Thursday 31 January 2013

“အလုပ်ကြီးကြပ်သူအား လုပ်ငန်းရှင်က အလုပ်ထုတ်သဖြင့် အလုပ်သမားများပါအလုပ်ကနုတ်ထွက်”



ဇန်န၀ါရီ ၃၁
   ဆန်းဆန်း....
         မဲဆောက်မြို့နယ်၊မေတောင်ရွာ၊အိမ်တွင်း အထည်ချုပ်အလုပ်ရုံတွင် အမျိုးသမီးအလုပ်ကြပ်(၀ဏ္ဏအမျိုးသမီး) မလမင်း  ဆိုသူအား လုပ်ငန်းရှင်က အလုပ်ထုတ်ပစ်ခဲ့သဖြင့် ကျန်အလုပ်သမား ၁၁ဦးတို့လည်း အလုပ်မှနုတ် ထွက်သွားကြောင်း သိရှိရသည်။
             ဇန်န၀ါရီလ ၃၀  ရက်နေ့ ညနေတွင်  စက်ချုပ်အလုပ်သမား မောင်သက်မိုးလွင် သည် ချုပ်ထည် မရှိတောသဖြင့်အချိန်ပို မဆင်းတော့ပဲ မလမင်း  ထံမှ ခွင့်ပြုချက်ဖြင့် နားခဲ့သည်။ ထိုသို့ အလုပ်သမားအား နားခွင့်ပြုခဲ့သဖြင့် အလုပ်ကြပ် မလမင်း ကိုအလုပ် နားစေပြီး မောင်းထုတ်ခဲ့သည်။
              မလမင်း သည် အဆိုပါ စက်ရုံကို စတင်ထူထောင်ကတည်းက ၀ဏ္ဏလုပ်လျှက် တာဝန်ကျေပွန် စွာထမ်းဆောင်ခဲ့သည့်မှာ ၁နှစ် ၁လနှင့် ၁၁ ရက်ရှိခဲ့ပြီးဖြစ်ကြောင်း သူမက ဆိုသည်။
“အလုပ်ရှင်က လုပ်အားခကို  အပြည့်မပေးပဲစါရင်းရှင်းတာတွေ၊ အလုပ်သမားတွေကို ဖိနှိပ်တာတွေကို ကျမ
အလုပ်သမားတွေဘက်က အမြဲရပ်တည်ခဲ့တယ်။ အကျိုးသင့်အကြောင်းသင့် မစဉ်းစားပဲ အနိုင်ကျင့်တာဖြစ်
တယ်” ဟုပြောသည်။
                  အလုပ်သမားများ ပြောင်းရွှေ့ရေးကိစ္စအတွက် အခက်အခဲကြုံနေသဖြင့် ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ ALCကိုအကူညီတောင်းခံခဲ့သည်။ ထို့ကြောင့် လုပ်ဖေါ်ကိုင်ဘက် မဟာမိတ်အဖွဲ့ အစည်း တစ်ခုဖြစ်သော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့်  ပူးပေါင်းကူညီခဲ့သည်။
      ထိုသို့ကူညီနေကြစဉ် အလုပ်ရုံ မန်နေဂျာမှ ဖုန်းဆက်တိုင်ကြားသဖြင့် ပုလိပ်ကားတစ်စီးရောက်လာ၍ စစ်ဆေးမေးမြန်းခဲ့သည်။
ကူညီသူများရိုက်ကူးထားကြသည့် ဓါတ်ပုံနှင့် VDO ကလစ်များကို  ထိုင်းပုလိပ်များက ဖျက်ဆီးပြီး သတင်းမထုတ်ရန် တားမြစ်ခဲ့ပြီး ပုလိပ်များပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
             အလုပ်ကြပ် မလမင်း မှာ သူမအား အကြောင်းမဲ့အလုပ်ထုတ်ခဲ့သဖြင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးရုံး(ဆ၀ါဒီန်)သို့ သွားရောက်တိုင်ကြားထားသည်။
အလုပ်သမားများ အမည်စာရင်း - မလမင်း  (၀ဏ္ဏမ) နှင့်အတူ အလုပ်နုတ်ထွက်ခဲ့သည့် အလုပ်သမားများ မှာ  မနီနီ၊ ဇော်ဇော်၊ ကိုမျိုး၊ သက်မိုးလွင်၊ ဌေးဌေးနိုင်၊ ယွန်းယွန်း၊ သဇင်ချေ၊ သင်းသင်းစိုး၊ သန်းနုဇာ၊ အေးမြသန်း၊ အောင်နေ ဆိုသူတို့ဖြစ်ကြောင်း သိရှိရသည်။


Friday 25 January 2013

“ချဲထီလောင်းကစားသည်ဟုဆိုကာ တရားဝင်အလုပ်သမ နှစ်ဦးအား မဟာချိုင်ပုလိပ်ဖမ်းဆီး”


၂၀၁၃ ဇန်န၀ါရီလ၂၅
မြတ်ညို(အလွတ်သတင်းထောက်)
     ဘန်ကောက်မြို့အနီး မဟာချိုင် နီခွန် အရပ်တွင် ရှိသော KIBUN (THAILAND) Co.Ltd မုန့်အလုပ်ရုံ မှ အလုပ်သမ နှစ်ဦးတို့ နေ့လည်ဘက် အိပ်မောကျ   နေစဉ်ချဲထီလောင်းကစားသည်ဟုဆိုကာ  ပုလိပ်များက ဖမ်းဆီးချုပ်နှောင်းထားသည်ကို ပူးပေါင်း အဖွဲ့တို့ အချိန်မီ ကူညီကယ်ထုတ်နိုင်ခဲ့သည်။
MOU  ပတ်စပို့နှင့် work permit အပြည့်အစုံဖြင့် မုန့်အလုပ်ရုံတွင် ညဘက် အလုပ်လုပ်ရသဖြင့် နေလည် ဘက် အိပ်မောကျနေကြသည့် ရခိုင်အလုပ်သမ  မဦးလှသိန်းနှင့် မသိန်းသိန်းနုတို့ နှစ်ဦးအား နယ်မြေ ပုလိပ်၂ဦး အခန်းတွင်သို့ ၀င်ရောက်လာပြီး ချဲစာရွက်တွေ့ သည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း
ဖြစ်သည်။
      ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ,ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး
ဖေါင်ဒေးရှင်းFED  နှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကူညီခဲ့ကြခြင်း
 ဖြစ်သည်။
 MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က“ ကျနော်တို့ FED ကရှေ့နေနဲ့ တိုင်ပင်ပြီးပြီ၊ မဟာချိုင်မှာဒီလို
မတရားမှုတွေက နေ့တိုင်းဖြစ်နေတာ။ ဒီမတရားမှုကို  ဥပဒေဘောင်အတွင်းကရင်ဆိုင်ဖြေရှင်းဖို့ပြင်ဆင်နေ
ကြတုန်း၊ မဦးလှသိန်း ဆိုတဲ့ မိန်းကလေးကို သူ့အစ်မက ဘတ်ငွေ ၄၀၀၀ နဲ့ လာထုတ်ထားသွားတယ်။
အခြေအနေပြောင်းလဲလာနိုင်တာကြောင့် မဟာချိုင် ၄ထပ်အချုပ်ခန်းက ပုလိပ်ကို ဖုန်းဆက်လိုက်တယ်။
ကျနော်တို့လာခဲ့မယ်ဆိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ပိုက်ဆံမပေးခဲ့ရဘူး” ဟုပြောသည်။
         မဟာချိုင်နယ်မြေအတွင်းရှိ ထိုင်းပုလိပ်များမှာနေ့စဉ်  မြန်မာအလုပ်သမားများအားနည်းအမျိုးမျိုးဖြင့် ဖမ်းဆီးငွေကြေးတောင်းခံခြင်းများပြုလေ့ရှိသဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသည်။ အကူညီတောင်းခံ သူဖြစ်သော မသိန်းသိန်းနု ၏ ဦးလေး  ကိုမင်းဇေါ် က “ ကျနော် မဟာချိုင်က အင်ဂျီအိုနဲ့ အလုပ်သမား ရေးလုပ်ပါတယ်ဆိုတဲ့ ------အဖွဲ့ကို  အကူညီတောင်းပါတယ်။ အကူညီမရခဲ့ပါဘူး။ MAT အဖွဲ့က တကယ်ပဲ ထိထိရောက်ရောက် ကူညီပေးခဲ့တယ်၊ သူတို့တွေ ပင်ပန်းခံခဲ့လို့ လွတ်မြောက်လာ တာပါ”ဟုပြောသည်။

   ပြန်လွတ်မြောက်လာသည့် မသိန်းသိန်းနု က “ သမီးတို့ MOU ရှယ်ပတ်စပို့အတွက် အလုပ်ရုံမှာ
ဘတ်ငွေ ၂၀၃၅၀ ဖြတ်တောက်ခံခဲ့ရတယ်။ တစ်လကို ဘတ်ငွေ ၄၀၀၀ စီဖြတ်တယ်။ ဒါ့အပြင်လစဉ်ရတဲ့ငွေက၃ရာခိုင်နုန်းစီလည်း   ဖြတ် တောက်ခံနေရပါတယ်။ သမီး၉လရှပြီလုပ်နေတာ။  ဒီ ၃ရာခိုင်နုန်းက တော့  MOU စာချုပ် ၂နှစ်ပြည့်တဲ့အချိန်အထိ ကျမတို့ လုပ်နေသမျှ ဖြတ်တောက်ခံနေရမှာဖြစ်ပါတယ်။ ပုလိပ်ဖမ်းတော့လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ရွေးရ တယ်။ ကျမ ဆိုရင် MAT အဖွဲ့ ကူညီခဲ့လို့ ပိုက်ဆံမပေးရတာပါ။ ကျမတို့အတွက် လုံခြုံမှုမရှိဘူး။  ကူညီကြသူတွေကို ကျေးဇူးအလွန်ပဲ တင်ပါတယ်” ဟုပြောသည်။
မဟာချိုင်ပုလိပ်များသည်  ပတ်စပို့နှင့် work permit ရှိသည့် မြန်မာအလုပ်သမားများအားအခြားအကြောင်း အမျိုးမျိုးပြ၍ ငွေကြေးတောင်းခံလေ့ရှိသည်။ လေးထပ်ပုလိပ်ရုံးအောက်တွင် အနယ်နယ်အရပ်ရပ်မှ ဖမ်းဆီး လာခဲ့သည့် မြန်မာအလုပ်သမာများအား မွန်နှင့်မွတ်ဆလင် ဘာသာပြန်တို့အား မဟာချိုင်ပုလိပ်များကငွေ
တောင်းခိုင်းလေ့ရှိသည်။

Wednesday 23 January 2013

“မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ ကုမ္ပဏီတွေဆီမှာ အလိမ်မခံရဖို့ အထူးသတိပြုကြပါရန်”


