Wednesday 29 February 2012

BC ကုန်တိုက် သန့် ရှင်းရေးအလုပ်သမား၆ဦး လုပ်အားခ ဘတ်ငွေ လေးသောင်းကျော်ရပြီ


ဖေဖေါ်ဝါရီ လ ၂၉ ရက်
မြတ်ညို (အလွတ်သတင်းထောက်)
ဘန်ကောက်မြို့ ဖလန်းဆောင် နယ်မြေ BC ကုန်တိုက် သန့်ရှင်းရေး  မြန်မာအလုပ်သမား ၆ဦင်္းတို့၏လုပ်အားခဘတ်ငွေ လေးသောင်းကျော်အား FED နှင့် BAT အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ယနေ့ ရရှိပြီးဖြစ်ကြောင်း အလုပ်သမား များ ပြောပြချက်အရ သိရသည်။
မစိုးစိုး၊ မနု၊ မမြင့်ခင်၊ မခင်မျိုးသက်၊ ကိုဝင်းနိုင်နှင့် ကိုကျော်စွာ တို့ ၆ဦး တို့ သည် ဘန်ကောက်မြို့ဖတနာကန် ၃၂ လမ်းတွင်ရှိသော BC ကုန်တိုက် အလုပ်သမားခန့် ထားရေးရုံးတွင် ၂၀၁၁ ခုနှစ် အလုပ် စက်တင်လာလ က အလုပ်စတင် ၀င်ရောက်ခဲ့ကြသည်။  တာဝန်အရ ဖလန်ဆောင်နယ်မြေBC ကုန်တိုက်တွင် သန့်ရှင်းရေးအလုပ် လုပ်နေကြစဉ် ယာယီပတ်စပို့ လုပ်ရန်အတွက် ဟုဆိုကာ လုပ်အားခငွေမှ တစ်ဦးလျှင် ဘတ်ငွေ ၂၃၃၄ စီ ဖြတ်ထောက်လိုက်သည်။ ယာယီပတ်စပို့ လုပ်ခ ဘတ်ငွေ ၈၀၀၀ ဖြတ်တောက်မည်ဖြစ်ကြောင်း BC ကုန်တိုက် တာဝန်ရှိသူကပြောဆိုလာရာ အလုပ်သမားများက ပတ်စပို့ ကိုအပြင်တွင်ဈေးသက်သာစွာဖြင့် လုပ်၍ရကြောင်း ပြန်ပြော ခဲ့ကြသည်။
 အပြင်တွင်လုပ်သည့် ပတ်စပို့ ကိုလက်မခံကြောင်း အလုပ်ထွက်လိုက ထွက်နိုင်ကြောင်း ကုန်တိုက် တာဝန်ရှိ သူက ပြောသဖြင့် အလုပ်သမားများက အလုပ်ထွက်လာခဲ့ကြခြင်းဖြစ်သည်။
        ကူညီဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း  FED
ဒါရိုက်တာ ဦးထူးချစ် က “ ကျနော်တို့  ၂၀၁၂ ခုနှစ်ဆန်းက စပြီးတော့ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့BAT နဲ့ပူးပေါင်းပြီးတော့ ဘန်ကောက်နဲ့ အနီးပတ်ဝန်းကျင်နယ်မြေ အချို့တွေ မှာ အလုပ်သမားတွေ အခွင့်အရေး ချိုးဖေါက်ခံရမှုတွေကို လုပ်နေတာတွေထဲက အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
အလုပ်သမားတွေ ရသင့် ရထိုက်တာတွေကို  ဖြေရှင်းကြတဲ့နေရာမှာ  အလုပ်လုပ်တဲ့ အလုပ်ရုံမှာ မှတ်ပုံတင်
ထားတာမျိုးဖြစ်ရင် လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါတယ်။ အလုပ်ရုံက လုပ်အားခရှင်းပေးတဲ့ စာရွက်စာတမ်း
တွေနဲ့ အလုပ်ရုံနဲ့ ပတ်သက်သမျှ ၀တ်စုံက အစ အားလုံးကို သိမ်းဆည်းထားဖို့ လိုပါတယ်” ဟုပြောသည်။
  အလုပ်သမ မစိုးစိုးက“ကျမတို့ ကို သူတို့ဆီမှာ ပတ်စပို့ လုပ်ရမယ်ဆိုပြီး ပိုက်ဆံဖြတ်တာ အပြင်မှာသက်
သာတဲ့နေရာမှာ လုပ်တာကို သူတို့ လက်မခံဘူး။ အလုပ်ထွက်လာတော့ ဖြတ်ထားတာရော လုပ်အားခ ပိုက်ဆံတွေပါ မပေးတော့ဘူး။ ကျမတို့သန့်ရှင်းရေးအလုပ်ကို လုပ်ကြရတာ။ ကျမတို့ ညဥ့်နက်မှ အလုပ်က ပြန်ရတာ၊  ကျမ တို့ စာရွက် စာတမ်းတွေ အလုပ်ခွင်ချိတ်ကဒ် တွေ နဲ့ BAT ရုံးမှာအကူအညီတောင်းခဲ့တယ်၊ ကူညီကြသူ တွေကို ကျေးဇူးတင်ပါတယ်ရှင်” ဟုပြောသည်။
ထိုင်နိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း  FED  နှင့်ဘန်ကောက်မြို့ အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့BAT တို့ ပူးပေါင်းလျှက် ဘန်ကောက် မဟာချိုင်နှင့် အနီးပတ်ဝန်း ကျင် နယ်မြေများမှ အခွင့်အရေး ချိုးဖေါက်ခံနေရသည့် မြန်မာအလုပ်သမား ပြဿနာအချို့တို့အား ကိုင်တွယ် ဖြေရှင်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

Monday 27 February 2012

ခြေထောက် ၂ဖက် ပြတ်နေသော ပုဇွန်ကန် အလုပ်သမား ကိုစံမောင် FED သို့ ရောက်

 
ဖေဖေါ်ဝါရီ ၂၇
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခါမြို့နယ်၊ ရနော့အုပ်စု၊ ထန့်ခယာ့ရွာ(ဘေါ်ကု) ပုဇွန်မွေးမြူရေး ကုမ္ပဏီတွင် ခြေထောက်၂ဖက်စွန့် ခဲ့ရသည့် အသက် ၃၂ နှစ်အရွယ် ကိုစံမောင် ဆိုသူမှာ ယခုအခါ ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း  FED အဖွဲ့သို့ ရောက်ရှိနေပြီးကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း၌ အလုပ်ကြပ်(၀ဏ)က ကိုစံမောင်အား ပုဇွန်ကန် သုံး ပန်ကာများတွင် ရေမြုပ်များ ရှိနေသဖြင့် ရေမြုပ်များကို ဆယ်ယူစေခဲ့သည်။ ထိုစဉ် ကိုစံမောင် ၏ ဘယ်ဖက် ခြေထောက်မှာ ပန်ကာဂျွိုင်းဖြင့် ကပ်ငြိပြီး ဒူးခေါင်းအောက်မှ ပြတ်ထွက်သွားခဲ့သည်။ ဆေးရုံတက်နေစဉ် ညာဘက် ခြေ ထောက်မှာ လှုပ်ရှားမှုမရှိသဖြင့် ဒူးခေါင်း အပေါ်ပိုင်းမှ ဖြတ်တောက် ပစ်ခဲ့ရသည်။
 ခြေ၂ဖက်ပြတ်နေသော ကိုစံမောင် ထံသို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ BAT နှင့် ရှေ့နေတို့ က ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ တွင် သွားရောက် ကူညီပေးခဲ့ကြသည်။
ကိုစံမောင် က“မန်နေဂျာက ကျနော့်ကို တစ်လ ၃၀၀၀ ဘတ် ထောက်ပံ့ပါတယ်၊ ဒီပိုက်ဆံနဲ့ ထမင်းဟင်း ၀၀လင်လင် စားလို့မရဘူး။ ကျနော့်ဘ၀မှာ ဘာမှ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့တယ်။ ခုတော့ ဦးကျော်သောင်း တို့ ကျေးဇူးကြောင့် ကျနော့်ဘ၀ကို မြေတောင်မြှောက်ပေးမယ့် ဦးထူးချစ်တို့  ဆီကို ရောက်ရှိလာခဲ့ပြီ၊ အားလုံးကို ကျေးဇူးတင်တယ်” ဟုပြောသည်။
ပုဇွန်မွေးမြူရေးကန်မှ ကယ်ထုတ်လာခဲ့သည့် BAT တာဝန်ခံ ဦးကျော်သောင်း က “ ထိုင်းမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေ အရဆိုရင် အချိန်ကာလက အတော်ကြာသွားပြီဖြစ်ပေမယ့် ရှေ့နေအဖွဲ့ နဲ့ တိုင်ပင်ပြီး
တော့  ဟတ်ယိုင် အလုပ်သမား အာမခံဌာန (ပကာဆာခွန်)မှာ ညှိနှိုင်း အသနားခံ ခဲ့တယ်။ ကျနော်တို့ မသိပဲ ထိုင်းနိုင်ငံ လုပ်ငန်းခွင် အသီးသီးမှာ မြန်မာအလုပ်သမားတွေ ရဲ့ ခြေလက်အင်္ဂါတွေ၊ အသက်တွေ ဘယ် လောက်အထိ ဆုံးရှုံးခဲ့ပြီ ဆိုတာ မသိနိုင်ပေမယ့်၊ သိရှိတာ လေးတွေကို မဟာမိတ် အဖွဲ့ အစည်းတွေနဲ့  တတ်နိုင်သမျှ လက်တွဲကူညီ ပေးသွားမှာပါ” ဟုပြောသည်။
ဖန်ငအခြေစိုက် FED ဒါရိုက်တာ ဦးထူးချစ်က “ ကိုစံမောင် ကိုကျနော်တို့ အဖွဲ့သားတွေ ၀ိုင်းဝန်းစောင့်ရှောက်
ထားမယ်။ သူ တတ်ချင် သင်ချင်ဖို့ သာလိုပါတယ်။ စာဖတ်ဖို့ စာအုပ်စင်လေး လုပ်ပေးထားမယ်။ ကွန်ပျူတာ တစ်လုံးပေးထားမယ်၊ တဖြည်းဖြည်း ဘာသာစကား စကားတွေကို သင်ပေးမယ်။ သူ ပျော်သလောက် နေ ခွင့်ပေးထားမယ်။ ဘယ်လောက်ကြာကြာပေါ့လေ။ နေရပ်ရင်းကို ပြန်မယ်ဆိုရင်လည်း အိမ်တိုင် ယာရောက် ပို့ပေးမယ်” ဟုပြောသည်။
ပုဇွန်ကန်တွင် ခြေထောက် ပြတ်ခဲ့ရသော ကိုစံမောင် ၏ မိဘများမှာ ဦးရွှေစိန်ဦး+ဒေါ်မထွေး ဖြစ်ပြီး ရခိုင်ပြည် နယ်  ပုဏ္ဍားကျွန်းမြို့နယ် အထက်မြလေး ကျေးရွာမှဖြစ်သည်။ ကိုစံမောင် ထိုင်းနိုင်ငံသို့ ၂၀၀၈ ခုနှစ် ကုန် တွင် ရောက်ရှိလာခဲ့သူဖြစ်သည်။    

ပုဇွန်ကန် လုပ်သားများဘဝ

Saturday 25 February 2012

အလုပ်သမား ၂ဦးထံမှ ပတ်စပို့  စာအုပ်နှင့် ဘတ်ငွေ ၂၀၀ အား ထိုင်းပုလိပ်သိမ်း

ဖေဖေါ်ဝါရီ ၂၅
ဘန်ကောက်မြို့အနီးမဟာချိုင်နယ်မြေ  ကီလိုစစ်ဆောင်(ကီလို၁၂) တွင်ရှိသော အထည်ချုပ် နှင့် ဆေးဆိုး ပန်း ရိုက် အလုပ်ရုံမှ အလုပ်သမတစ်ဦးနှင့် ဧည့်သည်တစ်ဦးတို့အား အလုပ်မဆင်းသဖြင့် ယာယီ ပတ်စပို့၂အုပ်နှင့်ဘတ်ငွေ ၂၀၀ တို့အား နယ်မြေခံပုလိပ်က သိမ်းယူလိုက်ကြောင်း ကာယကံရှင်တို့ ပြောပြချက်အရသိရှိရသည်။
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ က အလုပ်သမ မစီစီ ထံမှ ပတ်စပို့ စာအုပ်နှင့် ခေတ္တ ရောက်ရှိနေသော မိတ်ဆွေ ကိုမျိုးထွဋ် ထံမှ ပတ်စပို့ စာအုပ်နှင့်ဘတ်ငွေ ၂၀၀ တို့ အား အလုပ်မလုပ်ပဲ နားနေသဖြင့် သိမ်းယူခြင်း ဖြစ်  ကြောင်းမစီစီ က ပြောသည်။
“ကျမ အမျိုးသားက အလုပ်ရုံမှာ ဆေးရောင်ဖျော်တဲ့ ရေနွေးပူလောင်သွားလို့ ဆေးရုံကို သွားတယ်။
တစ်နှစ်နဲ့ ငါးလအရွယ် သမီးလေးကို ကျမ ထိန်းနေလို့ အလုပ်မဆင်းဘူး။ ကိုမျိုးထွဋ် လည်း သူ့မိန်းမ ကို လာရှာရင်း ကျမအခန်းမှာ ခဏနားနေတုန်း အလုပ်ရှင်က ဖမ်းခိုင်းတာဖြစ်တယ်။ အလုပ်သမား တွေက ထွက်နေကြတယ်လေ။ ဒါကြောင့်ဖမ်းတာ။ အလုပ်ဆင်းမှ ပတ်စပို့ ကို ပြန်ပေးမယ်လို့  ပုလိပ်နဲ့ အလုပ်ရုံက စါရေးမ ကပြောတယ်” ဟုမစီစီက ပြောသည်။
ကိုမျိုးထွဋ် က “ ကျနော် မြန်မာပြည် ကိုခဏသွားပြီးပြန်လာတာ၊ ကျနော့်အမျိုးသမီး ဒီမှာ လုပ်နေလားလို့ 
ဒီကိုလာစုံစမ်းတာ အဲဒီမှာ ကျနော့်ကို ဖမ်းပါလေရော။ ကျနော့် စာအုပ်ကို ပြန်လိုချင်ရင် ဘတ် ၅၀၀၀ ပေးရ
မယ်လို့ ပုလိပ်က ပြောတယ်။ ကျနော်က ဒီမှာလုပ်မယ်ဆိုင်  Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) လုပ်ပေးရင် အလုပ်လုပ်မယ်လို့ ပြောတော့၊ ပုလိပ်က Work Permit  အကြောင်းလာမပြောနဲ့ စာအုပ်ကို မီးရှို့လိုက်မယ် လို့ ပြောတယ်” ဟုပြောသည်။
ယမန်နေ့ က မစီစီ နှင့် ကိုမျိုးထွဋ် တို့ ၂ဦး နှင့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ က ဘန်ကောက်မြို့ဘန်မကော် ၉ ဈေး အနီးတွင် အီလက်ထရွန်နစ် နည်းပညာသုံး ယာယီပတ်စပို့ အတွက်လက်ဗွေနှိပ်သည့် ရုံးမှ အထွက်တွင် မြန်မာအလုပ်သမား ၃ဦးအား ထိုင်းပုလိပ် စောင့်ဖမ်းပြီး ဘတ်ငွေ ၆၇၀၀ပေးချေခဲ့ရသူ ကိုဇင်မျိုးအောင် တို့ မြန်မာသံရုံးသို့ သွားရောက် အကြောင်းကြားခဲ့ကြောင်းသိရှိရသည်။
မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက အလုပ်သမားများတိုင်ကြားသည့် အချက်အလက်နှင့် ဓါတ်ပုံ အချို့ တို့ 
အားယူထားလိုက်ပြီး ထိုင်းအလုပ်သမား ၀န်ကြီးဌာနသို့ ဘာသာပြန်ဆိုပြီးပေးပို့ ဖြေရှင်ပေးမည်ဖြစ်ကြောင်း
သံရုံးတာဝန်ရှိသူ က အလုပ်သမားများကို ပြောဆိုလိုက်ကြောင်း အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံအတွင်း သန်းချီရှိသော အလုပ်သမားများအနက် တစ်သန်းနီးပါးခန့် ယာယီပတ်စပို့ လုပ်ကိုင်ထား
ကြပြီးနောက်ပိုင်း  မြန်မာအလုပ်မားမြင်တိုင်း ဖမ်းဆီးငွေကြေးတောင်းခံတတ်သည့် ထိုင်းပုလိပ်များက  Work Permit  တောင်းခြင်းနှင့် ထောရော စာရွက်စာတမ်းများ များပြုလုပ်ပြီး ငွေကြေးတောင်းခံလေ့ရှိကြောင်း
အလုပ်သမားများ ပြောပြချက်အရသိရှိရသည်။

Monday 20 February 2012

လက်ဗွေနှိပ်ရန် သွားသည့် မြန်မာ အလုပ်သမား ၄ဦး အားထိုင်းပုလိပ်ဖမ်းဆီးငွေညှစ်



ဖေဖေါ်ဝါရီ ၂၀
ဘန်ကောက်မြို့ ဘန်မကော်ဈေး အလုပ်သမားရုံးသို့ လက်ဗွေနှိပ်ရန် သွားသည့်အလုပ်သမား၃ဦးနှင့် လိုက်လံပို့ ဆောင်သည့် အကျိုးဆောင် တစ်ဦးတို့အား ရုံးအနီးတွင် နယ်ကျော်သည်ဟုဆိုကာ ထိုင်းရဲ၂ဦးက ဖမ်းဆီးပြီးဘတ်ငွေ ၇၆၀၀ ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။
ဖေဖေါ်ဝါရီလ  ၁၇ ရက်နေ့ က အချိုရည်ဗူးခွံ အလုပ်သမား ကိုစိုးလွင်၊ရီဝေထူးနှင့် မတင်ထွေး တို့ သုံးဦး တို့ အား  ကိုဇင်မျိုးအောင် ဆိုသူကထိုင်းအလုပ်သမားရုံးသို့ လက်ဗွေနှိပ်ရန် သွားရောက်စဉ် ဆိုင်ကယ်စီး ထိုင်းပုလိပ် ၂ဦးက နယ်ကျော်မှုဖြင့်ဖမ်းဆီးကာ လဘူရန ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ပို့ဆောင်ပေးခဲ့သူ ကိုဇင်မျိုးအောင် က “ အခြားအချိန်မှာ နယ်ကျော်လို့ ဖမ်းတယ် ဆိုလည်း တစ်မျိုးပေါ့။ ခုဟာက လက်ဗွေလာနှိပ်တာ ကိုဖမ်းတယ်။ ဘတ်ငွေ ၁၂၀၀၀ တောင်းတယ်။ ညှိရင်းနဲ့  ၇၆၀၀ ဘတ်
ပေးခဲ့ရတာပါ။ နှစ်နိုင်ငံ အစိုးရက အကောင်အထည်ဖေါ်နေတာကို ကျနော်တို့ လိုက်နာနေတာဖြစ်တယ်။ အဲဒါကို ပုလိပ်ဖမ်းတယ်။ ကျနော်တို့ အလုပ်သမားတွေ အတွက် လုံလုံခြုံ လုပ်ကိုင်ရဖို့ လိုပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့်လကလည်း မဟာချိုင်တွင် ဖွင့်လှစ်ထားသော ယာယီပတ်စပို့ လုပ်ကိုင်ပေးရန် ဖွင့်လှစ် ပေးထား
သောထိုင်းအစိုးရ ရုံးသို့ လက်ဗွေနှိပ်ရန် သွားခဲ့သည့် မြန်မာအလုပ်သမား ၂၀ ဦးတို့ ကိုလည်း ထိုင်းပုလိပ်က ဖမ်းဆီခံခဲ့ရသဖြင့် ပတ်စပို့ ကုမ္ပဏီ ပွဲစား ဘတ်ငွေ နှစ်သောင်း ပေးချေခဲ့ရကြောင်း သတင်းများတွင်ဖေါ်ပြခဲ့ သည်။

သမိုင်း ပါမောက္ခ ဒေါက်တာ အေးကျော် အောက်မေ့ဘွယ် အခန်းအနား ဘန်ကောက်တွင်ကျင်းပ

ဖေဖေါ်ဝါရီ   ၁၂
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သော သမိုင်း ပါမောက္ခ ဒေါက်တာအေးကျော် အားရည်စူး၍ ဆွမ်းသွတ်အလှူပွဲနှင့် ဟောပြောပွဲ တစ်ခုအား ဘန်ကောက်မြို့ အခြေစိုက် ရခိုင်လူငယ်များက စုပေါင်းကျင်းပ ခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ ထပ်ခန်း ဘုန်းတော်ကြီးကျောင်းတွင် ဘန်ကောက်မြို့အခြေစိုက် ရခိုင်ဝံသာနုစာပေအသင်း၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်(ထိုင်းဌာနခွဲ)နှင့် ရခိုင်ဖေါင်ဒေးရှင်းတို့ ပူပေါင်းဆောင်ရွက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် စာသင်သား ရခိုင်သံဃာတော် သုံးပါးတို့ အား ဆွမ်းနှင့်လှူဘွယ်ဝတ္ထု တို့ ဆက်ကပ်လှူဒါန်း
ကြသည်။ ဤအခမ်းအနားသို့ ALP ပါတီ ဒုဥက္ကဌ ဦးခိုင်းစိုးနိုင်အောင်  နှင့်  ဘန်ကောက်အခြေစိုက် ရခိုင်လူငယ်များရာချီ တက်ရောက်ခဲ့သည်။
ဦးဆောင်ကျင်းပသည့် ကော်မတီ အဖွဲ့ဝင် ရခိုင်ဝံသာနုစာပီ အသင်း ဥက္ကဌ ခိုင်ကျော်လွင် က “ ဒီပုဂ္ဂိုဟ် ဟာ
ရခိုင်လူမျိုးထဲက ရှားပါးတဲ့ သမိုင်းပညာရှင် တစ်ယောက်ဖြစ်တယ်။ ဒေါက်တာအေးကျော် လိုလူတစ်ဦး ကွယ် လွန်သွားခဲ့တာဟာ ရခိုင်လူမျိုးအတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ အလွန်နှမြောစရာဖြစ်တယ်။ ရခိုင့်အမျိုးသား ဇာတိသွေး ဇာတိမာန်တွေကို တက်ကြွနိုးကြားအောင်နဲ့ ရခိုင့်စာပေ ပေါ်ပေါက်ရေး၊ရခိုင့်နိုင်ငံ
တော်ထူထောင်ရေး ကို နောက်ဆုံးအချိန်အထိ  လမ်းညွှန်ခဲ့တဲ့သူ ဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောသည်။ ဒေါက်တာအေးကျော် သည် ရခိုင်အမျိုး သားရေး အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) နာယကအဖြစ် ကွယ်လွန်သည်အထိ အမျိုးသားရေး တာဝန် ထမ်းဆောင် ခဲ့သည်။
နိုင်ငံတကာရောက် ရခိုင်လူမျိုးများ စည်းလုံးညီညွတ်မှု ရှိစေရန်အတွက် ရခိုင်အမျိုးသားများ အသင်းကို စတင်ဖွဲ့စည်းစဉ် ကတည်းက ပါဝင်ခဲ့သည်။ အဲဒီအသင်း၏ ပထမဆုံး ဥက္ကဌအဖြစ် ၂၀၀၅ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

Monday 13 February 2012

မြန်မာ ၁ ဦးသေဆုံး ၁၇ ဦးဒဏ်ရာရခဲ့သည့် ယဉ်တိမ်းမှောက်မှု

တာ့ခရိုင်မဲဆောက်မှ ကန်ဖေဖစ်သို့ လာသည့် ပေါင်မုန့် ကား  )လုတု  အောဘောထော ထဖု တလာ ရုံးခန်းအနီးတွင် ယနေ့ နံနက် ၄နာရီ  ၅၀ မိနစ် ခန့်  က  ကားတိမ်းမှောက်ခဲ့သဖြင့် မြန်မာတစ်ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာပြင်ထန်စွာရရှိသွား သည်။ ကန်ဖေ ခေါင်းကလုန်း ဆေးရုံတွင် တင်ထားရသည်။
ယဉ်မောင်းသူ ထွက်ပြေးသွားသည်။

ကျနော်မျိုးတော့ဖြင့် မနိုင်ပါပြီ

ခေတ်ဟောင်း အလွမ်းသီချင်းတစ်ပုဒ်က စာသားလေးကို ရွေးလိုက်တာပါ။
ဒီနေ့ ကျနော့်ကို ဘန်ကောက်မြို့အနီး မဟာချိုင်က အလုပ်သမားတစ်ယောက် ဖုန်းဆက်လာပါတယ်။ သူ့ညီမ ဖြစ်သူ မနေ့ ညနေက  မဟာချိုင် လေးထပ်ရဲစခန်းက ထိုင်းဘာသာပြန် မွန်ဗမာ တစ်ယောက် က အဓမ္မပြုကျင့် ခံရလို့ ပါတဲ့။
အဓမ္မ ပြုကျင့်ခံရတဲ့ မဖြူ ဆိုတဲ့ မိန်းကလေး နဲ့ ကျနော် လွတ်လွတ်လပ်လပ် စကားပြောဖြစ်ပါတယ်။ အသက် ၁၈နှစ်ထဲ ၀င်ခါစ အပျိုစင်ကလေး။ မနေ့ ညနေ က သူ့ သူငယ်ချင်း တစ်ယောက်နဲ့ ဟင်းချက်စရာ ထွက်ဝယ်
တော့ မဟာချိုင်လေးထပ် ပုလိပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဖေါ်သူငယ်ချင်း ကိုတော့ မိသားစုက
ဘတ် ၃၀၀၀ နဲ့ လာရွေး ထုတ်သွားခဲ့တယ်။
အချုပ်ခန်းထဲကို ရောက်သွားခဲ့တဲ့ မဖြူမှာ အစ်ကို တွေရှိပေမယ့် ရုတ်တရက် ဆက်သွယ်မရ ဖြစ်နေတယ်။ အဲဒီအခါ ပုလိပ်ရဲ့ ဘာသာပြန်အမည်မသိ မြန်မာနိုင်ငံသား တစ်ဦးက မဖြူကို တစ်ညတာ ဇနီးမယားအဖြစ် နေခွင့်ရပါက ပြန်လွှတ်ပေးမယ်လို့ ပြောဆို စည်းရုံးပါတယ်။ သူမက ငြင်းဆန်ပေမယ့် တည်ခိုးခန်းတစ်ခုကို ခေါ်သွားပြီးတော့ အဓမ္မပြုကျင့် လိုက်ပါတယ်။ ညဥ့် ၁နာရီလောက်မှာ တက္ကစီင်္နဲ့ အစ်ကိုတွေ ရှိရာကို တင် ပေးလိုက်ပါတယ်။
မဖြူမှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အ၀တ်အထည်တွေ မလျှော်မဖွတ်သေးပဲ ရှိပါသေးတယ်။ ကျနော်က  သူမ  ကို
 မလိုလားအပ်တဲ့ ကိုယ်ဝန် မရရှိအောင်နဲ့ မဖြစ်သင့်တဲ့ ရောဂါဘယတွေ အတွက် ကာကွယ်ဆေး တွေ
ထိုးနှံနိုင်အောင် စီစဉ်ပေးနိုင်ကြောင်း စိုးရိမ်စရာမရှိကြောင်း အားပေးစကားတွေ နွေးနွေး ထွေးထွေး ပြောပြပါ
တယ်။  သူမ မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ဘာမှ မရှိကြောင်း သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေ အကြောင်းအရာကို လက်တွေ့ ဥပမာနဲ့ ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆  ၀န်းကျင်ကဖြစ်ပါတယ်။ ဘန်ကောက်မြို့အရှေ့ ဘက် ကီလိုမီတာ ၇၅ အကွာ မှာရှိတဲ့ ချာချင်
ဆောင် အရပ်မှာ အိမ်ဖေါ်အလုပ်လုပ်တဲ့ ၁၆ နှစ်အရွယ် ကရင် အမျိုးသမီး ငယ်တစ်ဦးဟာ ဘန်ကောက်မှာရှိတဲ့
သူ့အစ်ကို အရင်းဆီကို တက္ကစီ နဲ့ လာပါတယ်။ ကားသမားက တည်းခိုခန်းကို ခေါ်ဆောင်သွားပြီး တစ်ညတာ
အဓမ္မပြုကျင့်ပါတယ်။ ကရင်မလေး ခမျာ ဘယ်မှ မသွားတတ် တာကြောင့် တည်းခိုခန်းက နေ ပုလိပ်ကို ခေါ်
လိုက်လို့ ရဲစခန်းကို ရောက်သွားပါတယ်။
သူမရဲ့  အစ်ကိုနဲ့ ဦးလေး တော်စပ်သူတို့က အကူအညီ တောင်းလာခဲ့တာကြောင့် ကျနော် တို့ သွားရောက်ပြီး တော့ အကူအညီ ပေးခဲ့ပါတယ်။ ရုံးချိန်းတိုင်း ကျနော်တို့ သွားခဲ့ပါတယ်။
ကရင်မလေးဟာ ၆လတိုင်တိုင် နွန်ထဘူရီ ရေလယ်ကျွန်း မှာ နေခဲ့ရပြီး မိဘများ နေထိုင်ရာ ကရင်တောရွာကို
ပြန်ပို့ခံခဲ့ရပါတယ်။ မည်သို့သော နစ်နာကြေးမှ ရရှိမသွားခဲ့ပါ။ အဓမ္မပြုကျင့်သူ ထောင်ကျ မကျလည်း ကျနော် တို့ သိခွင့်မရရှိခဲ့ပါ။ အဓမ္မပြုကျင့်ခံရတဲ့ အရွယ်မရောက် သေးတဲ့ ကလေးငယ် တစ်ယောက်အတွက် အလွန်ပဲ နစ်နာလှပါတယ်။ ကျနော်တို့လည်း စရိတ်အတော် ကုန်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ကျနော် မဖြူတို့  မောင်နှမ နှစ်ဦးလုံကို ရှင်းပြခဲ့ပါတယ်။
မဟာချိုင်က  ပုလိပ်အချို့ဟာ စာရွက်စာတမ်းမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေထဲက ရုပ်ရည်ချောမောသူ
နဲ့ ငယ်ရွယ်သူ အချို့တို့ ကို ဖမ်းဆီးခေါ်ဆောင်လာပြီး အဓမ္မပြုကျင့်တာတွေကို ကိုယ်တိုင်ကြုံလာ အချို့ပြော
ပြလို့  ကြားဖူးပါတယ်။ အလားတူ မဟာချိုင် ပုလိပ်တွေမှာ သတင်းပေး မွေးထားတဲ့ မွန်ဗမာတွေ က လည်း ဒီလို ပြုကျင့်တာတွေကို ကျနော်တို့ သိရှိရပါတယ်။
ဒါပေမယ့် ဥပဒေကြောင်းအရ အရေးယူဖို့ အတွက်  အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအလုပ်သမ လေးတွေအတွက်
တရားဝင်နေထိုင် ခွင့်စာရွက်စာတမ်း တစ်စုံတစ်ခု မရှိတာကြောင့်၊ အမှုဖွင့် တိုင်ကြားလိုက်တာနဲ့ တပြိုင်နက်
အမျိုးသမီး ကယ်ဆယ်ရေး စခန်းလို့ အမည်ခံထားတဲ့ ရေလယ်ကျွန်းက အကျဉ်းထောင်တစ်မျိုးထဲမှာ နေ
ရတော့မှာဖြစ်ပါတယ်။
မြန်မာလူမျိုး ပါးစပ်နဲ့ အဆင်မပြေတဲ့ အစားအစာကိုစား အသွင်မတူတဲ့ လူမျိုးခြားတွေနဲ့ လပေါင်းများစွာ
နေရမယ့် ဒုက္ခဘေးက အဓမ္မပြုကျင့် ခံရတာထက် ဆိုးဝါးတယ်လို့ ချာချင်ဆောင် က  ကရင်မလေးက ပြော
ပြခဲ့ဖူးပါတယ်။
**ကျော်သောင်း**
၂၀၁၂ ခု ဖေဖေါ်ဝါရီ ၁၂

ဘာလဲဟဲ့ Valentine (စိန့်ဗာလင်တိုင်း) ♥♥

Valentine's Day တဲ့
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က စခဲ့တယ်ဆိုပဲ။
ဘာဘာညာညာ ဂဃဏန မသိတဲ့ လူတစ်ချို့ ကလည်း
မစို့မပို့ အသိကလေးတွေနဲ့
ရောယောင်ပြီး ဖွဲ့လိုက်တာ
နွဲ့လိုက်တာလဲ လွန်ရော….
ဒါပေမဲ့ Saint Valentine ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ကြားရင်တော့ ဝမ်းသာမှာပါလေ။
ဒိင်္နေ့တစ်ရက်ထဲမှာ ပန်းတွေ သန်းပေါင်းများစွာဖိုး ရောင်းရတယ်ဆိုပဲ
တစ်ချို့ကတော့ Sex နဲ့ ပန်းနဲ့ လဲတာပါဆိုပြီး ဝေဖန်နေလေရဲ့
Saint Valentine ဆိုတဲ့ ပုဂ္ဂိုလ်က လက်မထပ်ရဆိုတဲ့အမိန့်ကို
ရဲရဲကြီး ဆန့်ကျင်ခဲ့တာကိုတော့ ဦးညွှတ်ထိုက်ပါတယ်
သူ့ကြောင့်ပဲ ရောမစစ်သားတွေ လက်ထပ်ခွင့်ရခဲ့တာ
ဒါကတော့ သေချာတယ်။
Valentine's Day နေ့မှာ သုံးတဲ့ ပန်းရောင်းရငွေတွေ
ဟေတီ၊မြန်မာနဲ့ နိင်ငံတကာဒုက္ခသည်တွေအတွက်သုံးရင်
ကွယ်လွန်သွားပြီဖြစ်တဲ့ St. Valentine's တစ်ယောက်
ဘယ်လောက် ၀မ်းသာလိမ့်မလဲ။
လူသားစိတ်ရှိတဲ့ အမျိုးသမီးတစ်စုကတော့
Valentine's Day မှာ သူတို့ခေါင်းဆောင်လွတ်မြောက်ဖို့
တစ်ယောက်ကအစ တစ်ရာမဆုံး
သုံးပါးရတနာ ဦးထိပ်မှာထား
မြတ်ဘုရားရွေတိဂုံမှာ ၀တ်ပြု ဆုတောင်းနေကြလေရဲ့…
ဘေးဘေး Saint Valentine (စိန့်ဗာလင်တိုင်း)ရေ..
ခင်ဗျားရည်ရွယ်ခဲ့တဲ့ ချစ်သူများနေ့နဲ့
ကျူပ်တို့ ကမ္ဘာမှာသုံးနေတဲ့ Valentine's Day
အလွဲကြီး လွဲနေကြလေရဲ့………….

ခန့်ဇော်

Saturday 11 February 2012

မဟာချိုင်က ငါးပုဇွန် ကုမ္ပဏီကြီး မီးလောင် မြန်မာအလုပ်သမားရာချီဆေးရုံရောက်









      
ဖေဖေါ်ဝါရီလ ၁၁
မြန်မာအလုပ်သမား သောင်းချီ အလုပ်လုပ်နေကြသည့် စမွတ်စာခွန်ခရိုင်၊ မဟာချိုင်မြို့  Big C ကုန်တိုက် နှင့်မျက်နှာချင်းဆိုင် တွင် ရှိသော ထိုင်းယူနီယံ ဟုခေါ်တွင်သည့် ငါးပုဇွန် စည်သွတ်စက်ရုံ တွင် ယနေ့  မွန်းလွဲပိုင်း နှစ်နာရီခန့် က စတင်မီး လောင်ကျွမ်းခဲ့သဖြင့် မြန်မာအလုပ်သမား ရာချီပြီး ဆေးရုံ တင်လိုက်ရကြောင်း သိရှိရသည်။
စီဝိချိုင်အမှတ် ၅ ဆေးရုံနှင့် စမွတ်စာခွန်ဆေးရုံကြီး တို့ တွင် မြန်မာအလုပ်သမား တစ်ရာကျော်ခန့်  အတွင်း
လူနာအဖြစ် တက်ရောက်ကုသနေရကြောင်း အလုပ်သမား မိသားစု ၀င်များနှင့် မျက်မြင်များကပြောသည်။ ကြီးမား ကျယ်ပြန့် သည့် ထိုင်းယူနီယံအလုပ်ရုံ အတွင်း လုပ်ငန်းစုအလိုက် အခန်းများခွဲထားကြောင်း၊
ပုဇွန် ကုန်ချော ထုတ်လုပ်သည့် အဆောင်မှ စတင်မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား မင်းအက္က က ပြောသည်။
“ ထိုင်းအလုပ်သမား တစ်ဦး ဂက်စ်နဲ့ ဂဟေဆော်တာလေ၊ အဲဒီက မီးပွားတွေစင်ပြီး မီးလောင်တာ သူမသိ
ဘူး။ မီးစွဲနေပြီး သူ့ အနားရောက်လာမှ သူ ထပြေးတာ။ ကျနော်တို့ လည်း ပြေးကြတာပေါ့။ ဆေးရုံကားတွေ လာတယ် အလုပ်ရုံက ၀င်ခွင့်မပြုလို့ ထွက်သွားရတယ်။ စက်ရုံရှေ့ က မူးပြီးမေ့သွားသူတွေကို ဆေးရုံကား
တွေက သယ်ထုတ်သွားတယ်။ နောက်ပေါက်ကလည်း သတိမေ့နေသူတွေကို ကားတွေနဲ့ သယ်ထုတ်
သွားတယ် အတိအကျပြောဖို့ တော့ခက်တယ်” ဟုပြောသည်။
အလုပ်ရုံတွင် မီးလောင်နေသော်လည်း အချို့ အဆောင်များကမသိကြကြောင်း၊ အရေးပေါ်ခေါင်းလောင်း
လည်းမထိုးကြောင်း၊ အလုပ်သမားများအား စစ်ဆေးခြင်း နာမည်ခေါ်ခြင်းများ စက်ရုံအတွင်း လုပ်နေသဖြင့် ညနေ၆နာရီခွဲအထိ အလုပ်သမားများ အပြင်သို့ မထွက်ရသေးသူများရှိကြောင်း အလုပ်သမား မိသားစုဝင်
အချို့ကပြောသည်။
အလုပ်သမ မနွယ် က “ မနက်ဖြန် ယောက်ျားအလုပ်သမားတွေ အကုန်လုံးအလုပ်ဆင်းရမယ်၊မိန်းကလေး
တွေ မဆင်းရဘူးတဲ့။ အစည်းဝေးလုပ်မယ်လို့ လည်းကြားတယ်။ မီးလောင်တုန်း အလဲလဲအပြိုပြိုပဲလေ၊  ထွက်ပေါက်က တစ်ပေါက်တည်း၊ လူတွေက နေ့ ဆိုင်း ညဆိုင်း ထောင်ချီပြီးလုပ်ကြတာ အတည်မပြုရ နိုင်သည့် အချို့အလုပ်သမားများအပြောအရ အလုပ်ရုံလှေကားရင်းတွင် ပိတ်ဖြူဖြင့်အုပ်ထား သည့် လူသေအလောင်းဟု ယူဆနိုင်ဖွယ်ရာ အလောင်း၆လောင်း အား မြင်တွေ့ ခဲ့ရကြောင်း၊ ထိုအထဲ
ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ဦးလည်း ပါဝင်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ က မဟာချိုင် (တလာကုန့်) ပုဇွန်ဈေး အနီးတွင် ကားတိုက် သေ
ဆုံးခဲ့သည့် မြန်မာအလုပ်သမား ၉ဦး နှင့် ထိခိုက်ဒဏ်ရာရသည့် အလုပ်သမားများ အတွက် ယနေ့ ထိ တိုင်အောင်နစ်နာကြေး တစ်စုံတစ်ရာ မရရှိသေးကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောသည်။

