Saturday 27 April 2013

“စမူပါကန် ခေါင်ဒဲန်လှေဆိပ်မှ မြန်မာအလုပ်သမား ၁၁ ဦးလွတ်မြောက်၊ ပွဲစားများထွက်ပြေး”



    
၂၀၁၃  ဧပြီ ၂၆ 

ကိုတီး
                ဘန်ကောက်မြို့အနီးစမူပါကန် ခေါင်ဒဲန်  ငါးဖမ်းလှေဆိပ်မှ (လုံထစ်) ငါးဖမ်းလှေများတွင် လူကုန်ကူးခံနေကြရသော   မြန်မာအလုပ်သမား ၁၁ ဦးတို့ကို လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဖွဲ့တို့ ယမန်နေ့ က ကယ်တင်နိုင်ခဲ့ကြသော်လည်း ပွဲစားအချို့မှာထွက်ပြေးလွတ်မြောက်သွား ခဲ့ကြ သည်။
         ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး တပ်ဖွဲ့ AHTD,မြန်မာသံရုံးအလုပ်သမား ကူညီစောင့်
ရှောက်ရေးကော်မတီ( အလုပ်သမားညွှန်ကြားရေးမှူး ဦးနိုင်ထွန်း) ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့
ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့်ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT
အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
        ဧပြီလ၂၄ ရက်နေ့က ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၂၀၀ကျော်အကွာတွင်ရှိသောခြုံဘူရီ မြို့နယ်၊ ဘော်ထောင် ကျေးရွာ တွင် နေထိုင်ကြသည့် တောင်ကြီးရှမ်း ဇနီးမောင်နှံတို့က  ရေထဲမှ ဆင်ပြေး လွတ်မြောက်လာသည့်  ကိုမင်းလှိုင် ဆိုသူတစ်ဦး အား သွားရောက် ခေါ်ယူ ကယ်တင်ထား ခဲ့သည်။
၎င်းတို့က ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ဖုန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ရာ
UNIAP မှ မြန်မာအရာရှိက MAT အဖွဲ့ ဖုန်းနံပတ်ကို ပေးလိုက်သည်ဟု ဆိုသည်။
ဧပြီလ ၂၅ ရက်နေ့တွင် MAT အဖွဲ့က ကိုမင်းနိုင် အားသွားရောက်ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဧပြီ ၂၆
ရက်နေ့တွင် ကိုမင်းနိုင် လမ်းပြခေါ်ဆောင်လျှက် ခေါင်ဒဲန် ငါးဖမ်းလှေဆိပ်မှ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

           ဘန်ကောက်မြို့အနီး စမူပါကန် ခေါင်ဒဲန် ထိုင်လုံမစ် ငါးဖမ်းလှေဆိပ် လှေအမှတ် ၁မှ ၆ဦး ၊လှေအမှတ်၉မှ ၃ဦး နှင့်လှေအမှတ် ၂၉ တို့မှ တစ် ဦး ဖြစ်ကြသည်။
      လှေအမှတ်၁တွင်ရှစ်လကျော်ကြာ  ရောင်းစား ခံခဲ့ရသည့် ရခိုင်လူငယ် ကိုဇေါ်နိုင်ထွန်း က “ကျနော် တို့ကို ကန်ချနဘူရီ ၀ိုင်တ, နာနတ်သီး စက်ရုံမှာ လုပ်ရမယ်ဆိုပြီး ထားဝယ်မြို့နယ်၊ ပကာရီရွာမှ ကိုမျိုးထွန်း က ပို့လိုက်တာပါ။ အဲဒီစက် ရုံက စောလခီး ဆိုတဲ့ ကရင်ပွဲစား တစ်ဦးက ကျနော်တို့ကို ငါးဖမ်းလှေကို ရောင်းလိုက်တာပါ။ ပိုက်အလုပ် မတတ်ခင် ၄လလောက်က ပိုက်ဆရာတွေ ရိုက်နှက်တာ ခံရတယ်။ နောက် တတ်သွားမှ အရိုက်မခံ ရတော့ တာ”ဟုပြောသည်။ ဧရာဝတီတိုင်း မှအလုပ်သမား ၄ဦးကိုလည်း မြ၀တီပွဲစား မှ တစ်ဆင့် ၀ိုင်တစက်ရုံသို့ ပို့ဆောင် ခဲ့ကာ စောလခီး ကပင် ငါးဖမ်းစက်လှေသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ရဲအင်အားနဲ့ ကျနော်တို့အင်အားကနည်းတယ်။ ရဲသုံးယောက်
ကျနော်တို့အဖွဲ့ က၃ ယောက်ဖြစ်တယ်။ ပွဲစားတွေ မိသင့်လျှက်မမိဘူး။ ရေးထဲကို ၂ယောက်ဆင်းပြေး သွား တယ်။ တစ်ယောက်က အိမ်တွေကြားထဲဝင်ပြေးတာ ကျနော်တို့လိုက်ကြတယ်။ခြံစည်းရိုးကို ကျော်ပြေးသွား တယ်။ သူတို့က ဒီမှာနေတာ၊ ၀င်ပေါက်ထွက်ပေါက် အကုန်သိတယ်” ဟုပြောသည်။
             ထိုင်းနိုင်ငံတွင် ကျင့်သုံးနေသည့် လူကုန်ကူးမှု အတွေ့အကြုံအရ အမှုမဖွင့်လိုသည့် အလုပ်သမား များမှာ မိမိနေရပ်ရင်းသို့ မြန်မြန်ပြန်သွားခွင့်ရရှိကြသည်။ အစိုးရသက်သေအဖြစ် အမှုဖွင့်ကြသူအချို့
နှင့် အသက်မပြည့်သည့် ၁၈ နှစ်အောက် ကလေးအလုပ်သမားများမှာ အနည်းဆုံး ၆လမှ ၉လအထိ ကယ်
ဆယ်ရေး စခန်းထဲတွင် ၀င်ငွေ မရှိပဲ အချိန်ကြာတတ်ကြသည်။ လူကုန်ကူးမှုကျူးလွန်သည့် ပွဲစားများ နှင့်
တရားမ၀င် အလုပ်သမားများကို ခိုင်စေသည့် လုပ်ငန်းရှင်များနှင့်လှေပိုင်ရှင်များမှာမူ တစ်ရက်မှပင်အကျဉ်း ကျခြင်း၊ အပြစ်ပေး အရေးယူခံခြင်းမျိုး မကြားဖူးကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြော သည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATသည် ထိုင်းအစိုးရလူကုန်ကူးမှုအထူးစုံစမ်းရေး အဖွဲ့ DSI,ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ AHTD,ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့UNIAP,မြန်မာသံရုံးအလုပ်သမားကူညီစောင့်   ရှောက်ရေးကော် မတီနှင့် ထိုင်းတောင် ပိုင်းအခြေ စိုက်  FED တို့ နှင့် ပူးပေါင်းလျှက် ၂၀၁၃ ခု နှစ်ဇန် န၀ါရီလမှ ဧပြီလ အတွင်း လူကုန်ကူးမှုပေါင်း ၁၆ ကြိမ်အတွင်း လူကုန်ကူးခံရသူ ၈၀ဦးကို ကယ်ထုတ်   နိုင်ခဲ့ပြီး ရိုက်နှက်သည့် ပိုက်ဆရာနှင့်ပွဲစား ၇ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သည်။
         MAT နှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့်  ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၉ ကြိမ် အတွင်း ရောင်းစားခံထားရသည့် အလုပ်သမား ၂၉၂ ဦးအား ကယ်ထုတ်နိုင်ခဲ့သလို ပွဲစား ၉ ဦးတို့ကို
လည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း MAT နှစ်ချုပ် လူကုန်ကူးမှုအစီရင်ခံစာအရ သိရှိရသည်။

Sunday 21 April 2013

“မြန်မာအလုပ်သမားတစ်ဦး ရိုက်နှက်လုယက်ခံရ”

                                 
၂၀၁၃ ဧပြီလ ၂၁
မင်းဘခက် (MAT)
              ဘန်ကောက်မြို့အနီး အုန်းနွဲ့ ဖက်ကဆင် ၉၅ လမ်းတွင် ယနေ့နေ့လည်ပိုင်းက မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းဆိုး သွမ်းလူငယ်၂ဦး ကရိုက်နှက်ထိုးကြိတ်ပြီး လက်ကိုင်ဖုန်း ပတ်စပို့
နှင့် work permit တို့အားလုယက်ယူငင်သွားကြောင်း ကာယကံ ရှင်ပြောပြချက်အရသိရှိရသည်။
      အုန်းနွဲ့ လက်သမားအလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသော ကျိက္ကထိုမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုသစ်ဆန်း မိမိနေထိုင် သည့် အဆောက်အဦးသို့လာစဉ် လမ်ခုလပ်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်စီး ထားသည့် ထိုင်းလူငယ် ၂ဦးက ပတ်စပို့ရှိသလား ဟုမေးမြန်းပါသည်။
    ထို့နောက် မိမိလမ်းကို မိမိလာခဲ့ပြီးနောက် နေအိမ်ခန်းရှိသည့် တိုက်ပြာအနီးရှေ့သို့ ရောက်သည့်အခါ ဖုန်းကိုလုယူပြီး နားရင်း ကို တစ်ချက်ထိုးပါသည်။ ဇက်ပိုးကို နောက်တစ်ချက် ဖြတ်ရိုက်ခံရပြီးနောက်  လက်သီးများဖြင့် မျက်နှာကို အချက်ပေါင်းများစွာ အထိုးခံရသဖြင့် ကိုသစ်ဆန်းမှာ မြေပေါ်သို့ပုံလဲကျ လဲသွားခဲ့သည်။ ရင်းနှီးသူများတွေ့ ရှိသဖြင့်  အခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
              “ ဒီနေရာမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ အတွက် လုံခြုံမှုအလွန်အားနည်းနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ကျနော် ဖုန်းတစ်လုံးနဲ့ ပတ်စပို့ ကို အလုယက်ခံခဲ့ရပြီးဖြစ်တယ်။ ခု
Work permit လုပ်ပြီးတာ ရက်ပိုင်းပဲရှိသေးတယ်။ ကျနော်တို့ အကာအကွယ်မဲ့နေတယ်၊ ကူညီနိုင်သူ
မရှိဘူးဖြစ်နေတယ်” ဟုပြောသည်။
                 ထိုတိုက်ပြာတွင် နေထိုင်လျှက် အလုပ်သမားများ စာကြည့်တိုက်ဖွင့်လှစ်ထားသည့် ကိုတင့်က “ဒီအနီးအနားမှာ အလုပ်လက်မဲ့ မူးရစ်ဆေးဝါးသုံးစွဲကြတဲ့ ထိုင်းလူငယ်တွေရှိကြတယ်။ ကျနော့်ကို တောင်
မိုက်ကြေးတောင်းတာရှိတယ်။ မကြာမကြာအရိုက်ခံတယ်။ အိပ်နေရင် ၀င်ခိုးတယ်။ ပြီးတော့ ဘတ်နှစ်ထော င် သုံးထောင်နဲ့ ရွေးခိုင်းတယ်။ ရဲစခန်းသွားအမှုဖွင့်လည်း ဘာမှ အကြောင်းမထူးဘူး၊ ကျနော်တို့ အလုပ် က ဒီမှာအဆင်ပြေတယ်။ ဒါပေမယ့် ကျနော်တို့ တွေ လုံခြုံမှုမရှိဖြစ်နေတယ်” ဟုပြောသည်။
    အဆိုပါနေရာတွင် လွန်ခဲ့သည့် ၂ နှစ်ခန့် က မြတီ ရွှေက္ကုကိုရွာမှ လူငယ်တစ်ဦးကို ထိုင်းလူမိုက် အချို့က
မသေမချင်းသတ်ဖြတ်ပစ်ခဲ့သော်လည်း မည်သို့သော အပြစ်ပေးအရေးယူခဲ့ခြင်းမရှိခဲ့ချေ။

Monday 15 April 2013

“သင်္ကြန်တွင်းမှာ လူကုန်ကူးခံရသူ ၂ဦးကို ကယ်ထုတ်”



                               
၂၀၁၃ ဧပြီ ၁၅
မြတ်ညို(အလွတ်သတင်းထောက်)

                     ထိုင်းနိုင်ငံတောင်ပိုင်း နခိုစီဌာမရ တွင်ပန်းရံအလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၂ဦး ပတ်စ ပို့လုပ်ရန် ရနောင်းသို့သွား စဉ်ငါးဖမ်းေ လှ ဆိပ်သို့ ရောင်းစားခံရသဖြင့် ပူးပေါင်းအဖွဲ့များ က အချိန်မီ ကယ် တင် နိုင်လိုက်သဖြင့်ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
              ဧပြီလ ၁၁ ရက်နေ့က ပတ်စပို့လုပ်ရန် ရနောင်းသွားရမည်ဟု ပတ်စပို့ကုမ္ပဏီကအကြောင်း ကြား လာ သဖြင့် နခိုစီဌာမရတွင် ပန်းရံလုပ်နေကြ သည့် တနင်္သာရီတိုင်း မြိတ်မြို့မှ အသက် ၂၀ ကျော်အရွယ် စိုးမင်း နှင့် စိုးစံ တို့ ၂ဦး ကားဖြင့်လိုက်သွားကြ ရာ မလေးရှားနယ်စပ် တရံမြို့နယ်၊ ကတန်မြို့ ဖယ်ကို  လှေဆိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။
    ပန်းရံအလုပ် အတူတူလုပ်နေကြသည့် မစိုးအေးအေး ဆိုသူက “သမီးတို့ က စလောင်းကြည့်တယ်လေ။ အဲဒီမှာ လူကုန်ကူးခံရရင် ဆက်သွယ်ရန် ဆိုပြီး UNIAP က မြန်မာအရာရှိဖုန်း ၀၈၀ ၄၅၆ ၅၅၆၀ ကို သမီးမှတ်ထားတယ်။ အဲဒီဖုန်းကနေMATအဖွဲ့က ဖုန်းဆိုပြီး ၀၈၀ ၅၈၈ ၅၅၄၈ ကိုပေးလာတယ်။ ရောင်းစား ခံထားရတဲ့သူတွေက ဆေးရုံတစ်ခုကို သူတို့ မှန်းဆလို့ရ သွားတယ်ပွဲစားက တစ်ယောက်ကို ဘတ် ၉၀၀၀ ပေးရမယ်။ ဆိုပြီးပြောလာတယ်။ ဒါကြောင့်သူတို့ နှစ်ယောက် ထွက်ပြေးကြတယ်။”ဟုပြောသည်။
         ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT မှ နိုင်ငံခြားဆက်ဆံရေး
တာဝန်ခံ ကိုစိုင်အေး က “ကျနော့်ဖုန်းကို ဆက်လာတယ်။ ကျနော်လည်း နေရာကို သေသေချာချာ စုံစမ်း ပြီးတော့ကတန် ရဲစခန်းကိုဖုန်းဆက်ပြီး အကူညီတောင်းလိုက်တယ်၊ ခုတော့ ရဲစခန်းကိုရောက်သွားပြီ၊ ကလေးတွေကံကောင်းလို့ပေါ့ ကတန် ငါးဖမ်းလှေကို ရောက်သွားရင် ပြန်လမ်း အရမ်းနည်းသွားပြီ” ဟုပြော သည်။
            ကုလသမဂ္ဂလူကုန်ကူးမှုတားဆီးရေးUNIAP က ကာယကံရှင်အားဖုန်းနံပတ်ပေးလိုက်ပြီးနောက်၊ လူကုန်ကူးမှုပူးပေါင်းဆောင်ရွက်ကြသည့်  ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့၊ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့နှင့် ညှိနှိုင်းတိုင်ပင်ကြပြီးနောက် MAT အဖွဲ့က ကတန် ရဲစခန်းသို့ ဆက်သွယ် အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။
        စိုးမင်းနှင့် စိုးစံတို့သည် ရနောင်းမှ ပွဲစားတစ်ဦးထံတွင် ပတ်စပို့လျှောက်ထားခဲ့ပြီး နခိုစီဌာမရသို့ လာ
ရောက်၍ အလုပ်လုပ်နေကြသူများဖြစ်ကြသည်။ တစ်ဦးလျှင် ကားခ ၃၀၀၀ စီပေး၍ ကားငှါးသွားခဲ့ကြစဉ်
ကားသမားက ယခုကဲ့သို့ ငါးဖမ်းလှေဆိပ်သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
            ကတန်လှေဆိပ်သည် ထိုင်းနိုင်ငံအတွင်းရှိသည့် ငါးဖမ်းလှေဆိပ်များအနက် ရက်စက်ကြမ်းကြုတ် ဆုံးလှေဆိပ်တစ်ခုဖြစ်ကြောင်း MAT အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

