Tuesday 31 January 2012
Thai Boss Asks Police to Arrest Burmese employees (ဗီဒီယို)
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့  လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။ မနေ့က သတင်းကို ဗီဒီယိုအဖြင့် ကြည့်နိုင်အောင်တင်ထားပေးတာပါ။ 
Wednesday 25 January 2012
မတရား ဖမ်းဆီးခံရသော အလုပ်သမား (၁၆)ဦးအား ကယ်တင်
 ကြက်သားထုတ်လုပ်သည့် အလုပ်သမား ၁၆ဥင်္ီးအား ဖမ်းဆီးချုပ်နှောင်ထားရာမှ ကယ်တင်
ဇန်န၀ါရီ ၂၆
ကိုတီး
တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်း များ အပြည့်အစုံရှိပြီး ယာယီ ပတ် စပို့  လျှောက်ထားပြီးသည့် အလုပ်သမား ၁၅ဦးနှင့် စုရွက်စာတမ်း မပြည့်စုံသည့် အလုပ်သမား၁ဦး တို့ အား လုပ်ငန်းရှင် က ထိုင်းရဲအား ဖမ်းခိုင်းပြီး သဖြင့် ချုပ်နှောင်ထားသည့် အလုပ်သမားများအား အလုပ်သမားအရေး ကူညီသူများကပူးပေါင်း ကယ်တင်နိုင်လိုက်သည်။
   အလုပ်သမားများထံမှ ယာယီပတ်စပို့ လျှောက်ထားရန် လစဉ်၁၆၀၀ ဘတ်စီဖြတ်တောက်ထားပြီး တစ်လျှင်
ဘတ်ငွေ တစ်သောင်းခြောက်ထောင်စီ ဖြတ်တောက်ထားပြီးဖြစ်သည်။ ယာယီပတ်စပို့ လုပ်ကိုင်ခွင့် စာရွက်စာ
တမ်းများရရှိထားပြီး ဖြစ်သော်လည်း လုပ်ခွင့်မပြုသဖြင့် အလုပ်သမားများက ဇန်န၀ါရီလ ၁၈ ရက်နေ့ က အလုပ် မဆင်းပဲ နေခဲ့ကြသဖြင့် လုပ်ငန်းရှင်က အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။
   အလုပ်သမားများက ၎င်းတို့ အား ထိုအလုပ်ရုံသို့ တင်ပို့ သည့် မဲဆောက်မှ လူပွဲစား ထံသို့ အကြောင်းကြား
ပြီး မဲဆောက်သို့ သွားရန် ကားဂိတ်သို့လာခဲ့ကြစဉ် လုပ်ငန်းရှင်က ခိုလပ် ရဲများအား ဖမ်းခိုင်းလိုက် ခြင်းဖြစ် သည်။
ဖမ်းဆီးခံခဲ့ရသည့် မအိဖြိုးဝေက “ သမီးတို့ နဲ့ မဲဆောက်က ပွဲစားနဲ့ ဒီသူဌေး နဲ့ ကတိပြုလက်မှတ်ထိုးထားတာ
က ပတ်စပို့လုပ်ပေးမယ်။ ဆယ်လ လုပ်ပေးရမယ်။ ပတ်စပို့ ရပြီးရင် မိမိသွားလိုတဲ့ နေရာကို သွားလို့ရတယ် ဆို
ပြီးတော့လုပ်ကြတာ။ ခုဟာ သမီးတို့ ကို ပတ်စပို့ လုပ်ခွင့်မပြုဘူး၊ ဖြတ်ထားတဲ့ ပိုက်ဆံလည်း ပြန်မပေးဘူး။ သမီးတို့ကို ၄၅ ရက် ထောင်ချမယ်၊ လို့ ပြောတယ်။ သမီးတို့ ကို ခုလိုလာကူညီတာ ကျေးဇူး တင်ပါတယ်” ဟုပြောသည်။
လူ့ အခွင့်အရေးနှင့် အလုပ်သမားရေးရာ ကျွမ်းကျင့်သည့် ထိုင်းရှေ့နေ  နာဆာ က “ အထောက်အထား အပြည့်အစုံရှိတဲ့ ကိုယ့်ရဲ့ အလုပ်သမားကို ဒီလိုမတရား ဖမ်းဆီးချုပ်နှောင်တာ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်။
ဒီလိုလုပ်ငန်းရှင်မျိုးကို ပညာပေးရမှာဖြစ်သလို မတရား အနိုင်အထက်ကျင့် ခံရတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ လည်းအမှုပြီးဆုံးအောင် စိတ်ရှည်လက်ရှည် သည်းခံပြီးတော့ကျနော်တို့ နဲ့ အလုပ်လုပ်ကြစေချင်
တယ်။ အလုပ်သမားတွေ မိမိနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မိမိလက်ဝယ်မှာ ထားကြရပါမယ်” ဟု ပြောသည်။
ကူညီရေးအဖွဲ့ တို့ သည် အလုပ်သမားများအား ဖမ်းဆီးချုပ်နှောင်ထားသည့် ခိုလပ်ရဲစခန်း၊နှင့် လူဝင်မှုကြီး ကြပ်ရေးပုလိပ်ရုံး နှင့် နခိုလတ်စီမတ် ရဲစခန်းတို့ အပြင် တရားဝင်စာတမ်း များရရှိရန် အလုပ်အကိုင် ရှာဖွေရေး(ဆ၀ါဒီကန်)ရုံးတို့ သို့ သွားရောက်ခဲ့ကြသည်။
BAT တာဝန်ခံ ဦးကျော်သောင်းက “ အလုပ်သမား တွေ ကို ဒီမှာ လုပ်ငန်းရှင် အသစ် လက်ခံမယ့်သူရှိရင် မဲဆောက် ပြန်ပို့စရာမလိုဘူး လို့ကြံပေးတာကြောင့် စာရွက်စာတမ်း အပြည့်အစုံနဲ့ လုပ်ငန်းရှင်အသစ် ခေါ်
သွားတယ်၊ IDC ကရော အကုန်ညှိပြီးပြီ၊ ဒါပေမယ့် သူတို့ တက်လာတဲ့ မဲဆောက်က ပွဲစား ဆီကို ရောက်ရင် ပတ်စပို့ ရပြီတဲ့။  ကျနော်တို့ အကုန်လုံး စိတ်ပျက်သွားကြတယ်”ဟုပြောသည်။
 အဆိုပါ အလုပ်သမား၁၆ ဦးတို့ တွင်ကျန်ရှိနေခဲ့သော ၁၅ ရက်စာလုပ်အားခ၊ ယာယီပတ်စပို့ လုပ်ပေးရန်
ဖြတ်ထောက်ထားသည့်ငွေများအား တောင်းခံပေးမည်ဖြစ်ကြောင်း အလုပ်သမားများအား ကူညီသူများက
ရှင်းပြခဲ့သော်လည်း အလုပ်သမားများက မဲဆောက်သို့ ပြန်ပို့ ရန်သာတောင်းဆိုခဲ့သဖြင့် အလုပ်သမားများ
သဘော ဆန္ဒအတိုင်း နယ်စပ်သို့ အမြန်ဆုံးပြန်ပို့ ပေးရန်  IDC အား တင်ပြနိုင်ခဲ့သည်။
Saturday 21 January 2012
မဟာချိုင် ပုဇွန်အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မဟာချိုင်တွင်ရှိသော TYC ပုဇွန် အလုပ်ရုံမှ အလုပ်သမား တစ်ရာကျော်ကို ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ဇန်န၀ါရီလ (၁၉)ရက်နေ့က အလုပ်ငန်းခွင် ၀င်ရန်သွားကြသည့် အလုပ်သမားများအား အလုပ်သမားလက်မှတ် (ဘတ်)နှင့် ယာယီပတ်စ်ပို့ လုပ်ရန် ပေးသွင်းထားသည့် ငွေများနှင့်အတူ အလုပ်ထုတ်ပယ်သဖြင့် နစ်နာကြေး တစ်ဦးလျင် ဘတ်ငွေ တစ်ထောင်စီ ပေးကာ အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမား ကိုတာက “အလုပ်သမား (၁၂၀)လောက်ရှိတယ်၊ ကျနော်တို့က ဘတ် (အလုပ်သမား လက်မှတ်) မရှိဘူးလေ၊ ဘတ်လုပ်ဖို့ ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးတော့ ကျနော်တို့ ဘာတတ်နိုင်မလဲ။ ဘတ်လုပ်တဲ့ အချိန်မှာ လုပ်ခွင့် မရလိုက်တော့ တရားမ၀င် အလုပ်သမား ဖြစ်နေရတော့တာပဲလေ”ဟု ပြောပြသည်။
အဆိုပါ အလုပ်ရုံတွင် မြန်မာအလုပ်သမား ထောင်ချီရှိပြီး အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများမှာ လုပ်သက် (၆)လမှ (၂)လအတွင်း ရှိကြသူများ ဖြစ်သည်။ ပုဇွန်များ အမြောက်အများ ၀င်လာသည့်အခါ မြန်မာအလုပ်သမားများအား ရသမျှ ခေါ်သွင်းထားပြီး အလုပ်အကိုင် ပုံမှန်ဖြစ်လာသည့်အခါ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ အလုပ် ထုတ်ပစ် လိုက်ခြင်းဖြစ်ကြောင်း မဟာချိုင်မှ အလုပ်သမားအရေး ကူညီဆောင်ရွက်သူ ကိုခိုင်ကြီး ကပြောပြသည်။
“မတရား အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ သတင်းကို ကျနော် ကြားကြားချင်း လိုက်သွားတယ်။ အလုပ်သမားတွေက ဘတ်မရှိတော့ ကြောက်ကြတယ်။ အလုပ်သမား တစ်ယောက်ကို အလုပ်ထုတ်ချင်တိုင်း ထုတ်လို့ မရဘူးလေ။ အလုပ်သမားကလည်း ထွက်ချင်းတိုင်း ထွက်လို့မရဘူး။ အလုပ်သမား ဥပဒေမှာ ပြဌာန်းထားတာ ရှိပါတယ်။ ပွဲစားကလည်း ကျနော် ပြောပြတာကို အလုပ်သမားတွေ နားမထောင်စေဘူး။ ဘုရားပို့မယ် ဆိုပြီး ကားပေါ်တင် သွားလိုက်တယ်”ဟု ကိုခိုင်ကြီးက ဆက်ပြောသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်သွင်းပေးခဲ့သည့် ပွဲစားက မဟာချိုင် စာဟာခွန်တွင်ရှိသော ၀တ်ဖန်ထိုင်း နော်လဆင်ဘုရားသို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် နေထိုင်ရာသို့ ပြန်လာသည့်အခါ အလုပ်သမား (၆)ဦးမှာ ထိုင်ယူနစ် အလုပ်ရုံအနီးတွင် မဟာချိုင်မှ ရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ရဲစခန်းသို့ ရောက်ရှိပြီး စစ်ဆေးသည့် အခါ ဖမ်းဆီးခံရသူများတွင် တစ်လလျှင် ဘတ်ငွေ (၅၀၀)ပေးဆောင်ပြီး မဟာချိုင် ဒေသတွင်း ရဲအာမခံ လက်မှတ် လုပ်ထားသူများ ဖြစ်နေသောကြောင့် ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရသည်။