Wednesday, 12 December 2012
“မဲဆောက် မှာကားမှောက် မြန်မာသုံးဦးသေဆုံး”
ကိုတီး ဒီဇင်ဘာ ၁၂
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀နာရီခန့် က မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် ခရီးသည် တင် ဘတ်စကား သည် မဲဆောက်မှ ၂၈ကီလို အရောက် တောင်ကြက်ရိုး အကွေ့တွင် အရှိန် မထိန်းနိုင်သဖြင့် တောင် ကမ်းပါးယံကို ၀င်တိုက် မိပြီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာ ၃ဦးနှင့် ထိုင်းတစ် ဦး သေဆုံးသွားခဲ့ ကြောင်း ခါင်စွတ်သတင်းစာ တွင် ရေးသားဖေါ်ပြထားသည်။
ကားနံပါတ်၁၄ -၆၁၅၈ကားပေါ်ခရီးသည်၅၂ဦး ပါရှိ လာပြီး ခရီးသည် ၃၀ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်။
၁၄ဦးဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားသည့် မြန်မာသုံးဦးမှာဝင်ဟန်ဌေး၊ ဌေးကို၊ နောင်ထွန်း နှင့်ထိုင်း
တစ်ဦးဖြစ်ကြောင်း ခေါင်စွတ်သတင်းစာတွင်ရေးသားထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment