မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံသားတို့ သန်းချီပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင် ငံရဲ့ ဧရာမ ရွှေ့ပြောင်းအလုပ်သမားဈေးကွက်ကြီးကို ပထမဦးဆုံးသတိပြုမိခဲ့သူက ၀န်ကြီးချုပ်ဟောင်း ထက်ဆင် ဖြစ်တယ်။ အယင်ကာလတုန်းက မြန်မာအလုပ်သမားတွေကို ဂရုမမူပဲ ထားခဲ့ရာက၂၀၀၅ ခုနှစ်မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ဘတ်) ကို စမ်းသပ်လုပ်လိုက်တာဖြစ်တယ်။ အလုပ်သမားတစ်ဦးစီ အတွက် ကျမ္မာရေးစောင့်ရှောက်ခ ၁၉၀၀ ဘတ်+အလုပ်လုပ်ခွင့်၁၉၀၀ဘတ်နဲ့ စာရွက်စာတမ်းဖိုးဘတ်၁၀၀၊ စုစုပေါင်း ဘတ်ငွေ ၃၉၀၀ ဖြစ်ပေမယ့် အပြင်သူဌေးငှါးရမ်းခနဲ့ စရိတ် စကတွေ ပါဆိုရင် အလုပ်သမား တစ်ယောက်ကို အနည်းဆုံး ဘတ်ငွေ ၆၀၀၀ ခန့်ကုန်ကျခဲ့ပါတယ်။ သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မလုပ်မနေရ ပန်းရောင်ဘတ် လုပ်လိုက်ရတဲ့အခါ ထိုင်းနိုင်ငံ အတွက် မထင်မှတ်တဲ့ ဘတ်ငွေသန်းပေါင်းများစွာအလုပ်သမားတွေဆီက ပြန်ရလိုက်တယ်ဆိုတာ ထက်ဆင်အစိုးရ ကောင်းကောင်း သိရှိလိုက်တော့တယ်။
“ပန်းရောင်ဘတ်မှ အနီရောင် ပတ်စပို့သို့”
၂၀၀၉ မှာ အဲဒီပန်းရောင်ဘတ်ကနေ ထိုင်းနိုင်ငံ အတွင်း နေရာမရွေး အလုပ်အကိုင်ပြောင်းရွှေ့ လုပ်ကိုင်လို့ရတယ်။ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရတယ်ဆိုပြီး ထိုင်းနဲ့ မြန်မာ အစိုးရတို့က အနီရောင် ယာယီပတ်စပို့ကို စတင်လုပ်ပေးခဲ့ကြ တယ်။ ပတ်စပို့စာအုပ်နဲ့အတူ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုပါပူးတွဲ လုပ်ရတာဖြစ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အနည်းဆုံး ဘတ်ငွေ ၁၅,၀၀၀ က နေ ၂၀,၀၀၀ ဘတ်လောက်အထိ ကုန်ကျ ပါတယ်။
ဒါပေမယ့်ပတ်စပို့စာအုပ်ကို၃လတစ်ကြိမ်သတင်းပို့ရ၊ နေရပ် ရင်းကိုပြန်မယ်ဆိုရင် ပြန် လည်ပြည်ဝင်ခွင့် ဗီဇာတုံးထုရ၊ စာအုပ် သက်တမ်းပြန်းတိုးရတဲ့ အလုပ် တွေကို အလုပ်သမားတွေ မလုပ် တတ်ကြတာကြောင့် ဒီကိစ္စတွေအတွက် ပွဲစားလုပ်ငန်းကြီးက ပုံမှန်ဖြစ် နေတော့တယ်။ နောက်ဆက်တွဲ ကတော့မသိနားမလည် တဲ့ မြန်မာအလုပ်သမားတွေ အပေါ်မှာ မှာ မြန်မာနဲ့ထိုင်းပွဲစားတွေအပြင်ထိုင်းအာဏာပိုင်နဲ့ထိုင်းလုပ်ငန်း ရှင်တွေကပါ ဒီလုပ်ငန်းစဉ်တွေရဲ့ အားနည်း ချက်ကို လက်နက်သဖွယ် မတရားပြုမူနေကြလည်းရှိပါတယ်။ ဒီလူတွေ မလိပ်တစ်ပတ်လုပ်နေတာကို မြန်မာအလုပ်သမားတွေ အလူးအလှိမ့်ခံနေကြရတယ်။ မကြာသေး မီက ထိုင်းအလုပ်သမား ၀န်ကြီး ဌာနက အဆင့်မြင့်အရာရှိတစ်ဦးက မြန်မာအချင်းချင်းလိမ်နေကြတာ ငါတို့ ဘာမှလုပ်လို့မရဘူးလို့ ပြောတာလိုက်တယ်။
“တစ်ရစ်ပြီးတစ်ရစ် ငွေညှစ်နည်းတွေ”
ပကာစာခွန်း တဲ့။ မြန်မာလိုခေါ်ရင်တော့ အသက်အာမခံကြေးပေါ့။ ခေါင်းစဉ်လေးက တော့ မိုက်တယ်။ လက်တွေ့အရတော့ နားလှည့်ပြီး ပါးရိုက်ထားတယ်။ အလုပ်သမားတစ်ဦးစီရဲ့ ၀င်ငွေရဲ့ ငါးရာ ခိုင်နုန်းကိုအလုပ်သမားကထည့်ဝင်စေရမှာဖြစ်ပြီး လုပ်ငန်းရှင်ကငါးရာခိုင်နုန်းငါးရာခိုင်နုန်း ထည့်ဝင်စေကာ အစိုးရက ငါးရာခိုင်နုန်း ထည့်ဝင်ရမယ်လို့ဆိုထားတယ်။ အလုပ်သမားတိုင်း မထည့်မနေရ ထည့်ဝင် နေကြ ရပေမယ့် အလုပ်ရှင်က အစိုးရဆီကို တရားဝင်ထည့်ဝင်မှုမရှိတဲ့ လုပ်ငန်းတွေအများကြီးပါ။ တချို့ အလုပ် ရုံတွေများဆိုရင် ပကာစာခွန်းဆိုတဲ့ခေါင်းစဉ်နဲ့ အလုပ်သမားဆီက အလကားနေရင်းဖြတ် တောက်တွေ ရှိနေတယ်။ ဒီငွေတွေဟာ အလုပ်သမားတွေ အလုပ်ပြောင်းရင်ပဲဖြစ်ဖြစ် နေရပ်ရင်းကိုပြန် သွားရင်ပဲဖြစ်ဖြစ် အဆုံးခံခဲ့ရတာပဲ။ ဘယ်သူမှ ဒီပြဿနာကိုမရှင်းနိုင်။
“MOU ဖြင့် တရားဝင်လူကုန်ကူးမှု”
နှစ်နိုင်ငံအစိုးရတို့ တရားဝင်အလုပ်သမား တင်သွင်းခြင်း လုပ်ငန်းကို MOU လို့ အလွယ်တကူ ခေါ်ကြတယ်။ အစိုးရချင်း တင်သွင်းတဲ့ အလုပ်သ မားတွေဖြစ်ကြပေမယ့် ထိုင်းနိုင်ငံအတွင်းမှာရှိနေကြ တဲ့ အလုပ်သမားတွေနဲ့ တရားဝင်မှု တစ်စုံတစ်ရာ တူညီမှု မရှိတာကြောင့် ကျနော်က MOU ကိုတရား ၀င် လူကုန်ကူးတာဖြစ်တယ်လို့ သမုတ်ခေါ်ဝေါ်တာ ဖြစ်တယ်။ အနည်းငယ်ရှင်းပြရရင် MOU ကုမ္ပဏီေ တွ အကုန်လုံးဟာ ၂နှစ်နိုင်ငံအစိုးရ သတ်မှတ်ထား တဲ့ စည်းကမ်းချက်တွေအတိုင်း မလုပ်ကြဘူး။ အလားတူ ထိုင်းအာဏာပိုင်တွေကလည်း MOU နဲ့ လာတဲ့ အလုပ်သမားတွေကို ထောင်ချပစ်တာတွေ ရှိနေတယ်။ အလုပ်သမားတွေအထူးနစ်နာပါတယ်။
မြန်မာအစိုးရက အလုပ်သမားတစ်ဦးအတွက် ကျပ်ငွေ တစ်သိန်းထက်ပိုမယူရဘူးလို့ သတ်မှတ် ထားပေမယ့် MOU ကုမ္ပဏီတွေက သုံးသိန်းကနေငါးသိန်းအထိယူတယ်။ ထိုင်းနိုင်ငံဘက်မှာ ဘတ်ငွေ တစ်သောင်းထက် ပိုမယူရဘူးလို့သတ်မှတ်ထားပေမယ့် အနည်းဆုံး ၁၃,၀၀၀ ဘတ်ကနေ ၃၃,၀၀၀ အထိ ယူတဲ့ကုမ္ပဏီတွေရှိတယ်။ ဆိုးဝါးရက်စက်မူတစ်ခုကတော့ ဒီလောက်တန်ဘိုးပေးပြီး ပေးဆပ်လိုက်လို့ ရလာတဲ့ MOU ပတ်စပို့ဟာ မည်သည့်နေရာမှာမှ အလုပ်သစ်ရှာဖွေလို့မရသလို ပြောင်းရွှေ့လုပ်ကိုင်လို့မရ ဘူး။ ပါကင်ထုတ်ပြီး ရောင်းလိုက်တာနဲ့အတူတူပဲ။ အလုပ်သမားတွေအတွက်ဘာဆိုဘာအခွင့်ရေးမှမရှိပါ။
မြန်မာသံရုံးက အလုပ်သမားအရာရှိကတော့ အလုပ်ရုံက စာချုပ်ပါစည်းကမ်းကို ဖေါက်ဖျက်လို့ ဖြစ်ဖြစ်၊ အလုပ်သမားတင်သွင်းတဲ့ ကုမ္ပဏီတွေက ချိုးဖေါက်ရင်ဖြစ်ဖြစ် အလုပ်ရှင်နဲ့  အလုပ်သမား တင်ပို့တဲ့ ကုမ္ပဏီကို အရေးယူခြင်း၊ နစ်နာတဲ့ အလုပ်သမားတွေကို လျှော်ကြေးငွေပေးဆောင် စေခြင်း မလုပ်ပဲ၊ အလုပ်သမားတွေကို နယ်စပ်ကို အတင်းအဓမ္မ ပြန်ပို့ပစ်လိုက်တာပဲ။ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ အလုပ်သမားတွေဘက်က ချို့ယွင်းတာမဟုတ်ပဲနဲ့ အလုပ်သမား က နယ်နှင်ခံရတယ်။ စာအုပ်ဖျက် သိမ်းခံရတယ်။ ကုန်ခဲ့တဲ့တွေဆုံးရှုံးတယ်။ အလုပ်သမားတွေ ဘ၀ပျက်ကြ ရတယ်။
“ထိုင်းက မြန်မာအလုပ်သမားတွေရဲ့လက်ရှိအခြေအနေ”
ထိုင်းနိုင်ငံအတွင်းမှာတရားဝင်ပတ်စပို့ထုတ်ပေး တာက တစ်မျိုး၊ MOU နဲ့ ရောက်လာတဲ့ လူတွေက တစ်ဖုံနဲ့ အလုပ်အကိုင်မကောင်းဖြစ်နေကြတယ်။ အလုပ်သမားတွေ ပိုလျှံနေတယ်။ အချိန်ပို ဆိုတာ မရှိတော့သလို အချို့အလုပ်ရုံတွေမှာ အလုပ်သမား မားတွေ လျှော့လာတယ်။ အကြောင်းပြချက် မခိုင် လုံပဲ အလုပ်သမားတွေကို ထုတ်ပယ်နေတယ်။ မဟာချိုင်က ပွဲစားတွေများဆိုရင် အလုပ်သွင်းပေးခ များများယူတယ်။ တစ်လလုပ်ပြီးတာနဲ့ အလုပ် သမားတွေကို ထုတ်ပစ်လိုက်ပြီး လူသစ် သွင်းစားနေကြတယ်။
ပတ်စပို့ရှိတဲ့လူတွေကို ၀တ်ပါမစ်မရှိတာတို့၊ အလုပ်ပြောင်းခွင့်စာရွက်မရှိတာတို့၊ နေထိုင်ခွင့် စာရွက်မရှိတာတို့ ဆိုတာတွေကို အကြောင်းအမျိုးမျိုးပြပြီး ပွဲစားတွေနဲ့ လုပ်ငန်းရှင်တွေဟာ စာအုပ်သိမ်း ထားတာတွေ ရောင်းစားတာတွေ ကို အများကြီးလုပ်နေကြတယ်။ ထိုင်းအစိုးရကလည်း ၀တ်ပါမစ်ဖို့သာ ယူထားတာ စာအုပ်ကယခုတိုင် ချောချောမောမောထုတ်မပေးဘူး။ မြန်မာအစိုးရကလည်း ဘာမှ ၀င်မ ပြောဘူး။ မြန်မာအချင်းချင်းလိမ်နေကြတာ သူတို့က အနေသာကြီးပေါ့။
MOU အလုပ် သမားတွေနဲ့ နိုင်ငံတွင်းက အလုပ်သမားတွေဟာ မြို့ပေါ်မှာ အလုပ်တွေမရှိတော့ပဲ မလေးနယ်စပ်လိုထိုင်းတောင်ပိုင်းလိုကြမ်းတမ်းဆိုးသွမ်းတဲ့ နေရာတွေမှာပဲအလုပ်သမားတွေလိုအပ် နေပြီ
ဖြစ်တယ်။ MOU ကုမ္ပဏီတွေ ကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော့၊ တင်သွင်းနေမှာဖြစ်တယ်။ မြန်မာသံရုံးက လည်း ပြဿနာကိုသာ မရှင်းတယ်၊အလုပ်သမားခေါ်စာ ကတော့ သော့သော့လေး ထုတ်ပေးနေဆဲဖြစ်တယ်။ ဘယ်လောက်ထုတ်ပေးသလဲဆိုရင် တရားဝင် ကုမ္ပဏီမရှိတဲ့ မဲဆောက် က အဘိုင်ကြီး ဆိုတဲ့ မွတ်ဆလင် တစ်ဦးကို အလုပ်သမားတွေ သိန်းချီပြီး တင်သွင်းခွင့်ပြုထားတယ်။ MOU နဲ့ အလုပ်သမားတွေ မဲဆောက်က သူ့အိမ်မှာ စာချုပ်ပြန်ချုပ်ရတဲ့ဗျာ။ တစ်နိုင်ငံလုံးမှာတက် လာသမျှ အလုပ်သမားပြဿနာရဲ့၅၀ရာခိုင်နုန်းကအဲဒီအဘိုင်ကြီးဆိုသူတင်ပို့ထားတဲ့သူတွေဖြစ်တယ်။ နှစ်နိုင်ငံအစိုးရ မသိချင်ယောင်ဆောင်နေကြဆဲဖြစ်တယ်။
"စားကျက်လက်ကျန်"
အပျံစားအကွက်ကလေး။ ပတ်စပို့စလုပ်တုန်း က တန်ဘိုးနည်းအနီရောင်ဖြစ်တယ်။ပတ်စပို့စာအုပ် တစ်အုပ်တန်ဘိုး ဘတ် ၁၀၀ပဲ မြန်မာအစိုးရ ယူခဲ့ တယ်။ ၂၀၁၂ ကစပြီး ခရမ်းရောင်ပတ်စပို့အဖြစ် အလုပ်သမား ဒုဝန်ကြီးက ပြောင်းလဲလိုက်တယ်။ သံရုံးထဲမှာတရားဝင် သတ်မှတ်ဈေးက ဘတ်ငွေ ၅၀၀ ထက်ပို မယူရ ဆိုပေမယ့် ပတ်စပို့ထုတ်ပေးတဲ့ စခန်းတိုင်းမှာ ဘတ် ၈၅၀ အထိ ပေါက်ဈေးရှိတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားအတော်များများတို့ဟာ ပတ်စပို့ကိုယ်စီကိုင်ပြီးတော့ ဖြစ်နေ ကြတာကြောင့် ထိုင်းပုလိပ်တွေက ပတ်စပို့ရှိရှိ/မရှိရှိ ဖမ်းစားတာပဲ။ အလုပ်ရုံအတော်များများတို့မှာ အထူး သဖြင့် လူကုန်ကူးမှုနဲ့ အကြီးအကျယ်နာမည်ပျက်နဲ့ ကျော်ကြားတဲ့ ကန်ချနဘူရီက နာနတ်သီးစက်ရုံကို MOU နဲ့ တရားဝင်လူကုန်ကူးလိုက်တယ်။ အလုပ်သမားတွေပြဿနာတက်လာတော့ နယ်စပ်ကိုပို့ လိုက် လိုက် ပြန်တယ်။ ပြဿနာ ပိုတောင်ရှုပ်ထွေးသွားတယ်။ ရှင်းမကုန်။
ထိုင်းတောင်ပိုင်း မလေးနယ်စပ်က ရာဘာအလုပ်ရုံတွေ၊ ဆိုလာပြားထုတ်လုပ်တဲ့ အလုပ် ရုံတွေနဲ့ သစ်သားအလုပ်ရုံတွေမှာ လည်း MOU နဲ့ အလုပ်သမားတွေ ပြည့်လျှံနေပြီးဖြစ်တယ်။ ထိုင်းငါး ဖမ်းလုပ်ငန်းတစ်ခုပဲMOUလုပ်ဖို့ကျန်ပြီ။ မြန်မာကုမ္ပဏီတွေဟာ ခေတ်အပြောင်းအလဲမှာဘုရားကို တောင်
အရည် ကြိုပြီး ရောင်းစားကြမလောက် လောဘကြီးနေကြတယ်။
ထိုင်းနိုင်ငံအတွင်းကို ထောင်ပေါင်းများစွာ သမားတင်သွင်း ထားပြီးဖြစ်တဲ့ မြန်မာ MOU ကုမ္ပဏီတစ်ခုက ဒါရိုက်တာတစ်ဦးက လေယာဉ်ပေါ်တက်ခါနီမှာ ဆိုပြီးဖုန်းခေါ်လာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပါ။ ငါးဖမ်းလှေ ကိုMOUနဲ့အလုပ်သမားတွေတင်သွင်းချင်တယ်။ ဘာတွေလိုအပ်မလဲ၊အချက်အလက်တွေ ပြောပါတဲ့။
ကျနော်ဟာMOU ပြဿနာတွေကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရကို အကြိမ်ပေါင်းများစွာ စာရေးပြီး မေတ္တာရပ်ခံဖူးပါတယ်။အစိုးရချင်းတင်သွင်းတဲ့MOUအလုပ်သမားဘာကြောင့် ထောင်ချခံရသလဲ၊MOUနဲ့ 
လာတဲ့အလုပ်သမား တွေ ဘာကြောင့် အလုပ်မရှိပဲ ဖြစ်နေကြတာလဲ။ MOU မှာ ဘာတွေ အားနည်း ချက်တွေရှိနေလဲ ပြန်လည် သုံးသပ်ဖို့ပါ။
ဒါပေမယ့် ကျနော့်လိုလူလောက်ကပြောတာကို ဘယ်ဂရုစိုက်ပါ့မလဲ။ ယခုအခါ နာမည်ဆိုးနဲ့ ကျော် ကြားနေတဲ့ ထိုင်းပင်လယ်အစားအစာတွေကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က အကန့်အသတ် နဲ့ ၀ယ်ယူ တင်သွင်းကြသလို အချို့နိုင်ငံတွေဆို ရင် လုံးဝပိတ်ထားတာရှိတယ်။ လူကုန်ကူးမှုနဲ့ နာမည်ပျက်နေတဲ့ထိုင်းငါးဖမ်း လုပ်ငန်းနဲ့ ပင်လယ် အစားအစာထုတ်လုပ်တဲ့နေရာသို့ MOU နဲ့တရား ၀င်သာ လူကုန်ကူး လိုက်လို့ ကတော့ ဖြစ်ပေါ်လာမယ့် အရှုပ်အထွေးအပေါ်မှာ ဘယ်သူတာဝန်ခံမလဲ ဆိုတာ ကြည့်ကြ သေးတာပေါ့။
တစ်တိုင်းပြည်လုံးကို ရောင်းစားတဲ့အကျင့်နဲ့ ကျင့်သားရလာခဲ့ကြတဲ့ စစ်အာဏာရှင်လက်ကျန် အမူအကျင့်တွေရှိနေဆဲဖြစ်တဲ့ မြန်မာဝန်ထမ်းတွေဟာ “အဘ” ကိုအားကိုးရနေသမျှတော့ ဘာဘဲ ရောင်း ရရောင်းရ ရောင်းစားနေကြအုံးမယ်ထင်ပါတယ်။ သမ္မတသစ် လက်ထက် သုံးနှစ်တာကာလအတွင်း အလုပ်အကိုင် အခွင့်လမ်းတွေ မဖန်တီးပေးနိုင်သေးတာကိုကြည့်ရင် မြန်မာတွေဆက်လက်ကံဆိုး နေကြ အုံးမှာပဲလို့ စိတ်ပျက်ရုံမှတစ်ပါး အခြားမတတ်နိုင်။ ။
No comments:
Post a Comment