Thursday 13 February 2014

“မြန်မာအလုပ်သမားများအထူးသတိပြုသွားလာသင့်”




မြတ်ညို ( အလွတ်သတင်းထောက်) ၂၀၁၄-ခု ဖေဖေါ်ဝါရီ ၁၃ ရက်

            မြ၀တီမဲဆောက်မှ ဘန်ကောက်မြို့သို့ လိုင်းကားဖြင့် လာခဲ့သည့် တရားဝင်မြန်မာအလုပ် သမတစ်ဦးအား အငှါးကား(တက္ကစီ) မောင်းသူက အခြားအရပ်ဒေသသို့ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်း အားMATအဖွဲ့က ယနေ့နံနက်ကအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

          အသက် ၂၀ အရွယ် မ……သည် ဘန်ကောက်မြို့ မော်ချစ်အဝေး   ပြေးကားဂိတ် မှ သူမနေထိုင်ရာ ဖက်ကဆင် လမ်း(.....) သို့ သွားရန် အငှါး ကားကို ငှါးရမ်းခဲ့ခြင်းဖြစ်သည်။ ကားသမားက မိမိသွားလိုရာသို့မသွားပဲ အယု ဒ္ဓယမြို့ဘက်သို့ ပြောင်းပြန်မောင်း ရာ သူမ က ကားရပ်ပေးရန် ပြောဆို ခဲ့ရာ ကားသမားက ဘတ်ငွေ ၄၅၀၀ ပေးမှ ကားရပ်ပေး  မည်ဟု ပြန်လည်ြေ ပာ  ဆိုခဲ့သည်။


             မ……. က “ ကျမ မှာ စာရွက်စာတမ်း အပြည့်အစုံပါပေမယ့် မဲဆောက်က ထွက်က တည်းက တစ်ဂိတ်ကို ဘတ် ၁၀၀စီပေးလာခဲ့ ရ တာ။ ကျမမှာ ဘတ်ငွေ ၄၀၀ပဲ ရှိပြီ။ ကားသမား မားက ကျမကိုခြိမ်းခြောက်လာတယ်။ နင်းတို့ ဗမာတွေဘာဖြစ်တယ်ညာဖြစ်
တယ်ဆိုပြီး             အော်ငေါက်ပြောလာတယ်။ ကျမ လည်း MAT အဖွဲ့ဖုန်းကို ဆက်ပြီး အကူညီတောင်းလိုက်လို့  ဘေးမသီ ရန်မခပဲ ပြန်ရောက်ခဲ့တာပါ၊ MAT အဖွဲ့ကို အထူးကျေးဇူးတင်တယ်ရှင်” ဟုပြောသည်။

        ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး နံနက် ၃နာရီခန့် အချိန် အိပ်မော ကျနေစဉ် ဖုန်း ၀င်လာသဖြင့် အိပ်မှုံစုံမွှားဖြင့် ဖုန်းကိုင်ခဲ့သည်။ ထို့နောက် သူမအား ကားတံ  တွင် သွပ်ပြားဖြင့်ရေးထားသည့် ကားနံပါတ်ကိုမေးပြီး ကားအရောင် စသည် တို့ကို မေးလိုက်သည်ဟုဆိုသည်။ ကားသမားမှာ စကားမပြောလိုပဲ အကြိမ် ကြိမ်ငြင်းဆန်ခဲ့သည်။

