Sunday, 22 September 2013

“ပြည့်တန်ဆာအဖြစ်ရောင်းစားခံရဆဲ အလုပ်သမား၎ဦးအားကယ်တင်”


  
စက်တင်ဘာ ၂၂ ခရမ်းသားလေး
              ပတ်စပို့ရှိသည့် မြန်မာအလုပ်သမ ၄ဦးအား ၄ ရက်အတွင်း ဘတ်ငွေ ၄၆၀၀၀ ထပ်မံ မပေး ဆောင်ပါက ပြည့်တန်ဆာရုံသို့ ပို့ဆောင်မည် ဟု ခြိမ်းခြောက်ပြောဆိုခံရသူများအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့က အချိန်မီ ကယ်တင်နိုင်လိုက်ေ ကြာင်း သိရှိရသည်။
         ယမန်နေ့ နံနက် ၇နာရီကျော်အချိန်တွင် ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ၊ ၀င်ဝယ် စင်ထလေ လိုတ အနီး  ၂၆လမ်းတွင်ရှိသော အိမ်အမှတ်  ၁၆  ၏ ဒုတိယထပ် အခန်းအမှတ် ၂၂၆ တွင် ထားရှိသည့်စဉ် ပူး ပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့ခြင်း   ဖြစ်သည်။ စက်တင်ဘာ ၂၀ရက်နေ့ညနေ၇နာရီကျော် က မူလထား ခဲ့သည့် ဘန်ကောက်မြို့ ဘန်ခွန်ထီ ယန် ၁၄ လမ်း ငါးသေတ္တာရုံဟောင်းလမ်း အခန်းတစ်ခုမှ ယခုဖမ်းမိ သည့် နေရာသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ် လသည်။
       စစ်ကိုင်းတိုင်း မုံရွာခရိုင် ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ မှ မခင်တင့် ၃၅ နှစ်၊ မဥမ္မာ ၂၆နှစ်၊ မချိုသင်း ၂၁နှစ်နှင့် မတင်ဇာဝင်း ၁၈နှစ် တို့အား တရွာတည်းနေ အဘ ဦးလှဌေး+ဒေါ်မိဌေး တို့၏ သမီးမခင်ယုလှိုင် ဆိုသူက ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ပတ်စပို့ဖြင့် တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရ ရှိမည် ဟု ဆိုကာ တစ် ဦးစီ ကျပ်ငွေ လေးသိန်းစီယူခဲ့သည်။ လမ်းအသွားအလာနှင့် စားစရိတ်တို့မှာ အလုပ်သမများ မိမိစရိတ်ဖြင့် ကုန်ကျခြင်းဖြစ်သည်။
      အသက်အကြီးဆုံးဖြစ်သူ မခင်တင့် က ကျမတို့ကို ဖါရုံပို့မယ်လို့ပြောတာ၊ စကားလည်း တစ်လုံး မတတ်တဲ့ကျမတို့တွေ ကြောက်တာပေါ့။ ဘယ်မှလည်းမသွားတတ်ဘူး။ ကျမတို့ မိဘတွေက နေပြည်တော် မှာ အမှုဖွင့်ထားတယ်လို့သိရတယ်။  အဲဒီကမှ တစ်ဆင့် MAT အဖွဲ့ ဖုန်းကိုရတာပါ။ ကျမတို့ အိမ်ကို ပဲပြန်တော့မယ်။ လယ်လုပ်လို့ဖင်ကို ရွှံ့တစ်ပိဿာဝင်မှ ထမင်းစားရင်လည်းစားရပါစေ။  ရွာမှပဲလုပ်စား   တော့မယ်” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “အလုပ်သမားတွေမှာ အစားထိုးဘတ်တွေနဲ့လုပ်ထားတယ်၊ ရုပ်ပုံက သူတို့ရုပ်ပုံ နာမည်က အခြားလူနာမည်ဖြစ်တယ်။ ဒီအလုပ် ပွဲစားတွေက ဒီသမားတွေဆီက နောက်ထပ်ပိုက်ဆံလိုချင်သေးလို့ဖြစ်တာ။ ဒီအလုပ်သမားတွေ အလုပ်လုပ် ရရင်လည်း လုပ်အားခတွေကို ပွဲစားတို့ ယူစားနေမယ့်ပုံပေါ်တယ်။ ထိုင်းမှာ ကျင့်သုံးနေတဲ့ လူကုန်ကူးမှု ဥပ   ဒေ အားနည်းတာက တစ်ပိုင်း၊ မြန်မာပွဲစားက မသိနားမလည်တဲ့ မြန်မာတွေကိုလိမ်လည်လှည့်ဖြားနေ တာက တစ်ပိုင်း လုပ်ရကိုင်ရတာ အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟုပြောသည်။ အဆိုပါ အလုပ် သမား ၄ဦးအား စောင့်ရှောက်နေရသည့် ပွဲစားတစ်ဦးကို တပြိုင်တည်း ဖမ်းဆီးနိုင်ခဲ့သော်လည်း လူကုန်ကူး မှု မမြောက်ဟု ဆိုကနယ်မြေရဲတပ်ဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သည်။
 နေပြည်တော်မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူး ရဲမှူးကြီး ဦးဝင်းနိုင်ထွန်း ကဘန်ကောက်မြို့ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့UNIAP သို့ သတင်းပို့လာခဲ့ပြီး UNIAP ကMAT အဖွဲ့သို့  ဆက်သွယ် အကူညီတောင်းလာခဲ့ခြင်းဖြစ်သည်။ MAT အဖွဲ့က အလုပ်သမားများ၏ ဖုန်းကို ဆက်သွယ်ပြီး ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင် FED, ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ AHTD, မြန်မာသံရုံး နှင့် ဒေသခံရဲများ၏ အကူညီဖြင့် ကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment