လွန်ခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ပြီးဆုံးသွားသည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင် မပြုလုပ်နိုင်သေးသော၊ ပြုလုပ်ရန် မမှီသော ရွေ့ပြောင်း အလုပ်သမားများအတွက် (မည်သည်စာရွက်စာတမ်းမှမရှိသူများအတွက်မဟုတ်သေးပါ) ဆက်လက်လုပ်ဆောင်ရန် သတင်းများထွက်ရှိလာသော်လည်း အလုပ်သမားဝန်ကြီးဌာနမှ ကြော်ညာချက်များမထွက်လာသေးပါ။ သို့ဖြစ်ပါ၍ မိမိတို့နယ်မြေရှိအလုပ်သမားများအား တိကျသောကြော်ညာချက်ထွက်လာသည်အထိ စောင့်ဆိုင်းရန်အကြောင်းကြားအပ်ပါသည်။ ပြုလုပ်မည့်ဤလုပ်ငန်းစဉ်မှာလည်း ယခင်နိုင်ငံသားစိစစ်ရေးပြုလုပ်ရန်ကျန်ရှိနေသူများအတွက်သာဖြစ်ပါသည်။ လူသစ်များ၊ မည်သည့်စာရွက်စာတမ်းအထောက်အထားမရှိသူများအတွက်မဟုတ်သေးကြောင်း သတိထားရန် အသိပေးအပ်ပါသည်ခင်ဗျား။
ပိုမိုသိလိုရာများရှိပါက ၀၈၁-၈၈၉-၅၃၄၅ သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျား။
No comments:
Post a Comment