စက်တင်ဘာ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)


အလုပ်သမားများအား ယမန်နေ့ က ဒေသခံ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆ၀ါဒီ ကန် (လူမှုဖုံရေး) အလုပ်သမားအခွင့် အရေးကာ ကွယ်ရေးဌာန ကျဟာငန်းတို့ ရဲစခန်းသို့ရောက်ရှိ လာခဲ့ပြီး ဖြေရှင်းကြရာတွင် အလုပ်သမားများ တင်ပြချက် လက်သင့်မခံပဲ အလုပ်ရှင် ရှင်းပေး တဲ့နေ့အထိ စောင့်ဆိုင်း နေကြရန်ပြောဆိုခဲ့ကြောင်း၊ စောင့်နေဖို့အတွက် လုံခြုံရေးနဲ့ စားစရာမရှိကြောင်း အလုပ်သမားများက တင်ပြခဲ့ကြောင်း သူမက ဆက်လက်ပြောပြသည်။
အနီးကပ် ကူညီပေးနေသူ ကိုပြေငြိမ်း က“ ထိုင်းစစ်သားတွေ၊ ထိုင်းပုလိပ်တွေ၊ ထိုင်းအရာရှိတွေ အကုန်လာကြပါတယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေမှာသာ အဖေခေါ်စရာမိဘမရှိဖြစ်နေတာပါ။
အားကိုးစရာလည်းမရှိ၊ လုံခြုံရေးလည်းမရှိ၊ စားစရာလည်းမရှိ၊ ဘယ်အဖွဲ့အစည်းမှ လာရှင်းပေးသူမရှိ
ဘယ်လောက်မျက်နှာငယ်သလဲဗျာ။ စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟုပြောသည်။
ဒေသခံအာဏာပိုင်များက ကိုပြေငြိမ်းအား မည်သည့်အဖွဲ့ အစည်း၏ ကိုယ်စားလှယ်နည်း၊ မည်သည့်နေရာတွင်နေထိုင်၍ မည် သည့် အလုပ် ကို လုပ်ကိုင်နေသူဖြစ်သနည်း အစရှိသဖြင့် ရဲများ၏ စုံစမ်းမေးမြန်းခြင်းကိုခံရကြောင်း ပြောသည်။
No comments:
Post a Comment