    
(၁) မိမိ စရံငွေ မပေးမီ မိမိအပ်နှံမည့် ပတ်စပို့ ပွဲစား၏ ပတ်စပို့မိတ္တူကိုရအောင်တောင်းပါ။   မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံနှင့် ထိုင်းတွင် လက်ရှိနေသည့် နေရပ်လိပ်စာတို့ကို တိတိကျကျ ရရှိအောင်တောင်းဆိုထားပါ။ ပွဲစားကိုဓါတ်ပုံရိုက်ထားပါ။လိမ်ညာမည့်သူများ ဤ အချက်များကို လိုက်လျှောမည်မဟုတ်ပါ။ ထိုအခါ သင်စဉ်းစား ဆုံးဖြတ်ပါ။
(၂) မိမိထံတွင်လာရောက် ကောက်ခံသည့် ပွဲစားမှာ ပတ်စပို့ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဟုတ်မဟုတ်၊ ပင်ရင်းကုမ္ပဏီ  သို့မေးမြန်းပါ။ ပွဲစား တစုံတစ်ခုအကြောင်းပေါ်ပေါက်ပါက ကုမ္ပဏီက ဖြေရှင်းပေးရန် တာဝန်ခံမှု ရှိ/မရှိ မေးပါ။
(၃) မိမိထံတွင် လာရောက် ပြောဆိုသည့် ပွဲစားသည် ထိုကုမ္ပဏီ၌ အမှန်ရှိ/မရှိ သွားရောက်စုံစမ်း ထားသင့်ပါသည်။ ရုံးခန်းမရှိ၊ ကုမ္ပဏီအာမခံမရှိသည့် ပွဲစားများအား လုံးဝ မယုံကြပါနှင့်။ မအပ်နှံပါနှင့်။
(၄) ပတ်စပို့လုပ်ကိုင်သည့်အခါ (ပတ်စပို့စာအုပ်+ work permit + ၁၉၀၀ ဘတ်တန်ဘိုးရှိ ကျမ္မာရေးအာမခံသွေးစစ်လက်မှတ် နှင့်အလုပ်ရှင်ပြောင်းရွှေ့ခွင့်ပါ/မပါ သေသေချာချာ ပြောဆို လက်မှတ်ထိုးပြီးမှ ငွေပေးချေခြင်းကိစ္စကို လုပ်ဆောင်ကြပါ။ 
ယခုနှစ်ပတ်စပို့လုပ်ငန်းစဉ်သည်ယခင်နှစ်လုပ်ငန်းစဉ်ထက်တန်ဘိုးမြင့်နေသဖြင့်  မြန်မာအလုပ်
သမားများ အလိမ်မခံရစေရန် အထူးသတိထား  လုပ်ကိုင်ကြပါရန်   အသိပေးအပ်ပါသည်။
                                                                                            ရွှေလုပ်သားဂျာနယ်

Sunday 20 January 2013

“ပညာရွှေစင်အလင်းရောင်စာသင်ကျောင်းသို့ အသံချဲ့ဆောင်းဘောက်လှူဒါန်း”



            
၂၀၁၃ ဇန်န၀ါရီ ၂၀
မြတ်ညို(အလွတ်သတင်းထောက်)
       မဟာချိုင်နယ်မြေ၊ ၀ပ်ပါချိုင်းလန်စီကျောင်း တိုက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား ထိုင်းစာနှင့် အင်္ဂလိပ်စာ အခမဲ့သင်တန်းများ သင်ကြားနေရာသို့ထိုင်းနိုင်ငံရောက်မြန် မာ နိုင်ငံ သားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ ဦးခိုင်ကြီးက အသံချဲ့ဆောင်းဘောက် တစ်စုံ အား ယနေ့ သွားေ ရာက်လှူဒါန်းလိုက်သည်။
      အလုပ်သမားများ၏ဘ၀ကိုမြှင့်တင်လိုသည့်  ဖြူစင်သည့် စေတနာသက်သက်ဖြင့်တည် ထောင်ဖွင့်လှစ်ခြင်း 
 ဖြစ်ကြောင်း ကျောင်း၏အကြံပေးပုဂ္ဂိုလ် ကိုခိုင်ကြီးကပြောသည်။
“လွတ်လပ်တဲ့ မည်သည့် အလှူကိုမဆို လက်ခံမယ်၊ အမည်ခံသာလုပ်မယ့်လူမျိုးကိုတော့လက်ခံ မှာမဟုတ် ဘူး၊ တံဆိပ်လာကပ်မယ့် အပြုအမူမျိုးကိုတော့ လုံးဝဆန့်ကျင်သွားမယ်၊ ဖြစ်သလို ဆက်
လက်ပြီး ရပ်တည် သွားမယ်၊စေတနာသန့်ရှင်းဖို့သာ အဓကပါ ” ဟုပြောသည်။
    လက်ရှိ စာသင်သား မြန်မာအလုပ်သမားပေါင်း ၁၆၀ ကျော်တို့၏ ဘောပင်နှင့် စာအုပ်တို့အား ထိုင်းကျောင်းထိုင် ဆရာတော်မှ လှူဒါန်းပေး ပါသည်။ ပညာသင်ကြားမှုမှာ အခမဲ့ဖြစ်ပြီး ကားအကြို အပို့အတွက် ကျောင်းသားတစ်ဦးလျှင် တစ်လ ဘတ် ၁၀၀နုန်းကောက်ခံကြောင်း သိရှိ ရသည်။

