Thursday 22 November 2012

“မဲခေါင်တံတားလှေဆိပ်အနီးတွင်လူကုန်ကူးခံခဲ့ရသူ၂ဦးယနေ့ နေရပ်သို့ပြန်ပြီ။”


                 
ကိုတီး
နိုဝင်ဘာ ၂၂
           စက်တင်ဘာလ ၈ ရက်နေ့က ထိုင်းမြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်သူ များက ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၇၀ခန့်  အကွာရှိ စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်  မှပွဲစားအမျိုးသမီးနှင့်အတူဖမ်းဆီးကယ်တင်နိုင်ခဲ့ သည့်  ရောင်းစားခံထားရသူ၂ဦး ယနေ့နံနက်ပိုင်း က မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ သို့ ကောင်းမွန်စွာ ရောက်ရှိသွားပြီးဖြစ်သည်။
 မြ၀တီလူကုန်တားအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ ဒီအလုပ်သမားတွေ ကိုနေရပ်သို့ ပြန်ရောက်အောင် ပို့ပေးမှာ ဖြစ်သလို သူတို့ဒေသက လူကုန်ကူးသူကိုပါ အရေးယူနိုင်အောင် ကျနော်တို့ ဆက်လက်လုပ်ဆောင်ပါမယ်” ဟုပြောသည်။


         လူကုန်ကူးမှု ဂိုဏ်းခေါင်းဆောင် အမျိုးသမီးမှာ အသက် ၃၀ အရွယ် -  -  - ဖြစ်ပြီး အခန်းထဲတွင် ပိတ်ရောင်း စားခံထားရသူ ၂ဦးမှာ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် ဇေါ်နိုင်ဦးနှင့် ကိုဦး ဆိုသူတို့ဖြစ်ကြသည်။ ၎င်းတို့ နှစ်ဦးသည် ဘားအံမြို့မှ ပွဲစား - - - -ထံတွင် ကျပ်ငွေ ၅သိန်းစီပေးချေပြီး စက်တင်ဘာ လလယ် က ဘန်ကောက် မြို့သို့ရောက်ရှိလာခဲ့ကြသူ များဖြစ်ကြသည်။

          ကိုဇေါ်နိုင်ဦး ကMAT အဖွဲ့ က ဆရာကြီး ဦးကျော်သောင်းနဲ့ ဦးစိုင်းအေး တို့ ဓါတ်ပုံကို ပို့ ပေးပါဗျာ၊ ရွာရောက်ရင်ဘုရားစင်မှာ တင်ပြီး နေ့တိုင်း ကန်တော့ချင်လို့ ပါ” ဟု မြ၀တီလူကုန်တားရုံးအရောက်တွင် တယ်လီဖုန်းမှ ပြောဆိုသွားကြောင်း MAT အဖွဲ့ ကပြောသည်။

လက်ရပ်ဖမ်းဆီးမိခဲ့သည့် လူကုန်ကူးမှုဂိုဏ်း ခေါင်း ဆောင် မြန်မာအမျိုးသမီး ကိုမူ ရုံတင် တရားစွဲဆိုထား
ကြောင်း မဲခေါင်တံတား အနီး လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

            ယခု လူကုန်ကူးမှုကို ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ DSI ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အတွင်းရေးမှူး သံမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်း အခြေ စိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။

Wednesday 21 November 2012

"ဆရာတော် ဦးဇောတိက ကထိန်ဝတ္ထုငွေအားလုံးကိုလှူ"


နိုဝင်ဘာလ ၂၂  ရက်နေ့
မြတ်ညို(အလွတ်သတင်းထောက်)-

         ယနေ့ညနေတွင် ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေ၊ နိုင်လုံမစ် (၁)လမ်းတွင် နေထိုင်ကြသည့် မြန်မာ အလုပ်သမား များ ပထမဦးဆုံးအကြိမ် စုပေါင်း ကျင်းပကြသည့်  ကထိန်တရားပွဲ ၀တ္ထုငွေ ဘတ်ရှစ်သောင်းကျော်အား ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်း အောင်သပြေေ ကျာင်း ဆရာတော် အသျှင်ဦးဇောတိက, က  မြန်မာနိုင် ငံ မြေငလျှင်ဘေးဒုက္ခသည်များ အားကျပ်ငွေ ၁၀သိန်း ပေးပို့လှူးဒါန်းသည်။

           ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဘတ်ငွေ ၁၀၀၀၀ လှူဒါန်းပြီး ကျန်ငွေများကို
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများအခက်အခဲတို့အား ကူညီနိုင်ရန် ရံပုံငွေအဖြစ် တပည့် တကာများ၏ လက်ထဲတွင် သိမ်းဆည်းထားမည်ဖြစ်ကြောင်း ဦးဇောတိက  ကမိန့်တော်မူသည်။



"ထိုင်းမှာ အလုပ်သမားကိစ္စရပ်တွေကို အတတ်နိုင်ဆုံး ဘုန်းဘုန်းတို့ ကူညီပေးတယ်။ MOUနဲ့ လာတဲ့ အလုပ်သမားတွေကို ကူညီပေးရတာ အတော်ခက်ခဲပါတယ်။ သက်ဆိုင်သူအားလုံးကို အကြံပြုချင်တာက နယ်စပ်မှာချုပ်ဆိုတဲ့စာချုပ်ပါစည်းကမ်းနဲ့ ပြောင်းပြန်ဖြစ်နေတာကြောင့်အလုပ်သမားတွေဒုက္ခရောက်
ကြရတယ်။ ၂နိုင်ငံအစိုးရတွေ စစ်ဆေးကြစေချင်ပါတယ်၊အခြေအနေဆိုးပါတယ်။" ဟု မိန့်တော်မူသည်။
အသျှင် ဦးဇောတိက သည် ဘန်ကောက်မြို့မြန်မာ သံရုံးတွင် ဖွဲ့စည်းထားသည့် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း နှင့်ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MATတို့၏နာယကဆရာတော်တစ်ပါးဖြစ် ပါသည်။

          ဆရာတော်သည်ထိုင်းနိုင်ငံရောက်မန်မာနိုင်ငံ သားများအဖွဲ့ MAT ၏ Learning Center တွင်ထိုင်းစာနှင့် ထိုင်းစကားတို့ကို မေတ္တာဖြင့် တနင်္ဂနွေ နေ့တိုင်း အလုပ်သမားများကိုသင်ကြားပို့ချပေးနေ သည့်ပုဂ္ဂို လည်းဖြစ် သည်။ထို့အပြင် မြန်မာသံရုံးအလုပ်သမားအရာ ရှိနှင့် MAT အဖွဲ့တို့သို့ အကူညီတောင်းခံလာ သည့် မြန်မာအလုပ်သမားများကို မိမိစရိတ်ငွေကြေးများဖြင့် အကုန်အကျခံ ကူညီပေးနေသည့်  မြန်မာ ရဟန်းတော် တစ်ပါးဖြစ်ပါသည်။

Monday 19 November 2012

“ဖမ်းစားသည့် ပုလိပ်ဂိုဏ်းထံမှ အလုပ်သမား၂ ဦးပတ်စပို့ ပြန်ရ”


                    
နိုဝင်ဘာလ ၁၉

မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့ ဖလန်စောင်လမ်းမကြီး ဘန်ကဒီ၎လမ်းတွင် ဖမ်းစားပုလိပ်ဂိုဏ်း တစ်ခုက အလုပ်သမား၂ ဦးထံမှ သိမ်းယူထားလိုက်သည့် ပတ်စပို့နှင့် ၀တ်ပါမစ် တို့အား  MAT အဖွဲ့၏ ကူညီမှုဖြင့် ပြန်လည်ရရှိ လိုက်ပြီးဖြစ်သည်။

    နိုဝင်ဘာလ ၁၆ ရက်နေ့က အ၀င်း ဟုခေါ်သည့် မွန်အမျိုးသား ပွဲစား တစ်ဦးက  အလုပ်သွင်းပေး မည်ဟုဖုန်းဖြင့် ခေါ်သဖြင့် ရခိုင်အလုပ်သမား ၄ဦး တို့လာခဲ့ကြစဉ် ထိုင်းပုလိပ် ၄ဦးတို့ရောက်ရှိ လာခဲ့ ကြပြီး ဖမ်းဆီးငွေညှစ်ခြင်းကိုခံခဲ့ကြ ရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

  ကိုအောင်နိုင် က “ ပတ်စပို့မပါတဲ့ ကိုနေလင်း နဲ့ ကိုမိုးဟိန်း တို့ကို ဘတ် ၄၀၀၀ နဲ့ လာရွေး သွား ကြတယ်။ ကျနော်နဲ့ ကိုရဲဝင်း တို့ကို ပိုက်ဆံတောင်း တယ်။ ကျနော်တို့ ကပတ်စပို့ရှိတော့မပေးဘူး။ တစ်ယောက်ကို ဘတ်၅၀၀၀နဲ့ လာရွေးရမယ်ဆိုပြီး ကျနော်တို့ဝတ်ပါမစ်နဲ့ ပတ်စပို့ရောမြန်မာမှတ်ပုံတင်တွေကိုပါ သိမ်းထား
လိုက်တယ်။ မွန်ပွဲစားကကျနော်တို့ကိုမျှားခေါ်ပြီး ပုလိပ်တွေနဲ့ ဂိုဏ်းဖွဲ့ပြီး တောင်းစားနေကြသူတွေဖြစ်တယ်” ဟုပြောသည်။
          အဆိုပါနေရာတွင် ၂ထပ်အခန်းကို ထိုင်းပုလိပ်တစ်စုက ငှါးရမ်းထားပြီး မြန်မာအလုပ်သမားများကို ဖမ်းဆီး
၍ လက်ထိပ်ခပ်ခြင်း၊ ချုပ်နှောင်ခြင်းများပြု လုပ်ပြီး ငွေအမြောက်အများရရှိမှ ပြန်လည်လွှတ်ပေးလေ့ရှိ
ကြောင်း။ ထိုင်းအမျိုးသမီး သုံးလေးဦးနှင့် အရက်သောက် ဖဲရိုက် တအုံးအုံးဖြစ်နေကြောင်း တရားမ၀င်ဖမ်းဆီး ချုပ်နှောင်ပြီး အနိုင်ကျင့် ငွေညှစ်သည့်နေရာဖြစ်ကြောင်း ပြန်လည် လွတ်မြောက် လာသည့် အလုပ် သမားများကပြောသည်။
           ကိုရဲဝင်းနှင့် ကိုအောင်နိုင်တို့ နှစ်ဦး ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ လာရောက် အကူညီ တောင်းခံခဲ့သည်။ MAT အဖွဲ့ကလိုအပ်သည် များကို ပြင်ဆင်ခဲ့ကြပြီး ယမန်နေ့ကပွဲစားချိန်းဆိုရာ စမေဒမ် ပုလိပ် များငှါးထားသည့် အခန်းသို့ သွားရောက်ခဲ့ကြသည်။

MAT နာယက ကူညီရေး ဆရာတော် ဦးဇောတိက က “ဘုန်းကြီးတို့ သွားတော့ ဘုန်းကြီးနဲ့ ဘာဆိုင်လဲတဲ့
ဘုန်းဘုန်းကပြောတယ်။ ရာဇ၀တ်မှုကလွဲရင် ဒုက္ခရောက်တဲ့ ဗမာတွေ အကုန်လုံးကို လိုက်ကူညီနေတာ။
ပတ်စပို့ မရှိတဲ့ လူတွေဆီက မင်းတို့ ဘတ် ၄၀၀၀ ရထားပြီ စာရွက်စာတမ်းပြည်စုံတဲ့အလုပ်သမားတွေကို
မတောင်းသင့်ဘူးလို့ပြောလိုက်တယ်။ ဘုန်းဘုန်းကို ဘယ်ကျောင်းကလဲ၊ ပတ်စပို့ရှိလား၊ အမျိုးအမျိုး စစ်ဆေးတယ်။ ဘုန်းဘုန်းကလည်း တရားဝင်အလုပ်သမားကိစ္စ ရှင်းချင်ရင် မင်းတို့ မြန်မာသံရုံးကို လာခဲ့ကြ လို့ ပြောလိုက်တယ်” ဟုမိန့်တော်မူသည်။

          ထိုင်းနိုင်ငံနေရာအနှံ့အပြားတို့တွင် အကျင့်ပျက် ထိုင်းပုလိပ်များက မြန်မာအလုပ်သမားများအား
 အဓမ္မ ဖမ်းဆီးငွေကြေးတောင်းခံလေ့ရှိသော်လည်း ထိုင်းအစိုးရရော မြန်မာအစိုးရတို့ကပါ တရား ၀င်ရွှေ့ပြောင်းအလုပ်သများအား ကာကွယ်မှု ပေးနိုင်မှုမှာ အထူးအားနည်းနေသေးကြောင်း MAT အဖွဲ့ကပြောသည်။
မဟာချိုင်၊ဘန်ကောက်နှင့်မဲဆောက်တို့မှထိုင်းပုလိပ် တို့ ဖမ်းစားရာတွင်နာ မည်ကြီးသည်။မဟာချိုင်နေရာ အချို့ ဘန်ကောက်အချို့နေရာတို့တွင် အလောင်းကစားဝိုင်းများအား ထိုင်းပုလိပ်များက အခကြေးငွေများယူကာ ပေါ်ပေါ်ထင်ထင် လုပ်ခွင့်ပြုထားသဖြင့်မြန်မာအလုပ်သမားများ အလောင်းအစား
ပြုနေကြကြောင်းလည်း သိရှိရသည်။