“လက်မှိုင်ချရုံမှတစ်ပါး”
နိုင်ငံတစ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ဥပဒေကို အခြားနိုင်ငံတစ်ခုက ပြင်ဆင်ဖို့ ပြောနိုင်ဖို့နေနေသာ သာကမ္ဘာ့ အသင်းကြီးတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ တောင်မတတ်နိုင်……………………..
ဘာကြောင့် လူမိုက်လုပ်ပြီးပြောရသလဲဆို ရင် လက်ရှိအခြေအနေမှန်ကို မပြောရင် အနာဂတ် ကိုသစ္စာဖေါက်ရာရောက်တယ် ဆိုတဲ့ ပညာရှင်တွေ ရဲ့အဆိုအမိန့်အရရော အမှန်တရားကိုမြတ်နိုးတဲ့ အတွက်ပါ ထောက်ပြပြောဆိုရခြင်းဖြစ်တယ်။
ဖြစ်ရပ်(၁) ၂၀၁၃ စက်တင်ဘာလကုန်နေ့မှာ လူကုန်ကူးခံခဲ့ရတဲ့အလုပ်သမား တစ်ဦး ကော့သောင်း လူကုန်တားက ရနောင်းကယ် ဆယ်ရေးစခန်းထဲမှာလာခေါ်သွားတယ်။ ပြန်မယ့်အလုပ်သမား ကိုဝင်းနိုင် ကို စာအိပ်တစ်အိပ်ကို ကိုင်စေပြီး ကယ်ဆယ်ရေးစခန်းက ထိုင်းအရာရှိတွေ ဓါတ်ပုံတွေရိုက်ကြတယ်။ ကာယကံရှင်ဖြစ်တဲ့ ကိုဝင်းနိုင် ကလည်း သူရမယ့်၆လစာလုပ်အားခတွေရပြီဆိုပြီး တကယ်ဝမ်းသာခဲ့တယ်။ အကြွေးတွေတင်နေတဲ့ဇနီးသယ်လက်ထဲကို အပ်နိုင်ပြီ၊ သမီး၂ယောက်အတွက် အ၀တ်အထည်တွေ ၀ယ်သွားနိုင်ပြီဆိုပြီးတော့ ပီတိဖြစ်နေတာ။ ကော့သောင်းမရာက်မီ မြစ်ကို ဖြတ်ကူး စဉ်မှာ စာအိပ် ကို ဖေါက်လိုက်တော့ ဘတ်ငွေ ၅၀၀ ပါလာတာကို မြန်မာရဲတွေနဲ့အတူ တအံ့တသြတွေ့ကြရတော့တယ်။
ဖြစ်ရပ်(၂) ၂၀၁၃ အောက်တိုဘာ ၁ ရက်နေ့ မနက်က လည်း ပန်ဘူလီ ပါနန်းအချုပ်ခန်းက မြန်မာဘာ သာပြန်တစ်ဦး ဖုန်းဆက်လာတော့ မှ အံ့သြလွန်းလို့ ကြက်သေသေနေမိတယ်။ ရခိုင်အလုပ်သမား ၃ ယောက် ထောင် ၄၅ ရက်ထောင်ကျပြီး အချုပ်ခန်းကို ပြန်ရောက်နေပါတယ်။ လူကုန်ကူးသူတွေနဲ့လှေပိုင်ရှင် ဘာမှမဖြစ်။ နယ်စပ်ကို ပြန်ပို့ဖို့ကူညီပါလို့ ရှင်းပြတော့မှ ဇာတ်ရည်လည်တော့တယ်။ ဒီအလုပ်သမား၃ ယောက်ဟာ ၂၀၁၃ ခု သြဂုတ်လ ၄ ရက်နေ့က ဘန်ကောက်မြို့ တောင်ဘက်ကီလိုမီတာ ၂၀၀ ကျော် အကွာမှာရှိတဲ့ ပကျွတ်မြို့နယ်၊ ပန်ပူလီမြို့ဖယ်ဖချလ ငါးဖမ်း လှေဆိပ်၊ လှေ အမှတ် (၇) မှာ ၂လကြာ ရောင်းစားခံ ခဲ့ရတဲ့ ရခိုင်အလုပ်သမား ၃ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှု အထူး ထောက် လှမ်းရေးတပ်ဖွဲ့ DSIနဲ့  ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ ကူညီကယ်ထုတ်ခဲ့ပါတယ်။
ဖြစ်ရပ်(၁) က ကိုဝင်းနိုင်ဟာ ထိုင်းတောင်ပိုင်း ကတန်က လူသတ်မုဒိန်းကျင့်တဲ့ဂိုဏ်းကြီးရဲ့ လူကုန်ကူးခြင်းကို ခံခဲ့ရပြီး အစိုးရသက်သေအဖြစ် အခြား၁၄ဦးနဲ့အတူ ရနောင်းကယ်ဆယ်ရေးစခန်းထဲမှာ ၆လကြာနေထိုင်ခဲ့ရသူဖြစ်တယ်။ ဒေသခံ လူမှုဖူလုံရေး(ဆ၀ါဒီကန်)နဲ့ တစ်လကို ဘတ်ငွေ ၉၀၀၀ နုန်းရှင်း ပေးမယ်လို့သဘောတူလက် မှတ်ထိုးထားပြီးလည်းဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ကို ပြန်ပို့တဲ့အခါ ဘတ်ငွေ ၅၀၀ ပဲ စာအိပ် ထဲမှာ ပါတယ်။
ဖြစ်ရပ်(၂) ဒီအလုပ် သမား ၃ယောက်ဟာ ပတ်စပို့လုပ်ပြီး ထိုင်းမှာ တရားဝင်လုပ်ရမယ်ဆိုလို့ လာခဲ့ကြသူတွေဖြစ်တယ်။ မြောက်ဦးမြို့၊ မော်ရွာ
ဟောင်းအရပ် ကိုမောင်မောင်စိုး ဆိုသူမှာ ကျပ်ငွေ
ငါးသိန်းနဲ့ ရွာက ပွဲစားဆီမှာ ခြံကိုအပေါင်ထားခဲ့ပြီး
လာခဲ့တယ်။ တောင်ကုတ်က ညီအစ်ကို ၂ယောက်
ကတော့ ပွဲစားကို ကျပ်ငွေ ခုနစ်သိန်းခွဲပေးခဲ့ပြီးမှ
ရောင်းစားခံကြတာဖြစ်တယ်။
ဒီအလုပ်သမား ၃ယောက်လုံးဟာ ရခိုင်
လူငယ်တွေဖြစ်ကြပေမယ့် ပဲခူးမြို့မှာနေတဲ့ အစ်မ
ဖြစ်သူတွေက ပဲခူးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်း
ရေးတပ်ဖွဲ့မှာ အမှုဖွင့်တိုင်ကြားတယ်။ အဲဒီကမှတစ်
ဆင့် ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား
များအဖွဲ့ MAT ကို အကူညီတောင်းခံလာတာဖြစ်တယ်။ ဒီအလုပ်သမား ၃ယောက်ကို ထိုင်းရဲမှူးချုပ် နာမည်နဲ့ရေးထားတဲ့ ငါးဖမ်းလှေပေါ်မှာ ပိုက်ဆရာ နဲ့အတူဖမ်းဆီးမိခဲ့တာဖြစ်တယ်။ ထိုင်းမရိမ်းရေတပ် တပ်ဖွဲ့သင်္ဘောနဲ့ဖမ်းကြတာဖြစ်တယ်။ လှေပိုင်ရှင်ဆိုသူ အရပ်သားတစ်ယောက်လာရှင်းတယ်။ ကျနော်တို့ကယ်တင်ခဲ့တဲ့ အလုပ်သမားတွေ ဘယ်ရောက်လို့ ဘာ ဖြစ်နေမှန်း နောက်ဆက်တွဲ အခြေအနေကို ကျနော်တို့သိရှိခွင်မရတော့ဘူး။
ကျနော်တို့နဲ့အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ DSI က အလုပ်သမားတွေ လုပ်အားခ မရတာတွေနဲ့ ထောင်ချခံရတာတို့ ပြန်ပို့ခံရတာတို့တွေအထိ သူတို့ မလုပ်နိုင်သလို လုပ်ပိုင်ခွင့်လည်းမရှိဘူးလို့ပြောကြတယ်။ သဘာဝကျပါတယ်။
“အိုးနင်းခွက်နင်းပေါ်လစီများ”
သခင်အားရ ကျွန်းပါးဝကြတဲ့ ဗမာအင်ဂျီအိုဝန်းထမ်းတွေ၊ အထူးသဖြင့် ထိုင်းနဲ့ နှီးနှောနေတဲ့ ထိုင်းစကားတတ် အင်ဂျီအိုဝန်ထမ်းတွေဟာ မိမိလုပ်နေတဲ့အဖွဲ့ ကခိုင်းတာကိုလုပ်လိုက် တယ်။ နောင် ဘာ ဖြစ်လာ နိုင်သလဲဆိုတာမတွေး။ တွေးနိုင်သည်ထားအုံး အကောင်အထည်ဖေါ်ခွင့်မရှိ။
ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနေတဲ့ ထိုင်းနိုင်ငံမှာ လူထုအခြေပြုအသင်းအဖွဲ့တွေကို အားကောင်း မောင်းသန်လည်ပတ်စေတယ်။ စနစ်တကျနဲ့ ငွေကြေးအင်အားလည်း တောင့်တင်းကြတယ်။ ဥပဒေ တစ်ခု အတည်ပြုတော့မယ်၊ ပြဌာန်းတော့မယ်ဆိုရင် ပါတီတွေ ဟာ လူထု အခြေပြုအသင်းအဖွဲ့တွေကို ခိုင်းစေတယ်။ နည်းအမျိုးမျိုးနဲ့ လှုပ်ရှားမှုအသွင်းသဏ္ဍန် ပြုမူ လိုက်ကြတယ်။ အဲဒီလိုအကောင်အထည်ဖေါ်တဲ့ အခါ ထိုင်းအင်ဂျီအိုတွေမှာ အလုပ်လုပ်ကြရတဲ့ မြန်မာ ၀န်ထမ်းတွေဟာ ထိုင်းတွေကြိုးဆွဲရာ ကလိုက်ကြ ရတော့တယ်။
သူ့ဆန်စားတော့ရဲရတော့တာပေါ့။ အမှန်က မြန်မာဝန်ထမ်းတွေဟာ အဲဒီအဖွဲ့အစည်းရဲ့တာဝန် ကိုထမ်းရွက်လိုက်တာပဲဖြစ်တယ်။ ဒါပေမယ့် ပရိုပိုဇေနဲ့ ထိုင်းနိုင်ငံရေးပါတီတွေက ထောက်ပံ့တဲ့ အထောက် အပံ့နဲ့ အကောင်အထည်ဖေါ်ပေးရတဲ့ အဖွဲ့အစည်းအကြီးအကဲတွေက ဗမာကိုယ်စားပြုဆိုပြီး ချထည့်လိုက်တယ်။ ဥပမာ (က) ပကာစာခွန်း(အာမခံ) (ခ) ယာယီပတ်စပို့နဲ့  (ဂ) MOU ကိစ္စရပ်တွေဖြစ်တယ်။
အပြင်ပန်းကြည့်ရင် မြန်မာအလုပ်သမားတွေ ကောင်းကျိုးအတွက်လို့ ပြောနိုင်ပေမယ့် တကယ့် လက်တွေ့မှာ မြန်မာအလုပ်သမားတွေ ကို ထိုင်းနိုင်ငံအတွင်းမှာ မသေမချင်းကြိုးမိန့်ချလိုက်တာ နဲ့အတူတူ ပဲဖြစ်တယ်။ ဟုတ်မဟုတ် အလုပ်ရုံတွေမှာအဖြတ်ခံနေရတဲ့ ပကာစာခွန်းတွေကို အလုပ်သမားတွေ အကျိုး ခံစားရသလား မေးကြည့်ပါ။ ယာယီပတ်စပို့နဲ့ မြန်မာအလုပ်သမားတွေ လွတ်လပ်မှုနဲ့ လုံခြုံမှုရှိသလားမေး ကြည့်ပါ။ ဘာမှသုံးစားမရတဲ့MOUစာအုပ်ကို ဘာ့ကြောင့် ဘတ်တစ်သောင်းကျော် ပေးဆပ်နေရတာလဲ။ MOU ဆိုတာကော G to G အစိုးရအချင်းချင်း တရားဝင်အလုပ်သမားတွေ တင်သွင်းတယ်လို ပြောပြီး ဘာကြောင့် MOU နဲ့လာတဲ့အလုပ်သမားတွေ ထောင်ချခံရတာလဲ။ ဘယ်သူပုန်တွေက ဖမ်းဆီးထောင် ချနေတာလဲ??? အမေရိကန်ထောက်လှမ်းရေး ကိုအပ်ရမလား??? အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။
ထိုင်းနိုင်ငံအထဲမှာ အဲသလောက် အိုးနင်းခွက်နင်းဖြစ်နေတာကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ လုပ်ရကောင်းမှန်းယခုတိုင် နှာစေးတုန်း။ မှားနေတာနဲ့လွဲချော်နေတာကို ပြင်ဖို့အတွက် အင်ဂျီအိုတွေ၊ ထိုင်းနဲ့မြန်မာအလုပ်သမားအာဏာပိုင်တွေကလည်း မစဉ်းစားကြ။ သူတို့မှားနေတာကို သူတို့ဝန်မခံ။
သန်းချီရှိတဲ့ မြန်မာကျွန်ရတနာသိုက်ကြီး ကိုဘယ်ဟော်တယ်မှာ ခွဲတမ်းချမလဲ လို့သာတွေးကြတုန်းထင်ပ။ ဒါတွေဟာ ပကတိ အရှိတရား အစစ်အမှန်တွေဖြစ်တယ်။ ။
ကျော်သောင်း
ကော့သောင်းမရာက်မီ အတ္တရံမြစ် ကို ဖြတ်ကူး စဉ်မှာ.....ရနောင်းနှင့်ကော့သောင်းကြားမှာရှိတဲ့မြစ်ဟာ ပါချန်မြစ်ပါကိုကျော်သောင်းရယ်...အတ္တရံမြစ်ကို ကော့သောင်းယူလာရတယ်လို့ တော်ပါပေတယ် ကိုကျော်သောင်းရယ်။
ReplyDelete