အလုပ်လုပ်ရင်း ပညာသင်ကြားလို သည့် မြန်မာအလုပ်သမားများဆက်သွယ်ရန်ဖုန်များမှာ
ဦးစောထူး=၀၈၅ ၃၈၅ ၂၂၃၃     ဦးနေအောင်=  ၀၈၇ ၇၆၆ ၈၅၇၄
ကိုညိုမှိုင်း= ၀၈၇ ၇၁၁ ၂၆၇၁  ကိုထွန်းထွန်းဝင်း= ၀၉၀ ၆၃၇ ၁၆၁၈
ကိုမျိုးမင်းလှိုင်= ၀၈၅ ၀၉၅ ၄၆၇၅   
ကျောင်းသားများအား ၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီလ ၆နေ့အထိ သာလက်ခံမည်ဖြစ်သည်။

Saturday 19 January 2013

“ထိုင်းလူကုန်ကူးမှုဥပဒေကို စိတ်ပျက်သဖြင့် လူကုန်ကူးခံခဲ့ရသူတစ်ဦး အမှုပိတ်ပြီးအိမ်ပြန်”


၂၀၁၃ ခု ဇန်န၀ါရီ ၁၉
မင်းဘခက်
“ ကျမ အင်ဒိုလှေဆိပ်မှာ ရောင်းစားခံရခါနီး ကယ်တင်တဲ့အဖွဲ့တွေ အချိန်မီရုံလေး ရောက်လာလို့ လွတ်လာတာပါ။ အဲဒီကနေ အခြား၆ယောက်ကို ပထုံဌာနီကယ်ဆယ်ရေး စခန်းထဲကို ပို့လိုက်တယ်။ ကျမကို  အိမ်ထောင်ရှင်မဟုတ်တဲ့အတွက် နွန်ထဘူ ရီ ရေလယ်ကျွန်းက အမျိုးသမီးစခန်းထဲ ကိုပို့ လိုက် တယ်။
အဲဒီထဲမှာ ၂နှစ်ကြာတဲ့သူ၊ ၁နှစ်ကြာတဲ့သူ ၈လကြာတဲ့သူ၊ ဦးကျော်သောင်း ကို ကျန်ဆဲနေတဲ့သူတွေနဲ့ 
သွားတွေ့ရတယ်။ ကျမ၃ ရက်လောက်နေခဲ့တယ်။ စခန်းက တာဝန်ရှိတဲ့အမျိုးသမီးတွေကိုမေးတော့
အနည်းဆုံး ၆လကြာမယ်ဆိုတော့ ကျမ မနေနိုင်ဘူးလေ။ ကျမ မှာ မိသားစုစားဝတ်နေရေးအတွက်
အလုပ်လုပ်ပြီး ပိုက်ဆံပို့ရမှာ၊ ကျမ ထမင်းမစားပဲနေတယ်၊ တွေ့ ကရာတွေနဲ့ လက်တွေခြေတွေကို ကုတ်
ခြစ်ပစ်တယ်၊ သွေးတွေထွက်လာတယ်၊ ကျမအော်ဟစ်တယ်၊ အော်ငိုတယ်၊ ခုတော့ ကျမကို ပြန်ပို့လိုက်
လိုက်ပြီးရှင့်” ဟု မြ၀တီ ကို ယနေ့ ပြန်ပို့ခံရသည့် မခင်ဦးဆွေ က ၀မ်းသာစွာပြောသည်။
မခင်ဦးဆွေနှင့်အတူ မဟာချိုင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းမှ ပြန်ပို့ခံသူ ၅၀ဦး ခန့် မှာ မြ၀တီ DKBA ဂိတ်ထဲတွင်ဘတ်ငွေ၁၅၀၀ ဖြင့်ရွေးထုတ်သွားကြ ပြီးဖြစ်သည်။ သူမမှာ ရွေးစရာငွေမရှိသဖြင့် အကူ ညီေ တာင်းခံလာခဲ့ခြင်းဖြစ်သည်။
