Saturday 31 August 2013

“ချောင်းစမေးစံ ဝေတာဇင် တံတားမှ ရောင်းစားခံမြန်မာ၎ ဦးအားကယ်တင်”


သြဂုတ်လ ၃၁  မြတ်ညို (အလွတ်သတင်းထောက်)
  ဘန်ကောက်မြို့တောင်ဘက်ကီလိုမီတာ၈၀ ကျော် အကွာတွင်ရှိသောခြုဘူရီခရိုင် ချောင်း စမေးစံ ငါဖမ်းလှေဆိပ်၊ ဝေတာဇင်တံတား၊ ငါးဖမ်းလှေ အမှတ်(၅) ပေါ်တွင် ရောင်းစားခံနေရသည့် မြန်မာအလုပ်သမား ၄ဦးတို့အား ယမန်နေ့က ထိုင်းနိုင်ငံေ ရာက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ပူးပေါင်း အဖွဲ့တို့က ကယ်တင်နိုင်လိုက်ကြောင်း  သိရှိရသည်။
MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က“ကျနော်တို့  က  အချောင်စမေးစံ ရွာသူကြီးနဲ့ 
သဘောတူထားတာတစ်ခုရှိတယ်။  လူနာမည်၊ လှေနာမည် နဲ့ အချက်အလက်အပြည့်အစုံကိုပြောနိုင်ရင်
လွှတ်ပေးဖို့ပါ။ ခုလည်း ကျနော် ဖုန်းဆက်လိုက်လို့ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်” ဟုပြောသည်။
  သိန်းထိုက်အောင်၊ ဇေါ်ဝင်းထွန်းနှင့် ဇေါ်ဝမ်းမောင် တို့သုံးဦးမှာ အသက်  ၁၆ နှစ်ကျော်အရွယ်များဖြစ်ကြ
ပြီး ကိုရွှေတိုး မှာ  အသက်  ၃၄နှစ်အရွယ် ဖြစ်ကြသည်။ ထိုသူတို့သည် ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ်
စနစ်ကုန်မြို့ ကြိုးထားကုန်းရွာသားများဖြစ်ကြသည်။ ၎င်းတို့အား မြ၀တီမှ ကုလားပွဲစား တစ်ဦးက ဘတ်ငွေ ၁၅,၀၀၀ ဖြင့် ငါးဖမ်းလှေပေါ်သို့ ရောင်းလိုက်ကြောင်း အစ်ကိုဖြစ်သူ ကိုနိုင်ဝင်းကပြောသည်။   

“မဟာချိုင်မှစုပေါင်း ကုသိုလ်ရှင်များ ဒုတိယအကြိမ် မြ၀တီ သို့ သွားရောက်လှူဒါန်း”



သြဂုတ်လ ၃၁   မြတ်ညို (အလတ်သတင်းထောက်)
             မဟာချိုင် ကထုန်ဘန်ရပ်ကွက်မှ ဝေါပေါအော ၁၁လမ်းမှ ဝေနတင်းအထည်းချုပ်စက်ရုံ မိသားစု (၅၅ဦး) နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ တို့ သည် သြဂုတ်လ ၂၅ ရက် နေ့က ကျပ်ငွေ ၃၅သိန်းကျော် တန်ဘိုးရှိသောအစားအစာများ၊စာရေးကိရိယာများအား မြ၀တီ   ရေဘေးဒုက္ခ သည် များထံသို့ သွားရောက်လှူဒါန်းကြကြောင်း သိရှိရသည်။
        မြ၀တီမြို့ ဘုန်းတော်ကြီးပညာသင်ကျောင်း MONASTIC  EDUCAION SCHOOL   တွင်  ပညာသင်ကြားနေကြ သော  ပထမတန်း၊ ဒုတိယတန်းနှင့်တတိယတန်းတို့မှ ကျောင်း သား/သူ ၃၅၀ ဦး အတွက် စာရေးကိရိယာများအားလည်းကောင်း၊  အသက်  ၆၀ လူကြီး ၁၀၉ ဦး အတွက် ကျပ်ငွေ ၅၀၀၀ စီ ပေးအပ်လှူဒါန်းကြသည်။
              အိမ်လုံးဝပျက်စီးသွား၍ နေစရာမရှိသည့် အိမ်ထောင်စု ၁၀ ခုနှင့်၊ ရေပူကျေးရွာအုပ်စုမှ လူဦးရေ ၃၀၀နှင့်၊  ကရင်စုကျေးရွာ မှ ၆၇ ဦးတို့အား ဆန်၂ပြည် နှင့် ခေါက်ဆွဲခြောက် တစ်ဖါစီ တို့အား   ပေးလှူကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအသုံးအဆောင် အ၀တ်အထည်များ၊ အမျိုးသမီးအသုံး အဆောင်များ အလှူပစ္စည်း နှင့် ငွေအလှူများ စုစုပေါင်း ကျပ်ငွေ ၃၅သိန်းကျော်တို့အား  ပေးလှူဒါန်း ခဲ့ကြကြောင်းသိရသည်။
မဟာချိုင်MATတာဝန်ခံ  ကိုခိုင်ကြီးက “ မြ၀တီရေးဘေးကူညီမှူမြန်မာအစိုးရ အရမ်းအားနည်းနေတယ်။   တကယ်အိုးအိမ်မဲ့ နေရာတွေ  စားစရာမရှိနေစရာမရှိတဲ့ မိသားစုတွေကိုသွားရောက်ကူညီ တာတွေ မရှိဘူး။ မြ၀တီဒေသခံတွေက  အချို့မိသားစုတွေမှာ ကလေးတွေပျောက်ဆုံးသွားတာရှိတယ်၊ အာဏာပိုင်တွေကဂရုစိုက်ပြီး စုံစမ်းတာ ကူညီထောက်ပံ့တာ မရှိဘူးလို့ ပြောကြတယ်” ဟုပြောသည်။

Thursday 29 August 2013

“လူကုန်ကူးမှုတိုက်ဖျက်သူများအား ဒေသခံရဲနှင့်လုပ်ငန်းရှင်များလှဲ့စား”


သြဂုတ်လ ၂၉ ရက်    ကိုတီး
  ထိုင်းနိုင်ငံတောင်ပိုင်းဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ကျော်အကွာအဝေးတွင်ရှိသော
မလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေဆိပ်တွင် အခန်းပိတ်လှောင်ထားသည့် မြန်မာအလုပ်သမား ၅ဦးအားလူကုန်ကူးမှုပူးပေါင်းအဖွဲ့တို့က ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။
 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ အမာခံသတင်းပေး တစ်ဦးက ငါးဖမ်းလှေငါးစီး ဆိုက်ကပ်နေကြောင်းမြန်မာအလုပ်သမား ၈၀ဦးခန့်ရှိကြောင်း ပိတ်လှောင်ထားသည့် အခန်းအား ဖုန်းကယ် မရာဖြင့်ရိုက်ကူး၍ ပေးပို့ခဲ့သည်။ ထို့အပြင် အနီးဝန်းကျင်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်သတင်းပေးပို့နေ ခဲ့သည်။
           MATအဖွဲ့သြဂုတ်လ ၂၆ ရက်နေ့က ကတန်မြို့ ငါးဖမ်းလှေဆိပ်မှရရှိသည့်သတင်းအချက် အလက် များအားထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေးအဖွဲ့DSI,မြန်မာအလုပ်သမားညွန်ကြားရေးမှူး
ဦးနိုင်ထွန်း,ပြည်ထောင်စု မြန်မာနိုင်ငံတော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့နှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
        သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် MATအဖွဲ့ သည် ဒေသခံ မြန်မာသတင်းပေးနှင့် အတူ ပိတ်လှောင်ထားသည့်  အခန်းအားဓါတ်ပုံနှင့်VDO ရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက် ဦးကျော်သောင်း က  “ကျနော်တို့ရောက်သွားတဲ့အခါ လှေတွေကတော့ရှိတယ်၊ လူတွေ အကုန်လုံးကို ဖွက်ထားပြီဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ဒေသခံပုလိပ်အရာရှိကိုပြောတယ်။ ခု လက်ပူး လက်ကျပ်မိတဲ့ အလုပ်သမား ၅ယောက်ကိုလည်း ငါးဖမ်းလှေပိုင်ရှင် သူဌေးက ကျနော်တို့နဲ့  ညနေ၂နာရီမှ တွေ့ ခွင့်ပြုတယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေက အရမ်းမူးနေကြပြီ။ စရံငွေ တစ်သောင်းထုတ်ထားတယ်။ တစ်လကို ၅၅၀၀ ဘတ်နဲ့ သဘောတူ ဆက်လုပ်ပါမယ် ဆိုပြီး ဘာတံဆိပ်မှ မပါပဲ စာရွက်ကို ကျနော်တို့ ကိုပြတယ်။ အလုပ်သမားတွေ ကိုချည်ပြီးတုတ်ပြီးလုပ်လိုက်တယ်” ဟုပြောသည်။
အလုပ်သမားတစ်ဦးက မိမိတို့ အား သတ်ပစ်မည်ဟု ပြောဆိုထားသဖြင့် ကြောက်လန့်၍ လက်မှတ်ထိုးထား
ရကြောင်း၊ ဖြစ်ရပ်မှန်တို့ကို ပြောပြခဲ့သော်လည်းMAT နှင့်ပူးပေါင်းအဖွဲ့တို့မှာအလုပ်သမားများကို ခေါ်ယူနိုင်
ခဲ့ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့်သြဂုတ်လ ၁၇ ရက်နေ့က အဆိုပါ လှေအုပ်စုမှ ဖမ်းဆီးထားခဲ့သည့် အလုပ်သမား
၁၃ ဦးအနက် ၁၁ ဦးတို့အား ရဲစခန်းမှ ငါးဖမ်းလှေသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
            လက်ကျန်အလုပ်သမား ၂ဦးဖြစ်သော ကိုချစ်ဦးနှင့် ကိုခင်မောင်သိန်း တို့ နှစ်ဦးမှာ ပြန်လည်ေ ရာင်းစားခံရမည်ကိုသိသဖြင့် လိုက်ပါမသွားသဖြင့် ယခုအခါ ကတန် ရဲစခန်းအချုပ်ခန်းထဲတွင် ရှိနေဆဲ
 ဖြစ်သည်။
            ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က ကယ် တင်ထားသည့် အလုပ်သမားများအနက် ကော့   သောင်းကယ်ဆယ်ရေးစခန်းထဲတွင် ရှိနေ ဆဲ   ဖြစ်သော ကိုနိုင်ဝင်းနှင့် ကတန် အချုပ်ခန်း ထဲတွင် ယခုရှိနေဆဲဖြစ်သူ ကိုချစ်ဦး တို့သည် ဖယ်ကိုကာ ငါးဖမ်းလှေပေါ်တွင်  ၂၀၁၂ ခုနှစ် စက်တင်ဘာလ အသက် ၂၉ နှစ်အရွယ် ရန်နိုင်စိုး (ခ)သာကေတ  (ရန်ကုန်တိုင်းသာကေတ နေထိုင် သူ) အား ထိုင်းပဲ့နင်းကြီးနှင့် လက်ထောက်ပဲ့နင်းတို့က ဆေးလိပ်ခိုးသောက်သည်ဟုဆိုကာ ဘွတ်ဖိနပ်ဖြင့် မသေမချင်း ကန်ကျောက်သဖြင့် သေဆုံးခဲ့သည့် အလောင်းအား ပင်လယ်ထဲသို့ ပစ်ချခဲ့ရသူ များဖြစ် ကြသည်။ ထိုအခြင်းအရာကို MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က စခန်းမှူးအား တင်ပြရာ လူကုန် ကူးမှုအတွက် မလိုလားတော့ကြောင်း စခန်းမှူးက ပြန်လည်ပြောဆိုခဲ့ကြောင်းသိရသည်။

Saturday 24 August 2013

“ကတန်မြို့ငါးဖမ်းလှေဆိပ်က မြန်မာ ၁၃ ဦးအား ပူးပေါင်အဖွဲ့များ ကယ်ထုတ်ပြန်ပြီ”

       
သြဂုတ်လ ၂၄ ရက်.....မင်းဘခက်

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ၊ မလေးရှားနယ်စပ်တွင်ရှိသော တရန်ခရိုင်၊ ကတန်မြို့၊ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ် တွင် ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၁၃ ဦးအား လူကုန်ကူးမှု ပူးပေါင်းဆောင်ရွက်သူ များ က ကယ်တင်နိုင်လိုက်ကြောင်းသိရသည်။
                  သြဂုတ်လ ၁၈ ရက်နေ့က  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ငါးဖမ်းလှေ ဆိုက်ကပ်သည့် သတင်းအားအတိအကျ သိရှိထားပြီဖြစ်သဖြင့် အမာခံသတင်းပေး တစ်ဦးအား ဆိုက်ကပ် လာသည့် ၀န်နစ် ငါးဖမ်းလှေမှ အလုပ်သမား၂ဦးအား ဖုန်းဖြင့် ပြောဆို၍ အချက်အလက်များစုဆောင်းရန်
 ပြင်ဆင်ခဲ့သည်။ ထိုစဉ် ကတန်ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
 အမာခံသတင်းပေးမှာ ပတ်စပို့ရှိသဖြင့်လွတ်မြောက်ခဲ့သော်လည်း ငါးဖမ်းလှေပေါ်တွင် ၁နှစ်ကြာ အလုပ် လုပ်ကိုင်ခဲ့ရပြီးလုပ်အားခတပြားမှမရသေးသူရန်ကုန်မြို့ မြောက်ဥက္ကလာပမှကိုချစ်ဦးနှင့်ငါးဖမ်းလှေ ပေါ်တွင် ၆လကြာအလုပ်လုပ်ခဲ့ရသူကိုခင်မောင်သိန်းတို့အားMATအဖွဲ့ ဒါရိုက်တာကစကားအနည်းငယ်သာ ပြောခွင့် ရလိုက်ပြီး တောမော(လ၀က)အချုပ်ခန်းသို့ ပို့ဆောင်မည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။
              MAT အဖွဲ့သည် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့ DSI သို့ အချက်အလက် အပြည်အစုံ ကိုတင်ပြခဲ့သည်။ ထို့နောက် အခြေအနေအရပ်ရပ်တို့အား ကုလသမဂ္ဂ လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP,မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေအဖွဲ့,မြန်မာသံရုံးမှ အလုပ်သမား ညွန်ကြားရေးမှူး,ထိုင်းနိုင်ငံ တောင်ပိုင်းဖန်င အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့နှင့် ညှိနှိုင်းခဲ့သည်။
   စဉ်ဆက်မပြတ် သတင်းအချက်အလက် တည်ဆောက်နေနိုင်မှုတို့ကြောင့်  သြဂုတ်လ ၂၁ ရက်နေ့တွင် DSI နှင့်  ဒေသခံရဲများက MAT အဖွဲ့ ကတင်ပြထားသည့် ရောင်းစားခံ မြန်မာ ၁၁ ဦးတို့ကို အောင်မြင်စွာ ကယ်ထုတ် နိုင်ခဲ့သည်။
             MATအဖွဲ့ဒါရိုက်တာဦးကျော်သောင်းက“လူကုန်ကူးမှုကဒေသခံအာဏာ ပိုင်တွေနဲ့ တနည်း မဟုတ်တနည်းပတ်သက်နေတယ်လို့ ကျနော်ယူဆတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ဒီအလုပ်သမား  ၁၁ ယောက်ကို ခေါ်လာခဲ့တဲ့အခါ အယင်နေ့ က ပုလိပ်ဖမ်းထားတဲ့  ကိုချစ်ဦးနဲ့ ကိုခင်မောင်သိန်း တို့ ရဲစခန်းမှာမရှိတော့ဘူး။ အမျိုးသမီးတစ်ယောက်လာရွေးသွားတယ်ပြောတယ်။ ဒီနှစ်အနက်က ကိုချစ်ဦး ဆိုရင် အယင် ကျနော်တို့ ဖမ်းဆီးထားတဲ့ လူကုန်ကူးမှုဂိုဏ်းကြီးနဲ့ ပါတ်သက်တဲ့ လူသတ်မှုတွေကို မျက်
 မြင်သက်သေဖြစ်နေတယ်။ အထူးသဖြင့် ထိုင်းပဲ့နင်း နှစ်ယောက်၊ ရန်ကုန်က လူငယ်တစ်ယောက် ကို   ဆေးလိပ်ခိုးသောက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မသေမချင်း ဘွတ်ဖိနပ်နဲ့ ကန်ကျောက် သတ်ပစ် တာကိုမျက်မြင်ဖြစ်သလို အဲဒီအလောင်းကို ရေထဲသို့ ကိုယ်တိုင် ပစ်ချခဲ့ရသူ လည်းဖြစ်တယ်။   ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးဖို့အတွက် DSI ကို ကျနော်တို့တောင်းဆိုထားတယ်”ဟုပြောသည်။
     DSI,MAT နှင့်ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်အတွင်း ကတန်လှေဆိပ်၌ အကြီးဆုံး လူကုန်ကူးမှု ဂိုဏ်းကြီး အပါအ၀င် လူကုန်ကူးမှုနှိမ်နင်းခြင်း စုစုပေါင်း၈ကြိမ်အတွင်း ရောင်းစားခံထားရသည့် မြန်မာ အလုပ်သမား ပေါင်း  ၅၉ ဦးတို့အားကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ လူသတ်မှု၊ အဓမ္မပြုကျင့်မှုများ နှင့်အထူး နာမည်ကြီးနေသော မြန်မာလူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင်အား သေနတ်ဖြင့် အရှင်ပစ်ခတ်ဖမ်းဆီးနိုင် ခဲ့သကဲ့သို့ ဂိုဏ်းသား၆ဦးတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
             လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းခြင်းလုပ်ငန်းနှောက်နှေးကြန့်ကြာနေရခြင်းများမှာ လူကုန်ကူးမှု တို့ သည် ဒေသခံအာဏာပိုင်များဖြင့်တနည်းမဟုတ်တနည်းဆက်စပ်မှုရှိနေခြင်း၊ လူကုန်ကူးမှုကို ဒေသခံအာ
ဏာပိုင်များနှင့်အတူတကွဖမ်းဆီးနှိမ်နင်းရခြင်း၊ လူကုန်ကူးခံနေရသူများကို ခိုင်းစေနေကြသူများမှာ ဒေသခံ လုပ်ငန်းရှင်ကြီးများ နှင့်သြဇာကြီးသူများဖြစ်နေခြင်း၊လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းသူများအနေဖြင့်အသက် အန္တရာယ် အလွန်နီးစပ်ခြင်း၊ MAT အဖွဲ့တွင် တရားဝင်အကာပစ္စည်းများသုံးစွဲခွင့်မရရှိခြင်းများအပြင်လူကုန် ကူးမှု မြောက်စေရန် ထိုင်းဥပဒေအရ သတ်မှတ်ချက်များမှာ အားနည်းနေခြင်းနှင့် ခိုင်လုံသည့်အချက် အလက် အထောက်အထားများရရှိရန် အချိန်ပေါင်းများစွာ ပေးရခြင်းများဖြစ်ကြောင်း MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကပြောသည်။
            အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေဆဲမြန်မာနိုင်ငံမှရာပေါင်းများစွာသော မြန်မာအလုပ်သမား
များမှာ ထိုင်းမြန်မာနယ်စပ် ဂိတ်ပေါင်းစုံမှ တစ်ဆင့် လူကုန်ကူးသူများ(လူပွဲစားများ) ဖြင့် ၀င်ရောက်နေကြ ဆဲဖြစ်သည်။ ထိုမျှကြီးမားသည့်ပမာဏဖြင့်နေ့စဉ်  လူကုန်ကူးခံရသူများအား ကုလသမဂ္ဂလူကုန်ကူးမှုတိုက် ဖျက်ရေးအဖွဲ့UNIAP,ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နှင့် မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး
အဖွဲ့ တို့အနေဖြင့် ယခုလုပ်နေသည့် ပူးပေါင်းဆောင်ရွက်မှုများထက် အဆပေါင်းတစ်ရာ(လူအင်အား+ငွေ
အင်အား)အပြည့်ဖြင့် အချိန်ပြည့်ကြိုးပမ်းလုပ်ဆောင်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး အောင်မြင်နိုင်မည်ဖြစ်
 ကြောင်း MAT အဖွဲ့က သုံးသပ်ပြောဆိုသည်။

Thursday 22 August 2013

“မဟာချိုင်က အလုပ်သမားကလေးငယ်၆၂ဦးတို့အား ထိုင်းပြည်ဝင်ခွင့်ဗီဇာတုံးထုမပေး”

              သြဂုတ်လ ၂၂ မြတ်ညို (အလွတ်သတင်းထောက်)
          မဟာချိုင်ဝတ်စီမွန်စာသင်ကျောင်းမှ   မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ သားသ မီး  ၆၂ ဦး အား မဟာချိုင်ပတ်စပို့ ထုတ်ပေးရေး ရုံးမှ မြန်မာဝန်ထမ်းများက ပတ်စပို့ ထုတ်ပေး ခဲ့သော်လည်း ထိုင်းဘက်အခြမ်းမှ ပြည် ၀င်ခွင့်ဗီဇာ တုံး ထုမပေးသဖြင့် အခက်ကြုံနေ ရကြောင်း ကလေး မိဘတစ်ဦးက ပြောသည်။
အလုပ်သမားမိဘ တစ်ဦးက “မြန်မာအရာရှိ ၂ဦးဖုန်းဆက်ကြတယ်၊ ကလေးပတ်စပို့တစ်အုပ်ကို ၁၇၅ ဘတ်နဲ့ လုပ်ပေးရမယ်တဲ့၊ ကလေးတိုင်းကို ၄၀၀ နဲ့လုပ်ပေးနေတာပဲတဲ့။ နောက်တစ်ယောက်က ပြန်ပြောတယ်၊သတင်း တွေမှာတက်လာရင် ခက်ကုန် မယ်လုပ်ပေးလိုက်တဲ့။ ဒီလိုပြောနေကြတာ ကျနော် အပေါ့သွားနေတုန်း ကြားလာ တယ်။ ဘာပြောပြော ကျနော်တို့ကျောင်းက ကလေးတွေကိုတော့ အစိုးရဈေးနဲ့ မြန်မာဘက်က လုပ်ပေး လိုက်ပါတယ်။ ထိုင်းဘက်ကတော့ ဗီဇာတုံးထုမပေးလိုက်ဘူး” ဟုပြောသည်။
         သာမန်အလုပ်သမားများ ကလေး ပတ်စပို့သွားလုပ်ပါက ပတ်စပို့တစ်အုပ်လျှင် ၄၁၀၀ ဘတ်မှ ဘတ်ငွေ ၇၀၀၀ အထိကုန်ကျကြောင်း ကလေးပတ်စပို့လုပ်ဖူးသည့် မဟာချိုင် အလုပ်သမားတစ်ဦး ကပြောသည်။
ထိုင်းနိုင်ငံအတွင်း  ပတ်စပို့ဈေးနုန်းအထူးကြီးမြင့်နေသဖြင့် မြန်မာအလုပ်သမားများမိသားစုတို့မှာ အကြွေး
တင်နေကြကြောင်းသိရှိရသည်။ ပတ်စပို့ရှိလျှက် ထိုင်းပုလိပ်ဖမ်းဆီးငွေညှစ်ခြင်းကိုမူ ထိုင်းနှင့် မြန်မာအစိုးရ
တို့က မသိချင်ယောင်ဆောင်နေကြဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး ကပြောသည်။



Tuesday 13 August 2013

“မြ၀တီရေဘေးဒုက္ခသည်များထံသို့စုပေါင်းအဖွဲ့သွားရောက်လှူဒါန်း”



                       
သြဂုတ်လ ၁၄   မြတ်ညို(အလွတ်သတင်းထောက်)
             ထိုင်းမြန်မာနယ်စပ်၊ မြ၀တီမြို့မှရေဘေး သင့် မြန်မာများအား  စုပေါင်းစေတနာရှင်တို့က ကျပ်ငွေ သိန်း၄၀   ကျော်ဖိုးသွားရောက် လှူဒါန်း ခဲ့ကြောင်းသိရှိရ သည်။