       ကိုစိုင်းအေး က “ကားနံပါတ် 7013 မပာုတ်လားရောက်နေတဲ့နေရာမှာ ရပ်ထားလိုက်ပါ၊ သက်ဆိုင်ရာ ပုလိပ်က ခေါ်လာလိမ့်မယ်ဆိုပြီး ကျနော်ပြော လိုက်တယ်။ တက္ကစီသမားက ပုလိပ်နဲ့ တိုင်ရအောင် ငါဘာလုပ်လို့လဲတဲ့။ ဘန်ကောက် ဖက်ကဆင် လမ်းကိုသွားတာ အယုဒ္ဓ ကို မောင်းသွားကတည်း က မင်း မရိုးမသားလုပ်တာပဲ၊ ဒါကြောင့် မင်းကို ငါ အခု ပုလိပ်ကို လှမ်းဖုန်း ဆက်လိုက်မယ်လို့ပြောလိုက်တယ်။ နောက်တော့ သူက မလုပ်ပါနဲ့ သူသွား ချင်တဲ့နေရာ ကိုရောက်အောင် ပို့လိုက်ပါမယ်၊ဒါပေမယ့် ဆီးဖိုးကုန်ကျငွေ ကိုတော့  ပေးပါဆိုပြီး ညှိနှိုင်း အဆင်ပြေသွားတာပါ” ဟုပြောသည်။     ထိုင်းနိုင်ငံတွင် ထိုင်းပုလိပ်နှင့် ထိုင်းလူမိုက်တို့နှင့်အတူ အငှါးကား (တက္ကစီ)   မောင်းသူအချို့တို့ သည် မြန်မာအလုပ်သမားမှန်သိသည်နှင့်တပြိုင်နက် အဓမ္မပြုကျင့်ခြင်း၊ အဓမ္မငွေကြေးတောင်းခံ ခြင်းနှင့် ခရီးဝေးမှ လှည့်ပတ်သွား လာခြင်းများပြု လုပ်လေ့ရှိကြသည်။

   ဖေဖေါ်ဝါရီလ၂ ရက်နေ့က ဘန်ကောက်မြို့ ဘန်ဖီ အထည်ချုပ်အလုပ်ရုံတစ်ရုံမှ မြန်မာ အမျိုးသမီး ၂ဦး မိတ်ဆွေ အခန်းသို့ တက္ကစီ ငှါး၍ သွားရောက်ခဲ့ကြရာ ကားသမားက ကရင်အမျိုးသမီး ငယ်တစ်ဦး အား ပြည့်တန် ဆာ လုပ်ငန်းသို့ရောင်းချခဲ့ရပြီး ယနေ့တိုင် ရှာဖွေ မရဖြစ်နေဆဲဖြစ်သည်။ MAT အဖွဲ့နှင့် AHTD တို့ကြိုးစားဆောင်ရွက်နေကြစဉ်၊ အစ်ကိုဖြစ်သူ နှင့်အဖွဲ့အစည်းတစ်ခုတို့က ပူးပေါင်းရှာဖွေခဲ့သဖြင့် ၁၀ ရက် တိုင်တိုင် အလိုမတူပဲ ကားသမား အဓမ္မပြုကျင့်ခြင်းကိုခံနေခဲ့ရသည့် ဗမာ အမျိုးသမီးငယ်မှာမူ ပြန်လည်လွတ်မြောက်လာ ခဲ့ပြီးဖြစ် ပါသည်။
             MAT ရုံးတာဝန်ခံ ဦးစိုင်းအေး က “ ကျနော်တို့ ရုံးအဖွဲ့က ၃ဦး   မြ၀တီမှာ ငွေလဲဒိုင်တွေကို သွားဖမ်းပြီး ပြန်လာတုန်းက တက္ကစီ မောင်း သမား က ဂဂျီဂဂျောင်လုပ်လို့ ကျနော်တို့ နီးစပ်ရာ ရဲစခန်း ထဲကို မောင်းခိုင်း ပြီး ဖြေရှင်းလိုက်ရသေးတယ်။ အဲဒါ ကျနော်တို့ ပုလိပ်တွေနဲ့ နေ့တိုင်းရင်ဆိုင်   ဖြေရှင်းနေကြတဲ့ ယောက်ျား ရင့်မကြီးတွေနှော်။ ကျနော်တို့ ၃ယောက်ကို ကားသမား တစ်ယောက် တည်းက ဖြဲခြောက်တာ။ ဒါကြောင့် မြန်မာအလုပ် သမားတွေ အသားအလာ အထူးသတိ ထားကြ ပါလို့ ပြောချင်ပါတယ်” ဟု   ပြောဆိုသည်။
             ယမန်နေ့နေ့လည်က မဟာချိုင်တွင် ပတ်စပို့ရှိသည့် မြန်မာအလုပ် သမား ၂ဦးထံမှ ပတ်စပို့ သက်တမ်းကုန်ဆုံးနေပြီး ဟုအကြောင်းပြလျှက် တစ်ဦးလျှင် ဘတ်ငွေ ၅၀၀၀ ပေးရမည်ဟု ငွေညှစ်သည်ကို MAT အဖွဲ့က ၀င်ရောက်ဖျန်းဖြေခဲ့သဖြင့် ဘတ်ငွေ ၁၅၀၀ဖြင့် အဆင်ပြေခဲ့ရသည်။
     MAT အဖွဲ့သည် မဟာချိုင်တွင် ပုလိပ်များ ဖမ်းဆီးငွေတောင်းခံမှုကို VDO ရိုက်ကူးလျှက် ထိုင်းအစိုးရ ဗဟိုရဲဌာနချုပ်သို့ တိုင်ကြားခဲ့သော်လည်း တစ်စုံ တစ်ခု အကောင်အထည်ဖေါ်ခြင်းမတွေ့ ရသေးပေ။
       ပတ်စပို့ရှိသည့် မြန်မာအလုပ်သမားများအား မဟာချိုင်ပုလိပ်များ ဖမ်း ဆီးငွေတောင်းခြင်း၊ မဲဆောက်မှ ဘန်ကောက်သို့ လာသည့် တရားဝင် အလုပ် သမားတိုင်းအား ငွေကြေးတောင်းခံနေခြင်းတို့အား မြန်မာအစိုးရ က ထိထိေ ရာက်ရောက်ပြောဆို၊ ဖြေရှင်းပေးမှ ယခုလုပ်ရပ်များပျောက်ကွယ်သွားမည်   ဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။

