အပြာရောင်မြန်မာပတ်စပို့စာအုပ်ဖိုး ဘတ်ငွေ ၁၇၅ နှင့် ထိုင်းနိုင်ငံသို့ပြည်ဝင်ခွင့်ဗီဇာ ၂ နှစ်အတွက် ဘတ်ငွေ ၅၀၀ ပေးသွင်းရမည်ဖြစ်ဖြစ်သည်။ work permit လုပ်ရန်နှင့် သွေးစစ်ရန် မလိုအပ်ကြောင်း ဘန်ကောက် မြန်မာသံရုံးအခြေစိုက် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းကပြောသည်။
“ ဒီအလုပ်သမားတွေ ဟာ ထိုင်းဘက်မှာ တရားဝင် ကျောင်းတက်ခွင့်ရမှာဖြစ်သလို မြန်မာပြည်ဘက်ကို
သွားပြီးတော့ ပညာဆက်လက်သင်ကြားနိုင်မှာဖြစ်တယ်။ ဒီဘက်ကဖေါင်ဒေးရှင်း ကျောင်းတွေမှာ ပညာ သင်ပြီးတော့ မြန်မာပြည်ဘက်မှာလည်းတရားဝင်ခွင့်ပြုတဲ့အတန်းပညာလည်းရမယ်။ နှစ်နိုင်ငံအစိုးရတွေ ဆီက တရားဝင်အခွင့်အရေးတွေရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ယခုပြုလုပ်နေသော ပတ်စပို့လုပ်ငန်းစဉ်အတွင်း မြန်မာအလုပ်သမားပေါင်း ၃သိန်းခန့် လျှောက်ထားပြီး ကလေးပတ်စပို့ ၃၀၀၀ခန့် လျှောက်လွှာတင်ထားကြောင်း သိရှိရသည်။
No comments:
Post a Comment