      မြ၀တီမြို့မှ၂မိုင်ခန့်အကွာကရင်စု၊ ရေပူရွာနှင့် မြို့ပေါ်ရပ်ကွက် ကျောက်ဖျာ နှင့် ကြခတ်တော ရပ်ကွက် မှ ရေဘေးသင့်ပြည်သူများအား ဘန်ကောက် မြန်မာသံရုံးမှအလုပ်သမားညွန်ကြား   ရေးမှူး ဦးနိုင်ထွန်း၊ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT, မဟာချိုင်မြို့ ကထုန်ဘန် ရပ်ကွက် ဝေါပေါအော ၁၁လမ်း မှ ၉၆၉ စေတနာရှင်များ အဖွဲ့ တို့ပူးပေါင်း လှူဒါန်းခဲ့ ကြခြင်းဖြစ်သည်။
            စုပေါင်း အလှူရှင်အဖွဲ့များသည် ဆန်၊ ခေါက်ဆွဲခြောက်၊ နို့ဗူး၊ ဖျာနှင့် စောင်များ အရပ်ရပ်တန်ဘိုး ကျပ်ငွေ သိန်းနှစ်ဆယ်ဖိုးနှင့် အသက်၅၀ကျော်မှ ၈၀ ကျော်အသက်အရွယ် လူကြီးများအား တစ်ဦးလျှင် ကျပ်ငွေ ငါးထောင် စီ ပေးလှူခဲ့ကြသည်။ ငွေသားကျပ်သိန်း ၂၀လှူဒါန်း ခဲ့ကြသဖြင့် အရပ်ရပ် အလှူပေါင်း ကျပ်ငွေ သိန်းလေးဆယ်ဖိုးရှိကြောင်း  ၉၆၉ စေတနာရှင်များ အဖွဲ့ ခေါင်းဆောင် ဒေါ်မေ၀င်း က ပြောသည်။
“ကြခတ်တောဘုန်းကြီးကျောင်းမှာ အသားတွေ ၀ါပြီးနေထိုင်မကောင်းတဲ့ ကလေးတွေကိုဆေးဝါးတွေ ကုသပေးဖို့လိုအပ်နေပါတယ်၊ အိမ်တွေပျက်စီး သွားတဲ့သူတွေအများကြီးပဲ။ ကျမတို့လည်း ပျက်စီးနေသမျှ၊ လိုအပ် နေသမျှ မလှူနိုင်တဲ့အတွက် စိတ်မကောင်းဘူး၊ မြို့ပေါ်ရပ်ကွက်တွေမှာတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ နဲနဲစီ တန်းစီဝေပေး တယ်ပြောတယ်၊ ခု ကျမတို့သွားတဲ့ ရွာတွေဘက်ကိုတော့ အလှူရှင်တွေ မရောက်ကြဘူး” ဟုပြောသည်။
            မြန်မာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း များအားပေးကူညီမှုနည်းပါးက  ရေဘေးသင့် ပြည် သူများ အခက်အခဲကြုံလာနိုင်ဖွယ်ရှိကြောင်း ကူညီ သူများကပြောသည်။ အလုပ်သမားများ လုပ်အား ခများထွက် သြဂုတ်လ ကုန်ပိုင်းတွင် စေတနာရှင် များထပ်မံသွားရောက်လှူဒါန်းဦး မည်ဖြစ်ကြောင်း၊ မည်သူမဆိုပူးပေါင်း  ပါဝင်လှူဒါန်းနိုင်ကြောင်း စုပေါင်း အလှူရှင်များကပြောသည်။

Friday 9 August 2013

“ပတ်စပို့ရှိသည့်မြန်မာအလုပ်သမား၂ဦးအား ထိုင်းရဲဖမ်းဆီးခံရခြင်းကိုကယ်ထုတ်”



                
သြဂုတ်  ၉   မြတ်ညို (အလွတ်သတင်းထောက်)

               ပတ်စပို့ရှိသည့် အလုပ်သမား၂ဦးအား နကပထုန်ဘုရားကြီးအနီး ကားမှတ်တိုင်တွင် ယာဉ် ထိန်းရဲ ၁ဦးကဖမ်းဆီးခြိမ်းခြောက် ခံခဲ့ရပြီး ၄နာရီ အကြာတွင် မြန်မာအလုပ်သမား ညွန်ကြားရေးမှူး
 နှင့် MATတို့ကူညီခဲ့သဖြင့်ပြန်လည်လွတ်မြောက်
 လာခဲ့ကြောင်းသိရှိရသည်။
         အလုပ်အကိုင်မရှိသဖြင့် အလုပ်ရှာပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ဘန်ကောက်မြို့ အနောက် ဘက် ကီလိုမီတာ ၆၀ခန့်အကွာတွင်ရှိသော  နကပထုန်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြကာ၊ဘုရားကြီး၏ အနောက်ဘက်မုဒ် လိုင်းကားမှတ်တိုင် တွင် ကားစီးရန်  စောင့် ဆိုင်းနေကြစဉ်နေ့လည် ၁နာရီ ခန်က ဆိုင်ကယ်စီး ယာဉ်ထိန်းရဲတစ်ဦးက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ရဲတစ်ဦးရောက်လာပြီး ပတ်စပို့ပါလား၊ အလုပ်လုပ်ခွင်ပါမစ် ပါသလားဟုမေးပြီး စာအုပ်၂အုပ်ကိုယူသွားပြီး ယာဉ်ထိန်းစခန်းသို့ လိုက်ခဲ့ရန်ပြောခဲ့သည်။
 “စာအုပ်ရှိသူတစ်ယောက်အနေနဲ့ အခြားအပြစ်လည်းမရှိတာကြောင့် ကျနော်မကြောက်ဘူး။  စာအုပ်နဲ့  လမ်းသွားလို့မရဘူးလား၊ ၀တ်ပါမစ်က အလုပ်မရှိသေးလို့ မလုပ်ရသေး တာ၊ ဆိုင်ကယ်တွေ၊ ကားတွေကို ဖမ်းတဲ့မော်တော်ပီးကေ က ကျနော်တို့ကို ဖမ်းလို့ရလားလို့ကျနော် မေးတယ်။ ကျနော်တို့ အလုပ်ရှာနေ တာလေ၊ ကျနော်က MAT ရုံးကိုလည်းသိတယ်၊ သူတို့ကူညီလို့ပေါ့၊ ဒီအဖွဲ့ နဲ့ ဆက် သွယ်ရမှန်မသိတဲ့ အလုပ်သမားတွေဆို ပိုက်ဆံပေးရမှာ၊ ကူညီသူတွေကို ကျေးဇူးတင်ပါတယ် ” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုစိုင်းအေး က “ မြန်မာသံရုံးက အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း လို ထိုင်းဘာစကား ကျွမ်းကျင်တဲ့ သူမျိုး
အလုပ်သမားကိစ္စတွကို စာနစိတ်အပြည့်နဲ့ လုပ်ပေး တဲ့ အကျိုးကျေးဇူးတွေပါ။ ကျနော်တို့က ၀ိုင်းကူပေး တာပဲ ။ ကျနော်တို့နဲ့ရင်းနှီးတဲ့ နကပထုန် လ၀က အရာရှိက ကူညီပြောပေးတယ်။       ပတ်စပို့ရှိတဲ့ မြန်မာ အလုပ်သမားတွေကို ဖမ်းလို့ မဖြစ်ဘူး၊ မဖမ်းသင့်ဘူးလို့ ထိုင်းပုလိပ်တွေကို ထိုင်းအစိုးရလူကြီးတွေက ထိထိရောက် ရောက် တားမြစ်ထားဖို့သင့်တယ်။ ကျနော်တို့ မသိတာတွေ ကျနော်တို့ ဘယ်လိုရှင်း မလဲ၊ မြန်မာအလုပ် သမားတွေ အထူးနစ်နာပါတယ်”ဟုပြောသည်။
မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း၊ နကပထုန်  တောမော(လ၀က) အရာရှိပြီးနှင့် MAT တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသဖြင့် ငွေပေးရန်မလိုပဲ ညနေ၅နာရီတွင် အလုပ်သမား၂ဦး ပြန်လည် လွတ်ြေ မာက် လာခဲ့ကြသည်။ ဤဖြစ်စဉ်မျိုးဘန်ကောက်မြို့အနီးမဟာချိုင်မြို့တွင် နေ့စဉ်ဖြစ်ပေါ်လေ့ရှိတတ်သည်။  

Monday 5 August 2013

“ထိုင်းရဲမှူးချုပ်အမည်ပါ ငါးဖမ်းလှေမှ ရခိုင်အလုပ်သမား ၃ဦးအား ကယ်တင်”



                 
 သြဂုတ် ၅      မြတ်ညို(အလွတ်သတင်းထောက်)
      ထိုင်းရဲမှူးချုပ် အမည်ကိုရေးထိုးထား သည့် ငါးဖမ်းစက်လှေတစ်စီးပေါ်တွင် ရောင်းစားခံထား ရသည့် ရခိုင်အလုပ်သမား ၃ဦးအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့ ကကယ်တင်လိုက်ကြောင်း သိရှိရသည်။

      ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၂၀၀   ကျော်အကွာတွင်ရှိသော ပကျွတ်မြို့နယ်၊ ပန်ပူလီမြို့ဖယ်ဖချလ ငါးဖမ်းလှေဆိပ် တွင်ရှိသော   လှေအမှတ် (၇)ပေါ်တွင် ၂လကြာ ရောင်းစားခံခဲ့ရသည့် ရခိုင်အလုပ်သမား ၃ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI,ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED,မြန်မာအလုပ်သမားညွန်ကြားရေးမှူးနှင့်ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့က မနေ့မွန်းလွဲပိုင်းက ကယ်တင်လိုက်ကြခြင်းဖြစ်သည်။ရခိုင်ပြည်နယ်  မြောက်ဦးမြို့၊  မော်ရွာဟောင်း အရပ်မှ ကိုမောင်မောင်စိုး က “ပတ်စပို့လုပ်ပေးမယ်၊ ပန်းရံ လုပ်ရမယ်ဆိုပြီးတော့ ကျနော်ရွာမှာ ခြံကို ကျပ်ငွေငါးသိန်းနဲ့ ရွာကပွဲစားဆီမှာစာချုပ်ချုပ်ထားခဲ့ရတယ်။ ငါးဖမ်းလှေမှာ မလုပ်ရရင်ပြီးရော့ ဆိုပြီး ကတိ လုပ်ခဲ့ကြတာ။ ဒီရောက်တော့ ဘတ် ၁၈၀၀၀ လုပ်ဆပ်ရအုံးမယ်ပြောတယ်။ ပတ်စပို့လည်း လုပ်မပေးဘူး။ ပင်လယ်ထဲကို ပြုတ်ကျလို့ ကျနော် ၂နာရီလောက် ရေကူးနေခဲ့ရတယ်။ အခြားငါးဖမ်းလှေက ဆယ်ယူ လာလို့ အသက်မသေတာ”ဟုပြောသည်။
                ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာမှ  အသက် ၁၉ နှစ် ၂၀ အရွယ် ညီအစ်ကို
၂ဦးတို့မှာ မြ၀တီမှ ရခိုင်ပွဲစား ၂ဦးတို့ထံတွင် ကျပ်ငွေ ခုနစ်သိန်းငါးသောင်း ပေးခဲ့ရပြီး ပတ်စပို့လုပ်ပေး မည်ဟု ဆိုကာငါးဖမ်းလှေပေါ်သို့ ရောင်းစားခံခဲ့ရကြောင်း ပြောသည်။
         MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေး ဒုတာဝန်ခံ ကိုမျိုးထွေး က“ ရေပုလိပ်(မရိမ်း ပုလိပ်အဖွဲ့ အစည်း   ဝေးခမ်းမမှာ အချက်အလက်တွေကိုမေးမြန်း စုံစမ်း ပြီးတော့ ဌာနပေါင်းစုံ အဖြေရှာကြတဲ့အခါ  ဒေသခံ ထိုင်းအာဏာ ပိုင်တွေဟာ မြန်မာပွဲစားတွေကြောင့်ဖြစ်ရတာ ဆိုပြီး ထိုင်းလုပ်ငန်းရှင်တွေနဲ့ မဆိုင်သယောင် ဆွဲထုတ်ချင်ကြတယ်။ ကျနော်တို့ကတော့ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် တောင်းဆိုတယ်၊ တနင်္ဂနွေနေ့ နားရက်ပင် ဖြစ်နေပေမယ့် ဒေသခံ ရေပုလိပ်တွေ၊ လူကုန်ကူးမှုအဖွဲ့တွေကို ကူညီပေးဖို့ စီစဉ်ပေးတဲ့ DSI က အရာရှိကြီး  ခူဝစ် ကို ကျနော်တို့ MAT အဖွဲ့အနေနဲ့ အလွန်ကျေးဇူးတင်ပါတယ်” ဟုပြောသည်။အဆိုပါ ငါးဖမ်းလှေပေါ်တွင် ပဲ့နင်းနှင့် ပိုက်ဆရာ မှာ မွန်တိုင်းရင်းသားများဖြစ်ကြပြီး မွန်အလုပ်သမား ၁၆ ဦးစလုံးတို့မှာ ပတ်စပို့ကိုယ်စီရှိကြသည်။
ကယ်တင်လာခဲ့ကြသည့် ရခိုင်အလုပ်သမား ၃ဦးတို့အား လူကုန်ကူးခံရသူများကို ကျွေးမွေးစောင့်ရှောက် ထားသည့် ဂေဟာတွင် ခေတ္တထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းခြင်းများပြီးစီးပါက နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့များပြောပြချက်အရ သိရှိရသည်။

Saturday 3 August 2013

“လူသတ် မုဒိန်းကျင့် လူကုန်ကူးသည့် မြန်မာဂိုဏ်းအားဖမ်းမိပြီ”



           
သြဂုတ် ၃ ရက်       ခရမ်းသားလေး
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာ မလေးနယ်စပ်အနီး တရန်မြို့နယ်၊ ကတန်မြို့ငါးဖမ်းလှေဆိပ်တွင် ရာပေါင်းများစွာသော မြန်မာများအား ငါးဖမ်းလှေများတွင်ရောင်း စားထားပြီး၊ လူသတ်မှု၊ မုဒိန်းမှုများကိုကျူးလွန်နေသည့် မြန်မာလူ ကုန်ကူးဂိုဏ်းကြီး တစ်ခုအား ပူးပေါင်းအဖွဲ့များကလက်ရဖမ်းဆီးနိုင် ခဲ့ကြောင်း သိရှိရသည်။
            အသက် ၄၃ နှစ်အရွယ် ကိုမျိုး ဆိုသည့် ဂိုဏ်းခေါင်းဆောင် အား ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်မြို့ပြင် ရာဘာခြံတစ်ခု၌ ရှောင် တိမ်းနေစဉ်၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက် လှမ်းရေးအဖွဲ့ DSI,AHTD,မရိန်း ပုလိပ်တပ်ဖွဲ့၊ ဟိုင်းဝေး ပုလိပ် တပ်ဖွဲ့၊ နိုင်ငံခြားသားလုံခြုံရေးပုလိပ်တပ်ဖွဲ့၊ စူရတ်မြို့ရဲတပ်ဖွဲ့နှင့်   ဒေသခံထောက်လှမ်းရေးတပ်ဖွဲ့ တို့ အင်အားအလုံးအရင်းဖြင့်  ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။
              မြန်မာဘက်မှပူးပေါင်းဆောင်ရွက်ကြသည့်အဖွဲ့များမှာ မြန်မာအစိုးရ၏လူကုန်ကူးမှုတိုက်ဖျက် ရေး
အဖွဲ့၊ ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFEDနှင့်ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ ၆ရက်ကြာ နှိမ်နင်းပြီးနောက် အဆိုပါ ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။
  ဂိုဏ်းခေါင်းဆောင်ထံတွင် တပည့်အဖြစ် လုပ်ကိုင်ခဲ့ဖူသူတစ်ဦး အား  အကူညီရယူလျှက် ဇူလိုင်လ  ၃၁ ရက်နေ့တွင် ကရင်(ခ) စိုးမြင့် ကို ဖမ်းဆီး ခဲ့သည်။  သြဂုတ်လ ၁ ရက်နေ့တွင် ဂိုဏ်းခေါင်းဆောင် ကိုမျိုး အား လက်ဖြောင့်သေနတ်သမားက တင်ပါးကို  သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် သေနတ်လက်ဝယ် ရှိနေသည့် ကိုမျိုးမှာ ပြန်လည် ပစ်ခတ်ခွင့်မရရှိခဲ့ပေ။ သြဂုတ်လ ၃ရက်နေ့တွင် ကပ္ပလီ၊ ဘိုဘိုနှင့် မျိုးညွန့်(ခ) စိုးဝင်း တို့ အား တစ်နေ့တည်းတွင် ၃နေရာမှ ဖမ်းဆီမိခဲ့သည်။ ကျန်သည့် ဂိုဏ်းသားအချို့ ထွက်ပြေး တိမ်းရှောင်ရာများသို့ လိုက်လံရှာဖွေနေကြဆဲဖြစ်သည်။
  အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း က“ ပြီးခဲ့တဲ့ ဧပြီလက မြန်မာနိုင်ငံက ရဲမှူးကြီး ၀င်းနိုင်ထွန်း တို့
ထိုင်းကိုရောက်လာပြီးတော့ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP, DSI တို့ အစည်းဝေးကို
ကျနော်တို့သံရုံးနဲ့ MAT ကို ဖိတ်ပြီးတော့ အစည်းဝေးလုပ်ပါတယ်။ ကျနော်တို့ကယ်တင်ထားတဲ့ ကတန်က အလုပ်သမားတွေရဲ့ သတင်းအချက်အလက်တွေကို အချက်အလက်အပြည့်အစုံနဲ့တင်ပြကြပါတယ်။ DSI က မြန်မာတွေအနေနဲ့ လူအများကြီးသတ်နေတာတွေ မဖြစ်နိုင်ဘူး၊ စသည်ဖြင့်ပြောခဲ့တယ်။ ကျနော်တို့  အစိုးရဘက်နဲ့ MAT က နောက်ဆက်တွဲ သတင်းအချက်အလက်တွေကို ရသမျှ စုဆောင်းပြီးတော့ DSI ကို ထပ်မံပေးပို့နေခဲ့သလို DSI ကလည်း အချက်အလက်တွေ အပေါ် မူတည်ပြီး သေချာပြီ ဆိုမှ ဖမ်းဆီးကြ တာဖြစ်တယ်” ဟုပြောသည်။

