Tuesday, 19 March 2013
“အလုပ်သမားနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ တောင်းခံရရှိ”
၂၀၁၃ မတ်လ ၁၉
မင်းဘခက်
ဘန်ကောက်မြို့ ဖိကဆင် ၈၁ လမ်အတွင်ရှိသော PNK & SKY PRINTING CO, LTD စက္ကူ ပုံနှိပ် အလုပ်ရုံ မှ အလုပ်သမား ဇနီးမောင်နှံ ၂ဦးတို့ အလုပ်ထွက်သွားရာအလုပ်သမား အထောက် အထား စာရွက်စာတမ်းများ တောင်းခံမရခဲ့သည်ကို အလုပ်သမားအဖွဲ့၏ အကူညီဖြင့် ရရှိသွားခဲ့ပြီဖြစ်ေ ကြာင်း သိရှိရသည်။
၁ နှစ်ခွဲကျော်ကြာအလုပ်လုပ်ခဲ့သည့်ကိုမြတ်သူရိန် နှင့် မမိုးသူတို့ အား အသစ်ဝင်လာသည့် မြန်မာ အလုပ်သမားတစ်ဦးက အနိုင်အထက်ပြုမူခြင်း တို့ကြောင့် မတ်လ ၁၆ ရက်နေ့က အလုပ်ထွက်ခွင့်ကို လုပ်ငန်းရှင်ထံတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းများအား လာယူခဲ့ဟု အလုပ်ပိုင်ရှင်က ပြောဆိုခဲ့သော်လည်း တောင်းခံမရရှိခဲ့ပေ။
ကိုမြတ်သူရိန် က“ ကျနော်တို့အလုပ်ထွက်လာတော့ ပတ်စပို့ တို့ ၀တ်ပါမစ်တို့ ကိုတောင်းမရဘူး။
အဲဒါ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့(MAT) ကို အကူညီတောင်းတယ်။ ခုတော့ ကျနော်တို့ အလုပ်အသစ်ရှာနိုင်ပြီ။ အားကိုးရာမဲ့နေကြတဲ့ ကျနော်တို့ အတွက် ကူညီပေးသူတွေကို ကျေးဇူးတင် ပါတယ်”ဟုပြောသည်။
အဆိုပါ စက္ကူ ပုံနှိပ် အလုပ်ရုံတွင် မြန်မာအလုပ်သမား ၁၅ ဦး ဆက်လက်လုပ်ကိုင်လျှက်ရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment