အောက်တိုဘာ ၁၀ မြတ်ညို (အလွတ်သတင်းထောက်)
မဲဆောက်မြို့အနီး ဖုတ်ဖရမြို့နယ် ၃၆ကီိ လိုမီတာ အရပ်ရှိ မြန်မာစိုက်ပျိုးရေး အလုပ်သမား တို့၏ တဲအိမ်စုတွင် အရက်မူးနေသည့် ထိုင်းလူရမ်း ကားများကြောင့် အိပ်ပျော်နေသည့် မြန်မာအလုပ် သမား ၏သားငယ် တစ်ဦး၏ ညာဘက်ပေါင် အား သေနတ် ကျည်သင့်သွားခဲ့ ရကြောင်းသိရှိရသည်။
ဒဏ်ရာရရှိသွားသည့် အသက်၁၂နှစ် အရွယ် ပထမတန်းကျောင်းသား မောင်စိုင်းဝဏ္ဏဖြိုး ၏ ဖခင်ကိုဇေါ်နိုင် က “ ကျနော်တို့မှာ ဘာနေထိုင်ခွင့် လက် မှတ်မှမရှိဘူး။ ဒီနေ့မနက်မှာ ကလေး ဒဏ်ရာ ရပြီးတော့ ကျနော်တို့သူဌေးရောက်လာတယ်။ မဲဆောက်ဆေးရုံကြီးကိုပို့ပေးတယ်။ ညနေမှာ ဆေးရုံကပြန်ဆင်းလာပြီ ဖြစ်ပါတယ်။ ထိုင်းလူငယ် တစ်သုတ်တော့ရောက်လာတယ်။ ပုလိပ်ကိုမတိုင်ဖို့ အမှုမလုပ်ဖို့ အားလုံးကိုတာဝန်ယူတယ်လို့လာပြောသွားတယ်၊ ကလေး တက်နေတဲ့ ဒို့မိတ်ဆွေ ကျောင်းက ဆရာတွေနဲ့ အဲဒီထိုင်းတွေနဲ့ နက်ဖြန်ညှိနှိုင်းကြမယ်လို့တော့သိရတယ်” ဟုပြောသည်။
မြန်မာစိုက်ပျိုးရေး အလုပ်သမားများ စုပေါင်းနေထိုင်ကြသည့် တဲအိမ်စုတွင်အိမ်ခြေေ ပါင်း၆၀ ကျော် ခန့်ရှိသည်။ ထိုဝင်းထဲတွင် ညနေ ပိုင်းအချိန်များ၌ တီဗီနှင့်ကက်ဆက်အသံများဖြင့် ဆူညံနေလေ့ရှိကြသဖြင့် အနီးအနားတွင် နေထိုင် ကြသည့် ထိုင်းအချို့က သဘောမကျကြကြောင်း ကိုဇေါ်နိုင်က ပြောပြသွားသည်။
ဤအမှုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ (JACBA) မှ ထိုင်းရှေ့နေများကောင်စီ၊ ဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် တွဲဖက်၍ ဥပဒေကြောင်းအရ အကာအကွယ်ဖြစ်စေနိုင်ရန် ကြိုးပမ်းေ ဆာင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
No comments:
Post a Comment