              “သမီးကိုထိုင်စောင့်နေတဲ့ DKBA ဂိတ်ထဲ က အမျိုးသားရဲ့ မိန်းမမှာ ၀တ်ထားလိုက်တဲ့ ရွှေတွေ ညွတ်နေတာပဲ၊ ထိုင်းကိုပြန်သွားမလား၊ ဘာလုပ် မလဲ မေးတယ်။ ဒီလောက် ဒုက္ခရောက်လာတာ ကျမတို့ ဘတ် ၁၅၀၀ နဲ့ ၂၀၀၀ ပေးမှ ဒီ အထဲက လွတ်တယ်၊ မရွေးနိုင်တဲ့သူတွေ ပြည့်တန်ဆာခန်းရောက် သွားကြ တယ်၊ ပွဲစားတွေနဲ့ မြ၀တီဘက် ကို ပြန်ကူး သွားကြတယ်၊ နေနစ်သူတွေကို ၀ါးကူးထိုးကြတာ၊ မတရား စီးပွားရှာကြတာ ဖြစ်တယ်”  ဟု သူမ ကဆက် လက်ပြောဆိုသည်။
          ခါးတစ်ထည် ကိုယ်တစ်ခုတည်းဖြင့် အကျဉ်းကျခံရာမှ လွတ်မြောက်လာခဲ့ရပြီး မိခင်မြန်မာမြေကို
မြေနင်းခ တောင်းစားနေသည့် အဓမ္မ သူတောင်းစားများ မြ၀တီတွင် ဂိတ်ပေါင်းများစွာ ဖွင့်နေတာ မဖြစ်
သင့်ကြောင်း၊ လူကို ရောင်းကုန်ပစ္စည်း၊ အသုံးခံပစ္စည်းအဖြစ်သာ ရှုမြင်ပြီး လူစိတ်ပျောက်နေကြသည့်
လောဘသားများမှာ ဘယ်သူ၏ ခွင့်ပြုချက်ဖြင့် ဤမျှ အတင်းရဲစွာ စီးပွားရှာနေခွင့်ရရှိသည်ကို သူမ နားမလည်နိုင်ကြောင်း ရင်ဖွင့်ပြန်သည်။
            ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT က မေတ္တာ ရပ်ခံ အကူညီတောင်းခံသဖြင့်   မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းမှုအဖွဲ့တို့၏ ကူညီဆောင်ရွက် မှုကြောင့် မခင်ဦးဆွေမှာ DKBA ဂိတ်ထဲတွင် ပိုက်ဆံမပေးခဲ့ရပေ။ ထို့အပြင် မြ၀တီလူကုန်တား၏ ကူညီမှုဖြင့်သူမနေရပ်ရင်းသို့လည်း ပြန်သွားရမည်   ဖြစ်သည်။
       မခင်ဦးဆွေသည် ဇန်န၀ါရီလ  ၂ ရက်နေ့က မဟာချိုင် အင်ဒိုလှေဆိပ်တွင် ပူးပေါင်းအဖွဲ့ တို့ ကယ်တင်နိုင်ခဲ့သည့် အလုပ်သမား ၇ဦးတွင်ပါဝင်သူတစ်ဦး   ဖြစ်သည်။သူမတို့မှာHRIကုမ္ပဏီမှ MOU ဖြင့် တင်ပို့ လိုက်သည့်အလုပ်သမားများလည်းဖြစ်ကြသည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းကအရှေ့တောင်အာရှမှာလူကုန်ကူးမှု၊အဓမ္မခိုင်းစေမှုအဖြစ်ဆုံး
ဖြစ်နေတဲ့ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးခံရသူတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ အကာအကွယ်၊ ရသင့်ရထိုက်တဲ့အခွင့်အရေး ပေးတဲ့ဥပဒေမရှိဘူး။ ထိရောက်တဲ့ ကူညီမှုပေးနိုင်တဲ့ အဖွဲ့အစည်းမရှိဘူး။ အဲဒီနွန်ထဘူရီ ရေလယ်ကျွန်းက အမျိုးသမီးကယ်ဆယ်ရေးစခန်း ထဲမှာ လပေါင်းများစွာ ပြင်ပနဲ့ ဖုန်းလည်း မဆက်ရ၊ တစ်ကျွန်းစံနေရတာ၊ လပေါင်းများစွာ အခကြေးငွေ တစ်ပြား တစ်ချပ်မှမရပဲ နေရတယ်၊ လပေါင်းများစွာ အဲဒီအထဲမှာ သကြားရည်နဲ့ လူထားတဲ့ ထိုင်းအစား အစာ ချိုချိုအီအီကိုစားပြီးနေရတာ၊ နယ်စပ်ကို ပြန်ပို့တော့ DKBA ဂိတ်ထဲကို အပို့ခံရတယ်။ လူကုန်ကူးခံခဲ့ ရတဲ့သူတွေ ဘာစရိတ်နဲ့ အိမ်ကိုပြန် ကြမလဲ၊ ထိုင်းကိုပြန်ဝင်မယ်ဆိုရင်ကော မိမိကိုယ်ကို ရောင်းပြီး လူကုန် ကူး သူတွေနဲ့ပဲ ဆက်သွယ်ရတယ်၊ ဒါတွေကို ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး UNIAP လည်းသိ တယ်။ မြန်မာလူကုန်တားအဖွဲ့လည်း သိတယ်” ဟုပြောသည်။
           ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ ထိုင်းအစိုးရက လူကုန်ကူးခံရသူများအား တစ်နှစ် တာနေထိုင် အလုပ်လုပ်ခွင့်ပြုမည်ဟု ၂၀၁၁ ခု  ဧပြီလ ၁၀ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့သော် လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ  ခွင့်ပြုခဲ့ခြင်း မရှိသေးပေ။ လူကုန်ကူးခံရသူများ အစိုးရသက်သေ အဖြစ် ထွက်ဆို၍ နှစ်နှင့်ချီ၍ အကျဉ်းထောင်နှင့် ကယ်ဆယ်ရေးစခန်းတို့တွင်အကျယ်ချုပ်နေထိုင်ခဲ့ကြရသော်လည်း လူကုန်ကူးမှုကို ကျူးလွန်သည့်  ထိုင်းလုပ်ငန်းရှင်နှင့်ပွဲစားများမှာ တစ်ညမျှပင် အချုပ်ခန်းထဲတွင် နေစရာမလိုပေ။
လူကုန်ကူးခံရသူများလုပ်ကိုင်ခဲ့သည့် လုပ်အားခများသည်၎င်း၊ပိုင်ဆိုင်သည့်ပစ္စည်းများသည်၎င်း မည်သည့်
အဖွဲ့အစည်းကမျှ သိမ်းဆည်းထားနိုင်ခြင်း၊ ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသေးပေ။

