Saturday 30 November 2013

“ထိုင်းတောင်ပိုင်း တရံမြို့တွင် မြန်မာအလုပ်မား၅၅ဦးအားဖမ်းဆီး”




ဒီဇင်ဘာ ၁ ရက်  (ကိုတီး)

     ဘန်ကောက်မြို့အရှေ့  ဘက်ကီလိုမီတာ ၃၁၅ အကွာတွင်ရှိသော တရာရ်မြို့တွင် မြို့ခံများ၏ တိုင်ကြားမှုကြောင့် နယ်မြေရဲ ၂၀ ဦးတို့ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် မြန်မာအမျိုးသား ၄၄ဦးနှင့်အမျိုးသမီး ၁၁ ဦးတို့အားဖမ်းဆီးလိုက်ကြောင်း ထိုင်းရတ် သတင်းစာတွင်ဖေါ်ပြထားသည်။
                  နိုင်ငံခြားခရီးသွားများအရောက်အပေါက်များသည့်မြို့ဖြစ်သဖြင့် ဧည်သည်များ ၀င်ရောက်
မှုစနစ်တကျဖြစ်စေရန်ဟု တာဝန်ရှိ ရဲအရာရှိကပြောသည်။ ပန်ရံအလုပ်များနှင့် စားသောက်ဆိုင်များတွင်
အလုပ်လုပ်နေကြသည့် မြန်မာများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအား တရားမ၀င် ၀င်ရောက်လာမှုဖြင့် ထောင်ချပြီး နယ်စပ်ကို ပြန်ပို့မည်ဟု သတင်းစာတွင် ရေးသားထားသည်။

“လှေမှောက်၍သေဆုံးခဲ့သည့်မြန်မာအလုပ်သမား၅ဦးအတွက်အမှုဖွင့်”




ဒီဇင်ဘာ ၁ ရက် မြတ်ညို(အလွတ် သတင်းထောက်)
       ဘန်ကောက်မြို့ အနောက်ဘက် ကီလို ၁၂၃ ခန့် အကွာတွင်ရှိသော ဖက်ဘူလီ နယ်မြေ ဘန်လိင်း လှေဆိပ်မှ ငါးဖမ်းရန်ထွက်သွား သည့်   လှေနစ်မြုပ် သဖြင့်သေဆုံးခဲ့သည့် မြန်မာလှေ အလုပ်သမား ၅ဦးနှင့်ထိုင်းတစ်ဦး ကိစ္စအတွက် MAT အဖွဲ့တွင် အမှုဖွင့်တိုင်ကြားကြောင်းသိရသည်။

           အောက်တိုဘာ  ၆ ရက်နေ့ နံနက်၁၁ နာရီခန့်တွင် ထိုင်းပင်လယ်ပြင်ထဲတွင် လှေနစ်မြုပ်ခဲ့ သဖြင့်  ထိုင်းလူမျိုးပဲနင်းတစ်ဦးနှင့်အတူ မြန်မာလှေ အလုပ် သမား ၅ဦးတို့ သေဆုံးခဲ့ကြသည်။ လှေက စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ထွက် ခွာခဲ့ခြင်းဖြစ်သည်။


ခင်ပွန်းနှင့် သားတစ်ဦး သေဆုံးခဲ့သည့် ဒေါ်ညိုသန်း က “လှိုင်းကြီးလို့မြုပ်သွားတာလို့သိရတယ်။ သူဌေး က မြုပ်သွားတဲ့လှေကိုပြန်ဖေါ်ပြီး ငါးပြန်ဖမ်းနေပြီ၊ ကျမမှာ လင်ရောသားပါသေဆုံးခဲ့ရပါတယ်။  သေဆုံး သွား သူတွေအတွက် သူဌေးဘာတစ်ခုမှ လုပ်ပေးတာမရှိပါ ဘူး” ဟုပြောသည်။

        ကွယ်လွန်သွားခဲ့ကြသည့် အလုပ်သမားများအားလုံးတို့တွင် တရားဝင် ပတ်စပို့လုပ်များရှိကြသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး က “ သေမှုသေခင်းဆိုတော့ မြန်မာသံရုံးကိုလည်းတင်ပြရမယ်။ ကျနော်တို့ရုံးမှာ ရှိတဲ့ FED ကရှေ့နေကြီးေ တွနဲ့ လည်းတိုင်ပင်မယ်။ လုပ်ငန်းခွင်အတွင်းမှာ သေဆုံးသွားခဲ့ခြင်းဖြစ်တာကြောင့် ဒီအလုပ်သမားတွေ အသက် လျှော်ကြေးရအောင် ကျနော်တို့ကြိုးစားသွားပါမယ်” ဟုပြောသည်။

               ထိုင်းနိုင်ငံတွင်ကျင့်သုံးနေသော အလုပ်သမားဥပဒေအရ အမှုအခင်းတစ်ခု ခြောက်လထက် မကြာမြင့်မီ အမှုဖွင့်ရမည်ဖြစ်သလို၊ တရားရုံးမှ အဆုံးအဖြတ်ချမှတ်လိုက်သည့် ပြစ်ဒဏ်တစ်ခုခုကို  ကျေနပ်ခြင်း မရှိပဲ ပြန်လည်အယူခံဝင်မည်ဆိုပါက  တစ်လခွဲကာလအတွင်း ပြင်ဆင်ခွင့်ရှိသည်။

သေဆုံးခဲ့ကြသူများမှာ……
၁။ မောင်ကျော်ဆန်း အသက်၂၂  အဖအမည်။  ဦးနီ+ ဒေါ်သန်းရီ   ထားဝယ်မြို့နယ်  ပဲဒက် စံပြကျေးရွာ   ၂။ မောင်မင်းဇင်အဖအမည်..ဦးကျော်ရှိန် + ဒေါ်ထွေးလှ   ထားဝယ်မြို့ကျက်စာပြင်ရပ်ကွက် ၃။  မောင်ဇော်ကိုဦး  အသက် ၁၈အဖအမည် ဦးတေဇ+ ဒေါ်ကျင်သိန်း  ရေဖြူမြို့နယ်   ပုဂေါ်ဇွန်းကျေးရွာ ။၎ဦးတေဇ အသက်၃၅   အဖအမည်  ဦးသန်းထွန်း+ဒေါ်ကြူကြူ ရေဖြူမြို့နယ်   ပုဂေါ်ဇွန်းကျေးရွာ ၅။ မောင်မင်းမင်း  ကော့သောင်း   တို့ဖြစ်ကြသည်။   

Tuesday 26 November 2013

“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး”




                            
  နိုဝင်ဘာ ၂၆  မြတ်ညို(အလွတ်သတင်းထောက်

    ဘန်ကောက်မြို့ ဘန်ဘော်စံ အရပ်တွင်ရှိသော ကီလိုချိန်ခွင် များထုတ်လုပ်သည့် အလုပ်ရုံအလုပ် သမား တစ်ဦး နှလုံးရောဂါဖြင့် ဘန်မကော်ကောက် (အမှတ်၉) အင်တာနယ်ရှင်နယ် ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ရာ ယမန်နေ့ညနေပိုင်းက သဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။

                မကွေးတိုင်း ကုန်ကန်ရွာ မှ အဖ ဦးကံရှိန်+ဒေါ်မြစံပယ် တို့၏ သား အသက် ၂၃ နှစ် အရွယ် မောင်ဇော်ဝင်းရှိန် သည် လုပ်ငန်းခွင် အတွင်း  အမောဖေါက်လာသဖြင့် ဘန်ကောက်မြို့  အယ်ကချိုင်လမ်း တွင်ရှိသော ဘန်မကော်ပက်(အမှတ်၈)ဆေးရုံ သို့ ဦးစွာတင်ပို့ခဲ့ပါသည်။ ထိုဆေးရုံတွင် တစ်ရက်တစ်ညကု သပြီး၍ အမှတ်(၉) ဆေးရုံကြီးသို့ထပ် မံပြောင်းရွှေ့ ကုသစဉ် ကွယ်လွန် သွားခဲ့ခြင်း   ဖြစ်သည်။ အဆင့်မြင့်ဆေးဝါးကုသခံယူရမှု အပါအ၀င် သဂြိုဟ်စရိတ်ပါ ဘတ်ငွေ လေးသောင်း ထက် မနည်း ကုန်ကျခဲ့သည်။ အလုပ်သမားများနှင့်စေတနာရှင်တချို့တို့၏ အရပ်ရပ် အလှူငွေ ဘတ်ငွေ တစ်သောင်း ကျော်ရရှိခဲ့သည်။




       ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ တရားရုံးအမှုတွဲ ဘာသာပြန် ကိုဘခက် က“ ဒီအလုပ်ရုံက အလုပ် သမား ၈ယောက်က ကျနော်တို့ ဆီမှာ သူတို့သူဌေး ပတ်စပို့သိမ်းထား တယ်ဆိုပြီး အကူညီတောင်းထား တာဖြစ်တယ်။ ခု ကွယ်လွန်သွားတဲ့သူဟာ ဒီအ ထဲ က အပါအ၀င်ဖြစ်တယ်။ ဆေးရုံတင်ရေးကအစ သဂြိုဟ်ပြီးစီးတဲ့အထိ အစအဆုံးကူညီပေး လိုက်ရ တယ်။ ငွေတွေလည်း ကျနော်တို့ပဲ စိုက်ထားရ တယ်။ ဗမာပြည်က မိဘတွေကတော့ ကောင်းကောင်း မွန်မွန် သဂြိုဟ်ပေးပါ။ ငွေပြန်ပေးမယ် လို့ တော့ပြောပါတယ်” ဟု ပြောဆိုသည်။

           အလုပ်သမားများမှာ မိမိလုပ်အားခများဖြင့် ပတ်စပို့တစ်ခုအတွက် လုပ်ငန်းရှင် သူဌေးက အလုပ်သမားများထံမှ ပတ်စပို့အတွက်  ဘတ်ငွေ ၁၂,၀၀၀မှ ၁၈,၀၀၀  ဖြတ်တောက်၍ လုပ်ကိုင် ထားကြရသော်လည်း ပတ်စပို့ ကိုင်ဆောင်ခွင့်မရ၍ MATအဖွဲ့သို့ အကူညီ တောင်းခံထားခြင်းဖြစ်သည်။   သေဆုံးသွားသည့်အလုပ်သမားသည် မိမိပတ်စပို့ ကို ကိုယ်ဆောင်ခွင့်ရချင် သည့်စိတ်ဆန္ဒပြင်ပြစွာရှိ ခဲ့သော် လည်း ကိုင်ဆောင်ခွင့် မရရှိသွားသဖြင့် အထူးစိတ်မကောင်းဖြစ်ရကြောင်း ကိုဘခက် က ပြော သည်။

Friday 22 November 2013

“မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ”



                              


                                                                      နိုဝင်ဘာ ၂၃  မြတ်ညို(အလွတ်သတင်းထောက်)

         မဟာချိုင် ခွန်ခုအရပ်တွင် နေထိုင်သည့် မော်တော်ဆိုင်ကယ် အပို  ပစ္စည်း ထုတ်လုပ်သည့် အလုပ်ရုံမှ အလုပ်သမားတစ်ဦး ညဘက် အချိန်ပို ဆင်း၍ အိမ်အပြန် လမ်းတွင် အမည်မသိသူများ ရိုက်နှက်သဖြင့် ယမန်နေ့ က သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

         အသက် ၂၃ နှစ်အရွယ် မွန်အမျိုးသား မင်းချမ်းမွန် ဆိုသူသည် ၂၀၁၃ ခု နိုဝင်ဘာ ၂၀ ရက်နေ့ညဥ့် ၁၁ နာရီခန့်က  အလုပ်အတူတူ လုပ် သည့် ညီဖြစ်သူ  အောင်မြင့်ဦး အား မိဘများ နေအိမ်သို့ ပြန်လည် ပို့ဆောင် ခဲ့ပြီး ပြန်သွားခဲ့စဉ် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။


           ဖခင်ဖြစ်သူ ဦးငွေဌေး က“၁၁ နာရီ  မိနစ် ၅၀  လောက်မှာ ဆေးရုံ ကဖုန်းလာပါတယ်။ သားစီးသွား တဲ့ ဆိုင်ကယ်က ကျနော်တို့နေတဲ့စွယ် ပါဟမ်းလမ်းထိပ်မှာ လဲနေတဲ့အတိုင်းပါပဲ။ ဦးခေါင်း၊လည်ပင်းနဲ့  မျက်နှာ   ရောင်ကိုင်းပြီး သတိလုံးဝမရခဲ့ဘူး။ စီဝိချိုင်၅ ဆေးရုံ မှာပဲ မနေ့က ဆုံးသွားပါတယ်” ဟုပြောသည်။

            မင်းချမ်းမွန် တွင် ရန်ငြိုးရန်စမရှိသူဖြစ်ကြောင်း၊ ဇနီး သည်မှာ အဘွားဖြစ်သူ ကွယ်လွန်ခါနီးသဖြင့် ခေတ္တ မြန်မာပြည်ကို အလည်   ပြန်သွားကြောင်း၊ ကလေးမရှိကြောင်း၊ မူယစ်ဆေးဝါးသုံးစွဲသည့် ထိုင်း ဆိုးသွမ်းလူငယ်(လမ်းသရဲ)များ အုပ်စုလိုက် အကြောင်းမဲ့ သတ်သွားခြင်းဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူ က ယူဆပြောဆိုသည်။
         ကိုမင်းချမ်းမွန် ၏ ကြွင်းကျန် ရုပ်ကလပ်အား ယနေ့ ညနေပိုင်းတွင် မဟာချိုင် မြို့အစွန် ၀ပ်စလီမွန်ဘုန်းတော်ကြီး ကျောင်းတွင် သင်းဂြိုဟ် မည်ဖြစ်သည်။