Sunday 3 November 2013

“ရာဘာခြံမြန်မာအလုပ်သမား တစ်ဦးဆင်ရိုင်းနင်းသေဆုံး”



              
နိုဝင်ဘာ ၃   (ကိုတီး)

          ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၆၈ အကွာတွင် ရှိသော လနောင်းမြို့နယ်၊ ခေါင်ချမောင်မြို့ ဟွေ့ထပ်မွန် ရပ်ကွက် နယ်မြေအမှတ်(၈) တွင်ရှိသော ရာဘာခြံတစ်ခုအတွင်းသို့   တောဆင်ရိုင်းများ ၀င်ရောက် သောင်းကျန်းသဖြင့် မြန်မာ အလုပ် သမားတစ်ဦး သေဆုံးသွားခဲ့သည်။
         ရာဘာစေးများခြစ်နေသည့် မြန်မာအလုပ်သမား ၃ဦးတို့   တောဆင်ရိုင်းများ ၀င်လာသည်ကိုမြင်သဖြင့်ထွက်ပြေးကြရာ အလုပ်သမား ၂ဦးလွတ်မြောက်ခဲ့သော်လည်း တစ်ဦးမှ သစ်မြစ် တစ်ခုကိုတိုက်မိ၍ လဲကျသဖြင့် ဆင်က နင်းသတ်လိုက်ခြင်းဖြစ် သည်။
         ဆင်နင်းခံရသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ခေါင်ချမောင်မြို့ ဘုရင့်ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။ ခေါင်ချမောင်မြို့ ရပ်ကွက်လူကြီးများက တောဆင်ရိုင်းများအစာထွက်ရှာနေကြသဖြင့် စိုက်ရေးလုပ်သည့် တောင်သူများ၏ သီးနှံများ ပျက်စီးမှုများပြားလာ၍ တစ်နေ့တစ်ခြား စိုးရိမ်မှုများပြားလာကြောင်း  TNN NEWS အွန်လိုင်း တွင် ရေးသားဖေါ်ပြထားသည်။

No comments:

Post a Comment