Friday 18 January 2013

“ဘန်ကောက်မြန်မာသံရုံးက ထိုင်းရောက်အလုပ်သမားများပတ်စပို့လုပ်ငန်းသတင်းစာရှင်း”


 ၂၀၁၃ ဇန်န၀ါရီ ၁၈
မြတ်ညို (အလွတ်သတင်းထောက်) 
                ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်၁၅  နှစ်အောက်သားသမီးများအားလုံး တရားဝင် အလုပ်သမားများ အဖြစ် နေထိုင်အလုပ် လုပ်ကိုင်ခွင့်ရရှိရေးအတွက် နှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက် မှုအား ထိုင်းနိုင်ငံ ဘန်ကောက် သံရုံးတွင် ယနေ့နေ့လည်ပိုင်းက သတင်းစာရှင်း လင်းပွဲတစ်ရပ်ကျင်း ပခဲ့ ကြောင်း သိရှိရသည်။
        ထိုင်းအစိုးရက ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် အတည်ပြုခွင့်ပြုချက်အရ ပထမ အဆင့်အနေဖြင့် ဇွန်န၀ါရီလ ၁၅ ရက်မှဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ အထိ မိမိတို့ လုပ်ငန်းရှင်များမှ တစ်ဆင့် နီးစပ်ရာ ထိုင်းအလုပ်သမားဌာနများတွင် အမြန်ဆုံး မှတ်ပုံတင်ကြရ မည် ဖြစ်ပါသည်။
         ထိုသို့မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသား များအား  ယာယီနိုင်ငံကူးလက်မှတ် နှင့် ၎င်းတို့ မှီခိုလျှက်ရှိသော ၁၅ နှစ်အောက် သားသမီးများ အား သက်သေခံကဒ်ပြား  ထုတ်ပေးရေး နှင့် အလုပ်လုပ်ခွင့် Work  Permit ထုတ်ပေးခြင်းတို့ကို  နေ့ချင်းပြီး One-Stop-Service အဖြစ် ၂၀၁၃ ခု ဖေဖေါ်ဝါရီလ၁၅ ရက်မှ မေလ ၁၅ ရက်နေအတွင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
    မြန်မာသံအမတ်ကြီး ဦးတင်ဝင်း က “ သမ္မတကြီး ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့  ထားဝယ်မှာတွေ့ကြ
တုန်း ပြောဆိုခဲ့ကြတဲ့ စကားအရ ဒီလုပ်ငန်းကို အကောင်အထည်ဖေါ်ကြတာဖြစ်ပါတယ်။ သမ္မတကြီး က
ကြာနေတဲ့လုပ်ရပ်တွေအမြန်လျှော့၊ နေပြည်တော်ကို တင်ပြတာတွေမလုပ်နဲ့ ၊ ထိုင်းသံရုံး ကပဲဆုံးဖြတ်ပြီး
လုပ်ခွင့်ပေးတယ်။ ထိုင်းဘက်ကလည်း ထောရော ၃၈/၁ လုပ်စရာမလိုတော့ဘူးဆိုတော့ လုပ်ငန်းမြန်သွား
မယ်၊ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအကုန်လုံး တရားဝင် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်
ကြရတာကို ကျနော်တို့ လူကြီးတွေက အလွန်ဖြစ်ချင်ပါတယ်။ အလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ အားလုံး
ဝိုင်းဝန်း တိုက်တွန်းပေးကြပါ”ဟု ပြောသည်။
            ယခင်က ထိုင်းနိုင်ငံအတွင်း ယာယီပတ်စပို့ ၅နေရာတွင် လုပ်ကိုင်ခဲ့သော်လည်း ယခု လုပ်မည့်
အစီအစဉ်တွင် ဆယ်နေရာသတ်မှတ်ထားသည်။ ၎င်းတို့မှာ(၁) စမွတ်စာခွန် (၂) ချင်းမိုင် (၃)ပထုံဌာနီ
(၄)ရယောင် (၅)ဆန်ခလ (၆) စမုတ်ပါကန် (၇) စူရတ်ဌာနီ (၈) ကန်ချနဘူရီ (၉) ခေါင်းကဲန်
(၁၀)  နခိုရပ်စီမ(ခိုလ)  စသည့် စခန်းများတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ယနေ့သတင်းထုတ်ပြန်ထားသည်။