စစ်မှုထမ်းဟောင်း တစ်ယောက်ရဲ့ ဘ၀ဇတ်ကြောင်း

Friday 10 February 2012

မြန်မာအလုပ်သမားတစ်ဦးအား ထိုင်းလမ်းသရဲက ဓါးဖြင့်ခုတ်

ကိုသန်းဇေါ်ဦး လဲကျနေသည့် နေရာမှ သွေးကွက်များ

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး

ဆေးရုံပေါ်မှ ကိုသန့်ဇော်ဦး


ဖေဖေါ်ဝါရီ ၉
ထိုင်းနိုင်ငံ မဟာချိုင်မြို့ စွယ်လုံမစ် လမ်းသွယ်တစ်တွင် အချိန်ပို အလုပ်လုပ်ရာမှ  ပြန်လာသော မြန်မာ အလုပ်သမား ကိုသန်းဇေါ်ဦး အား အမည်မသိ  ထိုင်းလမ်းသရဲ ၂ဦးက ဓါးဖြင့် ခုတ်သဖြင့် ဒဏ်ရာပြင်း ထန်စွာ ရရှိပြီး စမွတ်စာခွန် ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ်ကုသမှုခံယူနေရသည်။
 ဇန်န၀ါရီလ ၇ ရက်နေ့ ညဥ့် ၁၀ နာရီကျော်ခန့်အချိန်တွင် အမည်မသိ ထိုင်းလမ်းသရဲ ၂ ဦးက ဓါးရှည်များနှင့် ခုတ်သတ်သဖြင့် အလုပ်သမား ကိုသန်းဇေါ်ဦး၏ ဘယ်ဘက် လက်ဖမိုး ထက်ဝက်ခန့် ပြရှပြီးလက်ဖျံ နှင့် ဘယ်ဘက်ပါးအပြင် ဦးခေါင်းတွင်ပါ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။
ပုဇွန်အခွံခွာသည့် အလုပ်ရုံတစ်ခုမှ အတူတူ ပြန်လာသည့်  မောင်တင်နိုင် က“ကျနော်တို့ သူငယ်ချင်း သုံးယောက်အလုပ်ကပြန် လာကြတယ်။ ကိုသန်းဇေါ်ဦး နေတဲ့ နေအိမ်ခြံဝင်း အ၀မှာ ထိုင်း လမ်းသရဲ ၂ဦးက ဓါးရှည် ထုတ်ပြီးခုတ် သတ်ပါတယ်။ ကျနော်တို့ နှစ်ယောက် ထွက်ပြေးတယ်။ သန်းဇေါ်ဦး လည်း ဓါးခုတ်ခံရပြီး ထွက်ပြေးတယ်။ သွေးထွက်လွန်ပြီး ကိုက်၅၀ လောက်မှာ လဲကျပြီး သတိမေ့သွားတယ်” ဟုပြောသည်။
မောင်တင်နိုင် က ရင်နှီးသူများအား ဖုန်းဆက်ခေါ်သဖြင့် ရောက်ရှိလာကြကြောင်း၊ သူငယ်ချင်းဖြစ်သူ၏
ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးက ဆေးရုံ မှ လူနာတင်ကားအား ဖုန်းဆက်ခေါ်ရာ မြန်မာဟုပြောသဖြင့်
၄၅ မိနစ်ခန့် ကြာမှ ရောက်လာသဖြင့် လူနာမှာ သွေးထွက်လွန်သွားကြောင်း ကိုသန်းဇေါ်ဦး ၏ အစ်ကို
ဝမ်းကွဲ ဖြစ်သူ ကိုဇေါ်က ပြောသည်။
“ ကျနော် ရောက်လာတော့ ကျနော့်ညီ သန်းဇေါ်ဦးကို သေမယ်လို့ ထင်ခဲ့တာ။ သွေးအိုင်ထဲမှာ သတိမေ့နေတယ်။ ကံကောင်းလို့ ညီလေး ပြန်သတိရလာတာ၊ ဘာရန်ငြိုး ရန်စမှ မရှိပဲ ဓါးနဲ့ ခုတ်တာ ဘယ်ဘက် လက်ဖမိုး ဆိုရင် ပြတ်ထွက်သွားနီးပါးပဲ။ ဒီလိုဖြစ်ရပ်မျိုး နောက်မပေါ်ပေါက်ဖို့ လိုတယ်။ ကျနော်တို့ အချိန်ပိုလုပ်ပြီး ညဥ့်နက်မှ ပြန်လာတဲ့ အလုပ်သမားတွေအတွက် မဟာချိုင်မှာ လုံခြုံမှုမရှိဘူး။ ကျနော်တော့ မြန်မာသံရုံးကို အကူအညီတောင်းမယ်လို့ စဉ်းစားထားတယ်” ဟုပြောသည်။
သိန်းချီသည့် မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ပင်လယ်အစားအစာများအဓိက ထုတ်လုပ်သည့် မဟာချိုင်တွင် ထိုင်းလမ်းသရဲများက မြန်မာအလုပ်သမားများ ပိုင်ဆိုင်သည့် ဆိုင်ကယ်၊  ရွှေငွေနှင့် ဖုန်းများ၊ပိုက်ဆံအိပ်များအား မကြာခဏလုယက် ယူငင်ခြင်းများရှိသည်။ စိတ်ကြွဆေးသုံးစွဲသည့် ထိုင်းလူငယ်အချို့နှင့် ဆိုးသွမ်းလူငယ်များက လက်တေ့စမ်းသည့် အနေဖြင့် မြန်မာအလုပ်သမားများအား ဓါးဖြင့်ခုတ်သတ်ခြင်း၊ ရိုက်သတ်ခြင်းတို့  မကြာခဏ ပြုမူလေ့ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သည့် မဟာချိုင်မှ ကိုခိုင်ကြီး ကပြောသည်။ သို့ရာတွင် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းမျိုး အရေးယူခံရခြင်းမျိုး မဟာချိုင်တွင်မရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ပတ်စပို့ လုပ်ဖို့ လက်ဗွေနှိပ်ဖို့ သွားစဉ် ဖမ်းဆီးငွေညှစ်ခံရ

Saturday 4 February 2012

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၅


ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၅ ကို ဖတ်ရှုနိုင်ပါပြီ။





shweloatharFEB,5

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၎


ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၄ ကို ဖတ်ရှုနိုင်ပါပြီ။




 shweloatharJanuarry4

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၃


ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၃ ကို ဖတ်ရှုနိုင်ပါပြီ။




Shweloathar December,3

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၂

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၂ ကို ဖတ်ရှုနိုင်ပါပြီ။





shweloathar 2

Friday 3 February 2012

ရွှေလုပ်သား ဂျာနယ် အမှတ်စဉ် - ၁

ရွှေလုပ်သားဂျာနယ် များကို ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။






shwe loatthar Oct1

မြန်မာအလုပ်သမားတွေ အလုပ်အပ်ဖို့ စောင့်ကြိုနေကြတယ်

                     
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြန်မာသံရုံးမှာ မြန်မာအလုပ်သမားဒုဝန်ကြီးနဲ့ ဘန်ကောက်မြို့ အခြေစိုက်  မြန်မာ သံအမတ်ကြီးတို့ ဦးစီးပြီးတော့ ယူအင် အပါအ၀င် နိုင်ငံတကာ အင်ဂျီအိုတွေနဲ့ မြန်မာ အလုပ်သမားအဖွဲ့ တချို့ကို ဖိတ်ခေါ်ပြီးတော့  မြန်မာနိုင်ငံသား ကူညီစောင့်ရှောက်ရေးအသင်း ဆိုပြီး  ဖွဲ့စည်းလိုက်တယ်။
ထိုင်းနိုင်ငံရောက်  မြန်မာအလုပ်မားတွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေ ၀မ်းမြောက်ခဲ့ကြတယ်။

ထိုင်းမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ပြဿနာတွေထဲကအချို့ကို ပြောရရင်-
(၁) တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို  အလုပ်သမားများ ကိုင်ဆောင်ခွင့်မရရှိခြင်း၊
(၂) အလုပ်သမားတစ်ဦး  တရားဝင်ဖြစ်ဖို့လုပ်ငန်းရှင် တစ်ဦးရဲ့အဆုံးအဖြတ်ပေါ်တွင် တည်မှီနေခြင်း၊
(၃)အလုပ်သမားများထံမှ  လုပ်ငန်းရှင်က ငွေများ  ယူထားသော်လည်း အချိန်လွန်မှ မလုပ်သေးသည်ကိုသိသဖြင့် ငွေလည်းဆုံး  တရားမ၀င် အလုပ်သမားဖြစ်သွားခြင်း၊
(၅) မတော်တဆ ထိခိုက်သေဆုံးမှု

(၆)လုပ်ငန်း ခွင်အတွင်း အသက်သေဆုံးခြင်းနှင့်  ခြေလက်အင်္ဂါများ ပြတ်တောက်သွားခြင်း၊
(၇) လုပ်အားခ မရရှိခြင်း၊
(၈) ရက်ပေါင်ယူထားခြင်း၊
(၉) အသက်အာမခံကြေး၊ပြန်ပို့ကြေး အဖြစ်ဖြတ်တောက်ထားခြင်း၊
(၁၀) အလုပ် ကိုနာရီဝက်ခန့် ကြိုဆင်းခိုင်းပြီး နာရီဝက်ခန့် နောက်ကျပြီးမှ အလုပ်လွှတ်ခြင်း၊
(၁၁) အိမ်ဖေါ် အလုပ်သမား များ  နားရက်မရှိ နေ့စဉ် နာရီပေါင်းများစွာ အလုပ်လုပ်နေရခြင်း၊
(၁၂)  လုပ်အားခများကို မပေးချင် တာကြောင့် အလုပ်သမား တွေရဲ့တရားဝင် စာရွက်စာတမ်းတွေကိုဖျက်ဆီး၊ဖျောက်ဖျက်ခြင်း၊သိမ်းထားခြင်း၊ ပုလိပ်ကိုခေါ်၍ဖမ်းဆီးခိုင်းခြင်း၊
(၁၃) အချိန်ကုန်ခံပြီး အလုပ်သမား  စာရွက် စာတမ်းကို ပြောင်းရွှေ့မပေးပဲ ၊ပုလိပ်ကြေး ဟူ၍လစဉ် ဖြတ်တောက်ခြင်း၊
(၁၄) မဲဆောက်နှင့် နယ်စပ်တို့မှ မြန်မာအလုပ်သမားများ မယ်ဆိုင် နှင့် ရနောင်းမြို့များသို့  ယာယီပတ်စပို့ လုပ်ကိုင်ရန် လျှောက်ထား၍ မရခြင်း၊
(၁၅) လူကုန်ကူးမှု နှင့် အခန်း ပိတ်လှောင် ခိုင်းစေခြင်းကို  ကယ်တင်နိုင်ရန် ပြဌာန်း ထားသည့် ထိုင်းလူကုန်ကူးမှု ဥပဒေများ မှာ လူကုန်ကူး ခံရသူအတွက်  အထူး နစ်နာဆုံးရှုံးခြင်း၊ လူကုန်ကူးသူတို့အား အရေးယူနိုင်ရန်အတွက် အထူးခက်ခဲနေခြင်း၊ ဥပမာ။ လူကုန်ကူးခံရသူကိုယ်တိုင် (သို့) မိသားစုဝင် တစ်ဦးဦးက လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့သို့ ကိုယ်တိုင်လာရောက်တိုင်ကြားမှ၊ ဓါတ်ပုံမြေပုံများ၊ လူကုန်ကူးသူများ၏ ဓါတ်ပုံနှင့် ရုပ်ပုံများ ရေးဆွဲ သက်သေခံမှ တရားရုံးမှ ဖမ်းဝရမ်းကျမှ သွားရောက် ဖမ်းဆီးပါတယ်။

ဖမ်းဆီးကယ်တင်ပြီးနောက် ချာတာ(ခ)ကယ်ဆယ်ရေးစခန်း  ဟုခေါ်သော  အကျဉ်းထောင်
တစ်မျိုးဟု  ဆိုနိုင်သော စခန်းတွင် အနည်းဆုံး ၃လမှ ၆လထက်မနည်း ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရပဲ နေ
ထိုင်ရမှာဖြစ်တယ်။ ဖမ်းဆီးခါစက နိုင်ငံတကာအဖွဲ့အစည်းများ၊  ထိုင်းနှင့်မြန်မာအစိုးရများ အပြင် အလုပ် သမားဝန်ကြီးဌာနများ အင်ဂျီအို အဖွဲ့ကြီး လာရောက် ဓါတ်ပုံရိုက် ဟိုမေး ဒီမေး၊ အားပေး စကား
လာပြောကြတယ်။ ဆုံးရှုံးခဲ့တဲ့လုပ်အားခတွေကို မေးတယ် မျှော်လင့်ချက်တွေပေးတယ်။ ပြီးတော့ဒီအဖွဲ့
တွေအကုန်လုံး ဖုန်းဆက်လို့တောင် ကိုင်ဖေါ်မရတော့ဘူး။

ချာတာထဲမှာ လပေါင်းများစွာ ထိုင်းအစားအစာ သကြားရည်နဲ့ ချက်တဲ့ဟင်တွေကို  စားပြီးတော့  ဟိုနေ့
လွတ်နိုး ဒီနေ့လွတ်နိုးနဲ့   လူကုန်ကူးခံရတဲ့ မြန်မာအ လုပ်သမားများခမျာ မျှော်လင့်ချက်များ  တဖြည်း
ဖြည်းနည်းပါးလာတာက လက်တွေ့ပါ။ ကယ်ဆယ် ရေး စခန်း(ချာတာ)ထဲမှာလည်း အသွင်မတူ စရိုက် မတူတဲ့ လူမျိုးတွေနဲ့ ရောနှောထားတယ်၊  အသဲရောင် အသားဝါ ဘီပိုးရှိသူနဲ့  တီဘီလို ရောဂါသည်တွေ နဲ့ ရောနှောထားတယ်။ ချာတာ ကို အုပ်ချုပ်သူ တွေကလည်း အချိန်ကြာလာတာနဲ့ အမျှ  အပြစ်ရှိလို့ ဖမ်းဆီး ထောင်ချထားတဲ့ ရာဇ၀တ်သား တစ်ယောက်လို့ ပြောဆို ဆက်ဆံလာတယ်။

