Saturday, 7 April 2012
“မအေးယုအောင် အမှုကိစ္စအားနေပြည်တော်မှ လာရောက်စစ်ဆေးပြီ”
ဧပြီ ၇- ညီလေး(ပဲခူး)
အသက် ၁၅ နှစ်အရွယ် မအေးယုအောင်အား ပဲခူးမြို့နယ်ဒုတိယတရားသူကြီး၏ ကတော် ဒေါ်ဖြူဝင်းသက် မှ မီးပူဖြင့် ကပ်ခဲ့သည့် ကိစ္စအား နေပြည်တော်မှ ညွန်ကြားသဖြင့် လူကုန်ကူး မှု တိုက်ဖျက်ရေးအဖွဲ့မှ ဒုရဲအုပ် မောင်မောင်လင်း နှင့် တပ်ကြပ်ကြီး အောင်ကျော်လင်း တို့မှ ပတ်ဝန်ကျင်ရှိ သက်သေသုံးဦးအား ယမန်နေ့က လာရောက် စစ်ဆေးသွားကြောင်းမျက်မြင်များ ပြောပြချက် အရသိရသည်။
မမာမာအေး၊ဦးကြည်လင်းနှင့် အောင်နေလင်းဆိုသူ၃ဦးတို့အားလာရောက် မေးမြန်းခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းတို့က မအေးယုအောင် ပြောပြသဖြင့်သိရှိခဲ့ရကြောင်း စစ်ဆေးသည့်အရာရှိများ အား ပြန်လည်ဖြေကြား လိုက်ကြောင်း သိရှိရသည်။
အမည်မဖေါ်လိုသည့် အိမ်နီးချင်း တစ်ဦးက“ တရားသူကြီး ဦးအောင်ဖုန်းဝင်း ဧပြီလ ၄ ရက်နေ့က အယင် ရာထူး အတိုင်း တောင်းတွင်းကြီးကို ပြောင်းသွားတယ်။ ဒီအတိုင်းဆိုရင် သူ့မိန်းမထောင်ကျနိုင်တယ် ထင် တယ်။ သူ့ယောက်ျား လည်း အဆစ်ပါဦးမယ်” ဟုပြောသည်။
မတ်လ ၂၅ ရက်နေ့က မဒေါ်ဖြူဝင်းသက် က အိမ်ဖေါ်အမျိုးသမီး မအေးယုအောင် အားမီးပူနှင့်ဟပ် ခဲ့သည်။ မတ်လ၃၀ ရက်နေ့က အိမ်နီးချင်းများအား ပြောပြခဲ့ရာမှ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလ ၃ ရက်နေ့က မအေးယုအောင် အား အမှတ်(၃)ရဲစခန်းက နယ်ထိန်း တစ်ဦး မော်တော်ဆိုင် ကယ်ဖြင့် လာရောက်ခေါ်သွားခဲ့သည်။ အမှုဖွင့်ခြင်းမရှိပဲ တရားသူကြီးက တောင်တွင်းကြီးသို့ ပြောင်းရန် အတွက်ဟုဆိုကာပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
ပြီးခဲ့သည့်ရက်က ဒေါ်ဖြူဝင်းသက် က မအေးယုအောင်နှင့် မိခင်တို့အား ဆီပူလောင်သွားသည် ဟု ပြောဆို ထားရန် ခြိမ်းခြောက် ပြောဆိုသွားထားကြောင်း၊ ယခုကဲ့သို့ နေပြည်တော်မှ သိရှိသွားသဖြင့် မအေးယုအောင် တစ်ခုခုဖြစ်သွားမည်ကို အိမ်နီးချင်းများစိုးရိမ်နေကြကြောင်းသိရှိရသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment