Monday 30 September 2013

“ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”



                “ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”

   လူကုန်ကူးမှုတိုက်ဖျက်ရေးကို တရားမ၀င် ဆင်စွယ်ရောင်းဝယ်ရေးလို၊ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလို အင်တိုက်အားတိုက်မလုပ်မချင်း၊ တိတိ ကျကျပြတ်ပြတ်သားသားမလုပ်မချင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဒီကမ္ဘာပေါ်ကပျောက်ကွယ်သွား စရာမရှိ။ လက်ရှိအခြေအနေမှာ လူကုန်ကူးမှုက ပပျောက်ဖို့နေနေသာသာ လျှော့နည်းလာခြင်းေ တာင် မရှိဘူး။ ကျနော်တို့ပဲ တစ်နေ့မဟုတ်တစ်နေ့ အပြတ်အရှင်းခံရလိမ့်မယ်။
         သတ္တ၀ါတိုင်းဟာ မိမိအသက်နဲ့မိမိဘ၀ကိုခင်တွယ်ကြတာချည်းပါ။ အတ္တသမားတွေများပြီး အတ္တ/ပရမျှတစွာနေထိုင်ကျင့်ကြံလိုသူကနည်းပါးတယ်။  မိမိလုပ်ကိုင်နေတာကို နောက်ယှက်ဖျက်ဆီးသူဟူသမျှကို ရန်သူအဖြစ်သတ်မှတ်ကြတယ်။ အာဏာ နဲ့လုပ်ပိုင်ခွင့်ရှိကြသူတွေဟာ သူတို့အခွင့်အာဏာ ကိုသုံးပြီး သူတို့ ဘ၀ကြီးပွားချမ်းသာဖို့အတွက် မသမာမှုမျိုးစုံသုံးပြီးပြုမူတတ်ကြတယ်။ ကမ္ဘာပေါ်မှာ အာဏာရှိသူနဲ့ ပူးပေါင်းပြီး မတရားစီးပွားရှာ သူဟူသမျှ အချမ်းသာဆုံးလူတွေဖြစ်ကုန်ကြတယ်။    ဒီလူတွေကိုယ်တိုင်လည်း မတရားမှန်းသိကြမှာပါ။ ဒါပေမယ့်အလုပ်ဖြစ်ကြတယ်။ မတရားမှုနဲ့လာဘ်ပေး ယူမှုတွေက ကမ္ဘာနေရာအနှံ့ မှာဖြစ်နေတယ်။ ပပျောက်အောင်ကြိုးစားနေကြတယ်ဆိုပေမယ့် အချောင်ရတဲ့ ဒီလာဘ်စားမှုကြီးတွေက ကမ္ဘာပေါ်က  ပျောက်ကွယ်ဖို့ဆိုတာ မဖြစ်နိုင်။

 “ထိုင်းနိုင်ငံအတွင်းမှာ ကျနော်တို့ကယ်တင်ထားခဲ့တဲ့ လူကုန်ကူးခံခဲ့ကြရတဲ့သုံးသုတ်ပြန်ကြတော့မယ်”
     ပထမ တစ်သုတ်က ၂၀၁၃ ဇန်န၀ါရီလ ၁ ရက်နေ့က မဟာချိုင်မှာ အင်ဒိုလှေပေါ်ကိုတင်အံ့ဆဲမြန်မာ   အလုပ်သမား ၇ဦး(မ၂+ကျား၅)ကိုပွဲစားရဲ့အခန်းထဲမှာ ပိတ်လှောင်ထားစဉ်မှာ လက်ပူးလက်ကြပ်မိခဲ့တာပါ။ ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေ အကုန် ပိတ်ထားတဲ့ ပီမိုင်(နှစ်သစ်ကူး)ကာလအချိန် ၀ိုင်းဝန်းကူညီပေး ခဲ့တဲ့ ထိုင်းအစိုးရလူကုန် ကူးမှုတိုက်ဖျက်ရေးထောက်လှမ်းရေး တပ်ဖွဲ့ DSI ကို အထူးကျေးဇူးတင်ခဲ့ရပါတယ်။
         ဒုတိယအသုတ်က၂၀၁၃ မတ်လ ၁၀ ရက်နေ့က မလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေမှာ၆လကြာ အလုပ်လုပ်ခဲ့ ရတဲ့ ကယ်တင်သူ ၁၅ဦးထဲ၂ဦးနဲ့ တတိယအသုတ်ဖြစ်တဲ့ ၂၀၁၃ ခု ဧပြီလ၇ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ AHTD နဲ့ကယ်တင်ခဲ့တဲ့ ဘန်ကောက်မြို့ခေါင်ဒဲန်လှေဆိပ် က သွားရောက် ကယ်ထုတ်ခဲ့တဲ့ ပင်လယ်ထဲမှာ ၁၁ လကြာ အလုပ် လုပ်နေခဲ့ရတဲ့အလုပ်သမား၃ဦးတို့ဖြစ်ကြပါတယ်။ ဒီသုံးသုတ်ထဲက စုစုပေါင်း ၁၀ဦး  ပြန်ပို့ခံကြေ တာ့  မှာဖြစ်ပါတယ်။
           ပထမအသုတ် ဖြစ်တဲ့ မဟာချိုင်မဲခေါင်ငါးဖမ်းလှေဆိပ်က ပွဲစားအခန်းမှာ လက်ပူးလက်ကြပ်မိခဲ့ပေမယ့် ပွဲစားနဲ့ငါးဖမ်းလှေပိုင်ရှင်တွေဟာ မဟာချိုင်ရဲစခန်းကို တစ်ခေါက်သာ လာခဲ့ကြရပါတယ်။ အချုပ်လည်း မကျခဲ့ရသလို တရားရုံးကိုလည်း တစ်ကြိမ်တစ်ခေါက်မှလာစရာမလိုခဲ့ပါ။ အလုပ်သမား၇ဦးကတော့ ပထုန်ဌာနီ ကယ်ဆယ်ရေးစခန်းထဲမှာ ၉လကြာမှ ပြန်ပို့ခံရတော့တယ်။
           ဒုတိယအသုတ် ဖြစ်တဲ့၊ မတ်လ ၁၀ ရက်နေ့က ကတန်ငါးဖမ်းလှေဆိပ်မှာ ကယ်ထုတ်ခဲ့တဲ့ အလုပ် သမားတွေဆိုလည်း ယခုတိုင် ရနောင်းကယ်ဆယ်ရေးစခန်းထဲမှာ အမှုရင်ဆိုင်နေကြရဆဲဖြစ်တယ်။ အခုပြန်ရမယ့် ၂ ယောက်မှာ တစ်ဦးက HIV ရောဂါဝေဒနာသယ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပွဲစားတွေ ၀ိုင်းရိုက်သတ်လို့ ခပ်ကြောင်ကြောင်ဖြစ်သွားသူဖြစ်တယ်။ သူတို့နဲ့အတူတူရောင်း စားခံခဲ့ကြ သူ တွေကတော့ လူသတ်ဂိုဏ်းကြီးနဲ့ဆက်နွယ်နေတာကြောင့် ဘယ်တော့ပြန်ရမယ်ဆိုတာ အတိအကျပြောဖို့ အတော်ခက်ခဲပါတယ်။ ခုပြန်ရမယ့်အလုပ်သမား၂ဦးဟာ ပင်လယ်ထဲမှာ၆လနဲ့ ကယ်ဆယ်ရေးစခန်း ထဲမှာ ၆လ  စုစုပေါင်း၁နှစ် အချိန်ကုန်သွားခဲ့တယ်။
           လူသတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ ဆက်နွယ်နေပြီး လူကုန်ကူမှုဂိုဏ်းခေါင်းဆောင်ကို ရာဘာတောထဲမှာ သေနတ်နဲ့ ပစ်ဖမ်းတဲ့ ဒီရာဇ၀တ်မှုကြီးမှာတောင်မှ အလုပ်သမားတွေက တရားရုံးကို ၇ကြိမ်တက်ရောက် ခဲ့ပြီး ဖြစ်ကြပေမယ့် ငါးဖမ်းလှေပိုင်ရှင်သူဌေးကတော့ တစ်ခါတစ်ခေါက်မှ  ရောက်မ လာခဲ့သေးဘူးလို့  အလုပ်သမားတွေက ပြောပြကြပါတယ်။
           တတိယအသုတ်ဖြစ်တဲ့ ဧပြီလ၇ ရက်နေ့က ကယ်ထုတ်ကြတဲ့ခေါင်ဒဲန်ငါးဖမ်းလှေဆိပ်က အလုပ်သမား ၃ ယောက်ကတော့ ငါးဖမ်းလှေပေါ်မှာ ၆လနဲ့ ပထုန်ဌာနီကယ် ဆယ်ရေး စခန်းထဲမှ ၅လ စုစုပေါင်း၁၁လအချိန်ကြာ သွားခဲ့ကြ တယ်။ လှေပိုင်ရှင်နဲ့ ထိုင်းနိုင်ငံက နာမည်ကြီး လူကုန်ကူးမှုတိုက် ဖျက် ရေးအင်ဂျီအိုအဖွဲ့က၀န်ထမ်းနဲ့ ကယ်ဆယ်ရေးစခန်းထဲက အကြီးဆုံးပုဂ္ဂိုလ်တို့ပူးပေါင်းပြီး အလုပ်သမားတစ်ယောက်ကို တစ် လ ဘတ်ငွေ ၄,၅၀၀နုန်းနဲ့ မယူမနေရ သဘောတူလက်မှတ် ထိုးခိုင်းလိုက်ကြတယ်။       တရားရုံးကို လှေပိုင်ရှင်သူဌေးတစ်ခါမှမလာခဲ့ပဲ ငါးဖမ်းလှေရဲ့ ပဲ့နင်းသာလာပါတယ်။

          တရားရုံးမှာထွက်ဆိုရတာက မိမိသဘောနဲ့မိမိလာပြီးအလုပ်လုပ်တယ်။ သူဌေးသွားခေါ် တာ မဟုတ်ဘူး။ ဗမာပွဲစားတွေလာပြီး လှေပေါ်မှာလာထည့်တာဖြစ်တယ်။ လုပ်အားခကို လာသွင်းတဲ့ ပွဲစားတွေကို လုပ်ငန်းရှင်တွေကရှင်းပြီးဖြစ်တာကြောင့် သူဌေးမှာအပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်ကြတယ်ဆိုပဲ။ ထိုင်းမှာကျင့် သုံးတဲ့ လူကုန်ကူးမှုဥပဒေက  ရှင်းနေတာပဲ။
            လူကုန်ကူးမှု၊ မတရားကျွန်ပြုမှုတွေကို ကျူးလွန်ကြတဲ့လူကုန်ကူးတဲ့ဂိုဏ်းအဖွဲ့တွေဟာ တစ်နာရီ တောင်မှ အချုပ်ခန်းထဲကို မ၀င်ရဘူး။  လူကုန်ကူးခံရတဲ့မြန်မာအလုပ်သမားတွေမှာကျတော့ ၀င်ငွေလည်းမရှိပဲ၊ သကြားနဲ့ချက်ထားတဲ့ ချိုအီအီထိုင်းအစားအစာတွေကိုစားပြီး တစ်ဘက်သတ် အမှုရင်ဆိုင်နေခဲ့ရပြီး အချိန်ကုန်လူပမ်းကာ နေရပ်ရင်းကိုပြန်ပို့ခံခဲ့ကြရတယ်။ အမှုကိစ္စအတွက် ကုန်သွား ခဲ့တဲ့အချိန်အတွက် နစ်နာကြေး တစ်ပြားမှ ရလေ့မရှိကြဘူး။
        ထိုင်းနိုင်ငံအလုပ်သမားဥပဒေမှာ တရားမ၀င်အလုပ်သမားတစ်ယောက်ကို ဖမ်းမိလို့ရှိ ရင် ထောင်ဒဏ် ၄၅ ရက်ချမှတ်ပြီး နယ်စပ် ကိုပြန် လည်ပို့ဆောင်တယ်။   အဲဒီတရားမ၀င်အလုပ်သမားကို ခိုင်စေတဲ့ လုပ်ငန်းရှင်ကို ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင် တယ်လို့ပြဌာန်းထားတယ်။ ဒါပေမယ့် လက်တွေ့ မှာတော့  တရားမ၀င် အလုပ်သမားတွေကိုသာ ဥပဒေအတိုင်းပြစ်ဒဏ်ချမှတ်ပြီးတော့ တရားမ၀င် ခိုင်ေ စတဲ့ ဘယ်သို့ သော ထိုင်းလုပ်ငန်းရှင်ကိုမှ ပြစ်ဒဏ်ချမှတ်ခြင်းမျိုးမကြားဖူးပါ။ မြန်မာလူမျိုးတွေ ကိုယ့်စရိတ်နဲ့ ကိုယ်လာပြီး ကျွန်ပြုခံနေကြတာ။ ဘာ့ကြောင့်ထိုင်းလုပ်ငန်းရှင်ကိုအရေးယူမတုံး။ ရှင်းနေတာ ပဲ။
      မဲဆောက်မြ၀တီနယ်စပ်ကို ရာချီတဲ့ဖမ်းဆီခံမြန်မာအလုပ်သမားတွေကို နေ့တိုင်း ထိုင်းကပြန်ပို့နေ တယ်။ ပြန်ပို့ခံရသူတိုင်း မြ၀တီကိုခြေချခွင့်  တစ်ယောက်ကို ဘတ်ငွေ ၁၅၀၀ ပေးရတယ်။ ကော့သောင်း၊ ဘုရားသုံးဆူ၊ မြ၀တီနဲ့၊ မယ်ဆိုင် နယ်စပ်မှာတာဝန်ကျတဲ့ ၀န်ထမ်းတွေဟာ လူကုန်ကူးသူတွေကို မဖမ်းချင်လို့သာလွတ်နေတာပေါ့။ ဒါကြောင့် ကျနော်တို့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို မလုပ်ပဲနေခြင်းက သာ အသက်ရှည်ရာအနာမဲ့ကြောင်းဖြစ်ချိမ့်မည်ဟု။   
                                                                                         ကျော်သောင်း  

Sunday 29 September 2013

“မြန်မာအလုပ်သမားတွေ မြန်မာအဆိုတော်တွေကို အားပေးခွင့်ရသွားတယ်”

 စက်တင်ဘာ ၃၀ ခရမ်းသားလေး
         ထိုင်းနိုင်ငံလှချပူရီမြို့ တလာစီမွန် (အသီးအနှံရောင်းတဲ့ဈေးကြီး)  တွင်  စက်တင်ဘာ၂၈ရက်နှင့်  ၂၉ရက် ညများတွင်   မြန်မာအဆိုတော်များစတိတ်ရှိုးအောင်ြ မင်စွာ ပြီးစီးခဲ့ကြောင်းသိရသည်။
 လူတစ်ဦးရုံဝင်ကြေး ဘတ်ငွေ ၄၀၀ ဖြစ်ပြီး တစ်ညလျှင် အလုပ်သမား ပေါင်းလေးေ  ထာ င်ကျော်ခန့်လာရောက်ကြည့်ရှုကြသဖြင့်
 ပွဲကျင်းပကြသူ များ အဆင်ပြေကြသည်ဟု
သိရသည်။


Rဇာနည်၊ ၀ိုင်းစုခိုင်သိန်းနှင့် ချမ်းချမ်းတို့ ဖျော်ဖြေသွားကြပြီး အဆိုပါနေရာတွင်တနှစ်လျှင် ၂ကြိမ်ခန့်  ကျင်းပမည်ဖြစ်ကြောင်း  ပွဲစီစဉ်သူများကပြောသည်။



Saturday 28 September 2013

“ပန်းရံအလုပ်သမား၁၁၀ ဦးနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်သဘောတူညီမှုပြု”



 စက်တင်ဘာ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
                   ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ် စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ်မှ AEKSUPACHOK  ဆောက်လုပ်   ရေး  ကုမ္ပဏီ အလုပ်သမား  ၁၁၀ ဦးတို့၏ လုပ်အားခအား အောက်တိုဘာလ ၄ရက်နေ့တွင် ရှင်းပေးမည်ဖြစ်ကြောင်း အလုပ်ရှင်၏  ကိုယ်စား လှယ် လုပ်သူက နယ်မြေ ရဲစခန်းတွင် သဘောတူ လက်မှတ်ထိုးလိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
           ဦးဆောင်ဦးရွက်ပြုနေသည့် မရည်မွန်ေ ကျာ် ကသမီးတို့ကို  ဒီနေ့ ရဲစခန်းက ငါးကီလို ဆန်   ၃အိပ်ဝယ်ပေးပါတယ်။  အဲဒါလေးကိုချက်စားကြတာပါ။ နက်ဖြန် သမီးတို့ကို အကူညီပေးကြမယ့်သူမရှိရင် သမီးတို့စားစရာမရှိပါ။ ထိုင်းနိုင်ငံမှာ သမီးတို့က ဘတ်ငွေတစ်သောင်းနှစ် စ်သောင်း အကုန်အကျခံပြီးတော့ ပတ်စပို့လုပ် ထားတဲ့အလုပ်သမားတွေပါ။ တကယ့်တကယ် အခက်အခဲကြုံလာတဲ့အခါ  သမီးတို့ အားကိုး စရာ ထိုင်းနိုင်ငံမှာ မရှိပါ။ သမီးတို့ လုပ်အားခရရင် လမ်း စရိတ်အဖြစ် သုံးပြီးတော့ ဗမာပြည်ကိုပဲပြန်ပါမယ် ဟု” ဟုပြောသည်။  
           အလုပ်သမားများအား ယမန်နေ့ က   ဒေသခံ  ထိုင်းအလုပ်သမားဝန်ကြီးဌာန ဆ၀ါဒီ ကန် (လူမှုဖုံရေး) အလုပ်သမားအခွင့် အရေးကာ ကွယ်ရေးဌာန ကျဟာငန်းတို့ ရဲစခန်းသို့ရောက်ရှိ လာခဲ့ပြီး  ဖြေရှင်းကြရာတွင် အလုပ်သမားများ တင်ပြချက် လက်သင့်မခံပဲ အလုပ်ရှင်  ရှင်းပေး တဲ့နေ့အထိ စောင့်ဆိုင်း နေကြရန်ပြောဆိုခဲ့ကြောင်း၊ စောင့်နေဖို့အတွက် လုံခြုံရေးနဲ့ စားစရာမရှိကြောင်း အလုပ်သမားများက တင်ပြခဲ့ကြောင်း သူမက ဆက်လက်ပြောပြသည်။
          အနီးကပ် ကူညီပေးနေသူ ကိုပြေငြိမ်း က“ ထိုင်းစစ်သားတွေ၊ ထိုင်းပုလိပ်တွေ၊ ထိုင်းအရာရှိတွေ အကုန်လာကြပါတယ်။  ကျနော်တို့ မြန်မာအလုပ်သမားတွေမှာသာ အဖေခေါ်စရာမိဘမရှိဖြစ်နေတာပါ။
အားကိုးစရာလည်းမရှိ၊ လုံခြုံရေးလည်းမရှိ၊ စားစရာလည်းမရှိ၊ ဘယ်အဖွဲ့အစည်းမှ လာရှင်းပေးသူမရှိ
ဘယ်လောက်မျက်နှာငယ်သလဲဗျာ။ စိတ်ပျက်ဖို့ ကောင်းပါတယ်” ဟုပြောသည်။
    ဒေသခံအာဏာပိုင်များက ကိုပြေငြိမ်းအား မည်သည့်အဖွဲ့ အစည်း၏ ကိုယ်စားလှယ်နည်း၊ မည်သည့်နေရာတွင်နေထိုင်၍ မည် သည့် အလုပ် ကို လုပ်ကိုင်နေသူဖြစ်သနည်း အစရှိသဖြင့် ရဲများ၏ စုံစမ်းမေးမြန်းခြင်းကိုခံရကြောင်း ပြောသည်။

Thursday 26 September 2013

“လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကိုချီတက်”


စက်တင်ဘာ ၂၆ မြတ်ညို (အလွတ်သတင်းထောက်)
            စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြောဆိုခဲ့သော်လည်း  ရှင်းမပေးသဖြင့်   ပန်းရံဆိုဒ်မှ   မြန်မာအလုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။
            ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော  AEKSUPACHOKဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့်  အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ လေးသိန်း    ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က  မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေခဲ့ကြသည်။
           ထို့နောက် မြန်မာသံရုံးနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က သီးခြားစီ ဖုန်းဆက်သွယ်လျှက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာများသို့ အကူညီတောင်းခံခဲ့ကြ သည်။ ထိုနောက် စက်တင်ဘာ ၁၆ ရက်ေ န့ တွင် လုပ်ငန်းရှင်က စက်တင်ဘာ ၂၆ ရက်နေ့တွင် လုပ်အားခ များရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့သည်။

        အလုပ်သမားများ ရက်ပေါင်း ၂၀ ခန့် စားစရိတ်များအတွက် MAT အဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့က ဦးဆောင်၍ အကူညီတောင်းခံခဲ့ကြသည်။ သို့ဖြစ်၍ အမည်မဖေါ်လိုသည့် မြန်မာအရာရှိတစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ အမည် မဖေါ်လိုသည့် MOU ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ MAT အဖွဲ့က ဘတ်ငွေ ၁၀,၀၀၀၊ ဒေသအခြေစိုက်  Rak Thai ဖေါင် ဒေးရှင်းက ဘတ်ငွေ ၁၂,၀၀၀၊ ဘန်ကောက်မြို့အလုပ်သမားများကွန်ယက်မှ ဘတ်ငွေ ၁,၅၀၀ နှင့် ဖူးခက်အခြေစိုက်   လေးဝတီရခိုင်လူမှုရေးအသင်းဥက္ကဌ ကိုခိုင်အတ မှ ဆန် ၂အိပ်ဖိုးဘတ်ငွေ ၃,၀၀၀  ပေးပို့လှူဒါန်း ခဲ့ကြ သည်။  
      
      အလုပ်သမားများအား ဒေသခံကူညီပေးသူတစ်ဦးဖြစ်သူ ကိုပြေငြိမ်းက ခုကျနော် အလုပ်သမား တွေရှိတဲ့ မြို့ပိုင်ရုံးကိုေ ရာက်နေတယ်။ စစ်သားတွေ ပုလိပ်တွေ အများကြီးပဲ။ ဒီနေရာကို   မြန်မာသံရုံး ဖြစ်ဖြစ် တရားဝင်အဖွဲ့အစည်းတစ်ခုခုလာ ရှင်မှ   ဖြစ်မယ်။ ဒီအလုပ်သမားတွေကို ပစ်ပယ်ထားလို့မဖြစ်ဘူး။ 
မသိချင်ယောင်ဆောင်နေကြလို့မဖြစ်ဘူး။ ကြောက်နေကြလို့ မဖြစ် ဘူး။ ဒီအလုပ်သမားတွေအကူညီမရရင် သူတို့ ကိုင်ဆောင်ထားတဲ့ တရားဝင်ပတ်စပို့ဆိုတာ ဘာလဲလို့မေးရလိမ့်မယ်” ဟုပြောသည်။             အပြင်သို့ဆက်သွယ်သူတစ်ဦးဖြစ်သော မရည်မွန်ကျော် က “သမီးတို့ကို နေလည်ကတည်းက ပိုက်ဆံမရှင်းပေးနိုင်သေး ဘူး လို့ လူမှုဖုံလုံရေးဌာန ပြောတယ်။ သမီးတို့က လုံခြုံရေးနဲ့ပြဿ နာတွေ ပြေလည် ရေးအတွက် အလုပ်သမားရုံးကို နေ့လည် ၂နာရီ ကတည်းက လမ်းလျှောက်လာခဲ့ကြတာဖြစ်တယ်။ မြို့ပိုင်ရုံးကို ညနေ  ၆နာရီခွဲကျော်မှာရောက်တယ်။ လမ်းမှာ ပုလိပ် ၂ကြိမ် စစ်ဆေးတယ်။ ဆက်မသွားဖို့တားတယ်။ MAT ရုံးက ပုလိပ်နဲ့  စကားပြောပေးတယ်။ 



      မြို့ပိုင်ရုံးကိုရောက်တော့ တာဝန်ရှိတဲ့သူတွေ က ဒီမှာနေ လို့မရဘူးလို့ ပြောတယ်။သမီးတို့ကဒီကိုလာတာဒီမှာပဲ ဖြေရှင်း   မယ်လို့ပြန်ပြောထားတယ်၊ ၂နာရီလောက်ညှိနှိုင်းပြီးတော့မှ သမီး  
 တို့ ကို ဟောခန်းတစ်ခုမှာ နေရာချထားပေးပါတယ်။ မနက်ကျရင် ရှင်းပေးမယ်လို့ပြောပါတယ်ရှင်” ဟုပြောသည်။                       
           စက်တင်ဘာလ ၁၆ ရက်နေ့က ထမင်းစားစရာမရှိဖြစ် နေ ကြသည့် အလုပ်သမားတစ်ရာကျော် အတွက် စားစရာ ဆန်နှင့်  သောက်စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက် လာကြသည့် အလုပ် သမ ဇနီး မောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်းဆီးခံခဲ့ရသည်။ 
         အလုပ်သမား ၁၁၀ ဦးအနက်  မိန်ကလေး ၁၁ဦးနှင့်အမျိုး   သား ၄၅ဦး  တို့ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။ အခြားအ လုပ် သမားများမှာ ပန်းရံဆိုဒ်ထဲတွင် ကျန်နေခဲ့ကြပါသည်။   
           ၂၀၁၃ ခုနှစ်အစပိုင်းကာလက နိုင်ငံတော်  သမ္မတကြီး
ဦးသိန်းစိန် က ပြည်ပရောက် မြန်မာ သံရုံးများသို့ ရွှေ့ပြောင်း အလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူး သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုင်းရောက် မြန်မာ အလုပ် သမားများကို ကူညီစောင့်ရှောက်ပေးမည် ဟု ပြောဆိုခဲ့ဖူးေ သ်ာလည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ဖိနှိပ်ခံရမှုမှာ   မြူတစ်မှုန်မျှ လျှော့ပေါ့ သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။   
        မြန်မာနိုင်ငံအတွင်းမှ သြဇာရှိသည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှား သူများကလည်း  သန်းချီရှိသည့် ထိုင်းနိုင်ငံမှ အလုပ် သမား အရေးထက်၊ သိန်းကဏန်းသာရှိသော မလေးရှားနိုင်ငံေ ရာက် မြန်မာအလုပ် သမားအရေးကို စိတ်ဝင်စားကြသည်ဟု သိရှိ
ရသဖြင့် ငိုအားထက်ရည်အားသန်မိကြောင်း MAT အဖွဲ့ကပြော
သည်။