    ဇူလိုင်လ ၂၈ ရက်နေ့ကတည်းက စတင်၍ အနီး ကပ်ခြေရာခံလျှက် နေ့ရော/ညပါစုံစမ်းဖေါ် ထုတ် ခဲ့ကြရကြောင်း၊ အဆိုပါဂိုဏ်းသားများမှာ နေရာ ပေါင်းစုံတွင်   ပြေးရှောင်နေကြသဖြင့် ရက်ကြာခဲ့ရကြောင်း  MAT အဖွဲ့ကပြောသည်။
         MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ မချိဆင်းရဲလို့ လာပြီးတော့ထိုင်းမှာအလုပ်လာကြတဲ့ သူတွေအပေါ်မှာ အုပ်စုလိုက် အနိုင်ကျင့်ပြီးတော့ မင်းမဲ့တိုင်းပြည်လိုဖြစ်နေတာ။ ဒေသခံပုလိပ်တွေက ကျနော်တို့ရရှိတဲ့သတင်းအချက် အလက်တွေကို လိုက်လံအကောင်အထည်ဖေါ်ကြတော့ အံ့သြနေကြ တယ်။ အစကတော့ကျနော်တို့က လူကုန်ကူး ခံရသူတွေ ကို ကယ်တင်ကြတာပါ။ ဒါပေမယ့် ကျနော်တို့ ကယ်တင်သူတွေက ဖေါ်ထုတ်ပြောဆိုကြတဲ့အထဲမှာ လူသတ်မှုတွေ၊ မုဒိန်းမှုတွေပါလာတယ်။ သတ်တဲ့ နည်းကလည်းအစုံပဲ၊ အဆိုးဆုံးက ပြီးခဲ့တဲ့ငါးလခန့်က ပဲခူးတိုင်း ကျောက်ကြီးမြို့ကပ်ကျေးရပ်ကွက်မှ အသက် ၃၅ နှစ်ခန့် အရွယ် မအေးနိုင်(ခ) ကရင်မ ဆိုသူကို ဂိုဏ်းခေါင်းဆောင်အပါအ၀င်  ၆ဦး အဓမ္မပြု ကျင့်ပြီး အသေသတ်ပြီး ရေးထဲပစ်ချခဲ့တာပဲ၊ လူ့အသက် တစ်ချောင်းကို ဒီလူတွေဟာ ပုရွက်ဆိပ် တစ်ကောင် သတ်သလောက်တောင် ၀န်မလေးကြ ဘူး” ဟုပြော သည်။
            လူကုန်ကူးခံခဲ့ရသူများအနက် ငါးဖမ်းလှေသို့ မလိုက်လိုကြောင်း ပြောသဖြင့် လူကုန်ကူးဂိုဏ်းသား
များ ဓါးဖြင့်ဝိုင်းခုတ်သဖြင့် လည်ပင်းနှင့် လက်ကောက်ဝတ်တွင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့သဖြင့် ၇လတိုင် တိုင်  ထမင်းချက်အဖြစ် နေထိုင်ခဲ့ရသဖြင့် ရက်စက်မှုအစုံတို့ကို ကာလကြာရှည် မြင်သိခွင့်ရရှိခဲ့သူ
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာမှ ကိုဆန်းထိုက်ဝင်း က “ ငါးဖမ်းလှေမှ လုပ်ဖို့လာတာ
မဟုတ်ဘူးလို့ပြောတဲ့သူတွေကို သတ်ပြတယ်၊ လည်ပင်းကြိုးကွင်းစွပ်သတ်တယ်၊ သေနတ်နဲပစ်သတ်တယ်၊
တုတ်နဲ့ဝိုင်းရိုက်သတ်၊ ခေါင်းအုံးနဲ့ ဖိသတ်၊ ခြေထောက်မှာ ခဲအိပ်နဲ့ သံကြိုးတွေချည်ပြီး ရေးထဲကို ကန်ချ တယ်။ အဆိုးဆုံးမြင်ကွင်း တစ်ခုကတော့ မောင်ငယ်ဆိုတဲ့ အလုပ်သမားကို သစ်ပင်မှာလက်ပြန်ကြိုးတုတ် ပြီးချည်တယ်။ခါချဉ်ထုတ်ကို ချိုးချတယ်။ နာလို့အော်တော့ သတင်းစာစက္ကူကို ရေဆွတ်ပြီး ပါးစပ်မှာ သိပ်ထည့်တယ်။ပြီးတော့ ဗိုက်ကို ဓါးနဲ့ခွဲတယ်၊ ဒီ့နောက် ပလပ်စတစ်ဘောပင်ကို မီးရှို့ပြီး အစက်ချ သတ် တယ်။ အလုပ်သမား သမား ၂၀ လောက် အကုန်ဝိုင်းကြည့်နေကြရတာ။ ငါးဖမ်းလှေ လိုက်မလား အသေခံ မလား ဆိုပြီး လုပ်ပြတာဖြစ်တယ်” ဟုပြောသည်။
           သူ၏ ရှေ့တွင် မျက်မြင်ကိုယ်တွေ့ အသတ် ခံရသူရှစ်ဦးရှိကြောင်း၊ ရောက်လာသမျှ မြန်မာ အလုပ်သမားများ တွင် ပါလာသမျှ ဖုန်းနံပတ်များ ပိုင်ဆိုင်မှုများကို ဂိုဏ်းခေါင်းဆောင် ကိုမျိုးက ဖျက်ဆီးပစ် ကြောင်း၊ သတ်ခိုင်း၍ မသတ်သည့် တပည့်များကို သူကိုယ်တိုင် သတ်ကြောင်း၊ အလွန်   ကြောက်စရာကောင်းသည့် လက်မရွံ့လူသတ် သမားများဖြစ်ကြောင်း၊ MAT အဖွဲ့တို့ စတင်ကယ် တင်ခဲ့သည့် နေ့က အချိန်မီ မကယ်နိုင်ခဲ့ပါက ရခိုင် အလုပ်သမား တစ်ဦးကို သတ်မိန့်ချထားကြောင်း အလုပ်သမားများကဆက်လက်ပြောဆိုသည်။
     ခိုင်လုံသည့်မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ  အဆိုပါ ဂိုဏ်းသားများမှာ နှစ်ရှည် ထောင်
ဒဏ် ချမှတ်ခံရနိုင်ကြောင်း ထိုင်းအရာရှိများက ပြောသည်။ လူကုန်ကူးခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းခံခဲ့ရသည့်
အလုပ်သမားများကမူ ယခုကဲ့သို့ ဆိုးဝါးသည့် ဂိုဏ်းသားများအား မြန်မာနိုင်ငံတွင် တရားစီရင်သင့်ကြောင်း
ပြောဆိုကြပြန်သည်။
        မည်သို့ပင်ဖြစ်စေ ယခုဂိုဏ်းကို ပူးပေါင်း ဖေါ်ထုတ်နိုင်ခဲ့သဖြင့် လူကုန်ကူးမှု မပပျောက်နိုင်သည့်တိုင်
အောင် လက်မရွံ့လူသတ်သမားများ မရှိတော့သဖြင့် မြန်မာများထပ်မံ အသတ်ခံရခြင်းမှ လျှော့နည်းသွား
မည်ဖြစ်ကြောင်း ကယ်တင်သူများက ပြောသည်။