Sunday 14 April 2013

“MOU အလုပ်သမား ၅၁ ဦး ကုမ္ပဏီက တာဝန်မယူသဖြင့် သောင်တင်နေ”



ဧပြီလ ၁၄
မြတ်ညို(အလွတ်သတင်းထောက်)
                   မဟာချိုင်ပုဇွန်အလုပ်ရုံသို့MOU ဖြင့် ရောက်ရှိ လာသည့် အလုပ်သမား ၅၁ ဦးကို သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူမှု မရှိသဖြင့် မြန်မာအလုပ် သမားကူညီစောင့်ရှောက်ကော်မတီက ကူညီထား ရကြောင်းသိရှိရသည်။
        ယခုအလုပ်သမားများမှာ ၂၀၁၃ ခု မတ်လ ၁၅ ရက်နေ့က  ရန်ကုန်မြို့ကျောက်တံခါးမြို့နယ်၊ ၃၉ လမ်း အမှတ်၁၁၅ မြေညီထပ်တွင်ဖွင့်လှစ်ထားသော   Pepole’Choice  ကုမ္ပဏီမှ ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်၉လမ်း အမှတ်(၁၀/၂၀) အလုပ်ရုံ Ing  Daw Frozen Limitet Partnership သို့ ၁၅၀ ဦး တင်သွင်းခဲ့သည့် အလုပ်သမားများထဲမှ အလုပ်သမားများဖြစ် ကြ သည်။
               မတ်လ ၁၈ ရက်နေ့တွင် စတင်အလုပ်လုပ်ခဲ့ကြပြီးနောက် ၁၇ ရက်ကြာအလုပ်လုပ်ပြီး၊ ဧပြီလ ၆ ရက်နေ့တွင် တစ်နေ့ လျှင်၂၃၀ဈေးနုန်းသာပေးမည်ဖြစ်ပြီး ကျန်ငွေကို ပွဲစားမှ ရှင်းပေးလိမ့်မည်ဖြစ် ကြောင်း လုပ်ငန်းရှင်အမျိုးသမီးကပြောပါသည်။
အလုပ်သမား  ခေါင်းဆောင် ကိုစောမြတ်ချို က“ အိမ်သာထဲမှာ အကူညီတောင်းခံရန် ဆိုပြီး ဖုန်းနံပါတ် တစ် ခု ရေးထားတာကို တွေ့တယ်။  ကျနော်ဖုန်းဆက်ကြည့်တော့ MAT အဖွဲ့ က ဦးကျော်သောင်း ဖုန်းဖြစ်နေ တယ်။ ကျနော်တို့လုပ်အားခကို အလကားရချင်တဲ့သဘောတွေ့ရတယ်။ ကျနော်တို့ကို  ကီလိုစားနဲ့ရှင်းပေး မယ်။ နေ့စားမပေးနိုင်၊ မလုပ်ချင်ရင် နယ်စပ်ပြန်ပို့မယ်၊ ပုလိပ်ခေါ်ဖမ်းခိုင်းမယ်၊ အဲဒီလိုလုပ်ငန်းရှင် အမျိုး သမီး ကခြိမ်းခြောက်ပြောဆိုလာတယ်။ သံရုံးက အလုပ်သမားအရာရှိ ကိုလည်းဖုန်းဆက်တယ်။ ပွဲစားတွေ ကိုလည်း ဖုန်းဆက်တယ်။ကျနော်တို့ကိုအလုပ်မလုပ်ရင်မနေရဘူးဆိုပြီးခြံအပြင်ကိုမောင်းထုတ်တာကြောင့်    ကျနော်တို့ MAT အဖွဲ့ ကို အကူညီတောင်းခံခဲ့ရတယ်” ဟုပြောသည်။
             ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ မဟာချိုင်တာဝန်ခံ နှင့် မြန်မာသံရုံးတွင်ဖွဲ့စည်း ထားသည့် (မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးကော်မတီ) မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီး က အလုပ်သမား ခေါင်းဆောင်၈ဦးကို ခေါ်ယူစောင့်ရှောက်ထားခဲ့သည်။ ဧပြီလ(၉) ရက်နေ့တွင် မိန်းကလေး ၇ဦးနှင့် လင်မယားတွဲ ၄တွဲတို့အား တည်းခိုခန်းတွင် သန့်ရှင်းရေး အလုပ် လုပ်ရန် Pepole’Choice ကုမ္ပဏီ ကိုယ်စားလှယ် ကိုစိုးမိုးက ပြောဆိုလာခဲ့ရာ ကိုခိုင်ကြီး ကစိတ်မချသဖြင့် အမျိုးသမီးအချို့ကို ၎င်း၏ရုံးခန်းသို့ ထပ်မံခေါ် ဆောင်လာခဲ့ပြန်ပါသည်။               ပွဲစား စိုးမိုးတို့က အခြားတစ်နေရာသို့ အလုပ်သမား ၄၃ ဦးတို့ကို ပို့ဆောင်ထားပါသည်။ ပွဲစားများက အလုပ် သမား ၄၀ခန့်တို့၏ အ၀တ်အိပ်များကို ယူဆောင်သွားကြပြီး  ပန်းရံဆိုဒ်ကို ပို့မလိုလို နယ်စပ်ကို ပြန်ပို့ မလိုလို   ဖြင့် ဖြစ်နေပါသည်။ အလုပ်သမားများမှာ လုပ်အားခလည်းမရရှိခဲ့သဖြင့် စားရေး အခက်ကြုံနေပါသည်။
        မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း က အလုပ်သမားများအား သင်္ကြန်းတွင်းစားသောက်စရိတ်အဖြစ် ဘတ်ငွေ ၅၀၀၀ကူညီ လှူဒါန်း သည်ကို ဧပြီလ ၁၁ ရက်နေ့က MAT အဖွဲ့  ဒါရိုက်တာ ဦးကျော်သောင်း ကသွားရောက်ပေးပို့ခဲ့သည်။
                 ဧပြီလ ၁၃ ရက်နေ့ညနေ ၃နာရီထိုးသည့်တိုင်အောင် အထက်ပါ အလုပ်သမားလေးဆယ်ခန့်
မှာ နံနက်ထမင်းမစားရသေးသဖြင့် ဦးခိုင်ကြီးက အလုပ်သမားများအားလုံးကို ခေါ်ယူစောင့်ရှောက်ထားခဲ့
သည်။ အမျိုးသားအလုပ်သမား၁၆ဦးနှင့် အမျိုးသမီးအလုပ်သမ ၃၅ ဦးတို့၏ အ၀တ်အထည်အိပ်များကို ၄ရက်တိုင်တိုင်ပွဲစားများကယူထားကြသည်။ဦးခိုင်ကြီးအကြိမ်ကြိမ်တောင်းခံမှုကြောင့်သင်္ကြန်အကြိုနေ့တွင် အ၀တ်အထည်များအား လာရောက်ပို့ဆောင်ခဲ့သည်။
            Pepole’Choice ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦး ဟု ဆိုသည့် ကိုမောင်မြတ် ဆိုသူက သင်္ကြန်အလွန် ဧပြီ ၁၈ ရက်နေ့တွင် အလုပ်ရှာပေးမည်ဟု ပြောဆိုကြီး လက်ရှိ အလုပ်သမားများ၏ စားရေးနေရေးတို့ အတွက်မူ စကားတစ်ခွန်းမှ မပြောဆိုကြောင်း ကိုခိုင်ကြီး ကပြောသည်။
“အလုပ်သမားတွေ ၁၇  ရက်လုပ်အားခ တစ်ဦးစီ ဘတ်ငွေ ခြောက်ထောင်ကျော်စီ မရခဲ့ဘူး။ ရုံးတွေ ပြန်
ဖွင့်ရင် ဆ၀ါဒီကန်ရုံးကို အလုပ်သမားတွေကိုခေါ်သွားပြီးတော့ အမှုဖွင့်မယ်၊  ပွဲစားတွေ သူတို့ကတိပေးထား
တဲ့ရက်မှာ ဒီအလုပ်သမားတွေကို အလုပ်သွင်းမပေးဘူးဆိုရင် အလုပ်သမားတွေ အကုန်လုံးကို ကျနော်
မြန်မာသံရုံးကိုခေါ်သွားမယ်၊ ဒီအလုပ်သမားတွေဟာ ကုမ္ပဏီကိုပေးတဲ့ပိုက်ဆံနဲ့ မြ၀တီမှာ စောင့်နေတဲ့
အချိန်မှာ စားသောက်နေထိုင်ခဲ့တာ စုစုပေါင်း ကျပ်ငွေ ငါးသိန်းကနေ ခုနစ်သိန်းထက်မနည်းကုန်ကျလာ
တဲ့လူတွေဖြစ်တယ်။ ဒီလူတွေအကုန်ဘ၀ပျက်ကုန်မယ်” ဟုပြောဆိုသွားသည်။


         ထိုင်းနိုင်ငံအတွင်းသို့MOUကုမ္ပဏီဖြင့်တင်သွင်းထားသည့်အလုပ်သမားအတော်များများတို့ ပြဿနာတက်မှု
များ နေရာတိုင်းတွင် ပေါ်ပေါက်နေသဖြင့် များမကြာမီ ကာလအတွင်း မြန်မာပြည်မှအာဏာပိုင်များ လာရောက် စစ်ဆေးမည်ဟု ကြားသိရသဖြင့်အလုပ်သမားများအားကူညီစောင့်ရှောက်သည့်အဖွဲ့အစည်းများ က စောင့်ကြည့်နေကြကြောင်းသိရှိရသည်။




Saturday 13 April 2013

"အဓမ္မပြန်ပို့ခံရသည့်MOU အလုပ်သမား ၁၅ဦးအားတားဆီးပြီးမူလအလုပ်ရုံသို့ပြန်ပို့ခဲ့"


“MOU အလုပ်သမား ၂၅ ဦးအားအတင်းအဓမ္မပြန်ပို့ခြင်းကို အရေးပေါ်ဟန့်တားနိုင်ခဲ့”




           
၂၀၁၃ ခု ဧပြီလ ၁၃
ကိုတီး
     စုံစမ်းစစ်ဆေးဆဲကာလ MOU အလုပ်သမား ၁၅ ဦးကို ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် အမျိုးသမီးက နယ်စပ်သို့ အတင်းအဓမ္မ ပြန်ပို့သဖြင့် လူကုန်ကူးမှု တားဆီးရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့များက လမ်းခုလပ်တွင် တားဆီးနိုင်ခဲ့ပြီး မူလ ထွက်ခွာလာ ခဲ့သည့် ယရောင်မြို့ CPF ပဇွန် အလုပ်ရုံသို့ ပြန် လည်ပို့ ဆောင် ပေးနိုင်ခဲ့သည်။
 အဆိုပါ အလုပ်သမား ၁၅ ဦးတို့မှာ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့် အကွာတွင် ရှိသော ပုဇွန်အစားအစာ ကုန်ချောထုတ်လုပ်သည့် CPF အလုပ်ရုံမှ အလုပ်သမားများ
ဖြစ်ကြပါသည်။
           မြန်မာအလုပ်သမား၇၅၀ ဦး ခန့်  လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံမှ အလုပ်သမားမိသားစုများ  တိုင်ကြားထားသဖြင့် ဧပြီလ ၄ ရက်နေ့က  အဖွဲ့ ပေါင်းစုံ သွားရောက် စစ်ဆေးခဲ့သည်။
          စစ်ဆေးတွေ့ရှိချက်များအား ထိုင်းနှင့် မြန်မာ အလုပ်သမားအာဏာပိုင်များက ညှိနှိုင်း ဆောင်ရွက်
ရန် ပြင်ဆင်နေချိန်တွင် ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မရင် က  ငယ်ရွယ်သည့် အလုပ်သမငယ် ၃ဦး
 နှင့် အမျိုးသားအလုပ်သမား ၁၂ ဦးတို့ကို အတင်းကားပေါ်သို့တက်စေလျှက် မြ၀တီ မဲဆောက် နယ်စပ်
သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
            ယမန်နေ့ နံနက်စောစော ကတည်းက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား
များအဖွဲ့ MAT သို့ အလုပ်သမားများက အကြောင်းကြားလာခဲ့ပါသည်။ သို့ဖြစ်၍ MAT အဖွဲ့က MOU အလုပ်
သမားမားကို ခိုင်းစေနေသည့် ကြားခံသူဌေးအမျိုးသမီး၊ ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မယဉ် နှင့် CPF အလုပ်ရုံတို့ကို အလုပ်သမားများအား မပို့ရန် မေတ္တာရပ်ခံခဲ့ပါသည်။ မူလက အလုပ်သမား ငါးဆယ်
ကျော် ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်ထားသော်လည်း ဒေါ်မယဉ် က  တစ်စီးကို တားမြစ်နေသည့်ကြားမှ အတင်းစေလွှတ်ခဲ့သည်။
          ပြန်ပို့ခံရမည့်အလုပ်သမားများမှာ ရဲဝံ့နဂါး ကုမ္ပဏီကို ကျပ်ငွေ အနည်းဆုံး သုံးသိန်းရှစ်သောင်း
ပေးချေခဲ့ရသည့်အပြင် ထိုင်နိုင်ငံသို့ ထွက်ခွာခွင့် ရအောင် မ၀တီမြို့တွင် စောင့်နေရချိန်အတွင်း စားသောက်နေထိုင်စရိတ် အပါအ၀င် စရိတ်စကများမှာ ကျပ်ငွေ ၇သိန်းကျော် ကုန်ကျခဲ့ကြောင်း အလုပ်သမားများကပြော ပြကြပါသည်။ ထို့အပြင် ပြန်ပို့ခံရသူများမှာ တစ်ရာကို ရှစ်ကျပ်
တိုးမှ ၁၅ ကျပ်တိုး ဖြင့် ချေယူခဲ့ရသူများဖြစ်သဖြင့် ဘ၀ပျက်သွားနိုင်ကြောင်း သိရှိခဲ့ရသည်။ အလုပ်သမား
၁၅ ဦးစလုံးတို့သည် လေးလကျော် အလုပ်လုပ်ကိုင်ခဲ့ကြပြီဖြစ်သော်လည်း ရဲဝံ့နဂါးကုမ္ပဏီမှ ခေါင်းစဉ် အမျိုးမျိုးဖြင့် အဖြတ်များသဖြင့် နေရပ်ရင်းသို့ ကျပ်ငွေ တစ်သိန်းစီသာ ပို့ဆောင်နိုင်ခဲ့သေးကြောင်း
အလုပ်သမားများက ပြောကြသည်။
ထိုအခြေအနေများကို သိရှိရသည့် MAT အဖွဲ့သည် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲ
တပ်ဖွဲ့AHTD နှင့် မြန်မာသံရုံး အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ နှင့် အတူ ပူးပေါင်းဆောင်
ရွက်ခဲ့ကြခြင်းဖြစ်သည်။
         ဦးနိုင်ထွန်း က ရယောင် ရဲတပ်ဖွဲ့ စခန်းမှူးကို အလုပ်သမားများ စိုရိမ်ထိပ်လန့်နေမှုနှင့် ကြားပွဲစား ကုမ္ပဏီ ကိုယ်စားလှယ် တို့၏  အနေအထားများကို ညှိနှိုင်းဆောင်ရွက်ပေးပါရန်လည်း ပြောဆိုခဲ့သည်။
အလုပ်သမားများကို  စုံစမ်းစစ်ဆေးနေဆဲ ကာလ နယ်စပ်သို့ ပြန်လည်ပို့ဆောင်နေခြင်းတို့ကို တားမြစ်
ပေးပါရန်လည်း အကူညီတောင်းဆိုခဲ့သည်။
                  မြန်မာအလုပ်သမားများ၏ လုပ်အားသွင်းစုကို CPF ကုမ္ပဏီ သို့ ရောင်းချ နေသည့် ထိုင်းအမျိုးသမီး ကြားခံ လုပ်ငန်းရှင် အား နယ်စပ်သို့ ပို့ဆောင်နေခြင်းအား ရပ်တန့်ပေးပါရန် တားမြစ်
သည့်အထဲမှ အတင်းအဓမ္မ ပို့ဆောင်နေကြောင်း သိရှိခဲ့ရသည်။
သို့ဖြစ်၍  AHTD  နှင့် MAT အဖွဲ့တို့မှာ မြေပြင်ထောက်လှမ်းရေးနှင့် မော်တော်ယာဉ် ထောက်လှမ်းရေး နည်းပညာများ အသုံးပြုလျှက် အလုပ်သမားများကို တင်ဆောင်မောင်းနှင်နေသည့် ကားကို တလာထိုင်း
ပေါသာဝေး နေရာအရောက်တွင် တားမြစ်နိုင်ခဲ့သည်။
            
  ထိုနေရာမှ အလုပ်သမားများကို ကားပေါ်သို့ ပြန်တက်စေလျှက် ရယောင် ရဲစခန်းတွင်  ကြား ခံလုပ်ငန်းရှင်နှင့် အလုပ်သမားများအား စစ်ဆေးပြီးနောက် အလုပ်သမားများကို မူလ ထွက်ခွာလာရာ CPF အလုပ်သမားနေထိုင်ရာ သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
ပြန်လည်ပို့ဆောင်ခံခဲ့ရသူများထဲမှ အလုပ်သမား တစ်ဦးဖြစ်သူ ကိုနိုင်နိုင်ဝင်း က  “ကျနော်တို့ MAT အဖွဲ့ကိုဆက်သွယ်လို့လွယ်ကူတာကြောင့် အဆင်ပြေသွားတာဖြစ်တယ်။ ပါလာတဲ့ မိန်းကလေးတွေ အားလုံး ဖါဖြစ်သွားမှာဖြစ်ပြီး ကျနော်တို့လည်း ဘယ်နေရာကိုရောက်မှန်းမသိရောက်သွားရမယ်ဆိုတာ မခန့်မှန်း တတ်အောင်စိုရိမ်စရာဖြစ်ပါတယ်။ ရဲဝံ့နဂါး ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်မယဉ်  ဆဲဆိုပြောဆိုတာနဲ့ အတင်း အဓမ္မ စီစဉ်ပုံတွေဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ဆရာတို့ အချိန်မီ ကယ်တင်နိုင်လိုက်လို့ ကျနော် တို့  ကံကောင်းသွားတာပါ” ဟုပြောသည်။
            MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “MOU နဲ့ အလုပ်သမားတင်ထားတဲ့ ရဲဝံ့နဂါး ကုမ္ပဏီက အလုပ်ရုံကို တိုက်ရိုက် လူသွင်းထားတာမဟုတ်ပဲ ကြားက ထိုင်း သူဌေးတွေကို တစ်ဆင့် မြန်မာအလုပ်သ
မားတွေကို အပ်ထားတာ။ တည့်တည့်ပြောရရင်တော့ ရောင်းထားတာ။ အလုပ်သမားတင်သွင်းထားတဲ့ ရဲဝံ့နဂါးကုမ္ပဏီ နဲ့ ကြားခံ ထိုင်းလုပ်ငန်းရှင်တွေ လုပ်ပုံက အလုပ်သမားတွေကို သူတို့ပြုသမျှ နုရမယ်။
ခိုင်းချင်ခိုင်းမယ်၊ ပို့ချင်ပို့မယ်။ သံရုံးကို ပိုင်တယ်။ ဒီလိုကိုပြောတာ။ ကျနော်တို့ကတော့ နယ်စပ်ကို ပြန်ပို့
ခံရမယ့်အလုပ်သမားတွေ အထူးထိခိုက်နစ်နာမှာကို သိတာကြောင့် ပြေလည်စေချင်လို့ အခုလိုပင်ပန်းခံ
လိုက်ရတာဖြစ်တယ်။ MOU ကုမ္ပဏီတွေ လုပ်ချင်တိုင်းလုပ်ခွင့်မရတော့ဘူးဆိုတာကို ပြသလိုက်တာလည်း
ဖြစ်ပါတယ်” ဟုပြောသည်။

Tuesday 9 April 2013

“ခရိုင်အုပ်ချုပ်ရေးမှူးအား အမှုဖွင့်တိုင်ကြားသည်ကို တရားရုံးမှ လက်မခံ”

   ၂၀၁၃ ဧပြီ ၉                                
       လူမုန်း(ပဲခူး)
             ၄၅ နှစ်ခန့် လုပ်ကိုင်စားသောက်လာခဲ့သည့် ဥယျာဉ်ခြံမြေတစ်ခုအား ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးက အထူးစိုက်ပျိုးရေးဇုန် ဟုသတ်မှတ်ကာ သိမ်းဆည်းခဲ့ သည့် လယ်မြေ ကိစ္စအား အထောက်အထားအပြည့် အစုံဖြင့် နစ်နာသူမှ ပဲခူးမြို့နယ် တရားရုံး၌ အမှုဖွင့် ရာ တရားသူကြီးက လက်မခံပဲ ပြန်လာခဲ့ရကြောင်း လယ်ပိုင်ရှင် ပြောပြချက်အရ သိရှိရသည်။
        ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်၊ စာကလေး ကွင်းကျေးရွာအနီး ညောင်အင်းနောက်မြောက် ကွင်းအမှတ်(၁၃၁၃) ဦးပိုင်အမှတ်(၆၂၄)တွင်လယ် ယာမြေ   နှင့်တဆက်တည်း ရှိသည့် ဧရိယာယ ၅ဧက  ကျော်ခန့် ရှိသည့် ဦးရွှေလုံး ပိုင် မြေကွက်အား ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း (ပါ) ၄ဦးတို့က ရာထူးအရှိန် အ၀ါ ကို အသုံးပြု၍ ဥပဒေမဲ့ ကျူးကျော် ၀င်ရောက်ဖျက်ဆီးခြင်းကို အရေးယူပေးပါရန် ယနေ့ နေ့လည်ပိုင်းက မြို့နယ်တရားရုံးတွင်ဦး တိုက်လျှောက် ထားခဲ့ခြင်းဖြစ်သည်။
                     ဥယျာဉ်ခြံမြေပိုင်ရှင် ဦးရွှေလုံး က “မြို့နယ် တရားသူကြီးက ကျနော့်ကို ပြည်သူ့ဝန်ထမ်းတွေ ၀တ္တရား  ဆောင်ရွက်နေချိန် ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းကို တရားစွဲဆိုဖို့ အထက်က ညွန်ကြား ချက်မရှိသဖြင့် တရားစွဲဆို၍ မရဘူးလို့ပြောတယ်။ နောက်ဆုံးအချက်က တော့ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၉၇(၁) အရ ဆိုပြီးတော့ ကျနော့်အမှုတွဲ ကို တရားဝင်ရုံးတံဆိပ် တစ်စုံတစ်ခု မရိုက်နှိပ်ပဲ ဒီအတိုင်း ပြန်ပေးလိုက်တာဖြစ်ပါတယ်” ဟုပြောသည်။
                   မိမိပိုင်ဥယျာဉ်ခြံမြေထဲမှ ယနေ့ ထွက်ခွာသွားရမည်ဖြစ်ကြောင်း ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စာရောက်လာကြောင်း၊ ပြည်သူ့ဝန်ထမ်းများ ဥပဒေမဲ့လုပ်ချင်းလုပ်နေသည်များကို ပြည်သူများ တရားစွဲဆို ခွင့် မရတော့ဘူးလား၊ တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ ဒီဥယျာဉ်ခြံမြေကို သိမ်းသွားရင် ကျနော်တို့ မိသားစု ဘယ်လိုရပ်တည်ရမလဲ၊ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊အမတ်ကြီး များ ကျနော့်တို့ ဘ၀ကို ဒီအတိုင်း ကြည့်နေကြတော့မှာလားဟု ဦးရွှေလုံး က ငိုသံနှောကာပြောဆိုရှာသည်။
                  ပဲခူးတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်တည်ဆောက်မည့်စီးမံကိန်းနှင့် စီးပွားရေးဇုန်းများ တည်ဆောက်မည်ဟု နိုင်ငံတော် အစိုးရက ကြေညာပြီးနောက်ပိုင်း ပဲခူးမြေဈေးမှာ ထိုးတက်လျှက်ရှိသည်။





"လူအဖြစ် သတ်မှတ်မထားတဲ့ ထိုင်းငါးဖမ်းစက်လှေပေါ်က ဗမာကျွန်ဘ၀"