ယနေ့  နေ့လည် ၃ နာရီခန့် ကထိုင်းနိုင်ငံ မဟာချို င်း လေးထပ် ရဲစခန်းမှနေပြီး မြန်မာနိုင်ငံသားတဦး
ပါတ်စပို့ပါပါတယ် ဒါပေမဲ့ ဝပ်ပါမစ် မပါသဖြင့် အဖမ်းဆီးခံနေရပြီး ဘတ်ငွေ၂ ထောင် (မြန်မာငွေနဲ့ဆို) ၆သောင်းခန့်  ပေးနိုင်မှ သွားခွင့်ပေးမယ် ပြောပြီးအခက်တွေ့ နေပါသဖြင့် ကူညီပေးပါရန် လိပ်စာကဒ် ရထားသဖြင့်ဖုန်းထိုး အကူအညီ တောင်းခံပါကြောင်းဆက်သွယ်လာသဖြင့်
ထိုင်းရဲအား ဖုန်းပေးလိုက်ရန်ပြောပြပြီး အဖမ်းခံထားသူမှ သက်ဆိုင်ရာ ရဲများကို ဖုန်းပေးရာ ဘယ်သူမှ မယူကြဘဲ ၅ယောက်မြောက်နောက်တဦးက လက်ခံပြောသဖြင့်
အမြဲတန်း မကြာမကြာလာရွေးပေးနေတဲ့ ကူညီနေတဲ့လုံဖိ ဒမ်းဒမ်း ဟုပြောလိုက်ရာ ဆက်မပြောတော့ဘဲ အဲဒီမှာ စကါးပြန်လုပ်ပေးတဲ့ မြန်မာပြည်သားကို ဖုန်းပေးပြီး ၄င်းက ဘယ်သူလဲအေး ဆရာတော်ပါ ဒကါကြီး အခုလူက ဘုန်းဘုန်းအသိ ဒကါလေးပါ နစ်ရာ သုံးရာလောက်ယူပြီး လွတ်ပေးပေးပါ ဒကါကြီးတချက် ဝိုင်ကူပြောပေးလိုက်ပါ မရရင်လဲ ဘုန်းဘုန်းလာခဲ့မယ် ဟု ပြောနေစဉ်ဖုန်းချသွားပြီး ခဏနေ ဖုန်းပြန်ဆက်လာတယ် တပည့်တော်ကို တထောင်ဘဲပေးတော့ သွားရပြီပြောနေပြန်ပါပြီ
တပည့်တော်မှာ တကယ်ဘဲ နှစ်ရာထဲ ပါတာပါဘုရား ပြောပေးပါဦး ဆိုလာပြန်သဖြင့် ထပ်အပေးခိုင်းလိုက်ရာ စကါးပြန်ကပါ မယူတော့ဘဲ ဟိတ်ကောင် ဘုန်းကြီးအလာခိုင်းလိုက် လို့ စကါးပြန်ကပြောနေပါတယ်ဘုရား အေး အေး ပြန်ပြောလိုက် သူ့ ကိုထွက်မပြေးနဲ့ လို့ ဘုန်းကြီးလာခဲ့မယ်ပြောလိုက်ဟု ပြန်အပြောခိုင်းရာ သူ့ ကို ထွက်မပြေးနဲ့ဟု ပြောရမလားဟု ဆိုသဖြင့်ဖိနပ်နှင့် ထုတော့မလို့ဘုရား တပည့်တော်က ပြန်ပြောလိုက်ရတယ် ကျနော်က အကို့ ကို မပြောရဲပါဘူးဘုန်းကြီးက သူပြောတဲ့အတိုင်း ပြောပါဆိုလို့  ပြောတာပါဟု ပြန်ပြောလိုက်မှ ကျေနပ်သွားပြီး ခွင့်လွတ်ပါတော့တယ် အဲလိုဖြစ်ပြီး စောင့်နေ မကြောက်နဲ့ငါလာခဲ့မယ် ပြောပြီး ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်နေလိုက်တယ် ၁၀ မိနစ်ခန့် ကြာသောအခါ ဘယ်နားရောက်နေပြီလဲ မေးနေပါတယ်အေး အေး ဒါဆိုဖုန်းပြန်ပေးလိုက်ရဲကို ဆိုပြီး ရဲတယောက်နှင့် ဟလိုယုံး (မ်း) လုံဖိ..... မာဘိုင်း လုံဖိ.. ကျောက်နာထိအာကျန် ဖဒမ်း ဟုပြောနေစဉ်အိုကေ အိုကေ အော့ပိုင် ဒိုက် အော့ပိုင် ဒိုက် မဲ့ပင်လိုင် ဟုပြောပြီး ဖုန်ချသွားပါသည် ခဏကြာ ဦးဇင်းဘုရားတပည့်တော် လွတ်သွားပါပြီ အခု အပြင်ကိုရောက်နေပါပြီ
အေး မင်းက မဟာချိုင်ကဘဲလား မဟုတ်ဘူးဘုရား တချားက မြန်မာပြည်ပြန်မလို့  သူငယ်ချင်းတွေဆီ သွားနှုပ်ဆက်မလို့  အလာ အခုလိုဖြစ်တာဘုရား
မြန်မာပြည် ဘယ်ကလဲ တပည့်တော် ရန်ကုန်တိုင်း ခရမ်းမြို့နယ် ကင်မွန်းချူံ ရွာကပါဘုရား မင်းနာမယ်တပည့်တော် နာမယ် ဇေယျာလင်းအဖေနာမည် ဦးတင်မြင့်ပါဘုရား မင်းအသက်ကရော တပည့်တော် ၂၄နှစ်ပါဘုရား အေး အေးသွား သွား မင်း သူငယ်ချင်းတွေဆီ ရောက်ရင် ငါ ဆီပြန်ဆက်လာခဲ့ ဦးနော် သမား ဆိုပြီးထွက်သွားလိုက် ဒီကနေ့ ည အခုအချိန်အထိပြန်မဆက်လာသေးဘူးဗျာ ကျေးဇူးရှင်က မျက်နှာလဲ မမြင်ဘူးဘူးလိပ်စာကဒ် ရထားလို့တဲ့ ဟောရောက်လာပြန်ပြီတခု ထိုင်းကါးသမား တက္ကစီသမားကို လိပ်စာပြပြီး ၂ ယောက် ထပ်ရောက်လာကြတယ် အခုညနေ ၆နာရီကျောင်းတိုက်ကို မေးကြည့်လိုက်တော့ mou နဲ့ လာကြတာ ပွဲစားကမြဝတီက ပြောတော့ တနေ့ ၃၀၀ အခု ဒီရောက်တော့အဲလောက်မရ အလုပ်ကလဲတအားပန်း ပြောင်းပေးပါပြောသော်လည်း အေး စောင့်ဆိုပြီး ပြန်ပြောလာတာအခု ၃လ ရှိနေပြီ မလုပ်နိုင်တော့လို့  ပါတ်စပို့တွေထားပြီး ထွက်လာကြတာတဲ့  အော်လိပ်စာကဒ် လိပ်စာကဒ် ပြန်တောင်းလိုက်ရင်တော့ ကောင်းမလားမသိဘူး............ဘန်ကောက် ဘန်ကောက် အထင်တွေကြီးပြီး လာလိုက်ကြတာ ဒို့ မြန်မာပြည်သားတွေ ဘန်ကောက်ကရန်ကုန်ထက် ၅ ဆမကကြီးတယ် ကျယ်တယ် ဒကါတို့ရေ....... အော်တိုက်တိုက်ဆိုင်ဆိုင် လိပ်စာကဒ်ရယ် . 3 . 10 ,2013 22 ; 22 pm
ဦးဇောတိက (ကူညီရေးဆရာတော်) ၀တ်တလုံးကျောင်း
No comments:
Post a Comment