အောက်တိုဘာ ၁၃ ခရမ်းသားလေး
ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင်မဟာချိုင်မြို့ ဈေးကြီးအနီး တွင်ရှိသော လေးထပ် ပုလိပ်ရုံမှ ထိုင်း ပုလိပ်များနေ့စဉ် ဖမ်းဆီးငွေညှစ်နေ မှုကြောင့် မြန်မာအလုပ်သမားများစွာ ငွေကုန်နေကြရကြောင်း သိရှိရသည်။
အလုပ်ပိတ်ရက်ဖြစ်သော ယနေ့ တနင်္ဂနွေနေ့တွင် ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ်(၀တ်ပါမစ်) ရှိသည့်အလုပ်သမား ၁၀၀ဦး ထက်မနည်း ငွေညှစ် ခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့်အလုပ်သမားများ ကပြောသည်။
ဘန်ကောက်မှ အလုပ်သမား ကိုနေမျိုး က“ ကျနော့်ဦးလေးကို မဟာချိုင်ကိုလိုက်ပို့တာ ပတ်စပို့ရော
ဝတ်ပါ မစ်ပါ ပါတယ်။၂၀၀၀ ပေးမှလွှတ်မယ်လို့ပြောတယ်။ကျနော်လိုအလုပ်သမားတွေတစ်ရာ လောက် ရှိ တယ်။ နှစ်ထောင်ပေး၊ သုံးထောင်ပေးပြီး ထွက်သွားကြတယ်။ ညနေ ပိုင်းမှာ ၃၀ လောက်ပဲကျန်ပြီ၊ တဖွဲဖွဲလာ ရွေးနေကြတာပဲ” ဟုပြောသည်။ ဈေးအကူရောင်းသည့် မဖြူဖြူနီ ကတော့ ဘတ် ၈၀၀ ပေးခဲ့ သဖြင့် ပြန်လွတ်လာခဲ့သည်။
ဝတ်ပါ မစ်ပါ ပါတယ်။၂၀၀၀ ပေးမှလွှတ်မယ်လို့ပြောတယ်။ကျနော်လိုအလုပ်သမားတွေတစ်ရာ လောက် ရှိ တယ်။ နှစ်ထောင်ပေး၊ သုံးထောင်ပေးပြီး ထွက်သွားကြတယ်။ ညနေ ပိုင်းမှာ ၃၀ လောက်ပဲကျန်ပြီ၊ တဖွဲဖွဲလာ ရွေးနေကြတာပဲ” ဟုပြောသည်။ ဈေးအကူရောင်းသည့် မဖြူဖြူနီ ကတော့ ဘတ် ၈၀၀ ပေးခဲ့ သဖြင့် ပြန်လွတ်လာခဲ့သည်။
မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းပုလိပ်များသည် မြန်မာအလုပ်သမားများနေထိုင် သည့် တန်းလျားများသို့ ၀င်ရောက်၍ မကြာခဏစစ်ဆေးလေ့ရှိကြရာတွင် အလုပ်သမားအတော်များများ တို့ တွင် ပတ်စပို့နှင့် ၀တ်ပါမစ်များ ရှိနေကြသူများကြသဖြင့် အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စား ကြသည့်စါရင်းများကို ချဲစာရွက်ဟု ပြောဆိုကာ အဓမ္မ ဖမ်းဆီးငွေညှစ်ကြလေ့ရှိသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “တနေ့က ဖမ်း ဆီးခံရသူတွေထဲမှာ အလုပ်သမား၂ယောက် ဆီကနေ ဘတ်ငွေ ၈၀၀ ရတာကို မရောင့်ရဲသေးပဲ၊ ပတ်စပို့ အပေါင်ဆိုင် တစ်ခုမှာ ပုလိပ်ဘာသာပြန်ကို ဘတ်ငွေ ၅,၀၀၀ ချေးပြီးပေးခဲ့ ကြရတယ်။ ဒီကိစ္စ ကိုကျနော်တို့ကလူကုန်ကူးမှုတိုက် ဖျက်ရေး အထူးတပ်ဖွဲ့နဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးတပ်ဖွဲ့တို့ကို တင်ပြကြတယ်။ သူတို့က မြန်မာ အစိုးရအဆင့်ကနေပြီးတော့ ထိုင်းဗဟိုရဲတပ်ဖွဲ့ ကိုတိုင် ကြားဖို့လိုတယ်လို့အကြံပြုတာကြောင့် ကျနော်တို့က မြန်မာသံရုံး ကိုရော နေပြည်တော် ရဲတပ်ဖွဲ့က တာဝန်ရှိသူတို့ ထံကိုပါ တင်ပြ ထားတယ်”ဟုပြောသည်။
၂၀၀၄/၂၀၀၅ ခုနှစ် ထက်ဆင်အစိုးရလက်ထက်က မြန်မာ အလုပ်သမားများ ပန်းရောင်ကဒ် လုပ်ခဲ့စဉ်က တစ်နှစ်စာ ကျမ္မာရေးစောင့်ရှောက်ခ အပါအ၀င် စုစုပေါင်း အစိုးရနုန်းထား ဘတ်ငွေ ၃,၈၀၀ သာ ကုန်ကျခဲ့သည်။ အပြင်သူဌေးအငှါးဖြင့် လုပ်ကိုင်မှ ဘတ်ငွေ ၅,၀၀၀ ထက်ပို၍ မကုန်ကျခဲ့ကြပေ။ ထိုင်းအစိုးရသည် သန်းချီရှိသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ အကျိုးအမြတ်များကို မြင်သဖြင့် ၂၀၀၉ နှစ်ကတည်းက မြန်မာအစိုးရနှင့်ညှိနှိုင်းကာ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေကြ သည့် မြန်မာအလုပ် သမားများ အတွက် ထိုင်းအလုပ်သမားများနည်းတူ အခွင့်အရေးရရှိစေရန်ဟူ၍ ပျား ရည်ဖြင့် ၀မ်းချ၍ ယာယီပတ်စပို့ကို ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်သည်။ ထိုပတ်စပို့လုပ်ကိုင်ခြင်းဖြင့်ထိုင်းနှင့်မြန်မာအစိုးရ တို့ တစ်စုံတစ်ခု အတိုင်းအတာအထိ အကျိုးရှိခဲ့ကြသော်လည်း မြန်မာအလုပ်သမား များမှာ ပတ်စပို့စာအုပ်နှင့် ၀တ်ပါမစ်အတွက် ဘတ်ငွေ တစ်သောင်းငါးထောင်ထက် မနည်းကုန်ကျကြသည်။ သို့ရာတွင် မည်သို့သော အာမခံချက်မှမရှိပဲ ထိုင်းပုလိပ်များ အနိုင်ကျင့် ဗိုလ်ကျ သမျှ နေ့စဉ်ခံစားနေကြရသည်။
မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့သည် တရားဝင်အလုပ် သမားများအတွက် လုံလောက်သည့် ကာကွယ်စောင့်ရှောက် မှုနှင့် ပြဿနာများအား ထိရောက်စွာရှင်းလင်းပေး မှုမျိုးမရှိကြ သော်လည်း၊ မကြာမီပြန်လည် ဖွင့်လှစ်မည့် ပတ်စပို့လုပ်ငန်း ရာသီအတွင်း မြန်မာအစိုးရက ယာယီပတ်စပို့ အစား နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြန်သည်။
မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း ပတ်စပို့ မရှိလျှင် အလုပ်လုပ်ကိုင်နေထိုင်ခွင့်မရှိ ခြင်းကြောင့်သာ လုပ်ကြရသော်လည်း ပတ်စပို့ ကိုင်ထားသော်လည်း ထိုင်းပုလိပ်ကို ကြောက်မြဲတိုင်း ကြောက်နေရပြီး ပေးမြဲ တိုင်းပေးနေ ရဦးမည် သာဖြစ်ကြောင်း ပြောဆိုနေကြသည်။
No comments:
Post a Comment