Monday 4 November 2013

"မြန်မာအလုပ်သမတစ်ဦးအဓမ္မပြုကျင့်ခံရခြင်းကိစ္စအား MAT ညှိနှိုင်းပေးနိုင်ခဲ့"




နိုဝင်ဘာ ၄  (ကိုတီး)
ယမန်နေ့မွန်းလွဲပိုင်းက ဘန်ကောက်မြို့အနီး စမူပါကန်ခရိုင်  ဘန်ဖီးမြို့နယ်တွင်ရှိသော aerosoft  ဖိနပ် အလုပ်ရုံမှ မြန်မာအလုပ်သမ တစ်ဦးအား ထိုင်းအမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့မှုအား ရာချီရှိသည့်   မြန်မာ အလုပ် သမားများက မကျေမနပ် ရုန်းရင်း ဆန် ခပ်ဖြစ်နေသည်ကို MAT အဖွဲ့  ကသွားရောက်   မေတ္တာရပ်ခံခဲ့သဖြင့်  လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။
 
           အသက် ၂၃ နှစ်အရွယ်........ မ ........က ပတ်ဝန်းကျင်ကို အော်ဟစ်အကူ ညီေ တာင်းခံခဲ့သဖြင့် သူမ၏ ဦးခေါင်းအား ထိုင်းအမျိုးသားက အုတ်နံရံ



ဖြင့်ဆောင့် ခဲ့သည်။ သူမက ရှိခိုးေ တာင်းပန်သော် လည်း အဓမ္မပြု ကျင့်ခဲ့သည် ဟု သူမက ဆိုသည်။
     ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့MAT မှ နာယက ဆရာ
တော် ဦးဇောတိက နှင့်အတူ သွားရောက်
 မေတ္တာရပ်ခံခဲ့သဖြင့် လူစုကွဲ သွားခဲ့သည်။
           ရာပေါင်းများစွာသော မြန်မာအလုပ်သမားများက အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားအား ထိရောက်စွာ အရေးယူပေးပါရန် တောင်း ဆိုခဲ့ကြသည်။
      နယ်မြေ ရဲအရာရှိကလည်း ဥပဒေအရ ထိရောက်ရောက်စွာ အရေးယူဆောင် ရွက်ပေးမည်ဖြစ်ေ   ကြာင်း ကတိပြုသည်။ 
အဓမ္မပြကျင့်ခဲ့ခဲ့ရသည့် မြန်မာအလုပ်သမ ကိုမူ မလိုလားအပ်သည့်  နောက်ဆက်တွဲ  ပြဿနာများ မပေါ်
ပေါက်စေရန်အတွက် ဆေးဝါးကုသမှုခံယူစေခဲ့သည်။ အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားကိုမူ ရဲစခန်းက
ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများက မြန်မာသံရုံး အလုပ်သမားအရာရှိကို အကြောင်းကြားထား
ကြောင်းလည်း ပြောပြကြသည်။ မဟာချိုင်အခြေစိုက် အလုပ်သမားအဖွဲ့ တစ်ခုကလည်း လာရောက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အလုပ်သမားများကပြောသည်။

No comments:

Post a Comment