၃လကနေ ၆လအထိ ကြာလာတဲ့အခါ  လူကုန်ကူးခံရသူတွေမှာ ဖိနပ်ပြတ်၊ အတွင်းခံဘော်လီကြိုးပြတ်
ခေါင်းလျှော်ရည်မရှိ၊ ဆပ်ပြာမရှိ၊ အမျိုးသမီး အသုံးအဆောင် နထ္တိ  ဖြစ်လာခဲ့ကြတယ်။ မြန်မာအစား အသောက်တွေကို စားချင်လာတယ်။ ဘာမှ မလိုချင်ကြတော့ဘူး။ မိဘဆီ ပြန်ရရင်ပြီးရောစိတ်ဓါတ်တွေ ကျလာကြတယ်။ ကယ်မှားမိတဲ့ ကျွန်ုပ်တို့လို  အဖွဲ့သေးသေးလေးကတော့ ပျားတုတ်တာနဲ့ အတူတူပါ။ အဆဲလည်းခံရ။ အစားအစာနဲ့ လိုအပ်တာတွေကိုလည်း သွားပို့ရနဲ့ အရပ်ကူပါ လူဝိုင်းပါ ဖြစ်ကြရတယ်။
နွန်ထဘူရီ ရေလယ်ကျွန်းမှာရှိတဲ့  အမျိုးသမီး ကယ်ဆယ်ရေးစခန်းထဲမှာဆိုရင် မိသားစုကို ဖုန်းလုံးဝ ဆက်ခွင့်မရကြဘူး။ ပြည့်တံဆာတွေ ရူးသွတ်သူတွေနဲ့ ရောနှောထားတယ်။ နှစ်များအကြာမီက  ဒီကယ်ဆယ်ရေးစခန်းက ထွက်ပြေးလို့ လှေသမားက အဓ္ဓမပြုကျင့်ပြီးမှ  စခန်းထဲပြန်ပို့တာတွေ၊ စိတ်ဖိစီးမှု များလွန်းလာတာကြောင့်  စခန်းတွင်းက ရေစင်က နေခုန်ချပြီး  မိမိကိုယ် အဆုံးစီရင်သွားသူတွေ ရှိတယ်လို့ကိုယ်တိုင်ကြုံဖူးတဲ့မြန်မာအလုပ်သမတွေကပြောပြခဲ့ပါတယ်။ ပန်းရောင်ဘတ်နဲ့ နယ်ကျော် ပြီးသွားလာတဲ့ အလုပ်သမားကို ထိုင်းဥပဒေမှာ ဘတ်ငွေ ၅၀၀  ဒဏ်ကြေးရိုက်ရမယ်လို့ ပြဌာန်းထားပေမယ့် လက်တွေ့မှာ ဘတ်ငါးထောင်၊ တစ်သောင်းပေးမှပြန်လည်လွှတ်ပေးတတ်ပါတယ်။


အဓိက ပြောနိုင်တာက ထိုင်းရဲတွေ ဆိုင်ကယ်နဲ့ ကားနဲ့  မြို့ရွာတွေမှာ  ပတ်ပြီးတော့ လမ်းမှာ တွေ့သမျှ၊ မြန်မာ ဟူသမျှကို ပတ်စပို့ရှိရှိ မရှိရှိ ဖမ်းဆီးတယ်။ ငွေညှစ်တယ်၊ လက်ကိုင်ဖုန်းကို သိမ်းတယ်။ ပါတဲ့ငွေတွေကို ယူတယ်၊ မိန်းကလေးငယ်ငယ်များကို အခါအားလျှော်စွာ ဗလက္ကာယ ပြုကျင့်တာလည်း ရှိတယ်။ တရုတ်နိုင်ငံလို ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံကြီးက လာဖို့အတွက် ပေးရတယ်ဆိုလည်း တစ်မျိုးပေါ့။ မလေးရှားလို နိုင်ငံကလာချင်လို့ ပေးရရင်လည်း နားထောင်လို့ကောင်းသေးတယ်။ ထိုင်းကနေပြီးတော့ မိခင်နေရပ်ရင်းကို ပြန်ဖို့ မဲဆောက်ကို ကားခ လေးရာဝန်းကျင်သာရှိပေမယ့် ပွဲစားကို ဘတ်ငွေ  နှစ်ထောင်ကျော်ပေးပြီးမှ  သွားလို့ရတဲ့ အနေအထားဟာ  အလွန်အရုပ်ဆိုးပါတယ်။ နယ်စပ်ကိုရောက်တော့ နယ်ခြားစောင့် ၀င်းခြံထဲ (ကိုသုံးလုံးဂိတ် စသည်) ကို ပဲ ထိုင်းအာဏာပိုင်တွေက ပို့ပေးပါတယ်။ အပြင်ထက်ရဖို့ အတွက် ဘတ်ငွေ နှစ်ထောင်ကျော် ပေးမှ လွတ်မြောက်ပါတယ်။

ထိုင်းကိုလာပြီး အလုပ်လုပ်ဖို့ နေ့စဉ်လာနေတဲ့ မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ တစ်ဆင့်လာရတယ်။ တရားမ၀င် လာနေကြတာကြောင့် ပြဿနာ တွေအမြဲပေါ်ပေါက်နေတယ်။ မြန်မာပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိသရွှေ့ မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို လာနေကြမှာပဲ။ ဘယ်နည်းနဲ့ အလွယ်ကူဆုံး အသက်သာဆုံး တရားဝင်လာနိုင်အောင်ပြင်ဆင်နိုင်မလဲ။ ထိုင်းက အလုပ်သမားတွေက ဒီပြဿနာတွေကို အကူအညီတောင်းဖို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်းကို ၀မ်းမြောက် ၀မ်းသာ စောင့်ကြို နေကြတယ်လို့ သိရပါတယ်ဗျာ။

ကျော်သောင်း

ဒါလေးရှုလိုက် သက်သာသွားအောင်

မွေ့ယာ အလုပ်ရုံမှ အလုပ်သမားများ လုပ်အားခရရှိ

ဖေဖေါ်ဝါရီ ၄။ ကိုတီး (ထိုင်းဘာသာပြန်သတင်းထောက်)



ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်စောင်နယ်မြေ၊ စင်ထလေ ၂၄ လမ်း၊ ခြံအမှတ် ၄၄/၂ တွင်ရှိသော Bangkok  Living  Co,Ltd ကုမ္ပဏီမှ လုပ်အားခ ရှင်းမပေးသည့် မြန်မာအလုပ်သမား ၇ဦး အတွက် လုပ်အားခများအားပြန်လည် ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အလုပ်သမား ကိုအစိုးက “ ကျနော်တို့ လူ၇ ယောက်အတွက်လုပ်အားခ ဘတ်ငွေ ငါးသောင်း နီးပါး ဖြစ်ပါတယ်။ ကျနော်တို့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT ရုံးကို လာပြီးတော့ အကူအညီတောင်းတာ အလုပ်ရုံက သိသွားတယ်။ ဒီနေ့ ကျနော်တို့ ကို ခေါ်ပြီးရှင်းပေးတယ်။ မရတော့ဘူး ထင်ထားတာ ကျနော်တို့ အလွန်ပဲ ပျော်သွားကြပါတယ်။ BAT ကိုကျေးဇူးအထူး တင်ပါတယ်ဗျာ’’ ဟုပြော သည်။ BAT အဖွဲ့ တာဝန်ခံ ဦးကျော်သောင်း က  “ကျနော်တို့ ကတော့ အလုပ်သမားတွေ အကူအညီ တောင်းလာရင် တတ်နိုင်သမျှ ကူညီပေးပါတယ်။ အလုပ်သမားအတော်များများတွေမှာ တွေ့ရတဲ့ အားနည်းချက်တွေကတော့ မိမိလုပ်တဲ့ အလုပ်ရုံလိပ်စာကို တိတိကျကျ မပြောနိုင်ကြဘူး။ ငွေရှင်းပေးတဲ့ စာရွက်တွေကို သိမ်းမထားတတ်ကြဘူး။ ဒါကြောင့် အချက်အလက်စုဆောင်းရတာ အခက်အခဲ အတော် ရှိပါတယ်။” ဟုပြောသည်။


ယခုအခါ လက်ကိုင်ဖုန်းတိုင်းတွင် အသေးစား ကယ်မရာများ ပါရှိသဖြင့် မိမိလုပ်ကိုင်သည့် နေရပ်လိပ်စာများ
နှင့် အခြား အရေးကြီး အချက်အလက် တို့ အား မှတ်တမ်းတင်ထားကြရန် BAT က အလုပ်သမားများအား
စဉ်ဆက်မပြတ် တိုက်တွန်း နှိုးဆော်လေ့ရှိကြောင်း သိရှိရသည်။

၂၀၁၁ ထိုင်းရေနစ်စဉ်