Tuesday 11 February 2014

“၁နှစ်ကြာလူကုန်ကူးခံခဲ့ရသူပြန်လွတ်လာပြီ”

             
ကိုတီး 

၂၀၁၄ ဖေဖေါ်ဝါရီလ ၁၁ ရက်
               ပြီးခဲ့သည့်ရက်ပိုင်းက ပွဲစားများ ၀ှက် ထားခဲ့သည့်   မြန်မာအလုပ်သမား ယနေ့နံနက် ပိုင်းက ပြန်လည် လွတ်   မြောက်လာခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ် ဘားအံမြို့မှ အဖ ဦးသန်း အမိ   ဒေါ်ပုတို့၏ သား အသက် ၁၇ နှစ်အရွယ် အောင်ကိုမင်း မှာ ငါးဖမ်းလှေပေါ် တွင် ၁နှစ် ကြာရောင်း စားခံခဲ့ရာမျ ပြန်လည် လွတ်မြောက် လာ ခဲ့ပြီဖြစ် သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က အခြားအလုပ်သမား ၄ဦးအား ပူးပေါင်း အဖွဲ့များက ကယ်ထုတ်စဉ် ကျန်နေခဲ့သော ငါးဖမ်းလှေ အလုပ် သမားဖြစ်သည်။  
     အလုပ်သမားကို ရွာလူကြီးတောင်းပေးသဖြင့် ဘတ်ငွေ ၂,၀၀၀ သာရှင်းပေးခဲ့ပြီး ခြုံဘူရီ ချောင်းစမေးစံ တွင်ဖွင့်လှစ်ထားသော လူကုန် ကူးခံရသူများ ယာယီစောင့်ေ ရှာက်ရေးဂေသို့ ပို့ဆောင်ထားခဲ့သည်။ ထိုမှတစ်ဆင့် ထိုင်းလ၀ရုံးချုပ်သို့ ပို့ဆောင်ပြီး   မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းမှာ ကျနော်တို့လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နေရတာ၊ ကိုယ့်နိုင်ငံသားကိုပြန်ရရုံပဲ။ လုပ်အားခ လည်းမရဘူး။ ပွဲစားတွေကိုလည်း မဖမ်းဘူး။ လူကုန်ကူးခံရတဲ့အလုပ်သမားတွေကို ခိုင်းစေနေတဲ့ အဓမ္မ ကျွန်ပြုနေတဲ့ထိုင်းလုပ်ရှင်   တွေကိုလည်း အရေးမယူဘူး၊ အကျဉ်းအကြပ်ထဲက ကျနော်တို့ လုပ်နေရ တာပါ” ဟုပြောသည်။
       ယမန်နေ့ကထက် ယခုနှစ်တွင် လူကုန်ကူးခံရသူများ လွတ်မြောက်အောင်   ဆောင်ရွက်ရခြင်းမှာ ပိုမိုခက်ခဲနေကြောင်း ဆက်လက်ပြောဆိုသည်။

“နိုင်ငံတော်အစိုးရအနေဖြင့် အထူးသတိထားသင့်”


     ထိုင်းရဲ လုပ်ပေးခဲ့သည့်မှတ်ပုံတင်အတုများပုံ 


မြတ်ညို  ၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၁၁  ရက်
       ထိုင်းနိုင်ငံတွင်၎ နှစ် သက်တမ်းပြည့်သွား သည့် မြန်မာအလုပ် သမား
များ၏ ပတ်စပို့များပြန်လည် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အတွင်း  မြန်မာနိုင်ငံ သားမှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်း(မှတ်ပုံတင်)အား အွန်လိုင်းစနစ်ဖြင့် တစ်ဦးတည်းလုပ် ကိုင် ခွင့် ရရှိရန်ကြိုးပမ်နေသူ ရှိနေကြောင်းသိရှိရသည်။
 
            ပတ်စပို့အကျိုးဆောင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးက “ပြီးခဲ့တဲ့ နှစ်က မဲဆောက်မှာ ထိုင်းရဲတစ်ဦး မြန်မာ မှတ်ပုံတင် အတုလုပ်ပေးခဲ့တယ်။   ဘတ်ငွေ    ၆၀၀၀ နဲ့ ဓါတ်ပုံ ပေးလိုက် ညနေဆိုရင် မြန်မာ မှတ်ပုံတင် ရပြီး၊ ဒီကိစ္စအချက်အလက်တွေ  မြ၀တီဘက်မှာတာဝန်ကျခဲ့တဲ့ အလုပ်သမားအရာ ရှိ ဗိုလ်ကြီး မိုးအောင်ခိုင် ဆီမှာရှိနေတယ်။ ပတ်စပို့အတုတွေဖမ်းမိတယ်။ ဘာမှအရေးမယူဘူး။ အနာဂတ်မှာ   နိုင်ငံ သားဖြစ်ရေးနဲ့ပါ ပြဿနာတက် လာနိုင် တဲ့ နိုင်ငံသား စီစစ်ခြင်းအလုပ်ကို မလေးရှားမှာလို တစ်ဦးတည်း မူပိုင် ရချင်တာ။ မလေးရှားမှာ ကုလားတွေ အများကြီး ဗမာနိုင်ငံကူးလက် မှတ်တွေရသွားကြပြီ။ လက်ဗွေ စကင်ဖတ်ပြီး ပိုင်လော့ ပရောဂျက် လုပ်ခွ င့်လျှောက်ထားတယ်ဆိုတော့၊ တိုင်းပြည် ကို ရောင်းစားတာပဲ။ ရနောင်နဲ့ မြ၀တီ မှာ ပတ်စပို့စာအုပ်အတု အလုပ်သ မားခေါ်စာအတုတွေ မိနေတာလည်း မြန်မာအစိုးရ ခုထိအရေးယူတာ မကြားဖူးသေးဘူး” ဟုပြော သည်။


မလေးရှားနိုင်ငံတွင် ပတ်စပို့လုပ်ကိုင်ခွင့်အား မြန်မာကုမ္ပ ဏီ တစ်ခုက တစ်ဦးတည်း လုပ်ကိုင်ခွင့် ရထားသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း တစ်ဦးတည်းလုပ်ကိုင်ခွင့် ရရှိ ရန်ကြိုးစားနေခြင်းဖြစ်သည် ။ ပြည်ထဲရေး   နှင့်အလုပ်သမားဝန်ကြီးဌာန တို့က သဘောတူညီရရှိထားပြီး ရဲသတင်းတပ်ဖွဲ့ SB နှင့် ညှိနှိုင်းနေ ဆဲဖြစ်ကာ သမ္မတ ရုံးသို့ တင်ပြထားပြီဖြစ်ကြောင်းလည်းသိရှိရသည်။
        ထိုင်းနိုင်ငံအတွင်းယမန်နှစ်က လုပ်ကိုင်ခဲ့သည့်အလုပ်သမား ပတ်စပို့ လုပ်ငန်းစဉ်အတွင်း ပတ်စပို့လုပ်သည့် ကုမ္ပဏီများက စင်တာများတွင် ပတ်စပို့တစ်အုပ်လျှင် ဘတ်ငွေ  ၈၅၀နုန်းဖြင့်ပေးသွင်းခဲ့ရပြီး မြန်မာသံရုံး တာဝန်ရှိသူတစ်ဦး၏ ဘဏ်သို့ညတွင်းချင်းရောက်အောင် ပို့ဆောင်ပေးရ သည်။ အလုပ်သမားရံပုံငွေအတွက်ဟုဆိုကာ စာအုပ်တစ်အုပ်လျှင် ဘတ်၂၀၀ စီလည်း စုဆောင်းထားခဲ့သည်။ ဘတ်ငွေဘီလီယံပေါင်း များစွာ ကိုယ်ကျိုးရှာခဲ့ကြပြီးဖြစ်သည်။ 

ယမန်နှစ်မြန်မာဗိုလ်မှူးဟောင်း တစ်ဦးသည်  ထိုင်းနိုင်ငံအတွင်းအ
လုပ်သမားနှစ်သန်းနီး ပတ်စပို့လုပ်
ခဲ့စဉ်က အလုပ်သမားအချက်အ
လက်များအား စကင်ဖတ်(ကွန်ပျူ
တာစနစ်)ဖြင့် မှတ်တမ်းတင်ခ
အတွက် မြန်မာအလုပ်သမားတစ်ဦး
ထံမှ ကျပ်ငွေ ၁၅၀၀ စီပေးသွင်းရန်   မြန်မာအစိုးရနှင့် သဘောတူလုပ်ကိုင်ခဲ့သည်။ သို့ရာတွင် ဘိုင်အိုဒေတာ(အလုပ်သမား အချက် အလက်များ) အရေတွက် အကန့်အသတ်မရှိ စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြောင်း ပတ်စပို့လုပ်ပေးခဲ့သည့် ထိုင်းမြန်မာကုမ္ပဏီ တစ်ခုက ပြောသည်။ မဲဆောက်တွင်လုပ်သည့် ပတ်စပို့ များအား မြ၀တီကျောက်လုံးကြီးတွင် ဘိုင်အိုဒေတာ ဖတ်ကြောင်း ဆက် လက်ပြောဆိုသည်။ 
              ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့သည့် ဘင်္ဂါလီလူမျိုးအမြောက်အမြား အားလည်း ထိုင်းနိုင်ငံအတွင်းဖွင့်လှစ်ခဲ့သည့် စင်တာများက မြန်မာပတ်စပို့ထုတ်ပေးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက  VDOနှင့် ဓါတ်ပုံအထောက် အထားများဖြင့်တင်ပြခဲ့ကြသော် လည်း မြန်မာ အစိုးရကနေရပ်ပြန် ၀န်ထမ်းများအား စစ်ဆေးခြင်းအရေးယူခြင်း တစ်စုံတစ်ခု မှ မလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
           ယခုလုပ်ငန်းစဉ်မှ ရရှိလာသည့် နိုင်ငံသားအရေအတွက်များမှာ ၂၀၁၅ခုနှစ် မဲပေးပွဲအတွင် ကြံဖွံ့ပါ တီအတွက် ကြိုတင်မဲဖြစ်သွားနိုင်ကြောင်း လည်း အဆိုပါ ပတ်စပို့ ကုမ္ပဏီ ဒါရိုက်တာက ပြောဆို သည်။ မြန်မာနိုင် ငံသားမဟုတ်သူများ အင်တာနယ်ရှင်နယ်ပတ်စပို့ရရှိသွားပါ က နောက်ဆက် တွဲပြဿနာများ ရှင်းမကုန်နိုင်တော့ကြောင်း၊ သမ္မတရုံးအနေဖြင့် စဉ်းစားစေ   ချင်ကြောင်း ဆက်လက်ပြောဆိုသည်။

Saturday 8 February 2014

“လူကုန်ကူးခံသည့်မြန်မာ၎ဦးအားMAT အဖွဲ့ကယ်တင်”





 ကိုတီး
၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၈ 
                   ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော ခြုံဘူရီခရိုင် အချောင်ငါးဖမ်းလှေဆိပ်တွင် ၈လကြာရောင်းစားခံခဲ့ရသည့်   မြန်မာ၎ဦးအား MAT အဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့က ကယ်တင်နိုင်ခဲ့ သည်။

       အချောင်ငါးဖမ်းလှေဆိပ် ဝေတာစင်တံတား၊ ငါးမန်းလှေအမှတ်(၅)ပေါ်တွင် ၈လကြာ ရောင်းစားခံနေ ခဲ့ရာမှ လွတ်မြောက်ာသူများမှာ တနင်္သာရီတိုင်း ရေးမြို့မှ အသက်၁၅နှစ်အရွယ် ကရင်လူငယ် အယ်မိုင်မိုင်၊ အသက်၁၇ နှစ်အရွယ်   မောင်မွန်ချမ်း နှင့် အသက် ၆၀ အရွယ် ဦးသံလုံး တို့နှင့် မော်လမြိုင် မြို့ မှ အသက် ၁၅ နှစ်အရွယ် ကျော်ဝင်းထွန်း တို့ဖြစ်ကြသည်။ မော်လမြိုင်မြို့မှ အသက် ၁၇ နှစ် အရွယ် အောင်ကိုမင်း ကိုမူ ပိုက်ဆရာများ ရှောင်တစ်ခင် ဖျောက်ဖျက်နိုင်ခဲ့မှုကြောင့် မကယ်ထုတ်နိုင် ခဲ့ပေ။

        ယမန်နေ့ညနေ ၅နာရီခန့်က ဘန်ကောက်မြို့ဖက်ခနုန် အရပ်မှ မသဲငယ် ဆိုသည့် အမျိုးသမီးကဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT အဖွဲ့သို့ အကူညီတောင်းခံခဲ့သည်။ MATအဖွဲ့ကလည်း ပူးပေါင်းေ ဆာင်ရွက်နေကြသည့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး   ထောက် လှမ်းရေးတပ်ဖွဲ့ DSI, ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့်တိုင်ပင်လျှင် အချိန်မီ စီစဉ်ပြင်ဆင်ခဲ့ကြသည်။

    MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းမှာ လူကုန်ကူးမှုက   လျှော့မသွားပါဘူး။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းက ထိုင်းနဲ့မြန်မာအစိုးရနဲ့ ကျနော်တို့ပူးပေါင်းလုပ်ကိုင်မှ လုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရ လူကုန် ကူးမှုတိုက်ဖျက်ရေးကို ဒီမူအတိုင်းလုပ်နေကြလို့ကတော့ ဒီထက်မက အခြေအနေ ဆိုးဝါးလာဖို့ပဲရှိပါတယ်၊ ထိုင်းငါးဖမ်းလှေတိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ   ရောင်းစားခံနေရတာပါ။ဗမာတွေအတွက်တော့ ကျနော်တို့အလွန်ပဲစိတ်ထိခိုက် ရပါတယ်။ မြန်မာတွေ လူကုန်ကူးခံနေရမှုဟာစိုးရိမ်မှတ်မှာရှိနေပါတယ်၊ အခြေအနေ ဆိုးနေပါတယ်” ဟုပြောသည်။

     MAT အဖွဲ့သည် ဇန်န၀ါရီလ ၁၀ ရက်နေ့က အဆိုပါ လှေဆိပ်မှ မြန်မာနှစ်ဦးအား ကယ်တင်ခဲ့ပြီး ယမန်နေ့က မြ၀တီလူကုန်တားအဖွဲ့သို့ လွှဲအပ်နိုင်ခဲ့သည်။ MAT အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၃ နှစ်က လူကုန်ကူးမှုပေါင်း ၄၂ကြိမ် နှိမ်နင်းခဲ့ရာ အလုပ်သမားပေါင်း ၂၆၄ဦးတို့အား ကယ်ထုတ်နိုင်ခဲ့သည်။  ကယ်ဆယ်ရေးစခန်းများထဲတွင် အမှုရင်ဆိုင်နေရသည့် လူကုန်ကူးခံအလုပ် သမားပေါင်းဆယ်ချီ၍လည်း ရှိနေ ဆဲဖြစ်ကြောင်း သိရှိရသည်။