Thursday 15 March 2012

**ငိုရခက် ရယ်ရခက်**

နောက်ဖြစ်ရပ် တစ်ခုကတော့ ငိုရခက် ရယ်ရခက် ပဲပြောရမလား။ ဇေယျာလင်း ဆိုတဲ့ ရန်ကုန်က ကွမ်းယာ
သယ်ကလေး အသက်၂၂နှစ်ပဲ ရှိသေးတယ်။ မြ၀တီမှာ ကွမ်းယာရောင်းဖို့လာတာ၊ ခြုံဘူလီ အချောင် လှေဆိပ်ကို ရောင်းစားခံရတယ်။ ကျနော့်ဖုန်းကို လှေနံရံမှာ ရေးထားတာ ကိုတွေ့လို့ ဆက်တာပါလို့
သူက ပြောပါတယ်။ ၆လလောက် ရောင်းစားခံခဲ့ရပြီး ကိုစည်သူဆိုသူနဲ့ ရေကူးပြီး ထွက်ပြေးလာတယ်။ သူက ၂ရက်တိုင်တိုင် တောထဲက ကျနော့်ကို ဆက်သွယ်နေခဲ့တယ်။
ကျနော်တို့ လည်း ထိုင်းအစိုး လူကုန်ကူးမှု တိုက်ဖျက်ရေးက အရာရှိကို သွားပြီးတော့ တွေ့ဆုံတယ်။ ရဲအရာရှိက ထွက်ပြေးနေသူတွေ ဘယ်ရောက်နေလဲ မင်းတို့ သိလားတဲ့။ ဘယ်မှာသွားရှာမလဲ။ ရောက်ရှိ
နေတဲ့ နေရာကို သူတို့ လည်းမသိ သလို ကိုယ်ကလည်း မသိဘူးလေ။ ဒီလိုနဲ့ ဇေယျာလင်း တို့ကို ပုလိပ်
က ပြန်ဖမ်းမိလို့ လှေသူကြီး ကို ထပ်ရောင်းစားလိုက်တယ်။ ပုလိပ်အတွက် ၃လ လုပ်ဆပ်ရတယ်။ ထိုင်းကို
နေနစ်လာတော့ ၀တ်ခေါင်မေးဒေးယား ဘုန်းတော်ကြီး ကျောင်းမှာ လာရောက်ခိုလှုံကြတဲ့ မြန်မာအလုပ်
သမားတွေကို ဘန်ကောက် မြန်မာသံရုံးက အခမဲ့ မြန်မာနိုင်ငံကို ပြန်ပို့နေတာကို ကြားလို့ လာခဲ့တယ်။
အိမ်ပြန်ချင်လွန်းလို့ ဘုန်းကြီးကျောင်းက ကယ်ဆယ်ရေးစခန်းကိုလာခဲ့ကြတယ်။ လမ်းမှာ ပွဲစားတစ် ယောက်နဲ့ တွေ့ ပြီးတော့ ဘန်ကောက်မြို့ ဖလန်းဆောင်(လမ်----)မှာရှိတဲ့ ပလပ်စတစ် အလုပ်ရုံမှာတစ်ခါ ထပ်ပြီး ရောင်းစားခံ ရပြန်တယ်။ ၂လလောက် ရောင်းစားခံနေရာက နေပြီးတော့ ကျနော်တို့ ကိုဆက်သွယ်ပါတယ်။
သူတို့က အကူအညီတောင်းလို့ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP က မြန်မာအရာရှိက သွားရောက်ခေါ်ယူပါတယ်။ ကျနော်က မဟာချိုင်ကို ကိစ္စတစ်ခုနဲ့ ရောက်နေ
တာမို့ အတူတူ မသွားနိုင်ခဲ့ပါဘူး။
အလုပ်သမား ၂ ယောက်နဲ့ အတူလာတဲ့ UNIAP က မြန်မာ အရာရှိကို လူကုန်ကူးမှု(ပွဲစားမှု)နဲ့ မီပွိုင့်မှာ ပုလိပ်က လက်ထိပ်ခတ်ပြီး ဖမ်းလိုက်သေးတယ်။ လုပ်ဖေါ်ကိုင်ဘက် ထိုင်းတွေ ညတွင်းချင်းဖြေ ရှင်းလို့  မနက် ၂နာရီခွဲလောက်မှာမှ လွတ်လာတာလို့ ကျနော့်ကို ဖုန်းဆက်ပြောလို့ ရည်ကြရသေးတယ်။
ကျနော်ပါသွားရင် ဘယ်သူရှင်းမလဲ။ အခက်အခဲ ကြုံရမှာတော့ အသေအချာပါပဲ။
ကိုဇေယျာလင်း က အချုပ်ခန်းထဲကနေ ကျနော့်ကို ဖုန်းဆက်လာခဲ့တယ်။ ထိုင်းပုလိပ် ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ်လို့ ပါတဲ့။ ဘာသာပြန်က တစ်ဆင့် ပုလိပ်ကို နယ်စပ်ကို ပို့ ပေးဖို့ ပြောခဲ့ရ သေးတယ်။
ဒီလိုအရာရှိကြီးတောင် လက်ထိပ်ခပ် ခံရတော့ ကျနော်တို့လို အကာအကွယ်မဲ့တဲ့သူ။ တရားဝင် အဖွဲ့ အစည်း မဟုတ်တဲ့ သူတွေကို ဘယ်နေ့ လက်ထိပ်ခပ် ခံရမလဲ။ ဖမ်းချုပ်ခံရမလဲ။ ဘယ်နေ့ သေနတ်နဲ့ 
ပစ်သတ်ခံရမလဲ မဆိုနိုင်ပါ။
ကိုမင်းခန့်ကို လှေပေါ်သို့ ရောင်းစားခဲ့တဲ့ မဲခေါင်တံတားအနီးက မခိုင် ဆိုတဲ့ပွဲစားမ ပြောတဲ့စကား တစ်ခွန်း ကတော့ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်ပါ။ အဖွဲ့အစည်းတွေ လောက်ကို မပြောနဲ့ ထိုင်းအစိုးရ တောင် တစ်သက်လုံး ဖမ်းလို့ မရဘူး……ဆိုတဲ့ စိန်ခေါ်ချက်ကတော့ ကျနော့်နားထဲမှာ ပဲ့တင် ထပ်နေပါတော့တယ်ဗျာ။

No comments:

Post a Comment