် လှူဒါန်း ခဲ့ကြောင်းသိရှိရ သည်။
မြ၀တီမြို့မှ၂မိုင်ခန့်အကွာကရင်စု၊ ရေပူရွာနှင့် မြို့ပေါ်ရပ်ကွက် ကျောက်ဖျာ နှင့် ကြခတ်တော ရပ်ကွက် မှ ရေဘေးသင့်ပြည်သူများအား ဘန်ကောက် မြန်မာသံရုံးမှအလုပ်သမားညွန်ကြား ရေးမှူး ဦးနိုင်ထွန်း၊ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT, မဟာချိုင်မြို့ ကထုန်ဘန် ရပ်ကွက် ဝေါပေါအော ၁၁လမ်း မှ ၉၆၉ စေတနာရှင်များ အဖွဲ့ တို့ပူးပေါင်း လှူဒါန်းခဲ့ ကြခြင်းဖြစ်သည်။
“ကြခတ်တောဘုန်းကြီးကျောင်းမှာ အသားတွေ ၀ါပြီးနေထိုင်မကောင်းတဲ့ ကလေးတွေကိုဆေးဝါးတွေ ကုသပေးဖို့လိုအပ်နေပါတယ်၊ အိမ်တွေပျက်စီး သွားတဲ့သူတွေအများကြီးပဲ။ ကျမတို့လည်း ပျက်စီးနေသမျှ၊ လိုအပ် နေသမျှ မလှူနိုင်တဲ့အတွက် စိတ်မကောင်းဘူး၊ မြို့ပေါ်ရပ်ကွက်တွေမှာတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ နဲနဲစီ တန်းစီဝေပေး တယ်ပြောတယ်၊ ခု ကျမတို့သွားတဲ့ ရွာတွေဘက်ကိုတော့ အလှူရှင်တွေ မရောက်ကြဘူး” ဟုပြောသည်။
No comments:
Post a Comment