Tuesday 31 July 2012
“ပတ်စပို့ရှိသည့်အလုပ်သမားအား ထိုင်းပုလိပ်ဖမ်းဆီးမှု မြန်မာသံမှူးနှင့်BAT ကယ်ထုတ်နိုင်”
 ဇူလိုင် ၃၁
ကိုခိုင်( မဟာချိုင်)
          မဟာချိုင် လေးထပ်ရဲစခန်းအချုပ်ခန်းတွင် ပတ်စပို့ရှိလျှက် နှင့်ဖမ်းဆီးငွေတောင်း ခံနေရသည့်  မြန်မာအလုပ်သမား ၁၂ဦး တို့အား ဘန်ကောက်မြန်မာသံမှူးကြီး ဦးနိုင်ထွန်းက ကယ် ထုတ်နိုင် ခဲ့ကြောင်း သိရှိရသည်။
           ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ်၊ ကထုန်ဘန်နယ်မြေ၊ အုန်းနွဲ့ တလာခေါင်ကယ်   ဈေးအနီးတွင် ယနေ့ နံနက်က အလုပ်ရှာရန် စုဝေးနေကြသည့် မြန်မာအလုပ်သမား ၂၈ဦးတို့ အား မဟာချိုင် လေးထပ်ရဲစခန်းမှဖမ်းဆီးသွား ခဲ့သည်။
      ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အား အကူညီတောင်းခံလာခဲ့သည်။ BAT လိုအပ် သည့်အချက်အလက်များအားစုဆောင်းပြီး မြန်မာသံမှူးကြီးထံသို့ ဆက်လက် အကူညီတောင်းခံခဲ့သည်။
အလုပ်သမား ၂၈ဦးအနက် ၁၆ဦးတို့ မှာ မိတ်ဆွေများက တစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ စီပေးချေပြီး ရဲစခန်း
မှ နေ့လည် ၁၂နာရီကျော်တွင် လာရောက် ထုတ်ယူသွားကြသည်။
မြန်မာသံမှူး ဦးနိုင်ထွန်း က “ ကျနော် မဟာချိုင် က အာဏာပိုင် အကြီးဆုံး ဆီကို ဖုန်းဆက်လိုက် တယ်။ပြီးတော့ မဟာချိုင် လေးထပ်  အချုပ်က တာဝန်ကျ ရဲအရာရှိကို  အလုပ်သမားတစ်ယောက် အတွက် ၁၅၀၀နုန်းနဲ့ လာရွေးမယ်လို့ ပြော လိုက် တယ်။ ဒီတော့မှ သူတို့ က ခဏနေရင်လွှတ်ပေး လိုက်တာဖြစ်တယ်”
လွတ်မြောက်လာသူများမှာ ဦးစိုးဝင်း၊ ကိုသန်းရွှင်၊ ကိုဆက်မောင်၊ ကိုအောင်ဆန်း၊ ကိုကျော်၊ ကိုအောင်အောင်၊ မညီညီအောင်၊ ကိုသက်မောင်ေ မာင်၊   ကိုကရင် မလှလှဆွေနှင့် မသက်သက်မာ တို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့  BAT တာဝန်ခံ ဦးကျော်သောင်း က “ ကထုန်ဘန်တို့ မဟာချိုင်တို့ မှာ ဘတ်ရှိရှိ၊ ပတ်စပို့ ရှိရှိဖမ်းနေကျဖြစ်တယ်။  ကျနော်က အလုပ်သမားတွေကို ကိုယ့်မှာစာအုပ်စာတမ်းအပြည့်အစုံရှိရင် ငွေမပေးကြနဲ့ ၊ မဟာချိုင် ပုလိပ်ေ တွ အကျင့်ဖြစ်သွားမယ် လို့ အမြဲ ပြောပြတယ်။ ဒီနေ့ လည်း မြန်မာသံရုံး အကူညီနဲ့ ကျနော် ဒီအလုပ် သမားတွေ လွတ်မြောက်အောင် ပြင်ဆင်တုန်း ပိုက်ဆံပေးပြီး ထွက်သွားကြတယ်။  ဗမာအလုပ်သမားကို ဖမ်းချင်းတိုင်း ဖမ်းလို့ မရတော့ဘူး ဆိုတဲ့အသိ ထိုင်းပုလိပ် အထူးသဖြင့် မဟာချိုင်ပုလိပ်တွေ သိအောင် လုပ်ရမှာ။ မြန်မာအလုပ်သမားတွေ ပူးပေါင်းပါဝင်မှုအားနည်းတယ်” ဟု ပြောဆိုသည်။
နောက်ဆုံး ဖြစ်စဉ်
           မြန်မာသံမှူးကြီး ဦးနိုင်ထွန်း က မဟာချိုင် အာဏာပိုင်းများအား ဖုန်းဖြင့် ဆက်သွယ် ပြောဆို လိုက်သဖြင့် လက်ကျန် အလုပ်သမား ၁၂ ဦးတို့အား လွှတ်ပေးခြင်းမှာ အလုပ်သမားများ၏ ပတ်စပို့ များအား မိတ္တူကူး ယူ လက်ဗွေနှိပ်ပြီး  အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသား ပွဲစားတစ်ဦးအား လက်ပြောင်းလက်လွှဲ လုပ်လိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
  မဟာချိုင် လေးထပ် ပုလိပ်အရာရှိတစ်ဦးက  အဆိုပါ ထိုင်းပွဲစားအား အလုပ်သမားများကို အလုပ်သွင်းပေး ခိုင်း ပြီး အလုပ်သမားများထံမှ ပတ်စပို့ ကို သိမ်းထားခိုင်းကြောင်း၊ အလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ်၁၅၀၀ ရမှ သွားလိုရာသို့ သွားခိုင်းကြောင်း  အသက်အကြီးဆုံး အလုပ်သမား ဦးစိုးဝင်း ကပြောသည်။ ထို့ကြောင့် BAT အဖွဲ့က အဆိုပါ ပွဲစားထံသို့ လိုက်ပါသွားခဲ့ပြီး အလုပ်သမား ၁၂ ဦးလွတ်လွတ် ကင်းကင်းဖြစ်ရန် ဆက်လက် ဆောင်ရွက်ခဲ့သည်။ ပွဲစားက အလုပ်သမားများအတွက် အငှါးကားခ ၅၀၀ ဘတ်ပေးရမည်
ဆိုသဖြင့် BAT ပေးချေခဲ့ပြီး အလုပ်သမားများအား အိမ်တိုင်ယာရောက် ပို့ ပေးခဲ့သည်။
Monday 30 July 2012
“MOU ပွဲစား ထိုင်းထောက်လှမ်းရေးဟောင်းတစ်ဦးက ကယ်ဆယ်ရေးအဖွဲ့ကိုခြိမ်းခြောက်”
ဇူလိုင် ၃၁
        မြတ်ညို (အလွတ်သတင်းထောက်)
         ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက်ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အင်ဂျီအိုအဖွဲ့ မှ အလုပ် သမား တာဝန်ခံအား ရဲစခန်းသို့ခေါ်ယူ၍ ဒုက္ခရော က်ေ နကြသည့် အလုပ်သမားများအား ကူညီစောင့်ေ ရှာက်ခွင့် မရှိကြောင်း MOU ပွဲစား ကိုယ်စားလှယ် ထိုင်းထောက်လှမ်းရေးက ခေါ်ယူ ခြိမ်းခြောက်ခဲ့ေ ကြာင်း သိရှိရသည်။
          ဇူလိုင်လ ၂၂ ရက်နေ့တွင်  MOU ဖြင့်ရောက်ရှိလာသည့် မြန်မာအလုပ်သမား ၅၀ ဦးအနက် ၃၅  မှာ FEDယာယီ ခိုလှုံရေး စခန်းသို့ရောက်ရှိလာခဲ့ကြသည်။
FED မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေ က “ မနေ့ ညနေ ၅နာရီကျော် က   ဖူးဖန်ဆိုတဲ့ ထိုင်းစစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဟောင်းဆိုသူတို့ ကျနော်တို့  ထိခက် ရဲစခန်းကို ရောက်လာတယ်။ သူ
အကုန်အကျခံထားတာဖြစ်တာကြောင့် ဒီအလုပ်သမားတွေကို ၂၄ နာရီအတွင်း သတင်းပို့ရမယ် လို့ ပြော
တယ်တယ်။ ခေါ်လာတဲ့နေရာကို ဒီနေ့ မနက် ၉နာရီအရောက် ပြန်ပို့ ဖို့ အမိန့် ပေးတဲ့သဘောပြောတယ်။
အဖွဲ့အစည်းတစ်ခုက ဒီအလုပ်သမားတွေကို ထမင်းကျွေးထားလို့ မရဘူးလို့ ပြောတယ်။ ကျနော်တို့ က
နိုင်ငံခြားမှာ ထမင်းမစားရ အလုပ်မလုပ်ရတဲ့ အလုပ်သမားတွေကို စားစရာနေစရာ ပေးရတာပေါ့။ ကိုယ့်
နိုင်ငံသား ဒုက္ခရောက်တာကို ကျနော်တို့ မျက်ကွယ်မပြုနိုင်ဘူး” ဟုပြောသည်။
ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဖူးဖန်က သူအနေဖြင့် ဘတ်ငွေ ၃၂၀၀၀၀ အကုန်အကျခံထားခြင်းဖြစ်၍ အကယ်၍ အဆိုပါ အလုပ်သမားများအား သတ်မှတ်ချိန်တွင် လာရောက် ၍ မပေးပို့ ပါက ပုလိပ်ကိုဖမ်းခိုင်း
ပြီးနယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း၊အလုပ်မလုပ်လိုသည့် အလုပ်သမား များအား ထမင်းမကျွေးရန်လည်း ကိုမိုးဝေ က ဆက်လက်ပြောဆိုခဲ့ သည်။
            မြန်မာသံရုံး အလုပ်သမားရေးရာ အရာရှိ ဦးကျော်ကျော်လွင်က မူလ စာချုပ်ချုပ်ဆိုထားသည့်
အလုပ်နှင့် နေရပ်တူညီမှုမရှိပါက အဆိုပါ အလုပ်သမားများအား ၀င်ရောက်လာသည့် နယ်စပ်စခန်းသိုပြန် လည်ပို့ ဆောင်ပေး မည်ဖြစ်  ကြောင်း ကတိ က၀တ် ပျက်သည့် ကုမ္ပဏီအား MOU ဖြင့် အလုပ်သမားတင်သွင်းခြင်း ကို ပိတ်ပင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
KOSIT ကုမ္ပဏီကလည်း အဆိုပါ အလုပ်သမားများအား ပြန်ခေါ်လာမည်ဖြစ်ကြောင်း ဖုန်းဆက်ထားသည်
ဟု ကိုမိုးဝေက ပြောသဖြင့်  ဦးကျော်ကျော်လွင် ကမူလ စာချုပ် ချုပ်ထားသည့် ကုမ္ပဏီ ဖြစ်သဖြင့် KOSIT
ကုမ္ပဏီက အလုပ်သမား ၃၅ ယောက်လုံးအား လာခေါ်ပါက လက်ခံခွင့်ပြုရမည်ဖြစ်ကြောင်း ပြောဆိုသွား
သည်။ 
             နှစ်နိုင်ငံသဘောတူညီချက်အရ MOU စာချုပ်ချုပ်ဆိုရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားထံမှ ဘတ် ငွေ ၁၀၀၀၀ သာဖြတ်တောက်ရမည်ဟု တရားဝင်သတ်မှတ်ထားသော်လည်း အနည်းဆုံး ၁၈၀၀၀
မှ ၂၂၀၀၀ အထိ အဖြတ်တောက်ခံနေရခြင်း၊မူလသတ်မှတ်ချက်အတိုင်း အလုပ်သမားအခွင့်အရေးများမရရှိ
ခြင်တို့ကြောင့် မထူးဇါတ်ခင်ကာ ထိုင်းနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများအဖြင့် လုပ်ကိုင်နေကြ ရသည့် မြန်မာအလုပ်သမားပေါင်းများစွာရှိနေသည်။
MOU ဖြင့်လာသည့် အလုပ်သမားများ နယ်စပ် သို့   ပြန်ပို့ ခံရလျှင် မူလက အလုပ်သမားများ အကုန် အကျခံခဲ့ရသည့် ကျပ်ငွေ ၃သိန်းမှ ၅သိန်းတို့တို့  မှာလည်း  ဆုံးရှုံးခံကြရသည်။  စာချုပ်ပါ အတိုင်း ၂နှစ်ပြည့်မြောက်ခဲ့ပြီးနောက်လည်း အခြားအလုပ် တွင် လုပ်ကိုင်ခွင့် မရှိသဖြင့် မြန်မာအလုပ်သမား များအတွက် အခွင့်အရေး အကာအကွယ် အထူး နည်းပါးနေသည့်  MOU စည်းကမ်းစည်းမျဉ်း တို့ အား ပြန်လည်သုံးသပ်သင့်ကြောင်း အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်  အား မြန်မာသံရုံးတွင် အစည်းဝေးလုပ်စဉ်ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့ BAT က တင်ပြခဲ့ သည်။
Saturday 28 July 2012
“မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လယ်ယာမြေများရေကြီးပြီးနစ်မြုပ်”
ဇူလိုင် ၂၉  ညီလေး( ပဲခူး)
          ဇူလိုင်လ(၂၄)ရက်နေ့ မှ (၂၅)ရက်နေ့အထိ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသ ပဲခူးမြို့နယ်နှင့် ဒိုက်မြို့နယ်အတွင်းရှိလယ်ယာမြေ များရေကြီးနစ်မြုပ်ပြီး ရန်ကုန်-မန္တလေးကားလမ်း မကြီးပေါ်သို့ရေမြင့်တတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
           အဆိုပါမိုးရေသည် ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့ နယ်အတွင်းရှိဝမ်းဘဲအင်းကျေးရွာ၊ကျိုက်ဇကောကျေးရွာ၊  လက်ခုပ်ကွင်းကျေးရွာနှင့် ကတုတ်ဘုရားကြီးေ ကျးရွာများမှ လယ်ယာမြေဧက (၁၀၀၀)ကျော်ရေကြီးနစ်မြုပ်ခဲ့ပြီး  မျိုးစပါးပင်များနှင့် စပါးစိုက်ခင် များပျက် ဆီးဆုံးရှုံးရမည့် အခြေအနေသို့စိုက်ရောက်နေကြောင်းသိရှိရသည်။
“ လက်ရှိအနေအထားကတော့ ရေနစ်မြုပ်ထားတဲ့ အတွက်ဒီစပါးဟာ ဘယ်နှစ်ရက်ခံမယ်မလဲဆိုတာ ကျွန်တော်တို့ပြောလို့မရ သေးဘူးလေ၊ မိုးတွင်းကာလဖြစ်သည့်အတွက် မိုးဆက်ရွာလျှင် ကျွန်တော်တို့အတွက်
မျှော်လင့်ချက်သိပ့်မကောင်းတော့ဘူး” ဟု ဒိုက်ဦးမြို့ နယ်၊လက်ခုပ်ကွင်းကျေးရွာမှ တောင်သူလယ်သမား တစ်ဦးက ပြောသည်။
   ရေကြီးနစ်မြုပ်မှုဒဏ် လျှော့နည်း သက်သာစေရန် လက်ခုပ်ကွင်းကျေးရွာအနီးရန်ကုန်မန္တလေးကားလမ်းမကြီး၌ရေစီဲးပြွန်(သို့)တံတားတစ်စင်းပြုလုပ်ပေးရန်
 ဒေသ ခံတောင်သူလယ်သမားများမှသက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံသို့ တင်ပြထားသော် လည်း ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။
ထို့အတူ ပဲခူးမြို့နယ် ၀မ်းဘဲအင်းေ ကျးရွာ ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ်တွင်လည်း   ရေကြီးမြင့် တက် မှု များကြောင့် ခရီသွားယာဉ်များ
သတိနှင့်မောင်းနှင်းနေရကြောင်း စုံစမ်းသိရှိရသည်။
'' သူမ အိမ်ကိုဘယ်တော့ပြန်လာရမလဲ "
ဇူလိုင် ၂၉   ညီလေး(ပဲခူး)
                   ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်၊  တောင်သလဲ
မြောင် ကျေးရွာအုပ်စု၊သူဌေး ကုန်းကျေး ရွာနေ မုဆိုးမ တောင်သူလယ်သမား အသက်(၄၉)နှစ် အရွယ်ရှိ ဒေါ်တင်ရွှေဆိုသူအားဒိုက်ဦးရဲ စခန်းမှ   ခြေချုပ်နှင့်ခံဝန် အက်ဥပဒေဖြင့် ဖမ်းဆီး အရေယူ တရားစွဲဆိုထားကြောင်းသိရှိရသည်။
                  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ညွန်ကြားချက်အရ ဇွန်လ (၃၀)ရက် နေ့တွင် အဆိုပါရေနုတ်မြောင်းသည် ဒေါ်တင်ရွှေ၏ လယ်ယာမြေအတွင်း  တူးဖော်ခဲ့သော သုံးခုမြောက် ရေနုတ်မြောင်း ဖြစ်သဖြင့် လယ်ယာမြေများပျက်ဆီးဆုံး ရှုံးရပြီးစိုက်ဧကနည်းလာသည့်အတွက် မူလရေနုတ် မြောင်းဟောင်းကို သာ ပြန်လည်တူးဖော်ပါရန် သက်ဆိုင်ရာသို့ အကြိမ်ကြိမ် တင်ပြခဲ့ပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသူ/ရွာသားအချို့မှ ရေနုတ်မြောင်းအသစ်လာရောက်တူးဖော်ခဲ့ပါသည်။
             ဒေါ်တင်ရွှေ က   “နုတ်မြောင်းသစ်အား ပြန်လည်ပိတ်ဆို့ပြီး စပါးစိုက်ပျိုးခဲ့တာကြောင့် ဒိုက်ဦးမြို့နယ် တရားရုံးက ကျမ ကို (၃၊ ၁၊၂၀၁၁)ရက်နေ့ မှာ တစ်နှစ်အတွင်း ကောင်းမွန်စွာနေထိုင်ရန် ခံဝန်ခြေချုပ်ဖြင့် အပြစ်ဒဏ် တစ်ကြိမ် ချမှတ်ခြင်းခံခဲ့ပါတယ်” ဟုပြောသည်။
             ဇွန်လ ၇ ရက်နေ့ က  မြို့နယ် အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနက တရားစွဲတင်ပို့ခဲ့ရာ ဒိုက်ဦးမြို့ နယ်တရားရုံး၊မြို့နယ်တရားသူကြီးရုံးက ရာသေးအမှတ် ၁၀၇/၁၂ ဖြင့်လည်းကောင်း၊ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစိုးမြင့်မှ တရားလိုပြုလုပ်ပြီးတရားစွဲဆိုထားသော အမှုအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၃၂ ဖြင့် အမှုဖွင့်ကာ
ပြစ်မှုအမှတ် ၇၅၂/၁၂ ဖြင့်လည်းကောင်း အမှုကိုလက်ခံပြီးစစ် ဆေးနေကြောင်းသိရှိရသည်။
                ဒေါ်တင်ရွှေသည် မိန်းမသားတစ်ဦးဖြစ်သည့်အတွက် (၂၅၊ ၇၊ ၂၀၁၂)ရက်နေ့၌တရားရုံး အာမခံရ ရှိရန် လျှောက်ထားခဲ့ရာ လာမည် သြဂုတ်(၁)ရက်နေ့တွင်ဒိုက်ဦးမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီးရုံးက အာမခံ ရ/မရဆုံးဖြတ်မည်ဖြစ်ကြောင်း သူမ၏ အမှုကိုလိုက်ပါဆောင်ရွက်နေ သည့်ရှေ့နေဦးအောင်မင်း မှ ပြောသည်။
             မိသားစုမှ အားကိုးအားထားပြုနေရသူ ဒေါ်တင်ရွှေတစ်ယောက်ဘယ်နေ့အိမ်ပြန်ရောက်မလဲ  ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို နေအိမ်ရှိ မိဘနှင့်သားသမီးများက စိုးရိမ်ပူန်နေကြကြောင်းသိရှိရပါသည်။
Wednesday 25 July 2012
“အသုဘ ပို့ပြန်လာသည့် အလုပ်သမား ၃၉ဦးအား ထိုင်းရဲဖမ်း”
ဇူလိုင် ၂၆
                 မြတ်ညို(အလွတ်သတင်းထောက်)
              ယမန်နေ့ က ထိုင်းသေနတ်သမား ၂ဦး တို့ပစ်သတ်မှုကြောင့် သေဆုံးသွားခဲ့ သည့်  မြန်မာ အလုပ်သမ မစပါယ်ဖြူ အားသဂြိုဟ်ရာမှ ပြန်လာ သည့်  မြန်မာအလုပ်သမား ၃၉ ဦးတို့ အား ထိုင်းရဲ က ၃နာရီခန့် ကြာဖမ်းဆီးထိန်းသိမ်းခဲ့သည်။
               မွတ်ဆလင် အမျိုးသမီး မစပါယ်ဖြူ အား ၎င်းတို့ဘာသာ၏ ထုံစံအတိုင်း နေ့မကူးပဲ သဂြိုဟ် ရာသို့ အလုပ်အတူတူလုပ်ခဲ့ကြသည့် CPF  ပုဇွန် အလုပ်ရုံမှ အလုပ်သမားများ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများ၏ လက်ဝယ်တွင် ပတ်စပို့  မပါသွားခဲ့ပေ။ အလုပ်ရုံမှ လာရောက်၍ ပတ်စပို့များကို ပြသမှ ပြန်လည်လွတ်မြောက်လာ ခဲ့ခြင်းဖြစ်ကြောင်း  အလုပ်သမား ခေါင်းဆောင် ကိုသိန်းတန် ကပြောသည်။
      “ ကျနော်တို့ ၂နာရီလောက်မှာ အသုဘသဂြိုဟ်ပြီး ပြန်လာကြတာ။ ပြီးရင် ကျနော်တို့ အလုပ် သမားတွေအားလုံး ဆုံခါမြို့ဆေးရုံ မှာ ရှိနေတဲ့ ကိုအောင် အလောင်းနဲ့  လူနာကိုခင်မောင်ထွန်း  ကိုသွားကြည့်ကြမယ် လို့ ပြင်ဆင်ထားကြတာ ခုလို ပုလိပ်တွေဖမ်းလိုက်တော့ ကျနော်တို့ အချိန်ကုန်သွား တယ်၊ အတော့်ကို ကိုယ် ချင်းစာစိတ်မရှိကြတဲ့လူတွေဖြစ်တယ်” ဟုပြောသည်။
                     ကိုခင်မောင်ထွန်း၏ ကြောနှင့် ခြေထောက် တို့တွင် ကျည်သင့်သွားခဲ့ကြောင်း၊ခွဲစိတ်ကုသမှုမခံယူ ရသေးကြောင်းကူညီရန်ရောက်ရှိနေသည့် ထိုင်းတောင်ပိုင်းအ ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED မှ အလုပ်သမား ရေးရာ  တာဝန်ခံ ကိုမိုးဝေက ပြောသည်။
မြန်မာအလုပ်သမား ၃၀၀ ကျော်အလုပ်လုပ်ကိုင်နေသည့် အဆိုပါ အလုပ်ရုံတွင်ယခုဖြစ်ပျက်သွားသော ကြောက်လန့်ဖွယ် ရာယခု   ဖြစ်ရပ်ကောင့်အလုပ်သမားများ မှာလုံးဝအလုပ် မလုပ် လိုကြ   တော့သဖြင့် ဘန်ကောက်မြို့မြန်မာသံရုံးနှင့် ၎င်းတို့၏  အေးဂျင့် များကို တင်ပြထားကြောင်း အလုပ်သမားများက ပြောသည်။
“ထိုင်း ဆိုင်ကယ်စီးသမား၂ဦးက ပစ်ခတ် ပုဇွန်အလုပ်ရုံ အလုပ်သမား၂ဦး သေဆုံး”
ဇူလိုင် ၂၅
မြတ်ညို(အလွတ်သတင်းထောက်)
    ထိုင်းနိုင်ငံတောင်းပိုင်း ဆုံခါမြို့နယ် ရနော့ရွာတွင် ရှိသော CPF ပုဇွန် ကုမ္ပဏီ မှ အလုပ်သမား ၃ဦးတို့အားဆိုင်ကယ်စီး ထိုင်းလူမျိုး ၂ဦးက ယနေ့ နံနက်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၂ဦးသေဆုံးပြီး တစ်ဦး ကိုဆုံခါမြို့ဆေးရုံကြီးတွင် တင်ထားရကြောင်းသိရှိရသည်။
           နံနက် သုံးနာရီကျော်က အချိန်ပို အလုပ်လုပ်ရာမှ မိမိနေ အိမ်ခန်းများသို့ ပြန်လာကြပြီး အခန်းရှေ့ထိုင်ခုံများတွင်အမောဖြေ ရင်း ထိုင်နေကြသည့် မစပါယ်ဖြူ၊ ကိုအောင်နှင့် ကိုခင်မောင်ထွန်း တို့အား ဆိုင်ကယ်စီးလာသည့် ထိုင်း၂ဦင်္းက သေနတ်ဖြင့် ပစ်ခတ် သွားခြင်းဖြစ်သည်။
        မြ၀တီမြို့မှ အသက် ၂၆ နှစ်အရွယ် မစပါယ်ဖြူမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ပဲခူးမှ အသက် ၂၉ နှစ်အရွယ် ကိုအောင် ဆိုသူမှာ ဆုံခါ ဆေးရုံ အရောက်တွင်သေဆုံးသွားခဲ့သည်။ အညာမှ အသက် ၁၉နှစ်အရွယ် ကိုခင်မောင်ထွန်း ဆိုသူမှာမူ အတွင်းလူနာအဖြစ် ဆေးရုံတွင် ကုသခံနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်နေသူများက ပြော သည်။
            အလုပ်သမား ကိုသိန်းတန်က “ဒီအလုပ်ရုံ ကို လူတွေပို့တဲ့ မဲဆောက်က အဘိုင်ကြီး ဆိုတဲ့ပွဲ စားကြီးလာသွားတယ်။ ကျနော် တို့ ကိုအလုပ်ရုံ   ပြောင်းပေးမယ်လို့ ပြော သွားပါတယ်။ ကျနော်တို့ ဒီမှာ အလုပ်မလုပ်ရဲကြတော့ဘူး။        အခု သေဆုံးသူတွေဟာMOU နဲ့လာတဲ့သူတွေ မဟုတ်ပါ။အဘိုင်ကြီးကို ဘတ်နှစ်ေ သာင်း   ပေးရ မယ်ဆိုတဲ့ ကတိနဲ့ အကြွေးတက် လာကြသူတွေဖြစ် ပါတယ်” ဟုပြောသည်။
အဆိုပါ အလုပ်ရုံတွင် အဘိုင်ကြီး တင်ပို့သည့် အလုပ်သမား ဦးရေ ၁၃၀ ကျော်ရှိပြီး MOU ဖြင့် လုပ်နေသည့် အလုပ်သမားလည်း  တစ်ရာကျော်ရှိကြောင်း   အလုပ်သမ တစ်ဦး ကပြောသည်။
               မစပါယ်ဖြူမှာ မွတ်ဆလင် ဖြစ်သဖြင့် နေ့ချင်းပေါက် သဂြိုဟ်ခဲ့သော်လည်း ကိုအောင် ကိုမူ မိသား စုများဖြင့်မနက်ဖြန် တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည်။
              အဆိုပါ အလုပ်သမားများ မတရားပစ်သတ်ခံခြင်းအား ဘန်ကောက်မြို့မြန်မာသံရုံးအလုပ်သမား ကူညီရေးအသင်း၊ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်းဒေးရှင်းFED နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ကူညီဆောင်ရွက်ကြရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“မြန်မာအရေးလှုပ်ရှားသူများ သမ္မတကြီး ဦးသိန်းစိန်အား ထောက်ခံဆန္ဒပြ”
              ဇူလိုင် ၂၅
မြတ်ညို(အလွတ်သတင်းထောက်) 
                    မြန်မာသမ္မတ ဦးသိန်းစိန် ၏ ထိုင်းနိုင်ငံ ခရီးစဉ် နောက်ဆုံးရက်ဖြစ်သောယမန်နေ့က ဘန်ကောက်မြို့မြန်မာ သံရုံးရှေ့မှာ ဘန်ကောက် အခြေစိုက် မြန်မာအရေးလှုပ်ရှားတက်ကြွသူ ၅၀ ခန့်နှုင့်ဘုန်းတော်ကြီး ၄ပါး တို့က သမ္မတကြီး ဦးသိန်းစိန် ကျမ္မာစေရန်နဲ့ သက်တော် ရာကျော် ရှည်စေကြောင်း ဆုတောင်း ဆန္ဒပြပွဲ တစ်ခုကို ပြု လုပ် ပြီးသမ္မတ ထံကို ပေးစာတစောင်ပေးပို့ ခဲ့ကြသည်။
ဇူလိုင်လ ၁၂   ရက်နေ့ က သမ္မတ ဦးသိန်းစိန် က   ကုလသမဂ္ဂ အရာရှိကို လက်ရှိဖြစ်ပေါ်နေသောရခိုင်ပြည်
နယ်က အရေးအခင်းကိစ္စရပ်နှင့် ပါတ်သက်၍ ကုလသမဂ္ဂ အရာရှိ တစ်ဦးအား ပြောဆိုချက်များအား အထူး ထောက်ခံသည့် အနေဖြင့် ဆန္ဒပြကြခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။
      ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား အဖွဲ့ ၉ဖွဲ့  တို့ကစုပေါင်းပြီး  ဦးသိန်းစိန် ရုပ်ပုံ ကားချပ်
များကို ကိုင်ဆောင်၍တစ်နာရီခန့် ကြာ ကြွေးကြော်ခဲ့ကြသည်။ ထို့နောက်သမ္မတ ထံကို အကြံပြု ပေးစာ တစ်စောင် ကို လည်း ပေးပို့ခဲ့ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် ALD ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင် က “သမ္မတ ကြီးက ယူအင်အရာရှိကို  ၁၉၈၄ ခုနှစ်
မတိုင်ခင် မြန်မာပြည်အတွင်း ရောက်ရှိ  နေထိုင် သူတွေနဲ့ အဲဒီမျိုးဆက် ၃ ဆက်လောက်ကိုမှ   နိုင်ငံသား အဖြစ်လက်ခံနိုင်မယ်၊ ရခိုင်မှာ ရှိနေတဲ့ ဘင်္ဂါလီတွေကို ယူအင်ကဒုက္ခသည်စခန်းဖွင့် မယ်ဆိုရင် ဖွင့်ပေးမယ်။  ယူအင်က ကျွေးတာမွေး၊ ပြီးတော့ တတိယနိုင်ငံတစ်ခု ကိုခေါ်မယ်ဆိုရင် ပို့ပေးမယ်၊ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုတာကို ကျနော်တို့ အပြည့်အ၀ ထောက်ခံတဲ့ အနေနဲ့  ဆန္ဒပြကြတာဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
     နှစ်ပေါင်း ၂၀ ကျော်ကြာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ဒေါ်စုလွတ်မြောက်ရေး၊ ဒီမိုကရေစီ
ရရှိရေး၊ စစ်အာဏာရှင်ပြုတ်ချရေး ကြွေးကြော် ဆန္ဒပြလာကြသည့် အင်အားစုများအနေဖြင့် အရပ်သား တဖြစ်လဲ ဦးသိန်းစိန်း အား ထောက်ခံဆန္ဒပြကြခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
မြန်မာအလုပ်သမားပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အလုပ်သမားအဖွဲ့များနှင့်တွေ့ ဆုံ
ဇူလိုင်လ ၂၅
မြတ်ညို( အလွတ်သတင်းထောက်)
                     မြန်မာသမ္မတ ဦးသိန်းစိန် နှင့် အတူ ထိုင်းနိုင်ငံသို ရောက်ရှိလာ ခဲ့သော မြန်မာ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည် ၊ ယနေ့ နံနက်ပိုင်းက ဘန်ကောက်မြို့ မြန်မာ သံရုံး ဧည့်ခန်းမ ဆောင်တွင် ထိုင်းအခြေစိုက် အိုင်အင် ဂျီအို ၊အင်ဂျီအို အဖွဲ့၂ဖွဲ့နှင့်  မြန်မာ အလုပ် သမားအရေးဆောင်ရွက်သည့်  အဖွဲ့တစ်ဖွဲ့တို့တွေ့ ဆုံပြီး အလုပ်သမားရေး ကိစ္စရပ်များအား ယမန်နေ့ ဆွေးနွေးခဲ့ကြသည်။
အစိုးရသစ် ဖြစ်တာကြောင့် ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာအလုပ်သမား ကိစ္စရပ်တွေကို အပြော
မဟုတ်ပဲ တကယ် ထိရောက်တဲ့ ကူညီမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာသံရုံးကို အဓိက ထား
ဆက်သွယ်ကြပါ။ လိုအပ်ရင် ကျနော့်ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ကျနော် ခင်ဗျားတို့ ပေးပို့
လာတဲ့ အချက်အလက်တွေကို လိုအပ်ရင်လိုအပ်သလို ထိုင်းအစိုးရ ကို တင်ပြပြီး ကူညီပေးမယ်”ဟု
ပြောဆိုသွားသည်။
         အာဆီယံဒေသတွင်း တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ အရေတွက် အများဆုံးဖြစ်
ကြောင်း၊အလုပ်သမားအခွင့် အရေးချိုးဖေါက်ခံ ရမှု မှာလည်း အများဆုံးဖြစ်ကြောင်း၊ တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ပေးထားခဲ့ကြသည့် ယခု တက်ေ ရာက်လာသူများအား အထူးကျေးဇူးတင်ကြောင်း လည်း ၀န်ကြီးက ပြောဆိုသွားသည်။
          ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFEDဒါရိုက်တာဦးထူးချစ် က“မဲဆောက်မှာ ပတ်စပို့ လုပ်ပြီးတော့ လုပ် အားခက အစိုးရသတ်မှတ်ဈေး မရရှိကြတာကြောင့် မြို့ကြီးတွေကိုလာချင်ကြတဲ့ အလုပ်သမားတွေကို လာခွင့်မပြုဘူး။ မကြာသေးခင်က ထိုင်းအစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်ဝန် သုံးလလေးလရှိရင် ပြန်ပို့ မယ်ဆိုတာကို ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့ တွေနဲ့ အမျိုးသမီး အဖွဲ့ တွေက ကန့်ကွက်ထားပါတယ်။ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်” ဟုဝန်ကြီးကိုတင်ပြ ပြောဆိုသွားသည်။
  အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် နှင့်တွေ့ဆုံပွဲသို့ ချင်းမိုင်အခြေစိုက် MAP ဖေါင်ဒေးရှင်း၊ မဲခေါင် မိုက်ဂရေးရှင်းနိုက်တ၀တ် ANM ၊ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ၊ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 
Sunday 22 July 2012
“ငါးဖမ်းလှေပေါ်ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၁၅ဦးအား ပူးပေါင်းအဖွဲ့များကယ်တင်”
ဇူလိုင် ၂၃
     ကိုတီး - 
        ထိုင်း ကမ္ဘောဒီးယား နယ်စပ်၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာတွင် ရှိသော Laem  Ngop  လဲမ်ငေါ့ ဆိပ်ကမ်း  ငါးဖမ်းလှေ အမှတ်၅ပေါ်တွင်ရောင်းစားခံနေရ သည့်  မြန်မာ အလုပ်သမား၁၅ ဦးအား ဘန်ကောက်အခြေစိုက် ပူးပေါင်း အဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက ကယ် တင်နိုင်ကြသည်။
        ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ငါးဖမ်းလှေေ ပ်ါတွင် ရောင်းစားခံနေရသည့်  ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ အသက် ၄၀ အရွယ်ကိုကိုမောင်မောင်က ထိုင်းနိုင်ငံသို့အလာ မော်လမြိုင်မြို့တွင် ဖြန့်ဝေပေးသည့်  နိုင်ငံတကာအဖွဲ့ အစည်းများ  လက်ကမ်းစာစောင် တွင် ပါရှိသော မြန်မာသံရုံးမှ ဦးကျော်ကျော်လွင် ဖုန်းနံပါတ်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။
     ဦးကျော်ကျော်လွင်က တစ်ဆင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့BAT သို့ ဆက်သွယ် လာခဲ့
ပါသည်။ BAT ကလည်း လုပ်ဖေါ်ကိုင်ဘက်များဖြစ်ကြသည့် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့
UNIAP နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့နှင့်ညှိနှိုင်းပြီး ထိုင်းအစိုးရ
လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ AHTD သို့  ဆက်သွယ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
       ကိုမောင်မောင် က“ ရန်ကုန်မှာ လက်သမားလုပ်နေတာ အဆင်မပြေဖြစ်နေတုန်း အသိတစ်ယောက်က
ထိုင်းမှာလက်သမားလုပ်ရင် တစ် ကျပ်ငွေ ၃သိန်းလောက်ရတယ်ဆိုလို့ လာတာပါ။  မော်လမြိုင်က ပွဲစား
မောင်ဝင်းဆိုသူကို ကျပ်ငွေ သုံးသိန်း ပေးခဲ့ရပါတယ်။ လှေဆိပ်ကို ရောက်မှ ရောင်းစားခံရလိုက်ရပြီဆိုတာ
သိလိုက်ရပါတယ်။ ကျနော်လည်း မော်လမြိုင် မှာ ဖြန့်ဝေနေတဲ့ စာရွက်ကို သိမ်းလာခဲ့တယ်။ အဲဒါကို
ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့တာပါ။ ကျနော့်မှာ နာဂစ်တုန်းက ဇနီးသယ် အလောင်းတောင်ရှာမရ
လိုက်ဘူး။  ကလေး၂ယောက်နဲ့ အဆင်မပြေလို့ ထိုင်းကို လာခဲ့တာပါ” ဟုပြောသည်။
ရောင်းစားခံနေရသူများမှာ မွန်၊ကရင်နှင့် ဗမာ လူမျိုးများဖြစ်ကြပြီး အသက်၁၅ နှစ်အရွယ် မွန် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။ အလုပ် သမားများသည် အနည်းဆုံး တစ်လမှ ၈လအထိ အခကြေးငွေမရရှိပဲလုပ်ကိုင်နေခဲ့ကြရ သူများ
 ဖြစ်ကြသည်။ အလုပ်သမားတစ်ဦးလျှင် လုပ်ငန်း ရှင်အား ဘတ်ငွေ ၁၈၀၀၀ လုပ်ဆပ်ရ မည်ဖြစ်ေ ကြာင်း အလုပ်သမားများပြောပြချက်အရသိရသည်။
       BAT တာဝန်ခံ ဦးကျော်သောင်း က “ ဒီအလုပ် သမားတွေရောက်နေတဲ့ နေရာကအလွန်ဝေးတာကြောင့်
ကျနော် ကူညီနိုင်မယ်လို့ တောင် မထင်ခဲ့ဘူး။ ဒါပေမယ့် စောစောက ပြောတဲ့ အဖွဲ့အစည်းတွေရဲ့တွန်းအား
တွေကြောင့်ထင်ပါတယ်။ ကျနော်တို့ ဇူလိုင် ၂၁ ရက်နေ့ ညဉ့် ၉နာရီ မှာ စပြီးသွားကြတာ မနက်မိုးလင်း ခါနီမှာအဲဒီလှေဆိပ်ကို ရောက်တယ်။ မနက် ၆နာရီတိတိမှာ ကျနော်နဲ့ ဆက်သွယ်နေတဲ့ ကိုမောင်မောင် တို့ လှေဝင်လာလို့ ကျနော်တို့ ကယ်တင်နိုင်ခဲ့တာ။ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကတော့ နာလည်းနာ ဆာလည်းဆာ သလိုပါပဲ၊ အတော်နစ်နာပါတယ်။ လုပ်အားခလည်းဆုံး နယ်စပ်လည်းပြန်ပို့ခံရ” ဟုပြော သည်။
         ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT သည် ပူးပေါင်းအဖွဲ့များနှင့်အတူ ၂၀၁၂ခု  နှစ်အတွင်း
ယခု ကယ်တင်မှုအပါအ၀င်၊ ခြုံဘူရီ ချောင်းစမေးစံ လှေဆိပ်မှ ၂ကြိမ်နှင့်  နေ့ စဉ် ၁၆နာရီကျော် အလုပ် လုပ်နေရပြီး တစ်နေ့လျှင် လုပ်အား ၁၀ ဘတ်သာရရှိသော မဟာချိုင် နေ၀စ်မှအရပ်ရှိ  ဆန်းဒစ် ပုဇွန်အလုပ်ရုံမှ အလုပ်သမား ၁၅၀ နီးပါး  (စုစုပေါင်း လူကုန်ကူးခံရသူပေါင်း ၂၀၀ ကျော်) တို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။
Wednesday 18 July 2012
"ပဲခူးမြို့နယ် ဥဿာမြို့သစ် အိမ်ခြေ(၂၀၀)ကျော် မဖယ်ရှားဖို့အရေး ဒေသခံတွေ ဆွေးနွေး"
ဇူလိုင် ၁၈
    ညီလေး (ပဲခူး)
       ပဲခူးမြီု့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) ၊  မြေတိုင်းရပ်ကွက် (၂၄)ရှိအိမ်ခြေ(၂၀၀)ကျော် မဖယ်ရှားဖို့အရေး ဒေသခံတွေ ဆွေးနွေး ပဲခူးတိုင်းဒေ သကြီး၊ ပဲခူးမြီု့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈) ၊မြေတိုင်းရပ်ကွက် (၂၄)၊ မြို့ရှောင်လမ်းသွယ် (၄)လမ်း မှ (၁၂)လမ်းထိကိုကျူးကျော်ေ နအိမ်များ အဖြစ် ဖယ်ရှားရှင်းလင်းရေး ကိစ္စ နှင့်ပတ်သက်ြ ပီးေ ဒသခံရပ်ကွက်သူ/သား (၂၀၀)ခန့်မှ သက်ဆိုင်ရာ အစိုအဖွဲ့သို့ တင်ပြရန် (၁၃၊၇၊၂၀၁၂) ရက်နေ့တွင် ရပ်ကွက်အတွင်းရှိ ရွှေစာရံ ဘုရားဇရပ်၌ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
     အဆိုပါအစည်းအဝေးတွင် ဒေသခံရပ်ကွက်သူ/ရပ်ကွက်သားများက မိမိတို့အနေဖြင့်ဤနေရာတွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်လာခဲ့ကြသည့် မိသားစုများဖြစ်ကြပြီးမိမိတို့မိဘဘိုဘွားများေ ခါင်းချခဲ့   သော နေရာတွင် အတည်တကျနေထိုင်ရန်စိတ်ဆန္ဒများရှိကြသည်။ ယခုလိုဖယ်ရှားရှင်းလင်းရေးကိစ္စကို ၁၉၉၇ခုနှစ်တွင်တစ်ကြိမ်ဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ကွက်သူ/သားများမှ ဏာဂဏီသိမ်ကျောင်း ဆရာတော်ကိုလျှောက် ထား၍ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြခဲ့သည့်အတွက် မဖယ်ရှားရပဲ ယနေ့အချိန်ထိနေထိုင်ရခဲ့ကြသည်။
           ယင်းနေရာမှဖယ်ရှားရမည်ဆိုပါက သားသမီးများကျောင်းတက်ရေးနှင့် မိသားစုများနေရေးထိုင်းရေး တို့အတွက် အခက်အခဲ များစွာ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်းအစရှိသည်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။                 
“ကျွန်တော်တို့ အိမ်တွေကို ယခင်ဖယ် ရှားခိုင်း တုန်းက ဥဿာမြို့သစ်၊ရပ်ကွက်ကြီး(၁) အမှတ် (၁/သိသန့်)ရ ပ်ကွက်မှာနေရာချထားပေးမယ်ြေ ပာပြီးသူတို့ပေးချင်တဲ့လူတွေကိုတာပေးတာ၊ လူအနည်းစုသာရပြီး လူအများစုကျန်ခဲ့တယ်၊ ဖယ်ရှားရမယ့် အိမ်အကုန်နေရာအစားပေး တာ မဟုတ်ဘူး၊ ယခင်ကဒီနေရာဟာ စာကလေး ကွင်း ကျေးရွာ နှစ်ပေါင်း(၁၀၀)ခန့် သားစဉ်မြေး ဆက်နေထိုင်လာခဲ့တာပါ၊နောက်ပိုင်းမှဥဿာမြို့ သစ်၊ ရပ်ကွက်ကြီး(၈)၊မြေတိုင်းရပ်ကွက် (၂၄)ဖြစ် လာတာ၊ ယခုဖယ်ရှားရမည် အိမ်ခြေ (၂၀၀)ကျော်ဟာ ကျူးကျော်နေအိမ်တွေမဟုတ်ပါဘူး၊ ဘိုစဉ်ဘောင် ဆက်နေထိုင်လာခဲ့တဲ့ မိသားစုတွေဖြစ်တာကြောင့် ဒီနေရာကမဖယ်ရှားရဖို့အရေး ကိုအိမ်ထောင်ဦးစီး (၂၂၁)ယောက် မှ လက်မှတ် ထိုးပြီးပဲခူးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ထံသို့ တင်ပြသွားမယ်” ဟုဒေသခံ တစ်ဦးမှပြောကြားသဖြင့် သိရှိရသည်။
          ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ပ/၅၀၂၇ မှ ၂၀၁၂ခုနှစ်ဇူလိုင်လ(၇)ရက်နေ့တွင် စာအမှတ်၊  ၄/၁-၁/ဦး ၁ဖြင့် ပဲခူးမြို့၊ ဥဿာမြို့၊ရပ်ကွက်ကြီး(၈)၊ မြေတိုင်းရပ်ကွက်(၂၄)၊မြို့ရှောင်လမ်းသွယ်(၄) လမ်းမှ (၁၂) ထိကို ၁၉၉၇ ခုနှစ်၊ပဲခူးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ဥက္ကဌ(တောင်ပိုင်း တိုင်းစစ်ဌာန ချုပ်၊  တိုင်းမှူး)၏ လမ်းညွန်ချက်အရ အားကစားကွင်း၊ စက်ရုံနှင့် အဆင့်မြင့်အိမ်ရာ တည်ေ ဆာက်ရန် အတွက် ဖော်ထုတ်ရန်မြေကွက်(၄၁၆)ကွက်ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။       အဆိုပါသိမ်းယူခဲ့သည့်ခြံကွက်တွင်မြေနေရာ ခွင့်ပြု ချထားပေးပြီးမြေကွက်(၃၁၈) ကွက်ပါဝင်ခဲ့ကြောင်း သိမ်းယူခဲ့သည့်မြေနေရာမှ ထိုစဉ်အချိန်က နေအိမ်ဆောက် လုပ်ထားသည့်မြေကွက်(၁၁၃)ကွက်ရှိပြီး တိုက်အိမ်ဆောက်လုပ်ထားသည့် မြေကွက်(၃)ကွက်ကိုချန်လှပ်၍ကျန်(၁၁၀)ကွက်ကို ပဲခူးမြို့၊  ဥဿာမြို့ သစ်၊ ရပ်ကွက်ကြီး(၁)၊မြေတိုင်းရပ်ကွက် အမှတ်(၁/သီးသန့်)တွင်မြေနေရာခွင့်ပြုချထားပေးခဲ့ပြီးဖြစ်သည်။ ယခုအခါသိမ်းယူထားသည့်မြေနေရာတွင်ကျူးကျော် နေအိမ်များဆောက်လုပ်လျှက်ရှိကြောင်းစီစစ်တွေ့ရှိရ
ပါ၍ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား ဆောင်ရွက် ရန်နှင့် ကျူးကျော်ဆောက်လုပ်ခြင်း မပြုရေး တားမြစ်ဆောင်ရွက်သွားရန် အကြောင်းကြားစာကို အောက်ခြေမို့နယ်နှင့်ရပ်ကွက်  အုပ်ချုပ်ရေးမှူးများ ထံသို့ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
Sunday 15 July 2012
UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်ထုတ်ပြန်
                            ယနေ့ 14-7-2012 နေ့တွင် စစ်တွေမြို့၊ ရခိုင်တိုင်းရင်းသားဒုက္ခသည်များကူညီစောင့်ရှောက်ရေး မြို့လုံးကျွတ်ကော်မတီက UN နှင့် INGOs များအပေါ် သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေငြာချက်တွင် ဇူလိုင်လ(၁၁)ရက်နေ့တွင် နိုင်ငံတော် သမ္မကြီးက UNHCR တာဝန်ရှိသူတို့အားပြောကြားသည့် သဘောထားမှတ်ချက်အား ထောက်ခံကြောင်း၊ UN နှင့် INGOs တို့သည် ခေတ်အဆက်ဆက်ကပင် ရခိုင်ပြည်တွင် အခြေတည် ပြီး တရားမ၀င်ကျူးကျော်ဝင်ရောက်လာသည့် နိုင်ငံခြားသား ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီလူမျိုးကိုကိုထောက်ပံ့ခဲ့ကြောင့် ယခုကဲ့သို ဘင်္ဂလီများ၏အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသား များခံစားခဲ့ရကြောင်း၊ သို့အတွက်ကြောင့် အဆိုပါ UN နှင့် INGOs တို့မှ ရခိုင်တိုင်းရင်းသားများ အပေါ် ပေးအပ်မည့်မစို့တပို့အကူ အညီကိုလုံးဝငြင်းပယ် မည်  ဖြစ်ေ ကြာင်း ဖော်ပြထားသည်။
Thursday 12 July 2012
“ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCR သို့ပြောကြား”
နေပြည်တော် ဇူလိုင် ၁၁
     ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့ အားခိုးဝင်လာသည့်ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု သမ္မတ  မြန်မာနိုင် ငံ တော်  နိုင်ငံတော်သမ္မတဦးသိန်း စိန်က  ပြောဆို   ကြောင်း သမ္မရုံုး ၀က်ဆိုဒ်တွင်သည်။
      နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Antonio Guterres ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၁နာရီတွင်နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည် သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းပြည်သူများမိမိဆန္ဒအလျှောက် ပြန်လာနိုင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။
               နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ(၁၉၄၈) ခုနှစ် လွတ်လပ် ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင်ကောင်းမွန်သဖြင့် မပြန်တော့ပဲ အခြေချ နေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈)ခုနှစ်မတိုင်မှီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘ နှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက်(Third Generation)မြေးအဆင့်ကိုသာနိုင်ငံသားအဖြစ်လက်ခံမည် ဟူသောဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကိုလေ့ လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ နောက်ပိုင်း တွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျှက် ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်ခြောက် လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထားစဉ်းစားလျှက်ရှိကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများမဟုတ်သည့် ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည် သို့မှ မဖြစ်နိုင်ကြောင်း၊နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို  UNHCR သို့ အပ်နှံပြီးဒုက္ခသည်စခန်းအဖြစ်ထားရှိရန်ဖြစ်ကြောင်းUNHCRကကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်  ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေ ခင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအား လည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနှိုင်းလျှက် ရှိပါကြောင်း၊ ရှင်းလင်းပြောကြားသည်။
      နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့်
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊အလုပ် သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှုင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
                                                                                                                နိုင်ငံတော်သမ္မတရုံး
"ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques က ရိုဟင်ဂျာတိုင်းရင်းသားမဟုတ်ကြောင်းပြောဆို"
http://www.irrawaddy.org/archives/8642
ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို။
ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ် ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်းရောက်မှသာဒါကိုအသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့အတွက် တောင်းဆို  နေကြ တာ ဖြစ်ပါတယ်။
                 အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ် ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့် ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာ ဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။
Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.”
ရိုဟင်ဟူသည်မှာ (China ကို တရုတ်ဟု မြန်မာတို့က ခေါ်သကဲ့သို့) ရခိုင်ပြည်ကို ရိုဟင် ဟု ဘင်္ဂလီများက ဘင်္ဂလီဘာသာဖြင့် ရှေးခေတ်က ခေါ်ဆိုကြခြင်းသာ ဖြစ်ပြီး ဆင့်ပွား ဝေါဟာရဖြစ်သော ရိုဟင်ဂျာမှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ အဆိုပါ ဝေါဟာရမှာ ရခိုင်ပြည်သား သို့မဟုတ်ရခိုင်များ   နှင့် သာ သက်ဆိုင်ပြီး၊ နောက်ပိုင်းကာလမှသာ ရခိုင်ပြည်သို့ ဘင်္ဂလားမှ ရွှေ့ပြောင်း ၀င်ရောက် လာသူ ဘင်္ဂလီများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။ ၁၉၅၀ နောက်ပိုင်းတွင်မှ အဆိုပါ လူမသိ သူမသိေ သာ ရှေးဟောင်း ဘင်္ဂလီ ဝေါဟာရကို ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပညာတတ်များက နှစ်ပေါက်တစ်ပေါက်ရိုက် ကာ လှည့်စား အသုံးပြုလိုက်ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျင်လူမျိုးဟူသည့် တိုင်းရင်းသား လူမျိုးသစ် နိုင်ငံရေး ကစား ကွက် တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
“မြန်မာအလုပ်သမား၁၈ဦးခြုံဖေါ်သို့အလာလမ်းတွင်ဖမ်းမိ”
ဇူလိုင် ၁၂   ကိုတီး  (ထိုင်းဘာသာပြန်သတင်းထောက်)
ယမန်နေ့ ညသန်းခေါင်ကျော်  ဘန်ကောက်မြို.နှင့် ၄၈၃ ကီလိုမီတာ အကွာဝေးရှိ ထိုင်းနိုင်ငံ အောက် ပိုင်း ခြုံဖေါ်မြို့ ထုန့်မြေရလမ်း နယ်မြေ ၈ ကထီ(န်) ရပ်ကွက်ရှိ  ရဲဂိတ်တွင်ရနောင်းဘက်မှမောင်းနှင် လာသည့် မိုးကာ များနှင့်အုပ်ထားသော ပာိုင်းလတ် ကား နံပါတ် ၂၄၅၉  ပေါ်မှ မြန်မာ ၁၈ ဦးတို့အား တာဝန်ရှိ ရဲများက ဖမ်ဆီလိုက်သည်။
     စစ်ဆေးရန် အတွက် ရဲများက ရပ်ခိုင်းခဲ့သော်လည်း  ကားမောင်းဒရိုင်ဘာ ရပ်မပေးဘဲ မောင်းပြေးခဲ့ရာ ၁ ကီလိုအရောက်တွင် ဖမ်းဆီးရလိုက်သည်။ ကားနောက်တွင်ပါလာသော တရားမဝင်မြန်မာအလုပ်သမား၁၈   ယောက် ကျား။ ၁၅ မ။ ၃ ယောက် ကိုနိုင်ငံ ခိုးဝင်မှုနှင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ဝင်ရောက်လာသည့် နယ်စပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း မန်နေဂျာအွန်လိုင်း သတင်းတွင် ရေးသားထားသည်။
ကားမောင်းဒရိုင်ဘာ ထိုင်းလူမျိုး နိုင်စုန်စစ် အသက် ၄၀  က ကားပေါ်တွင်ပါလာသော အလုပ်သမား
အားလုံးသည် ရနောင်းဘက်မှ တစ်ယောက်လျင် ဘတ်ငွေ ၈၀၀၀ နှုန်း တစ်ခေါက်လျင် ဘတ်ငွေ တစ်သိန်းကျော် နှစ်သိန်းရကြောင်း ၊ထိုင်းနိုင် ငံအောက်ပိုင်းရှိ စုန်ခလာ ခရိုင် ပာယိုင်မြို.ရှိသူဌေး တစ်ဦးထံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထွက်ဆို သွားသည်။ ယ္ခုဖမ်းမိသော    နိုင်စုန်စပ်ကို လူကုန်ကူး မှုနှင့်တရားစွဲဆိုမည်ဖြစ်ကြောင်း။  ရဲစခန်းမှ တာဝန်ရှိရဲများက  လူကုန်ကူးမှု့အကြီးစား ဂိုဏ်းဖြစ်နိုင်ကြောင်း  Manger online သို့ပြောဆို သွားသည်ပာု ရေးသားထားသည်။
Wednesday 11 July 2012
"ရန်ကုန်အစိုးရ အလုပ်သမားတွေကို မကာကွယ်"
“ MOU အလုပ်သမား ၁၃ဦး ပတ်စပို့ကိုင်ဆောင်ခွင့်ရပြီ”
ဇူလိုင် ၁၁ မြတ်ညို (အလွတ်သတင်းထောက်)
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (တရားဝင် အလုပ်သမား တင်သွင်းခြင်း)MOU ဖြင့် လာခဲ့ကြ ပြီး သတ်မှတ် ငွေကြေးများ ဖြတ်တောက်ထားပြီးသော်လည်း မိမိပတ်စပို့အား ကိုင်ဆောင်ခွင့်မရရှိခဲ့သည့် မြန်မာအလုပ်သမား ၁၃ဦး ယမန်နေ့က ပတ်စပို့ ကိုင်ဆောင်ခွင့် ရရှိသွားကြပြီးဖြစ်သည်။
အဆိုပါအလုပ်သမားများမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တွင်အခြေစိုက်သော ဟိန်းသူထက်၊ ကုမ္ပဏီနှင့် ရန်ကုန်အခြေစိုက်ထွန်းရတနာထွန်း ကုမ္ပဏီတို့ မှတဆင့် ထိုင်းနိုင်ငံဖူကတ်အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီ Phuket Built Co.Ltd တွင် (၆) လကျော်ကြာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်သည်။ ၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံတွင်း မှ ထိုင်းနိုင်ငံနယ်စပ်ကော့သောင်းမြို့အထိ အနည်းဆုံး ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိ ပေးချေခဲ့ကြရသူများဖြစ်ကြသည်။
အလုပ်သမား ကိုကျော်ကျော်မင်း က “ကျနော်တို့ ဆီက အခုဆိုရင် တစ်ယောက်ကို ဘတ်ငွေ ၁၆၇၅၀ စီ ဖြတ်ထားပြီးဖြစ်တယ်။ စာချုပ်ထဲမှာက တစ်လကို ဘတ်ငွေ (၁၀၀၀) ထက်ပြို့ပီး မဖြတ်ဘူးဆိုပေမဲ့ အနဲ့ဆုံး တစ်လကို (ဘတ်ငွေ ၃၀၀၀) ဖြစ်တယ်။ ပြီးခဲ့တဲ့လက ကျနော်တို့ ကို (ဘတ်ငွေ ၄၂၅၀) ဆီဖြတ်တယ်။ ကျနော်တို့ ယာယီနိုင်ငံကူး လက်မှတ် တွေပေးဖို့ တောင်းတော့ မပေးဘူးလို့ပြော တယ်၊ဦးထူးချစ်တို့ ကူညီပေးလို့ ကျနော်တို့ ပတ်စပို့ရရှိပါပြီး ကူညီသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ က အဆိုပါ အလုပ်သမားများသည် ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ရုံးသို့ အကူအညီတောင်းခံရန် ရောက်ရှိခဲ့ကြသည်။ FED ဒါ
ရိုက်တာ ဦးထူးချစ်က အလုပ်သမားများ ထံမှ အချက်အလက် အထောက်များကို မြန်မာသံရုံးသို့
ပေးပို့ ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
FED ဒါရိုက်တာ ဦးထူးချစ် က “အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ ထိရောက်ပါတယ်။
အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို ရစေချင်တယ်ဆိုရင် အလုပ်သမားအရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့
အခွင့်အရေးတွေ အပြည့်အ၀ရမယ်လို့ ကျနော်ပြောချင်ပါတယ် ” ဟုပြောသည်။
MOU ဟူသည်မှာ နှစ်နိုင်ငံအစိုးရ လုပ်ရသည့်အလုပ်သာဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် MOU
၏သဘောသဘာဝတို့ အား ပြန်လည်စီစစ်သင့်ကြောင်း ၊အလုပ်သမားများဘက်မှ အခွင့်အရေးဆုံး
ရှုံးမှုများစွာရှိကြောင်း၊ စာချုပ်ပါ သဘောတူညီချက်များအား မလိုက်နာသည့် ပွဲစား ကုမ္ပဏီများအား
မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူသင့်သလို ထိုင်းဘက်မှ စည်းကမ်းမလိုက်နာ
သည့် လုပ်ငန်းရှင်များအား အရေးယူမှသာလျှင် အလုပ်သမား အခွင့်အရေးများ တိုးတက်လာမည်
ဖြစ်ကြောင်း ဦးထူးချစ်က ဆက်လက်ပြောဆိုသွားသည်။
MOU ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည့် အလုပ်သမားများမှာ မူလစာချုပ်ပါ စည်းကမ်းချက်
များဖြင့်မညီညွတ်သဖြင့် ထွက်ပြေးကြသဖြင့် အသတ်ခံရခြင်း၊တရားမ၀င်အလုပ်သမားအဖြစ် ထိုင်းနိုင်ငံတွင်
လုပ်ကိုင်နေရခြင်းများစွာရှိသော်လည်း စာချုပ်ပါ စည်းကမ်းချက်များအား ဖေါက်ဖျက်ကျူးလွန်သည့် ပွဲစား
ကုမ္ပဏီများနှင့် ထိုင်းလုပ်ငန်းရှင်များကိုမူ အရေးယူခြင်း မကြားဖူးချေ။
Monday 9 July 2012
“မြန်မာဘက်မှ ဖမ်းဆီးထားသည့် ထိုင်ရွာသား ၄၉ဦးပြန်မလွတ်သေး”
ဇူလိုင် ၉ ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)
မြန်မာစစ်တပ် ဘက်မှ နယ်မြေကျုးကျော်၍ ဖမ်းဆီးထားသော ထိုင်းလူမျိုး ၄၉ ယောက်ကို ပြန်လွှတ်ပေး ရန်အတွက် ထိုင်း စစ်တပ်နယ်မြေ ၂၅ ထေ့တရီ စစ်တပ်မှ အရာရှိများ ကို ဆွေးနွေးပွဲ ပြုလုပ်ရန် ကော့သောင်း မြို့သို့ လာရောက်ဆွေးနွေး ပါရန် မြန်မာဘက်က ဖိတ်ခေါ်ထားခဲ့သဖြင့် ထိုင်းစစ်တပ်အရာရှိများ ကော့သောင်းမြို့သို့ရောက်လာခဲ့စဉ်
မြန်မာ ဘက်မှ အဆင်သင့်မဖြစ်သေးကြောင်း ပြန်ကြားခဲ့သည်။
ထိုင်းဘက်ကလည်း ရာဘာစိုက်ခင်း ဧက ၄၀၀၀ ကျော်ကို စစ်ဆေးမှုများပြုလုပ် ရာမပြီးစီးနိုင်၍ ယ္ခုလိုဖြစ်နိုင်ကြောင်း INN NEWS သို့ပြောဆိုခဲ့သည်။
Sunday 8 July 2012
“ကမ္ဘောဒီယား၂ဦးနှင့်မြန်မာ၃ဦး ထိုင်းအမျိုးသမီးအားသတ်”
ဇူလိုင် ၈
ကိုတီး (ထိုင်းဘာသာပြန်)
ယမန်နေ့ ဘန်ကောက်မြို့တောင်ဘက် ၈၁ ကီလိုမီတာ အကွာဝေးရှိ ချွန်ဘူလီ ခရိုင် ဘောထောင်းမြို့စုဝမ်း ရပ်ကွက် အိမ်အမှတ် ၁၆၂ နယ်မြေအမှတ် ၂ ပါထာနာ ကြက်ခြံ၌
ဖြစ်ပွားသော လူသတ်မှုတွင် ကမ္ဘောဒီယား၂ဦးနှင့်မြန်မာအလုပ်သမား ၃ဦးပါဝင်ကြောင်း ထိုင်းရပ်သတင်းတွင်ဖေါ်ပြထားသည်။
အလုပ်သမားများကို ဦးဆောင်လုပ်ကိုင်နေသော ထိုင်းအမျိုးသမီး ဝမ်မီ အသက် ၃၄ နှစ် မှာ ဦးခေါင်းကို တုတ်နှင့် ရိုက်သတ်ခံရ၍ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းမှ လူသတ်သည်ပာု ယူဆရသော ကြက်ခြံမှ အလုပ်သမား ၅ ယောက်ကို ဖမ်းဆီးခဲ့သည်။
စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အလုပ်သမား ၅ ယောက်က အရက်ထိုင်သောက်နေချိန် ကမ္ဘောဒီးယား နိုင်ငံသား နိုင်စုလင်း က ရွှေအမြောက်အများနှင့်ငွေများရှိကြောင်း နိုင်သွတ် ကိုပြောပြသည်။ တောင်ကြီးရှမ်း နိုင်ဘီ နှင့် နိုင်လက် တို့က လူသွားလူလာ ကြည့်ပြီး လျက်စစ်မီးဖြတ်ခဲ့သည်။ ၄င်းနောက် ကမ္ဘောဒီးယား နိုင်ငံသား နိုင်သွတ် ကိုယ်တိုင် ရိုက်သတ်ပြီး ရွှေဆွဲကြိုး ၃ ကုံး လက်စွပ် ၁ ကွင်း ဘတ်ငွေ လေးသောင်း ကို ယူ၍ လူစုခွဲခဲ့ကြသည်။
ရွှေများကို ကြက်ခြံတွင် မြုပ်ထားကြောင်း ထွက်ဆိုခဲ့သည်။ မြန်မာ ၃ ယောက်နှင့် ကမ္ဘောဒီးယား ၂ ယောက် ကို လူသတ် လုယက်မှုနှင့် တရားစွဲဆိုထားကြောင်း ထိုင်ရတ် သတင်းစာတွင် ရေးသားထားသည်။ ရဲစခန်း မှနယ်မြေရှိ သူဌေးများကို အလုပ်သမားများ၏ ရှေ့တွင် ရွှေငွေများ သတိထားပြီး ဝတ်ပါရန် အသိပေး ပြောဆိုခဲ့ကြောင်းသိရသည်။
Friday 6 July 2012
“MOU ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်သူများ အခက်ကြုံ”
ဇူလိုင် ၇
မြတ်ညို (အလွတ်သတင်းထောက်)
             နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (တရားဝင် အလုပ်သမား တင်သွင်းခြင်း)MOU ဖြင့် လာခဲ့ ကြ သည့် မြန်မာအလုပ်သမား၁၉ဦးတို့ထံမှ ကျသင့်  ငွေများ ဖြတ်တောက်ပြီးသော်လည်း မိမိတို့ပိုင်ဆိုင်ခွင့် ရှိသော ယာယီနိုင်ငံကူး လက်မှတ်အား မရရှိဖြစ်နေကြောင်း အလုပ်သမား များပြောပြချက်အရသိရှိရသည်။
        အဆိုပါအလုပ်သမားများမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တွင်အခြေစိုက်သော ဟိန်းသူထက် ကုမ္ပဏီတွင် အနည်းဆုံး ကျပ်ငွေ သုံးသိန်းခွဲမှ ငါးသိန်းအထိ ပေးချေခဲ့ကြရသူများဖြစ်ကြ သည်။ ဖူးခက်ခရိုင် ကော့ဖိုးခေါင်ကျွန်းတွင် ဟိုတယ်နှင့် လူနေအိမ်များ ဆောက်လုပ်သည့် ဖူးခက်ဘဲလ် ကုမ္ပဏီ တွင် ၆လကျော်ကြာပန်းရံ အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြသည်။
အလုပ်သမား ကိုကျော်ကျော်မင်း က “ကျနော်တို့ ဆီက တစ်ယောက်စီ ဘတ်ငွေ ၁၆၀၀၀ စီ ဖြတ်ထား ပြီးဖြစ်တယ်။ ပြန်မယ်ဆိုရင်လည်း အေးအေးချမ်းချမ်းပြန်ချင်တယ်။ ကျနော်တို့ ပတ်စပို့ စာအုပ်ကို လွတ် လွတ်လပ် လပ် ကိုင်ချင်တယ်။ အခြားနေရာမှာ အလုပ်လုပ်ခွင့်ရချင်တယ်”ဟုပြောသည်။
အဆိုပါ အလုပ်သမားများတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FEDရုံးသို့ အကူအညီတောင်းခံရန် ရောက်ရှိနေကြသည်။
FED ဒါရိုက်တာ ဦးထူးချစ် က “MOU ချုပ်ဆိုထားတာတွေက အလုပ်သမားတွေအတွက် အခွင့်အရေးတစ်ခု မှမပါဘူး။ ကန့်သတ်ချက်တွေ အလွန်များတယ်။ အလုပ်ရှင်ကောင်းရင် အလုပ်သမားတွေ အလုပ်ပြောင်း မှာမဟုတ်ဘူး။ စာချုပ်ပါစည်းကမ်းချက်တွေအတိုင်း ဒီဘက်က ကုမ္ပဏီတွေ တစ်ခုမှ မလိုက်နာဘူး။ ဥပမာ
တစ်လကို ဘတ်တစ်ထောင်စီပဲဖြတ်ရမယ်ဆိုပေမယ့် နှစ်ထောင်သုံးထောင်ဖြတ်တယ်။ အလုပ်သမားတွေ
မလုပ်ချင်တော့ရင် ပြန်ပို့မယ်ဆိုတဲ့ စာချုပ်ပါ စည်းကမ်းချက်အတိုင်းတော့ ထိုင်းတွေဘက်ကလုပ်တယ်။
အတော်ရည်ဖို့ ကောင်းတယ်” ဟုပြောသည်။
ဇွန်လ ၁၆ ရက်နေ့က Thai Food  ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့ ကန်ချနဘူရီသို့ ၀င်ရောက်လာခဲ့သည့် အလုပ်သမား တစ်ရာကျော်အနက် အလုပ်သမား လေးဆယ်ကျော်မှာ အလုပ်အကိုင်မရှိသဖြင့် အလုပ် သမား ၄၀ခန့် အခန်းထဲတွင် ၂ပတ် ကျော်ကြာ နေထိုင်နေရဆဲဖြစ်ကြောင်း အလုပ်သမား များပြောသည်။
ထိုအလုပ်သမားထဲမှာ အလုပ်သမား ၈ ယောက် မှာ ဆက်လက်မစောင့်ဆိုင်းနိုင်တော့သဖြင့်  ယမန်နေ့က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ကြသည်။ထိုအလုပ်သမားများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ညှိနှိုင်းပေးမှုဖြင့် မူလ ကုမ္ပဏီ ကိုယ်စားလှယ်က လာရောက် ခေါ်ဆောင်သွားခဲ့သည်။
ယမန်နေ့က Human Resource International(HRI)  MOU ဖြင့် တင်သွင်းပြီး ဖူးခက်မြို့ရှိ DCM ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများအား Work Permit မရှိဟု ဆိုကာထိုင်းပုလိပ်များ ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမား ၂၀ ဦးတို့အား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
မြန်မာအလုပ်သမားများ၏ ကျန်နေခဲ့သည့် လုပ်အားခများ နှင့် MOU လုပ်စဉ်က ကုန်ဆုံးထားခဲ့သည့်ငွေ
ကြေးများမှာ ဆုံးခံကြရသည်။MOU ဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည့်အလုပ်သမားများအနေဖြင့် မိမိထွက်ခွာလာသည့် ကုမ္ပဏီ အားစာချုပ်ပါ အတိုင်း လုပ်ကိုင်ဆောင်ရွက် ပေးပြီးနောက် မိမိဆန္ဒ အလျှောက် နေရပ်ရင်းသို့ မပြန်လိုသေးပါက အခြား အလုပ်တစ်ခုခုသို့ လွယ်လင့်တကူ တရားဝင် ပြောင်းလဲခွင့်ပြုသင့်ကြောင်း FED နှင့် BAT တို့က
ထောက်ပြပြောဆိုနေကြသည်။
“အလုပ်ထွက်ခွင့်မရသူများ လွတ်မြောက်လာပြီ”
ဇူလိုင် ၆  ဆန်းဦး
         ဘန်ကောက်မြို့ ပလပ်စတစ် အလုပ်ရုံတွင် အလုပ်ပင်ပန်းပြီး လုပ်ငန်းရှင်မှ ဆဲဆိုကြိမ်းေ မာင်းမှုများအား မခံနိုင်သဖြင့် အလုပ်သမားများက အလုပ်ထွက်ခွင့်တောင်းခံသော်လည်း အလုပ်က ထွက်ခွင့်မရသည့် အလုပ်သမား ၃ဦးအား ကယ် ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
ဘန်ကောက်မြို့ ဘန်ကောက်မြို့ ဘန်ခွန်ထီရန် ထရန်ထလေ ၁၉ လမ်း အမှတ် ၁၈၆  တွင်ရှိသော ကို ဖိုလီဖက် တွင် ရှိသော ပလပ်စတစ် အလုပ်ရုံမှ အလုပ်သမား ၆ဦးတို့ မှာ အလုပ်ရုံမှ ယမန်နေ့ နံနက်ပိုင်း၃နာရီ ကထွက်ပြေးထွက်ကြစဉ်လုပ်ငန်းရှင်သိသွား သဖြင့် ၃ဦးလွတ်မြောက်လာခဲ့သော် လည်း သားမိ၃ဦးတို့မှာ မလွတ်မြောက်ခဲ့ကြပေ။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT အဖွဲ့သို့ အကူအညီတောင်း
ခံခဲ့သည်။
ကလေးတို့၏ ဖခင် ကိုရဲဝင်း က “ ကျနော်တို့ လိုအပ်တဲ့သတင်းအချက်အလက်တွေ ကို BAT မှာတင်
ပြောပြတယ်။ ကျနော့် တို့ တစ်နှစ်ကျော်ပြီ။ ဘယ်လိုမှ မခံနိုင်တော့တဲ့အတွက် အလုပ်ထွက်ရတာပါ၊ မိသားစု ၄ယောက်ဆိုတော့ ရုတ်တရက် ပြောင်းဖို့ ရွှေ့ဖို့ မလွယ်ဘူးလေ။ သည်းခံပြီးလုပ်လာခဲ့တယ်” ဟုခေါ်သည်။
ယနေ့လွတ်မြောက်လာသူများမှာ အသက် ၄၀ အရွယ် ဒေါ်မြင့်ထွေး၊သား  စိုးထက်ဦး အသက် ၁၈နှစ်နှင့်
သမီး ခင်ထက်စိုး အသက်၁၄ နှစ်တို့ ဖြစ်ကြသည်။
နံနက် ၉နာရီခန့် က အကူညီတောင်းခံခဲ့သည် ယခုပြဿနာမှာ ညနေ ၅နာရီတွင် အောင်မြင်ခဲ့ကြသည်။
Thursday 5 July 2012
“ငါးဖမ်းအလုပ်သမား ၁၂ဦးအား ပူးပေါင်းအဖွဲ့တို့ ကယ်တင်”
ဇူလိုင် ၆
မြတ်ညို(အလွတ်သတင်းထောက်)
         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ခန့် အကွာတွင်ရှိသော ခြုံဘူရီခရိုင်အချောင်း(ချောင်း စမေးစံ)လှေဆိပ်မှ လှေ၂စီပေါ်တွင် ရောင်းစားခံထား ရသည့် မြန်မာ၁၁ ဦးနှင့် အသက်၁၂ နှစ်အရွယ် ထိုင်း ကလေးငယ်တစ်ဦး တို့အား ပူးပေါင်းအဖွဲ့များ က ကယ်တင်နိုင်ခဲ့သည်။
              ဘန်ကောက်အခြေစိုက် ပင်လယ်ပျော်များသမဂ္ဂ SUB ၊မဟာချိုင်အခြေစိုက် အလုပ်သမားအခွင့် အရေးမြှင့်တင်ရေးကွက်ယက် LPN နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ တို့ ပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နေ့က လှေအမှတ် ၂၄နှင့် ၂၅ တို့ပေါ်မှ ကယ်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ကိုဇေါ် ဆိုသူက ဇွန်လ ၁၀ ရက်နေ့တွင် SUB မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးကိုကိုအောင် ထံသို့ ဖုန်းဖြင့်
ဆက်သွယ်အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
           ဦးကိုကိုအောင် က“ ချောင်းစမေးစံဆိုတာ သိပ်အကျယ်ကြီး မဟုတ်ဘူး။ကျနော်တို့ တိုင်းပြည်
ကပြောင်းေ နပြီ။ မြန်မာအစိုးရ သံရုံးကနေပြီးတော့ လူမှောင်ခိုကူးမှုကို တိုက်ဖျက်ဖို့ အထူးအဖွဲ့တစ်ခု ဖွဲ့ထားဖို့လိုပါမယ်။ ကျနော်တို့က သူတို့ကို ရှေ့တန်းတင်ပြီးတော့ သတင်းအချက်အလက်တွေစုဆောင်း တာနဲ့ လမ်းပြတာတွေကိုနောက်က လုပ်ပေးမယ်။ ထိုင်းတွေနဲ့လုပ်နေရတာက တစ်ခါတစ်လေ သတင်းပေါက်ကြားလို့ စိတ်ညစ်ရတာတွေရှိတယ်” ဟုပြောသည်။
အဆိုပါ  လှေပေါ် တွင်  ၅လမှ ၁၇ လအထိ  အခကြေးငွေ မရရှိပဲ အလုပ်လုပ်နေခဲ့ကြ သူများထဲ တွင် အသက်၅၀ကျော် မြန်မာအလုပ်သမား တစ်ဦး လည်း ပါဝင်သည်။ ကယ်တင်နိုင်ခဲ့သူများတွင် ကရင် အလုပ်သမား ၁၀ ဦး နှင့် မွန်လူငယ်တစ်ဦးတို့ ပါဝင်ကြောင်းကယ်ဆယ်သူများပြောပြချက် အရသိရှိရသည်။
           ထိုင်းမြန်မာနယ်စပ်နှင့်အလုပ်သမားအဖွဲ့အစည်း တို့က ထုတ်ဝေသည့် လက်ကမ်းစာစောင်တို့တွင် ပါရှိသောအလုပ်သမား ကူညီရေးအဖွဲ့တို့၏
ဖုန်းနံပါတ်တို့အား  မြန်မာအလုပ်သမားများ မှတ်ထားသင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်
သူများက အကြံပြုပြောဆိုကြသည်။