Thursday, 13 December 2012

"လှေစီးဘင်္ဂါလီ ၅၂ဦးအား ကမ္ဘာ့ရေကြောင်းသို့ နှင်ထုတ်"

မင်းဘခက်
ဒီဇင်ဘာ   ၁၃
         ဒီနေ့ မနက် ၁၀ နာရီက  မြန်မာနိုင်ငံ ကော့သောင်းမှ ၃မိုင်အကွာတွင်ရှိသော ခရုကျွန်း ရွာသာယာသို့
ဘင်္ဂါလီအမျိုးသား ၅၁ ဦးနှင့် ဘင်္ဂါလီ အမျိုးသမီး တစ်ဦးတို့ တင်ဆောင်လာသည့်  စက်လှေတစ်စီး ဆိပ်
ကပ်လာသဖြင့်  ကျွန်းအုပ်ချုပ်ရေးမှူးနှင့် မြန်မာအာဏာပိုင်များက နေ့ လည် ၁နာရီကျော်တွင် နိုင်ငံတကာ
ရေကြောင်းသို့ မောင်းထုတ်ခဲ့ကြောင်း သိရှိရသည်။
             ခရုကျွန်း ဒေသခံတစ်ဦးက "ဘင်္ဂလားဒေ့ခ်ျ နိုင်ငံနဲ့ ရခိုင်နယ်စပ်ကလာတဲ့ ဘင်္ဂါလီတွေဖြစ်တယ်။
ကျွန်းပေါ်ကို အကုန်လုံး တက်လာကြတာ။ ကျနော်တို့ အနားကို ကပ်ခွင့်မရဘူး၊ အဝေးက ပဲကျနော်တို့
ကြည့်နေကြရတယ်" ဟုပြောသည်။
                ကော့သောင်းအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောကြားသည်
         
            အင်္ဂလားဒေ့ခ်ျနိုင်ငံ၏ လူဦးရေပေါက်ကွဲမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဘင်္ဂါလီ လူမျိုးတို့သည်
 ထိုင်းနှင့်မလေးရှားတို့သို့ စဉ်ဆက်မပြတ် ထွက်ခွာလျှက်ရှိနေကြသည်။ ၎င်းတို့ကို ပြည်ပအခြေစိုက် မြန်မာ နှင့် နိုင်ငံတကာမီဒီယာများက ရိုဟင်ဂျာ ဟု ခေါ်တွင် ကြသော်လည်း   မြန်မာနိုင်ငံအစိုးရနှင့် ရခိုင်လူမျိုးတို့က လုံးဝလက်မခံ ကြောင်း သိရှိရသည်။
                     နိုင်ငံတကာအဖွဲ့ အစည်းတို့မှာလည်း အကန့်အသတ်မရှိ လူဦးရေတိုးပွားနေသည့် အဓိက ပြဿနာကို မည်သို့ တားဆီး ကာကွယ်မည်ကို စဉ်းစား ကိုင်တွယ်ရမည့်အစား လူ့အခွင့်အရေး ဟူသည့်ခေါင်းစဉ်အောက်ကသာ မယောင်ရာ ဆီလူးနေကြောင်း  ကော့သောင်း အခြေစိုက် မြန်မာ သံဃာတော်   ဦးသီဟ    ကမိန့်သည်။

No comments:

Post a Comment