Friday 1 November 2013

“မြ၀တီငွေလဲဒိုင်တစ်ခုအားမြ၀တီရဲနှင့် MATအဖွဲ့တို့ပူးပေါင်းနှိမ်နင်း”



                      
နိုဝင်ဘာ- ၁  (မင်းဘခက်)
         မြ၀တီမဲဆောက်ချစ်ကြည်ရေးတံတား အနီး တွင် တရားမ၀င်လိမ်လည် ငွေလဲလှယ်နေတစ်ဦး အား မြ၀တီရဲနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ   ရောက် မြန်မာနိုင်ငံသားများအဖွဲ့ က အောက်တို ဘာ  ဘာ ၃၀ရက် နေ့နံနက်ပိုင်းက လက်ပူးလက် ကြပ်ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။
            မဲဆောက်မြ၀တီချစ်ကြည်ရေးတံတားအနီးတွင်ရှိသော တရားမ၀င်ငွေလဲဒိုင်အချို့တို့က ထိုင်းနိုင်ငံအနှံ့မှ မြန်မာပြည်နေရပ်အသီးသီးသို့ နေစဉ်ပြန်သွားနေကြသည့် မြန်မာအလုပ်သမားများ ထိုင်းဘတ်ငွေမှ မြန်မာ ငွေအဖြစ် လဲလှယ်ရာတွင် အမြဲတမ်းငွေလျှော့နေကြောင်း အလုပ်သမား အမြောက်အမြားတို့က ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ မကြာမကြာတင်ပြ နေခဲ့ကြသည်။
            မြ၀တီအခြေစိုက် မြန်မာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ၂လခန့် ချိပ်ဆက် အချိန်ယူခဲ့ ရ သည်။ ထို့နောက်၂၀၁၃ ခုနှစ်ဧပြီလကကိုယ်တိုင်အလိမ်ခံခဲ့ရသည့်ကိုဝင်းနိုင် အားလပ်မည့်အချိန်အခါတို့ ကို စောင့်ဆိုင်းနေခဲ့ရသည်။
ကိုဝင်းနိုင် က “ ကျနော်နဲ့ MAT အဖွဲ့က ကိုဘခက် တို့က ဘတ်ငွေ သုံးသောင်းစီ မိတ္တူကူးထားကြတယ်။ မဲဆောက်ဘက်တံတားနားမှာ ဘားအံသွားမလား၊ မော်လမြိုင်သွားမလား၊ ရန်ကုန်သွားမလားမေးတယ်။ ကျနော်တို့က ငွေပဲလဲမယ်၊ ဗမာပြည်ပြန်မှာ မဟုတ်သေးဘူးလို့ပြောတော့ ငွေလဲမပေးကြဘူး။ ကျနော်တို့ လာမှာကို တစ်ချို့ငွေဒိုင် တွေ ကြိုသိသလိုမျိုး ကျနော်ခံစားရတယ်။ ခါတိုင်းလို အလုအယက်သိပ်မရှိကြ ဘူး။ မြ၀တီဘက်ကိုလာ တော့ အမဲဖျက်သလို ၀ိုင်းသမကြတာဗျာ။ ကျနော်တို့ လူလတ်ပိုင်းအရွယ်ချည်း  ၃ယောက်လာတာ။   ငွေဒိုင်တွေက ဗမာအလုပ်သမားမြင်ရင်လှီးဖို့ တွယ်ဖို့ပဲ မြင်တာ။ ကျနော် ဘတ်ငွေ သုံးသောင်းလဲတယ်။ သူတို့ပေါက် ဈေးနဲ့ တွက်ပေးတာထက် နှစ်သောင်း ကိုးထောင်လျှော့နေတယ်” ဟုပြောသည်။
           MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က “ နေရပ်ကိုပြန်သွားကြတဲ့ အလုပ်သမားတွေမှာ ပါ သွားကြတဲ့ ငွေတွေဟာ ထိုင်းလူမျိုးတွေ မလုပ်ချင် တဲ့ အလုပ်တွေကိုအပင်ပန်းခံပြီးလုပ်ကိုင်ထားကြတဲ့
 ငွေတွေဖြစ်တယ်။ ငွေလဲကြသူတွေဟာငွေပေါက်   ဈေး မှာလည်းမြတ်တယ်။ ငွေပေးတဲ့အခါ ရာတန် အကြွေ မရှိဆိုပြီး နဲနဲဖြတ် ထားပြန်တယ်။ ငွေလဲတဲ့ သူတွေ လာတဲ့အခါ ငွေလဲဒိုင်တွေဟာ အုပ်စုလိုက် အာရုံအမျိုးမျိုးပြောင်းပေးတယ်။ အလုပ်သမား အတော်များများက အထုတ်အပိုးကိုကြည့်လိုက်၊ ကလေးပါလာရင် ကလေးတွေကိုဂရုစိုက်လိုက်၊ အနားမှာ သူတောင်းစားကလည်းတစ်မျိုး ရှုတ်ရှက် ခပ်နေ တာ။ အလုပ်သမား တွေက ကားမမီမှာလည်း စိုး။ အဲဒီ လိုစိတ်တွေ အရမ်းလှုပ်ရှားနေတဲ့အခွင့်အရေးကို   ငွေလဲဒိုင်တွေက အသုံးချပြီး လက်လှည့် ပညာ နဲ့လုပ်လိုက် တာပဲဖြစ်တယ်” ဟုပြောသည်။
         ငွေလဲသည့်အခါ ငွေပေါက်ဈေးအား ဂဏန်းပေါင်းစက်ဖြင့် မှန်မှန်ကန်ကန် တွက်ချက်ပေးပါသည်။   ငွေလဲသူက ရေတွက်ပြီးသောငွေများအား ငွေလဲခုံပေါ်တွင် တင်ထားစဉ် ငွေလဲဒိုင်က ကိုင်တွယ်ထားပါ
သည်။ ထိုသို့ကိုင်တွယ်ထားစဉ် ငွေလျှော့စည်းထားသော ငွေထုတ်အား ရောထည့်လိုက်သည့်နည်းဖြင့် သိန်းဂဏန်းထုတ်၊ သောင်းဂဏန်းထုတ်ဟု ရေတွက်ပြကာ ခပ်တည်တည်ဖြင့် ထည့်လိုက်ခြင်းဖြစ်သည်။
          အချို့အလိမ်ခံဖူးသည့်အလုပ်သမားများပြောပြချက်အရ တစ်ထောင်တန်အုပ်တွင် ငါးရာတန်ညှပ် လျှက်လည်းကောင်း၊ တစ်သောင်းတန်အုပ်တွင် အခြားတန်ဘိုးနည်းငွေစက္ကူများကိုလည်းကောင်း ရောညှပ် ၍လိမ်လည်ကြောင်းလည်းပြောပါသည်။
        မြ၀တီမြို့မရဲစခန်းမှ တာဝန်ရှိအရာရှိတစ်ဦး က “ ဘန်ကောက်ပြန် မြန်မာအလုပ်သမားတွေက အလိမ်ခံရတာကို ကားပေါ်ရောက်မှ သိတာရှိတယ်။ အတော်များများက အိမ်ရောက်မှ သိကြတယ်။ ဘယ် လိုမှ ပြန်မလာနိုင်တော့ဘူး။ အလိမ်ခံရပေမယ့် အမှုဖွင့်တိုင်ကြားဖို့လည်း ၀န်လေးကြတယ်။ ဒီလို လက်ပူး လက်ကြပ်ဖမ်းလိုက်တော့ ခဏတော့ငြိမ်သွားမယ်။ တာရှည်ပျောက်မှာတော့မဟုတ်ဘူး”ဟုပြောသည်။
အလိမ်ခံရသည့်မြန်မာအလုပ်သမားများနှင့် အမှန် အတိုင်းဖြစ်စေလိုကြသည့် မြ၀တီဒေသခံများကမူ တရားဝင်ငွေပေါက်ဈေးနုန်းကို ကြေညာ ထား လျှက် ငွေရေတွက်သည့်စက်များဖြင့် မှန်မှန်ကန် ကန် လဲလှယ် ကြစေလိုကြောင်း ပြောဆိုကြသည်။ ယခုကဲ့သို့ ဖမ်းဆီးနှိမ်နင်းခြင်းကိုသြဘာပေးကြ သည်။ ငွေလဲရာတွင် လျော့နည်းနေကြောင်း   ပြော သဖြင့် ဓါးဖြင့်ထိုးသတ်၍ သေဆုံးခဲ့သည့် အမှုမှာ ယခုတရားရုံတက်ရဆဲဖြစ် ကြောင်း ပြောပြကြသည်။
    ဘန်ကောက်မြို့ ၀တ်တလုံးဘုန်းတော်ကြီးကျောင်းမှ ကူညီရေးဆရာတော် ဦးဇောတိက  ကမူ“ နယ်စပ် ဆိုတာ တဘက်နိုင်ငံက လူတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ၀င်ထွက်လို့ရတယ်။ မြ၀တီမှာ ကရင့် လက်နက်ကိုင်တွေရော၊ နယ်ခြားစောင့်တွေပါမက မြန်မာတပ်တွေလည်းရှိတာပဲ၊ ဒီလိုငွေလဲဒိုင်မျိုး လုံးဝ မရှိအောင် အပြတ်ချေမှုန်းမှ ဖြစ်မယ်။ မဟုတ်ရင်တိုင်းပြည်နှင့်လူမျိုးပါ သိက္ခာကျစရာဖြစ်မယ်” ဟု မိန့်တော်မူသည်။
            ဖမ်းဆီးသည့်နေ့တွင် မြ၀တီမြို့မှ တရားမ၀င်ငွေလဲဒိုင်အားလုံး ခုံကိုအလွတ်ထား၍ ရုတ်သိမ်း
သွားကြသည်။



No comments:

Post a Comment