Monday, 18 March 2013
“မဲဆောက်ပတ်စပို့ မဲဆောက် work permit နဲ့ စူရတ်ဌာနီသို့သွားသူ ပုလိပ်ကိုဘတ် ၂၀၀၀ ပေးရ”
၂၀၁၃ မတ်လ ၁၈
မြတ်ညို(အလွတ်သတင်းထောက်)
မဲဆောက်မြို့တွင် passport နှင့် work permit လုပ်ကိုင်ထားသည့် အမျိုးသမီး တစ်ဦး မိသားစု
များနေထိုင်သည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ သို့ လာစဉ် မဲဆောက်အလွန် ခွေးလျှားဦး ဂိတ်တွင်
Re-entery မထုခဲ့ဟုဆိုကာ ဘတ်ငွေ ၂၀၀၀ တောင်းယူလိုက်ကြောင်း၊ အလုပ်သမ မသီတာနွယ်က
ပြောသည်။
“ ကျမ မတ်လ ၁၆ ရက်နေ့ ကတက်လာတာ အဲဒီဂိတ်ရောက်တော့ ကျမ ကိုဆွဲချတယ်။ ဘတ် ၂၀၀၀ ပေးရမယ်တဲ့ကျမ မှာ ဘတ် ၁၀၀၀ ပဲပါတယ်လို့ပြောတော့ မရဘူးတဲ့။ ကျမ မဲဆောက်ကို ပြန်ဆင်းသွား
ရတယ်။ ကုန်ခဲ့တဲ့ညက ပြန်တက်လာတော့ ဘတ် ၂၀၀၀ ပေးမှ ကျမ ဘန်ကောက်ကို ဆက်လာခွင့်ရ
ခဲ့တော့တယ်” ဟုပြောသည်။
မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားသမဂ္ဂမှ တာဝန်ခံ ကိုထက်ခေါင် က “ မဲဆောက်မှာ တရားဝင်
လုပ်ထားတဲ့ စာအုပ်နဲ့ ဝပ်ပါမစ် လည်းရှိတယ်။ လုပ်ငန်ရှင်က ရေးပေးလိုက်တဲ့ ထောက်ခံစာ စာရွက်
လည်းပါတယ်။ ဒါပေမယ့် အလုပ်သမားတွေ ငွေမပေးရင် ဂိတ်ကို ကျော်မရဖြစ်နေတယ်။ မြန်မာသံရုံး
ကိုလည်း ကျနော်တို့ စာပို့ထားပြီး ဖြစ်တယ်” ဟုပြောသည်။
ထိုင်းနှင့်မြန်မာအစိုးရတို့သည် လွန်ခဲ့သည့် ၃ နှစ်ခန့်က( ပတ်စပို့ လုပ်ရန်အတွက်) မြန်မာအလုပ်သမား
များကို ပတ်စပို့ ရှိပါက ထိုင်းနိုင်ငံအတွင်း လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့်ရှိကြောင်း ပြောဆို
ခဲ့သော်လည်း လက်တွေ့တွင် လွတ်လပ်စွာ ခရီးသွားလာခွင့်မရဖြစ်နေသည်။
အဆိုပါ ပတ်စပို့နှင့် ၀တ်ပါမစ် တို့မည်သည်မှာလည်း ဘတ်ငွေ တစ်သောင်းကျော် နှစ်သောင်း
နီးပါးနီးပါးကုန်ကျခံလုပ်ကိုင်ထားသော်လည်း အကာအကွယ်မရဖြစ်နေသဖြင့် အလုပ်သမားများမှာ ၂နိုင်ငံ အစိုးရတို့ကို အယုံအကြည် ကင်းမဲ့နေကြသည်။ သို့ရာတွင် မြန်မာအလုပ်သမားများမှာ ပတ်စပို့ မရှိလျှင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်မရရှိသဖြင့် မဖြစ်မနေလုပ်နေကြရသည်ဟု အလုပ်သမားများကပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment