Monday, 10 December 2012
“ခြုံဖေါ်ထိုင်းပုလိပ်ဖမ်းလို့ မြန်မာအဆိုတော်များစတိတ်ရှိုး ပွဲပျက်”
ဒီဇင်ဘာ ၁၀ ရက်
မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်းခြုံဖေါ်ပါနန်းတွင် ယမန်နေ့ ညက မြန်မာနာမည်ကြီးအဆိုတော်များ စတိတ်ရှိုး ပွဲအား ထိုင်းပုလိပ်များဖမ်းဆီးသဖြင့် ပွဲပျက်သွား ခဲ့ကြောင်း သိရှိရသည်။
ထိုင်းမီဒီယာကုမ္ပဏီတစ်ခုဖြစ်သော Life media studio က မြန်မာအဆိုတော်များဖြစ်ကြသည့် R ဇာနည်၊ ဆုသင်းပါရ်၊ ၀ိုင်းစုခိုင်သိန်း၊ ချစ်သုဝေ၊ သအိုနှင့်ဂျေလတ်တို့သီဆီဖျော်ဖြေရန်စီစဉ်ထားသည့် စတိတ်ရှိုး ဖြစ်သည်။
WORK PERMIT မရှိပဲ စီးပွားရှာခွင့်မပြုဆိုသည့် ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည် မဖေါ် လိုသည့် ဒေသခံအင်ဂျီအိုဝန်ထမ်းတစ်ဦးက ပြောသည်။
“ချစ်သုဝေ နှင့်ဂျေလတ် တို့သီဆိုပြီးရင် ဖမ်တာပဲ၊ အခြားအဆိုတော်တွေကိုတော့ မဆိုသေးတဲ့အတွက် မဖမ်းဘူး။ မြန်မာအဆိုတော်တွေ တစ်ညလုံး ရဲစခန်းမှာ ကျနော် တို့သာပြန်ပေးရသူတွေမနက်၅နာရီ ကျော် မှ ပြန်လာခဲ့ရတယ်၊ မြန်မာပြည်ကနေ အမှုလာပြီးရင်ဆိုင်ရမယ်လို့ သိရတယ်” ဟု အမည်မဖေါ်လို သည့် အင်ဂျီအို ၀န်ထမ်းတစ်ဦးက ပြောသည်။
ဘန်ကောက်မြန်မာသံရုံး အသိုင်းအ၀ိုင်းကမူ သက်ဆိုင်ရာအာဏာပိုင်များသို့ နှစ်နိုင်ငံချစ်ကြည်ရေးအရ
အပြစ်မပေးဖို့ စာပို့ပေးခဲ့သဖြင့်ပြေလည်သွားခဲ့ကြောင်း၊ မြန်မာအဆိုတော်များ ကြောက်လန့် သွားသဖြင့်
လေယာဉ်ကွင်းသို့လိုက်လံပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။
ခြံဖေါ်မှ ငါးဖမ်းအလုပ်သမား ကိုမောင်ဖြူက “ ကိုယ့်တိုင်းပြည်က နာမည်ကြီးအဆိုတော်တွေ
ဆိုမှာဆိုတော့ ကျနော်တို့ ၀မ်းသာနေကြတယ်။ လက်မှတ်တွေဝယ်ထားကြတယ်။ ဘာပြစ်မှုကျူးလွန်လို့
ဒီလိုလုပ်ရတာလဲ၊ အခြားမတရားမှုတွေ ထိုင်းမှာအများကြီးပဲ၊ ဒါ ကျနော်တို့ကို နှိပ်ကွပ်တာပါ။ ထိုင်းပုလိပ်
တွေလောက် အောက်တမ်းကျတာ ထိုင်းပုလိပ်ပဲရှိတယ်။ မဟုတ်တာတွေ အကုန်လုပ်ခွင့်ရနေတာ ထိုင်း
ပုလိပ်ပဲ” ဟု ရင်ဖွင့်ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းဘုရင်မွေးနေ့က ဘန်ကောက်မြို့နှင့်၂၀၁၁ ခုနှစ် မဟာချိုင်
တို့တွင် မြန်မာအဆိုတော်များ စင်တင်တေးဂီတအတွက် လက်မှတ်များရောင်းချထားပြီး ယခုကဲ့သို့
မြန်မာအဆိုတော်များ သီဆိုခွင့်ကို ကြိမ်ဖန်များစွာ ပိတ်ပင်ခံရသကဲ့သို့ မြန်မာအလုပ်သမားများ လည်း ဖမ်းဆီးပြန်ပို့ခံခဲ့ရဖူးသည်။
စတိတ်ရှိုးပွဲပျက်သွားသဖြင့် ၀ယ်ယူထားသည့် လက်မှတ်ဖိုးများကိုလည်း ကန်ထရိုက်နှင့် ပွဲစီစဉ် သူတို့က ပြန်ပေးလေ့မရှိသဖြင့် ထိုင်းနိုင်တွင်ကျင်းပမည့် မြန်မာစတိတ်ရှိုးများအား မြန်မာအလုပ်သမားများ အယုံအကြည်ကင်းမဲ့နေကြကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment