Monday 28 October 2013

“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”




အောက်တိုဘာ ၂၈      ကိုဖုန်း(စူရတဋ္ဌာနီ)
      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီမြို့ ၀တ်ပတူရပ်ကွက်ရှိ ပန်းရံဆိုဒ်တစ်ခုတွင်နေထိုင် သည့် မြန်မာအလုပ်သမားတစ်ဦး မီးမလာသဖြင့်  သွပ်ပြားညှပ်သည့်ကပ်ကြေးဖြင့် မီးကြိုးကိုဖြတ်ေ တာက်စဉ် မီးပြန်လာသဖြင့်ဓါတ်လိုက်သေဆုံး သွား ခဲ့သည်။
    သဆုံးသူမှာတနင်းသာရီတိုင်း၊သရက်ချောင်းမြို့ နယ်၊ဆင်ကြမ်းကျေးရွာမှအဘဦးသက်ချို+ဒေါ်မူမူေ အး တို့၏ သားကြီး အသက် ၁၆ နှစ်အရွယ်   မောင်ပိုင်ပိုင်စိုး ဆိုသူဖြစ်သည်။
ကျန်ရစ်သည့် ရုပ်အလောင်းအား အောက်တိုဘာလ ၃၀ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်း အတူတူ အလုပ်လုပ်ကြသည့် အလုပ်သမားတစ်ဦးက ပြောသည်။

"အကျဉ်းသားမိသားစုတွေ တွေ့ခွင့်မရ၊ ပေးခွင့်မရတော့ ဆိုကြဆဲကြ"



Saturday 26 October 2013

“MAT အဖွဲ့အား မြန်မာလူငယ်၂ဦး ဘတ်ငွေ ၁၅,၀၀၀ လှူ”




အောက်တိုဘာ ၂၆  (ခရမ်းသားလေး)
          ယမန်နေ့က မြန်မာသံအရာရှိကြီးများ က   မြန်မာအလုပ်သမားများအား ကူညီစောင့်ရှောက်နို င်ရေးအတွက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အား ခေါ်ယူတွေ့ဆုံအပြီးဘန်ကောက်မြို့     မြန်မာ သံရုံးရှေ့တွင် မြန်မာလူငယ် ၂ဦးက MAT အဖွဲ့အား ဘတ်ငွေ တစ်သောင်းခွဲလှူဒါန်းခဲ့သည်။
         သူငယ်ချင်းနှစ်ဦးဖြစ်ကြသော ထားဝယ်မြို့ ဇာတိ ကိုအောင်ငွေသိန်း က ဘတ်ငွေတစ်သောင်းနှင့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ မနန်းစောမြနွယ်  တို့က  ဘတ်ငွေငါးထောင်တို့ကို စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ကိုအောင်ငွေသိန်း က “ကျနော်တို့မလုပ်နိုင်၊ သာမန်လူတွေ မလုပ်ရဲတဲ့ အလုပ်တွေကို MAT အဖွဲ့က စွမ်း စွမ်းတမံ လုပ်တယ်။ ဒုက္ခရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့နေ့တိုင်းကူညီနေတာကို ကျနော် အလုပ်သမားတွေဆီက တစ်ဆင့်သိရတယ်။ အင်တာနက်မှာလည်း ဖတ်ရတယ်။  ငွေလှူချင်နေ တာ ကြာပြီး။ ခု သူတို့ သံရုံးထဲကို အစည်းဝေးလာကြတာ ကျနော်တွေ့တာနဲ့ လှူလိုက်တာ။ ကျနော့်သူငယ် ချင်းမ ဆိုရင် ငွေ အဆင်သင့်ပါမလာလို့ ATM(ငွေပုံထဲက) ချက်ချင်းထုတ်ပြီးလှူလိုက်တယ်” ဟု ၀မ်းမြောက်စွာ ပြောဆိုသည်။

MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က “ ကျနော်တို့ ခြိမ်းခြောက်ပြောဆိုနေကြသူတွေ ရှိသလို ဒီလို   စေတနာရှိသူတွေလည်းရှိပါသေးလားလို့ ၀မ်းမြောက်မိတယ်။ ကျနော်တို့ MAT အဖွဲ့က အင်ဂျီအိုမဟုတ်ဘူး။ ငွေရှိ တဲ့ ပရိုပိုဇေရှိတဲ့အဖွဲ့ အစည်းမဟုတ်ဘူး။ မိတ်ဆွေတွေနဲ့စုပြီး ရံပုံငွေ အနည်းငယ်ပြင်ဆင်ထားတာနဲ့ လုပ်နေကြ တာဖြစ်တယ်။ ကျနော်တို့ ဘယ်လစာမှ မရှိပဲ ကိုယ့် ထမင်းကိုယ်စား၊ ကိုယ်အလုပ်ကိုယ်လုပ်ပြီး  အလုပ်သမားကူညီရေးကို လုပ်နေကြတာဖြစ်တယ်။ ကိုအောင်ငွေသိန်းနဲ့ မနန်းစောမြနွယ်တို့ သူငယ်ချင်း နှစ်ယောက်ကို အထူးကျေးဇူးတင်ပါတယ်” ဟုပြော သည်။
             မြန်မာသံရုံးအနေဖြင့် အလုပ်သမားများအရေးကိစ္စရပ်များအား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၏ လမ်းညွှန်မှာကြားချက်များအရ ဆထက်တပိုး ကူညီစောင့်ရှောက်သွားရန် အစီအစဉ်များ ချမှတ်နေ   ကြောင်း သံအရာရှိကြီး၏ပြောပြချက်များအရ သိရှိရသည်။

Friday 25 October 2013

“မတရားဖမ်းဆီးခံရသည့် အလုပ်သမား၃၇ဦးအား MAT အဖွဲ့ကယ်တင်”




အောက်တိုဘာ၂၅    မြတ်ညို(အလွတ်သတင်းထောက်)
         လုပ်ငန်းရှင်နှင့်ပွဲစားတို့ပူးပေါင်း၍ ဒေသခံ ရဲများက၀င်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသည့် ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာ တွင်ရှိသောနာနတ်သီးစက်ရုံမှ မြန်မာအလုပ်သမား ၃၇ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့်ပူးပေါင်းအဖွဲ့တို့က ကူညီဆောင်ရွက်မှုကြောင့်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်းသိရှိရသည်။
         ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ် အပြည့်အစုံရှိသော အလုပ်သမား ၁၉ဦးနှင့် အမျိုးသား၁၈ဦး စုစုပေါင်း ၃၇ ဦးတို့က လုပ်အားခ  အလွန်နည်းပါးသဖြင့် အလုပ်ထွက်လိုကြောင်း၊ ပြောဆိုပြီး မိမိတို့၏  စာရွက်စာတမ်းများကို ပြန်လည်တောင်းခံခဲ့ရာမှ ပြဿနာ စတင်ခဲ့ကြခြင်းဖြစ်သည်။
           နကပထုန်မြို့မှ မြန်မာပွဲစား မြင့်ထွန်း ဆိုသူက အလုပ်သွင်းပေးခအဖြစ် အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ စီယူ၍ သွင်းခဲ့ပြီးနောက် အလုပ်လုပ်ခွင့်ပါမစ်WP ပြောင်းရမည်ဆိုသည့် အကြောင်းပြ ချက်ဖြင့်အလုပ်ရုံမှ အလုပ်သမားများ၏ ပတ်စပို့နှင့် WP တို့ကို သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုဂျောက်ဂျက် က “ကျနော်တို့ ပတ်စပို့ကိုတောင်းလို့မရတဲအတွက် ကျနော်တို့ ၃ရက်အလုပ်မလုပ်ပဲနေခဲ့ကြတယ်။ ပွဲစားနဲ့ အလုပ်ရှင်တို့က ပုလိပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာ။ ပုလိပ်ကတစ်ဆင့် တောချတော(နယ်ခြားစောင့်စစ်တပ်) ကိုအပ်လိုက်တာ။ MAT အဖွဲ့က ကူညီပေးလိုက် လို့ ကျနော်တို့လွတ်မြောက်လာတာဖြစ်တယ်။ ကျနော်တို့ အလုပ်၁၅ ရက်လုပ်ပေးဖို့ ပြီးရင် အလုပ်ရုံ ပြောင်းဖို့ သဘောတူထားကြပါတယ်။ ကျနော်တို့ အလုပ်ရုံအသစ်ရှာကြရပါအုံးမယ်” ဟုပြောသည်။

အလုပ်သမားများအား အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင်လာရောက်ဖမ်းဆီးခဲ့ပြီး ညနေ ၈နာရီခန့်တွင် အလုပ်ရုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး
က “စာရွက်စာတမ်းအပြည့်အစုံရှိတဲ့ အလုပ်သမားတွေကိုဘာကြောင့်ဖမ်းရသလဲလို့ ကျနော်က ပုလိပ်ကို မေးတယ်။ ပုလိပ်က တောချတော့( စစ်သား) တွေကိုဖုန်းပေးတယ်။ ကျနော်ကသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ကဖြစ်တယ်။ ဒီအလုပ်သမားတွေကို နယ်စပ်ကို မပို့ပါနဲ့ သူဌေးက ညစ်ပတ်ပြီးသိမ်း ထားတာ။ ကျနော်တို့ အဲဒီ ပတ်စပို့တွေယူလာခဲ့မယ်။ အပြစ်မရှိတဲ့အလုပ်သမားတွေဖြစ်တယ်။လို့ မေတ္တာရပ်ခံလိုက်တယ်။ ဖြစ်စဉ်ကို သဘောပေါက်အောင် ပြောပြလိုက်တယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် အလုပ်သမားဥပဒေတွင် ရွှေ့ပြောင်းအလုပ်သမားများတွင် အလုပ်လုပ်ခွင့်
လက်မှတ် WP လုပ်ထားသော်လည်း အခြား အလုပ်တစ်နေရာသို့ အလုပ်ပြောင်းရွှေ့လျှင် ထပ်မံ၍ WP လုပ်နေရသည်မှာ အလုပ်သမားများအား အခက်အခဲဖြစ်စေသည်။ ထို့အပြင် ပွဲစားများအား စားကွက်ထွင်
ပေးထားသည်နှင့်တူသည်။ အထူးသဖြင့် မြန်မာအလုပ်သမားများ လုပ်အားခများ အလေအလွင့်များနေ
သည်။ ဤအခြင်းအရာများအား မြန်မာအစိုးရအနေဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပြောဆိုသင့်
ကြောင်း MAT အဖွဲ့က ထောက်ပြပြောဆိုသည်။

Thursday 24 October 2013

“ကော့သောင်းမြို့မှာ အာစရိယပူဇေါ်ပွဲ ရံပုံငွေဘီယာပွဲတော်ကျင်းပ”





အောက်တိုဘာ ၂၅ ရက်  မောင်စိုး ကော့သောင်း
       ကော့သောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း အာစရိယပူဇေါ်ပွဲ ရံပုံငွေ အတွက်ဟု ဆိုကာ
ထိုင်းနိုင်ငံမှ ဆင်းဂါးဘီယာပွဲတော်အား အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြီးအကျယ်
ကျင်းနေကြောင်းသိရသည်။
              ယခုဘီယာသောက်ပွဲတော်အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းလာသည့် ဘီယာနှင့်
အခြားပစ္စည်းများမှာ နိုင်ငံတော်သို့ အခွန်ဝင်မည်မဟုတ်ပဲ ဘီယာသောက်ပွဲ ကျင်းပသည့် ပွဲကန်ထ
ရိုက်များအကျိုးသာဖြစ်နိုင်ဖွယ်ရှိကြောင်း ကော့သောင်းမြို့သားအချို့က ပြောဆိုကြသည်။
         ယခုပွဲသည် ကော့သောင်းမြို့တွင် ကျင်းပသည့် တတိယမြောက် ရံပုံငွေပွဲဖြစ်ပြီး ယခင်က

ဂေါက်သီးရံပုံငွေပွဲနှင့် နှစ်ကျိပ်ရှစ်ဆူ ရံပုံငွေဟူ၍လည်းကျင်းပခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။


Add caption

 

Sunday 13 October 2013

“မဟာချိုင်ပုလိပ်ကြောင့်မြန်မာအလုပ်သမားများနေ့စဉ်ငွေကုန်နေ”




အောက်တိုဘာ ၁၃  ခရမ်းသားလေး
             
         ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင်မဟာချိုင်မြို့ ဈေးကြီးအနီး တွင်ရှိသော လေးထပ် ပုလိပ်ရုံမှ 
ထိုင်း ပုလိပ်များနေ့စဉ် ဖမ်းဆီးငွေညှစ်နေ မှုကြောင့် မြန်မာအလုပ်သမားများစွာ ငွေကုန်နေကြရကြောင်း သိရှိရသည်။
          အလုပ်ပိတ်ရက်ဖြစ်သော ယနေ့ တနင်္ဂနွေနေ့တွင် ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ်(၀တ်ပါမစ်) ရှိသည့်အလုပ်သမား ၁၀၀ဦး ထက်မနည်း  ငွေညှစ် ခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့်အလုပ်သမားများ ကပြောသည်။
       ဘန်ကောက်မှ အလုပ်သမား ကိုနေမျိုး က“ ကျနော့်ဦးလေးကို မဟာချိုင်ကိုလိုက်ပို့တာ ပတ်စပို့ရော 
ဝတ်ပါ မစ်ပါ ပါတယ်။၂၀၀၀ ပေးမှလွှတ်မယ်လို့ပြောတယ်။ကျနော်လိုအလုပ်သမားတွေတစ်ရာ လောက်    ရှိ တယ်။ နှစ်ထောင်ပေး၊ သုံးထောင်ပေးပြီး ထွက်သွားကြတယ်။ ညနေ ပိုင်းမှာ ၃၀ လောက်ပဲကျန်ပြီ၊ တဖွဲဖွဲလာ ရွေးနေကြတာပဲ” ဟုပြောသည်။ ဈေးအကူရောင်းသည့် မဖြူဖြူနီ ကတော့ ဘတ် ၈၀၀ ပေးခဲ့ သဖြင့် ပြန်လွတ်လာခဲ့သည်။
           မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းပုလိပ်များသည် မြန်မာအလုပ်သမားများနေထိုင် သည့် တန်းလျားများသို့  ၀င်ရောက်၍ မကြာခဏစစ်ဆေးလေ့ရှိကြရာတွင် အလုပ်သမားအတော်များများ တို့ တွင် ပတ်စပို့နှင့် ၀တ်ပါမစ်များ ရှိနေကြသူများကြသဖြင့် အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စား ကြသည့်စါရင်းများကို ချဲစာရွက်ဟု  ပြောဆိုကာ အဓမ္မ ဖမ်းဆီးငွေညှစ်ကြလေ့ရှိသည်။

           ဘန်ကောက်မြို့အခြေစိုက် ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “တနေ့က ဖမ်း ဆီးခံရသူတွေထဲမှာ အလုပ်သမား၂ယောက် ဆီကနေ ဘတ်ငွေ ၈၀၀ ရတာကို မရောင့်ရဲသေးပဲ၊ ပတ်စပို့ အပေါင်ဆိုင် တစ်ခုမှာ ပုလိပ်ဘာသာပြန်ကို  ဘတ်ငွေ ၅,၀၀၀ ချေးပြီးပေးခဲ့  ကြရတယ်။  ဒီကိစ္စ ကိုကျနော်တို့ကလူကုန်ကူးမှုတိုက် ဖျက်ရေး အထူးတပ်ဖွဲ့နဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးတပ်ဖွဲ့တို့ကို တင်ပြကြတယ်။ သူတို့က   မြန်မာ အစိုးရအဆင့်ကနေပြီးတော့ ထိုင်းဗဟိုရဲတပ်ဖွဲ့ ကိုတိုင် ကြားဖို့လိုတယ်လို့အကြံပြုတာကြောင့် ကျနော်တို့က   မြန်မာသံရုံး ကိုရော နေပြည်တော် ရဲတပ်ဖွဲ့က တာဝန်ရှိသူတို့ ထံကိုပါ တင်ပြ ထားတယ်”ဟုပြောသည်။
       ၂၀၀၄/၂၀၀၅ ခုနှစ် ထက်ဆင်အစိုးရလက်ထက်က မြန်မာ  အလုပ်သမားများ ပန်းရောင်ကဒ် လုပ်ခဲ့စဉ်က တစ်နှစ်စာ ကျမ္မာရေးစောင့်ရှောက်ခ အပါအ၀င် စုစုပေါင်း အစိုးရနုန်းထား ဘတ်ငွေ  ၃,၈၀၀  သာ ကုန်ကျခဲ့သည်။ အပြင်သူဌေးအငှါးဖြင့် လုပ်ကိုင်မှ ဘတ်ငွေ ၅,၀၀၀ ထက်ပို၍ မကုန်ကျခဲ့ကြပေ။           ထိုင်းအစိုးရသည် သန်းချီရှိသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ အကျိုးအမြတ်များကို မြင်သဖြင့် ၂၀၀၉   နှစ်ကတည်းက  မြန်မာအစိုးရနှင့်ညှိနှိုင်းကာ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေကြ သည့် မြန်မာအလုပ် သမားများ အတွက်  ထိုင်းအလုပ်သမားများနည်းတူ အခွင့်အရေးရရှိစေရန်ဟူ၍ ပျား ရည်ဖြင့် ၀မ်းချ၍ ယာယီပတ်စပို့ကို ထုတ်လုပ်ရောင်းချခဲ့ခြင်း   ဖြစ်သည်။ ထိုပတ်စပို့လုပ်ကိုင်ခြင်းဖြင့်ထိုင်းနှင့်မြန်မာအစိုးရ   တို့ တစ်စုံတစ်ခု အတိုင်းအတာအထိ အကျိုးရှိခဲ့ကြသော်လည်း   မြန်မာအလုပ်သမား များမှာ ပတ်စပို့စာအုပ်နှင့် ၀တ်ပါမစ်အတွက် ဘတ်ငွေ တစ်သောင်းငါးထောင်ထက် မနည်းကုန်ကျကြသည်။ သို့ရာတွင် မည်သို့သော အာမခံချက်မှမရှိပဲ ထိုင်းပုလိပ်များ အနိုင်ကျင့် ဗိုလ်ကျ သမျှ နေ့စဉ်ခံစားနေကြရသည်။

          မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့သည် တရားဝင်အလုပ် သမားများအတွက် လုံလောက်သည့် ကာကွယ်စောင့်ရှောက် မှုနှင့် ပြဿနာများအား ထိရောက်စွာရှင်းလင်းပေး မှုမျိုးမရှိကြ သော်လည်း၊ မကြာမီပြန်လည် ဖွင့်လှစ်မည့် ပတ်စပို့လုပ်ငန်း ရာသီအတွင်း မြန်မာအစိုးရက ယာယီပတ်စပို့ အစား   နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြန်သည်။
           မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း ပတ်စပို့ မရှိလျှင် အလုပ်လုပ်ကိုင်နေထိုင်ခွင့်မရှိ   ခြင်းကြောင့်သာ လုပ်ကြရသော်လည်း ပတ်စပို့ ကိုင်ထားသော်လည်း ထိုင်းပုလိပ်ကို ကြောက်မြဲတိုင်း   ကြောက်နေရပြီး ပေးမြဲ တိုင်းပေးနေ ရဦးမည် သာဖြစ်ကြောင်း ပြောဆိုနေကြသည်။
       
        MAT အဖွဲ့၏ ရုံးတာဝန်ခံ ကိုစိုင်းအေး က“ ဘန်ကောက်သံရုံးမှာ သံမှူး ဦးနိုင်ထွန်း  ရှိတုန်း က တော့ အလုပ်သမားတွေအတွက် အတော်ပဲ အကာအကွယ်ရပါတယ်။ ပတ်စပို့ရှိတဲ့ အလုပ် သမားတွေ ပုလိပ်ဖမ်းခံရလို့ရှိရင် သူကိုယ်တိုင် အဲဒီရဲစခန်းကို ထိုင်းစကားနဲ့ ဖုန်းဆက် ပြီးပြောပေး တယ်။ ပြောမရရင် လူကိုယ်တိုင် လိုက်ပြောပေး တယ်။ ဘန်ကောက်သံရုံးမှာ ထိုင်းစကားတတ် တဲ့ မြန်မာအရာရှိတွေ လိုအပ် သလို ဦးနိုင်ထွန်း လို အလုပ်သမားတွေအပေါ်မှာ စေတနာထားတဲ့ အရာရှိတွေ များများရှိမှ ထိုင်းရောက် အလုပ်သမားတွေ သက်သာမယ်။ မဟုတ်ရင်တော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ့် ထိုင်းပုလိပ်တွေက  ဂရုစိုက်မှာမဟုတ် ဘူး” ဟု  သူ၏  အတွေ့အကြုံများကို ပြောဆိုသွားသည်။